လက်သူကြွယ်ရှည်သော အမျိုးသားများ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ချေ နည်းပါး

လက်သူကြွယ်ရှည်သော အမျိုးသားများ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ချေ နည်းပါး - Property News in Myanmar from iMyanmarHouse.com
27 May 2020 1:12 pm တွင် တင်ခဲ့သည်
1797 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လက်သူကြွယ်ရှည်သော အမျိုးသားများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ချေ နည်းပါးပြီး covid-19 ၏ အပျော့စားလက္ခဏာများ သာ ရင်ဆိုင်ရဖွယ်ရှိကြောင်း Early Human Development ဂျာနယ်တွင် ဖော်ပြသည့် လေ့လာချက်သစ်တစ်ရပ်၌ ဖော်ပြသည်။ အကြောင်းရင်းမှာ အဘယ်နည်း။

လက်သူကြွယ်ရှည်လျားခြင်းသည် အမျိုးသားများတွင် တက်စ်တို စတီရုန်းဟုခေါ်သော ဝှေးစေ့မှထွက်သည့် ဟော်မုန်းဓာတ်မည်မျှ ရှိသည်ကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။

အဆိုပါ လက်ချောင်းပိုရှည်လေ ဟော်မုန်းဓာတ်ပိုမိုများပြားလေ ဖြစ်သည်။ တက်စ်တို စတီရုန်းသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်သည့် ပြင်းထန်သောနာမကျန်းမှုများကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ရသည်။ တက်စ်တို စတီရုန်းသည် angiotensin-coverting enzyme 2 (ACE2) အင်ဇိုင်းကိုလည်း များပြားစွာထုတ်လုပ်ပေးနိုင်သည်။

ယခုလအစောပိုင်းတွင် သုတေသနပညာရှင်တို့ ခန့်မှန်းခဲ့သည်မှာ အမျိုးသားများသည် အမျိုးသမီးများထက် covid-19 ဖြင့် သေဆုံးနိုင်ချေ ၂ ဆပိုမိုများပြားကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် အမျိုးသားတို့သည် သွေးထဲတွင် angiotensin-coverting enzyme 2 (ACE2) အင်ဇိုင်း ပိုမိုများပြားသောကြောင့်ဖြစ်သည်ဟု ဖော်ထုတ်ခဲ့ကြသည်။

ACE 2 သည် ဆဲလ်တို့၏ ဂိတ်စောင့် receptor ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်၏ ဆူးချွန်ပရိုတိန်းများ ဝင်ရောက်ကပ်တွယ်သော နေရာဖြစ်ကာ ရောဂါကူးစက်မှုကို ဖြစ်စေသည့်အရာဖြစ်သည်။

ထို့ကြောင့် အမျိုးသားတို့ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်မပေးနိုင်သော်လည်း ရောဂါလက္ခဏာများ မပြင်းထန်စေရန် ကူညီပေးနိုင်သည့်အချက်တစ်ခုလည်း ဖြစ်သည်။

အခြားသောလေ့လာချက်တို့က ညွှန်ပြသည်မှာ ဗိုင်းရပ်စ်ဝင်ရောက်နိုင်သည့်နေရာ များပြားအောင် ဖန်တီးပေးခြင်းအားဖြင့် အဆုပ်သို့ ဗိုင်းရပ်စ်ရောက်ရှိနိုင်ချေ နည်းပါးအောင် ပြုလုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

ဆွမ်ဆီးတက္ကသိုလ် (Swansea University) မှ ဦးဆောင်သည့် သုတေသနပညာရှင်များသည် ကမ္ဘာ့နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ပြည်သူပေါင်း ၂၀၀၀၀၀ ကျော်၏ အချက်အလက်များကို ရယူအဖြေထုတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါပြည်သူ ၂၀၀၀၀၀ ကျော်၏ လက်သူကြွယ်နှင့် လက်ခလယ်တို့အကြား အရှည်အလျားကွာခြားမှုကို တိုင်းတာခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါလက်နှစ်ချောင်း၏ အလျားကွာခြားမှုနည်းပါးလေလေ လက်သူကြွယ်ရှည်လျားသည်ဟု ပိုမိုသတ်မှတ်ရမည် ဖြစ်သည်။

ထိုသို့ကွာခြားမှုနည်းပါးခြင်းကို မလေးရှား၊ ရုရှားနှင့် မက္ကဆီကို နိုင်ငံများတွင် တွေ့ခဲ့ကြပြီး အဆိုပါနိုင်ငံများတွင် covid-19 ဖြင့် သေဆုံးမှု နည်းပါးသည်ကိုလည်း တွေ့ရသည်။

လက်ခလယ်နှင့် လက်သူကြွယ်အကြား အလျားကွာခြားမှု များပြားပြီး လက်သူကြွယ်တိုသောနိုင်ငံများဖြစ်သည့် ဗြိတိန်၊ စပိန်နှင့် ဘူလ်ဂေးရီးယားနိုင်ငံများတွင်မူ covid-19 ကြောင့် သေဆုံးရမှု မြင့်မားသည်ကိုလည်း တွေ့ခဲ့ကြသည်။

အကြမ်းဖျင်းဆိုရလျှင် လက်သူကြွယ်ရှည်သည့် အမျိုးသားများနေထိုင်သောနိုင်ငံတစ်ခုတွင် covid-19 ကြောင့် လူသေဆုံးမှုမှာ လူ ၁၀၀၀၀၀ လျှင် ၂ ဒသမ ၇ ဦးသာရှိသည်။

လက်သူကြွယ်တိုသောနိုင်ငံများတွင်မူ လူ ၁၀၀၀၀၀ လျှင် သေဆုံးမှု ၄ ဒသမ ၉ ဦးရှိသည်။

သုတေသနပညာရှင်တို့၏ လေ့လာချက်စာတမ်းကို http://tiny.cc/2mespz အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Men with long ring fingers are less likely to die from the coronavirus: study (New York Post)

[Zawgyi]

လက္သူၾကြယ္ရွည္ေသာ အမ်ဳိးသားမ်ား ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးႏိုင္ေခ် နည္းပါး

လက္သူၾကြယ္ရွည္ေသာ အမ်ဳိးသားမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးႏိုင္ေခ် နည္းပါးျပီး covid-19 ၏ အေပ်ာ့စားလကၡဏာမ်ား သာ ရင္ဆိုင္ရဖြယ္ရွိေၾကာင္း Early Human Development ဂ်ာနယ္တြင္ ေဖာ္ျပသည့္ ေလ့လာခ်က္သစ္တစ္ရပ္၌ ေဖာ္ျပသည္။ အေၾကာင္းရင္းမွာ အဘယ္နည္း။

လက္သူၾကြယ္ရွည္လ်ားျခင္းသည္ အမ်ဳိးသားမ်ားတြင္ တက္စ္တို စတီရုန္းဟုေခၚေသာ ေဝွးေစ့မွထြက္သည့္ ေဟာ္မုန္းဓာတ္မည္မွ် ရွိသည္ကို ျပသေနျခင္းျဖစ္သည္ဟု ယံုၾကည္ရသည္။

အဆိုပါ လက္ေခ်ာင္းပိုရွည္ေလ ေဟာ္မုန္းဓာတ္ပိုမိုမ်ားျပားေလ ျဖစ္သည္။ တက္စ္တို စတီရုန္းသည္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ဆက္ႏႊယ္သည့္ ျပင္းထန္ေသာနာမက်န္းမႈမ်ားကို ကာကြယ္ေပးႏိုင္သည္ဟု ယံုၾကည္ရသည္။ တက္စ္တို စတီရုန္းသည္ angiotensin-coverting enzyme 2 (ACE2) အင္ဇိုင္းကိုလည္း မ်ားျပားစြာထုတ္လုပ္ေပးႏိုင္သည္။

ယခုလအေစာပိုင္းတြင္ သုေတသနပညာရွင္တို႔ ခန္႔မွန္းခဲ့သည္မွာ အမ်ဳိးသားမ်ားသည္ အမ်ဳိးသမီးမ်ားထက္ covid-19 ျဖင့္ ေသဆံုးႏိုင္ေခ် ၂ ဆပိုမိုမ်ားျပားေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ အမ်ဳိးသားတို႔သည္ ေသြးထဲတြင္ angiotensin-coverting enzyme 2 (ACE2) အင္ဇိုင္း ပိုမိုမ်ားျပားေသာေၾကာင့္ျဖစ္သည္ဟု ေဖာ္ထုတ္ခဲ့ၾကသည္။

ACE 2 သည္ ဆဲလ္တို႔၏ ဂိတ္ေစာင့္ receptor ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္၏ ဆူးခၽြန္ပရိုတိန္းမ်ား ဝင္ေရာက္ကပ္တြယ္ေသာ ေနရာျဖစ္ကာ ေရာဂါကူးစက္မႈကို ျဖစ္ေစသည့္အရာျဖစ္သည္။

ထို႔ေၾကာင့္ အမ်ဳိးသားတို႔ကို ကိုရိုနာဗိုင္းရပ္စ္ကူးစက္ျခင္းမွ ကာကြယ္မေပးႏိုင္ေသာ္လည္း ေရာဂါလကၡဏာမ်ား မျပင္းထန္ေစရန္ ကူညီေပးႏိုင္သည့္အခ်က္တစ္ခုလည္း ျဖစ္သည္။

အျခားေသာေလ့လာခ်က္တို႔က ညႊန္ျပသည္မွာ ဗိုင္းရပ္စ္ဝင္ေရာက္ႏိုင္သည့္ေနရာ မ်ားျပားေအာင္ ဖန္တီးေပးျခင္းအားျဖင့္ အဆုပ္သို႔ ဗိုင္းရပ္စ္ေရာက္ရွိႏိုင္ေခ် နည္းပါးေအာင္ ျပဳလုပ္ေပးႏိုင္ေၾကာင္း ေတြ႔ရသည္။

ဆြမ္ဆီးတကၠသိုလ္ (Swansea University) မွ ဦးေဆာင္သည့္ သုေတသနပညာရွင္မ်ားသည္ ကမၻာ့ႏိုင္ငံေပါင္း ၄၁ ႏိုင္ငံမွ ျပည္သူေပါင္း ၂၀၀၀၀၀ ေက်ာ္၏ အခ်က္အလက္မ်ားကို ရယူအေျဖထုတ္ခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါျပည္သူ ၂၀၀၀၀၀ ေက်ာ္၏ လက္သူၾကြယ္ႏွင့္ လက္ခလယ္တို႔အၾကား အရွည္အလ်ားကြာျခားမႈကို တိုင္းတာျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

အဆိုပါလက္ႏွစ္ေခ်ာင္း၏ အလ်ားကြာျခားမႈနည္းပါးေလေလ လက္သူၾကြယ္ရွည္လ်ားသည္ဟု ပိုမိုသတ္မွတ္ရမည္ ျဖစ္သည္။

ထိုသုိ႔ကြာျခားမႈနည္းပါးျခင္းကို မေလးရွား၊ ရုရွားႏွင့္ မကၠဆီကို ႏိုင္ငံမ်ားတြင္ ေတြ႔ခဲ့ၾကျပီး အဆိုပါႏိုင္ငံမ်ားတြင္ covid-19 ျဖင့္ ေသဆံုးမႈ နည္းပါးသည္ကိုလည္း ေတြ႔ရသည္။

လက္ခလယ္ႏွင့္ လက္သူၾကြယ္အၾကား အလ်ားကြာျခားမႈ မ်ားျပားျပီး လက္သူၾကြယ္တိုေသာႏိုင္ငံမ်ားျဖစ္သည့္ ျဗိတိန္၊ စပိန္ႏွင့္ ဘူလ္ေဂးရီးယားႏိုင္ငံမ်ားတြင္မူ covid-19 ေၾကာင့္ ေသဆံုးရမႈ ျမင့္မားသည္ကိုလည္း ေတြ႔ခဲ့ၾကသည္။

အၾကမ္းဖ်င္းဆိုရလွ်င္ လက္သူၾကြယ္ရွည္သည့္ အမ်ဳိးသားမ်ားေနထိုင္ေသာႏိုင္ငံတစ္ခုတြင္ covid-19 ေၾကာင့္ လူေသဆံုးမႈမွာ လူ ၁၀၀၀၀၀ လွ်င္ ၂ ဒသမ ၇ ဦးသာရွိသည္။

လက္သူၾကြယ္တိုေသာႏိုင္ငံမ်ားတြင္မူ လူ ၁၀၀၀၀၀ လွ်င္ ေသဆံုးမႈ ၄ ဒသမ ၉ ဦးရွိသည္။

သုေတသနပညာရွင္တို႔၏ ေလ့လာခ်က္စာတမ္းကို http://tiny.cc/2mespz အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Men with long ring fingers are less likely to die from the coronavirus: study (New York Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service