ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမတွေ့မချင်း ကျောင်းမဖွင့်ဟု ဒူတာတေးပြောကြား

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမတွေ့မချင်း ကျောင်းမဖွင့်ဟု ဒူတာတေးပြောကြား - Property News in Myanmar from iMyanmarHouse.com
27 May 2020 12:34 pm တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပေါ်ပေါက်လာချိန်အထိ စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းကို ရွှေ့ဆိုင်း ထားလိုကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သော မေလ ၂၅ ရက်ညက နိုင်ငံပိုင် ရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားရာတွင် covid-19 ကာကွယ်ဆေးမရနိုင်လျှင် စာသင်ကျောင်းများကို မဖွင့်သင့်ကြောင်း ဒူတာတေးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော ရက်သတ္တ ၂ ပတ်ခန့်က ဖိလစ်ပိုင်ပညာရေးဦးစီးဌာန (DepEd) က ကြေညာခဲ့ရာတွင် အွန်လိုင်းမှ စာသင်ကြားမှုကို ဇွန်လတွင် စတင်နိုင်ဖွယ်ရှိပြီး အတန်းတက်ပညာရေးကိုမူ သြဂုတ်လ ၂၄ ရက်ခန့်တွင် စတင်လိမ့်မည်ဖြစ်ကြောင်း ကြေညာထားသည်။ သို့သော် ဒူတာတေးကမူ ပညာရေးဌာနနှင့် တသဘောတည်း မရှိချေ။

“ကလေးငယ်တွေကို အပြင်ထွက်ဖို့ ခွင့်မပြုသင့်သေးပါဘူး။ အတန်းတွေ ပြန်ဖွင့်တာဟာ အရမ်းအန္တရာယ်ကြီးပါတယ်” ဟု ဒူတာတေးက အင်္ဂလိပ်၊ ဖိလစ်ပိုင် နှစ်ဘာသာဖြင့် ပြောကြားသည်။

“ကလေးတွေ ဘေးချင်းယှဉ်ထိုင်နေရမယ့် အတန်းတွေ ပြန်ဖွင့်တာ ကျွန်တော်ခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး။ ရှိပါစေ၊ သူတို့ ပညာတတ်ကြီးတွေ မဖြစ်ပါစေနဲ့။ ဒီမျိုးဆက်အတွက် ဆရာဝန်တွေ၊ အင်ဂျင်နီယာဘွဲ့ရတွေ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ဆရာဝန် (ဒါမှမဟုတ်) အင်ဂျင်နီယာဖြစ်လာမယ့်သူ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ကျောင်းတွေ မဖွင့်ပဲ ထားကြပါစို့။ သူတို့ကို ကစားနေကြပါစေ” ဟု ဒူတာတေးက ဖြည့်စွက်ပြောကြားသည်။

“သူတို့ တကယ်ဘေးကင်းပြီလို့ ကျွန်တော့်အနေနဲ့ မသေချာသေးဘူးဆိုရင် အတန်းတွေ ပြန်မစပါနဲ့။ ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြောနေကြတာဟာ အချည်းနှီးပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ကာကွယ်ဆေးကို အရင်ထုတ်လုပ်ဖို့ ပိုအရေးကြီးပါတယ်။ ကာကွယ်ဆေးရပြီဆိုတဲ့အချိန်မှာ ကျောင်းဖွင့်ဖို့ အဆင်ပြေပါမယ်” ဟု ဒူတာတေးက ပြောကြားသည်။

Covid -19 ကာကွယ်ဆေးမှာ မည်သည့်အချိန်တွင် ရရှိမည်ကို အသေအချာ မသိရသေးချေ။

ကျွမ်းကျင်ပညာရှင်အချို့၏ ပြောကြားချက်အရ ကာကွယ်ဆေးရရန် တစ်နှစ်မှသည် ၁၈ လခန့်အထိ ကြာမြင့်နိုင်သည်ဟု ဆိုသည်။

အချို့ကမူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မည်သည့်အခါတွင်မှ ထုတ်လုပ်နိုင်မည်မဟုတ်ဟု ပြောကြားမှုများ ရှိသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Just Play’: Duterte wants classes postponed until COVID-19 vax becomes available (coconuts.co)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမေတြ႔မခ်င္း ေက်ာင္းမဖြင့္ဟု ဒူတာေတးေျပာၾကား

ဖိလစ္ပိုင္သမၼတ ဒူတာေတးက ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေပၚေပါက္လာခ်ိန္အထိ စာသင္ေက်ာင္းမ်ား ဖြင့္လွစ္ျခင္းကို ေရႊ ႔ဆိုင္း ထားလိုေၾကာင္း ေျပာၾကားလိုက္သည္။

ျပီးခဲ့ေသာ ေမလ ၂၅ ရက္ညက ႏိုင္ငံပိုင္ ရုပ္သံမွတဆင့္ မိန္႔ခြန္းေျပာၾကားရာတြင္ covid-19 ကာကြယ္ေဆးမရႏိုင္လွ်င္ စာသင္ေက်ာင္းမ်ားကို မဖြင့္သင့္ေၾကာင္း ဒူတာေတးက ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ရက္သတၱ ၂ ပတ္ခန္႔က ဖိလစ္ပိုင္ပညာေရးဦးစီးဌာန (DepEd) က ေၾကညာခဲ့ရာတြင္ အြန္လိုင္းမွ စာသင္ၾကားမႈကို ဇြန္လတြင္ စတင္ႏိုင္ဖြယ္ရွိျပီး အတန္းတက္ပညာေရးကိုမူ ၾသဂုတ္လ ၂၄ ရက္ခန္႔တြင္ စတင္လိမ့္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။ သို႔ေသာ္ ဒူတာေတးကမူ ပညာေရးဌာနႏွင့္ တသေဘာတည္း မရွိေခ်။

“ကေလးငယ္ေတြကို အျပင္ထြက္ဖုိ႔ ခြင့္မျပဳသင့္ေသးပါဘူး။ အတန္းေတြ ျပန္ဖြင့္တာဟာ အရမ္းအႏၱရာယ္ၾကီးပါတယ္” ဟု ဒူတာေတးက အဂၤလိပ္၊ ဖိလစ္ပိုင္ ႏွစ္ဘာသာျဖင့္ ေျပာၾကားသည္။

“ကေလးေတြ ေဘးခ်င္းယွဥ္ထုိင္ေနရမယ့္ အတန္းေတြ ျပန္ဖြင့္တာ ကၽြန္ေတာ္ခြင့္ျပဳလိမ့္မွာ မဟုတ္ပါဘူး။ ရွိပါေစ၊ သူတို႔ ပညာတတ္ၾကီးေတြ မျဖစ္ပါေစနဲ႔။ ဒီမ်ဳိးဆက္အတြက္ ဆရာဝန္ေတြ၊ အင္ဂ်င္နီယာဘြဲ႔ရေတြ ရွိလိမ့္မွာ မဟုတ္ပါဘူး။ ဆရာဝန္ (ဒါမွမဟုတ္) အင္ဂ်င္နီယာျဖစ္လာမယ့္သူ ရွိလိမ့္မွာ မဟုတ္ပါဘူး။ ေက်ာင္းေတြ မဖြင့္ပဲ ထားၾကပါစို႔။ သူတို႔ကို ကစားေနၾကပါေစ” ဟု ဒူတာေတးက ျဖည့္စြက္ေျပာၾကားသည္။

“သူတုိ႔ တကယ္ေဘးကင္းျပီလို႔ ကၽြန္ေတာ့္အေနနဲ႔ မေသခ်ာေသးဘူးဆိုရင္ အတန္းေတြ ျပန္မစပါနဲ႔။ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ ေျပာေနၾကတာဟာ အခ်ည္းႏွီးပဲ ျဖစ္ပါလိမ့္မယ္။ ကၽြန္ေတာ့္အေနနဲ႔ဆိုရင္ ကာကြယ္ေဆးကို အရင္ထုတ္လုပ္ဖို႔ ပိုအေရးၾကီးပါတယ္။ ကာကြယ္ေဆးရျပီဆိုတဲ့အခ်ိန္မွာ ေက်ာင္းဖြင့္ဖို႔ အဆင္ေျပပါမယ္” ဟု ဒူတာေတးက ေျပာၾကားသည္။

Covid -19 ကာကြယ္ေဆးမွာ မည္သည့္အခ်ိန္တြင္ ရရွိမည္ကို အေသအခ်ာ မသိရေသးေခ်။

ကၽြမ္းက်င္ပညာရွင္အခ်ဳိ ႔၏ ေျပာၾကားခ်က္အရ ကာကြယ္ေဆးရရန္ တစ္ႏွစ္မွသည္ ၁၈ လခန္႔အထိ ၾကာျမင့္ႏိုင္သည္ဟု ဆိုသည္။

အခ်ဳိ ႔ကမူ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး မည္သည့္အခါတြင္မွ ထုတ္လုပ္ႏိုင္မည္မဟုတ္ဟု ေျပာၾကားမႈမ်ား ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘Just Play’: Duterte wants classes postponed until COVID-19 vax becomes available (coconuts.co)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service