COVID-19 ဒုတိယလှိုင်းကို မကြောက်ကြစေရန် ဝူဟန်တွင် ၁၂ ရက်အတွင်း လူ ၇ သန်းနီးပါး ဓာတ်ခွဲစစ်ဆေး
COVID-19 ဒုတိယလှိုင်းကို မကြောက်ကြစေရန် ဝူဟန်တွင် ၁၂ ရက်အတွင်း လူ ၇ သန်းနီးပါး ဓာတ်ခွဲစစ်ဆေး - Property News in Myanmar from iMyanmarHouse.com
27 May 2020 12:16 pm တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုစတင်ရာဗဟိုချက်မဖြစ်သော တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ကျန်းမာရေးတာဝန်ရှိသူများက သူတို့သည် COVID-19 ဒုတိယလှိုင်းအတွက် စိုးရိမ်မှုများကို ချေမှုန်းရန် ၁၂ ရက်အတွင်း လူ ၇ သန်းနီးပါးကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း ပြောကြားလိုက်သည်။
တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် COVID-19 ကူးစက်မှုများ တစ်ကျော့ပြန်ဆိုးရွားဖြစ်ပွားလာမည်ကို စိုးရိမ်နေမှုများအား နှိမ်နင်းရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် လူ ၆ ဒသမ ၆၈ သန်းအား နူကလီယစ်အက်စစ်ဓာတ်ခွဲစမ်းသပ်မှုအချက်အလက်များကို ဝူဟန်ရှိ ကျန်းမာရေးကော်မရှင်တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
lockdown ကာလ ၇၆ ရက်ကြာပြီးနောက် ကူးစက်မှုအသစ်များ ထွက်ပေါ်လာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ မေ ၁၂ တွင် ဝူဟန်သည် ၎င်း၏မြို့နေလူဦးရေ ၁၁ သန်းစလုံးကို ဖြစ်သည့်နည်းဖြင့် စစ်ဆေးမှုစတင်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ဖြစ်ပွားမှုစတင်သည့် ၂၀၁၉ နှောင်းပိုင်းကတည်းက ပထမဆုံးအကြိမ်အဖြစ် ကူးစက်မှုသစ်မရှိသည့်ရက် ရှိခဲ့ပြီဖြစ်ကြောင်း အစီရင်ခံခဲ့သည်။ လူဦးရေ ၁ ဒသမ ၄၅ ဘီလျံရှိသည့် တရုတ်ပြည်မကြီးတွင် ထိုနေ့က ကိုရိုနာဗိုင်းရပ်စ်သံသယလူနာသစ်နှစ်ဦးသာ တိုးလာခဲ့ကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မေ ၂၃ တစ်ရက်တည်းတွင် ဝူဟန်သည် လူဦးရေ ၁ ဒသမ ၁ သန်းကျော်ကို စစ်ဆေးခဲ့ကြောင်း ဝူဟန်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ဝူဟန်ရှိ ကျန်းမာရေးဓာတ်ခွဲခန်းများနှင့် ကုမ္ပဏီများက သူတို့စစ်ဆေးသည့်လူဦးရေကို ၂၆ ဆကျော် တိုးမြှင့်ခဲ့သဖြင့် စစ်ဆေးမှုနှုန်းသည် မေ ၁၂ မှ ၂၄ အကြား အလျင်အမြန်တိုးတက်ခဲ့ခြင်းဖြစ်သည်။
နှိုင်းယှဉ်ပြရပါက အမေရိကန်တွင် မတ်လတစ်လလုံးအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၁ သန်းအောက်သာ စစ်ဆေးခဲ့ကြောင်း COVID Tracking Project အမေရိကန် COVID ရေးရာ စောင့်ကြည့်စီမံကိန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထရန့်အစိုးရက အမေရိကန်တွင် တစ်နေ့လျှင် စစ်ဆေးမှု ၅ သန်း ပြုလုပ်မည်ဟု ဧပြီအစောပိုင်းက ကြွေးကြာ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအရေအတွက်ကို ၂ သန်းသို လျှော့ချခဲ့သည်။ သို့သော်လည်း COVID Tracking Project မှ စုဆောင်းရရှိသည့်အချက်အလက်များအရ အမေရိကန်သည် ဧပြီနောက်ဆုံးပတ်မကုန်မီ တစ်နေ့လျှင် စစ်ဆေးမှုပေါင်း ပျမ်းမျှ ၂ သိန်း ၂ သောင်းသာ အများဆုံး ပြုလုပ်ခဲ့ကြောင်း သိရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Wuhan Tested Nearly 7 Million People in 12 Days to Prevent Second Coronavirus Wave, Health Officials Say
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service