အင်္ဂလန်တွင် ပင်လယ်ကမ်းခြေများသို့ အလုံးအရင်း လာရောက်သူများကြောင့် ပင်လယ်ကမ်းခြေမြို့ကလေးရှိ ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ ပြည့်နှက်သွားသဖြင့် လူနာလက်မခံတော့ဘဲ ဆေးရုံပိတ်ထားရ

အင်္ဂလန်တွင် ပင်လယ်ကမ်းခြေများသို့ အလုံးအရင်း လာရောက်သူများကြောင့် ပင်လယ်ကမ်းခြေမြို့ကလေးရှိ ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ ပြည့်နှက်သွားသဖြင့် လူနာလက်မခံတော့ဘဲ ဆေးရုံပိတ်ထားရ - Property News in Myanmar from iMyanmarHouse.com
26 May 2020 1:01 pm တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာလ စည်းမျဉ်းများ ချမှတ်ထားသော်လည်း ပင်လယ်ကမ်းခြေများသို့ လာရောက်သူများပြားသောကြောင့် ပင်လယ်ကမ်းခြေမြို့ကလေးရှိ ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ ပြည့်နှက်သွားသဖြင့် လူနာသစ်လက်မခံတော့ဘဲ ဆေးရုံပိတ် ထားလိုက်ရသည်။

အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်မြို့ရှိ ဝက်စ်တန် အထွေထွေဆေးရုံကြီး (Weston General Hospital ) ပုံမှန်အားဖြင့် လူနာသစ်များကို နံနက် ၈ နာရီတွင် လက်ခံလေ့ရှိသည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ပြောကြားရာတွင် ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်လူနာဦးရေ အလွန်များပြားလာသောကြောင့် ကြိုတင်ကာကွယ်သည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ကြောင်း အခိုင်အမာပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် လူနာသစ်များအနေဖြင့် အနီးရှိ အခြားနေရာများတွင် ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်မှုများ ပြုလုပ်ပေးထားကြောင်းလည်း ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့စဉ် ဧပြီလအတွင်း ဝက်ဖို့ဒ်အထွေထွေဆေးရုံကြီး (Wetford General Hospital) သည် အရေးပေါ်အခြေအနေတွင်ပင် ဆေးရုံမလာရန် လူနာများကို ယာယီအားဖြင့်ပြောကြားခဲ့ရသည်။

University Hospitals Bristol နှင့် Weston NHS Foundation Trust မှ ဆေးဘက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝီလျံ အိုးဖီးဒ်က ပြောကြားရာတွင် ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာပမာဏမှာ အမြဲပြောင်းလဲနေကြောင်း၊ လူနာများသည် ဆေးရုံတက်သူနှင့် ဆင်းသူဟု အမြဲရှိနေကြောင်း ပြောကြားသည်။

“လက်ရှိအားဖြင့် ဝက်စ်တန် အထွေထွေဆေးရုံကြီးမှာ covid-19 လူနာတွေအရမ်းများနေပါတယ်” ဟု ဒေါက်တာ ဝီလျံအိုးဖီးဒ်က ပြောကြားသည်။

ဆေးရုံတက်သူ လူနာအများစုမှာ covid-19 လူနာများဖြစ်ရာ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းတို့၏ ဘေးကင်းလုံခြုံမှုအတွက် လူနာသစ် လက်ခံမှုကို ယာယီရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိဆေးရုံတက်နေသော လူနာများကို အရည်အသွေးမြင့်မားသည့်ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေကြောင်း ဒေါက်တာ အိုးဖီးဒ်က ပြောကြားသည်။

ဝက်စ်တန်မြို့တွင်နေထိုင်သော သတ္တဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ နာအိုမီ ဟာဗေးက ပြောကြားရာတွင် ဝက်စ်တန်သို့ လာရောက်လည်ပတ်သူ များပြားခြင်းကြောင့် covid-19 လူနာများ မြင့်တက်လာစေခြင်းဖြစ်ကြောင်း ပြောကြားသည်။

လာရောက်လည်ပတ်သူတို့သည် အဆိုပါဒေသသို့ အလုံးအရင်းရောက်ရှိလာကာ ကမ်းခြေများသို့သွားရောက်ခြင်းနှင့် လမ်းများပေါ်တွင် ကားရပ်နားကာ တရားမဝင်နေထိုင်ခြင်းများ ပြုလုပ်ကြကြောင်း၊ ထိုသို့နေထိုင်မှုများ၏ အကျိုးဆက်အဖြစ် ယခုအခါ covid-19 လူနာများ အလွန်မြင့်တက်သွားရခြင်းဖြစ်ကြောင်း သူမက ပြောကြားသည်။

အင်္ဂလန်တွင် လက်ရှိချမှတ်ထားသော lockdown စည်းမျဉ်းများအရ ပြည်သူတို့သည် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ (social distancing) နေထိုင်ရေးစည်းမျဉ်းကို လိုက်နာပါက ကမ်းခြေများတွင် နေစာလှုံရန် သွားခွင့်ပေးထားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hospital in seaside town CLOSES to new patients after surge in coronavirus cases (The Sun)

[Zawgyi]

အဂၤလန္တြင္ ပင္လယ္ကမ္းေျခမ်ားသို႔ အလုံးအရင္း လာေရာက္သူမ်ားေၾကာင့္ ပင္လယ္ကမ္းေျခၿမိဳ႕ကေလးရွိ ေဆး႐ုံတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား ျပည့္ႏွက္သြားသျဖင့္ လူနာလက္မခံေတာ့ဘဲ ေဆး႐ုံပိတ္ထားရ

အဂၤလန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာလ စည္းမ်ဥ္းမ်ား ခ်မွတ္ထားေသာ္လည္း ပင္လယ္ကမ္းေျခမ်ားသို႔ လာေရာက္သူမ်ားျပားေသာေၾကာင့္ ပင္လယ္ကမ္းေျခၿမိဳ႕ကေလးရွိ ေဆး႐ုံတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား ျပည့္ႏွက္သြားသျဖင့္ လူနာသစ္လက္မခံေတာ့ဘဲ ေဆး႐ုံပိတ္ ထားလိုက္ရသည္။

အဂၤလန္ႏိုင္ငံ၊ ဆမ္းမားဆက္ၿမိဳ႕ရွိ ဝက္စ္တန္ အေထြေထြေဆး႐ုံႀကီး (Weston General Hospital ) ပုံမွန္အားျဖင့္ လူနာသစ္မ်ားကို နံနက္ ၈ နာရီတြင္ လက္ခံေလ့ရွိသည္။

ေဆး႐ုံအုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာၾကားရာတြင္ ေဆး႐ုံ၌ ကို႐ိုနာဗိုင္းရပ္စ္လူနာဦးေရ အလြန္မ်ားျပားလာေသာေၾကာင့္ ႀကိဳတင္ကာကြယ္သည့္ လုပ္ေဆာင္ခ်က္တစ္ရပ္ျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားသည္။

ကို႐ိုနာဗိုင္းရပ္စ္ လူနာသစ္မ်ားအေနျဖင့္ အနီးရွိ အျခားေနရာမ်ားတြင္ ေဆးကုသမႈ ခံယူႏိုင္ရန္ စီစဥ္မႈမ်ား ျပဳလုပ္ေပးထားေၾကာင္းလည္း ေဆး႐ုံ အုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာၾကားသည္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အထြတ္အထိပ္သို႔ ေရာက္ရွိခဲ့စဥ္ ဧၿပီလအတြင္း ဝက္ဖို႔ဒ္အေထြေထြေဆး႐ုံႀကီး (Wetford General Hospital) သည္ အေရးေပၚအေျခအေနတြင္ပင္ ေဆး႐ုံမလာရန္ လူနာမ်ားကို ယာယီအားျဖင့္ေျပာၾကားခဲ့ရသည္။

University Hospitals Bristol ႏွင့္ Weston NHS Foundation Trust မွ ေဆးဘက္ၫႊန္ၾကားေရးမႉး ေဒါက္တာ ဝီလ်ံ အိုးဖီးဒ္က ေျပာၾကားရာတြင္ ေဆး႐ုံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာပမာဏမွာ အၿမဲေျပာင္းလဲေနေၾကာင္း၊ လူနာမ်ားသည္ ေဆး႐ုံတက္သူႏွင့္ ဆင္းသူဟု အၿမဲရွိေနေၾကာင္း ေျပာၾကားသည္။

“လက္ရွိအားျဖင့္ ဝက္စ္တန္ အေထြေထြေဆး႐ုံႀကီးမွာ covid-19 လူနာေတြအရမ္းမ်ားေနပါတယ္” ဟု ေဒါက္တာ ဝီလ်ံအိုးဖီးဒ္က ေျပာၾကားသည္။

ေဆး႐ုံတက္သူ လူနာအမ်ားစုမွာ covid-19 လူနာမ်ားျဖစ္ရာ လူနာမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းတို႔၏ ေဘးကင္းလုံၿခဳံမႈအတြက္ လူနာသစ္ လက္ခံမႈကို ယာယီရပ္ဆိုင္းလိုက္ရျခင္းျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။

လက္ရွိေဆး႐ုံတက္ေနေသာ လူနာမ်ားကို အရည္အေသြးျမင့္မားသည့္က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေပးေနေၾကာင္း ေဒါက္တာ အိုးဖီးဒ္က ေျပာၾကားသည္။

ဝက္စ္တန္ၿမိဳ႕တြင္ေနထိုင္ေသာ သတၱေဗဒပညာရွင္တစ္ဦးျဖစ္သူ ေဒါက္တာ နာအိုမီ ဟာေဗးက ေျပာၾကားရာတြင္ ဝက္စ္တန္သို႔ လာေရာက္လည္ပတ္သူ မ်ားျပားျခင္းေၾကာင့္ covid-19 လူနာမ်ား ျမင့္တက္လာေစျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

လာေရာက္လည္ပတ္သူတို႔သည္ အဆိုပါေဒသသို႔ အလုံးအရင္းေရာက္ရွိလာကာ ကမ္းေျခမ်ားသို႔သြားေရာက္ျခင္းႏွင့္ လမ္းမ်ားေပၚတြင္ ကားရပ္နားကာ တရားမဝင္ေနထိုင္ျခင္းမ်ား ျပဳလုပ္ၾကေၾကာင္း၊ ထိုသို႔ေနထိုင္မႈမ်ား၏ အက်ိဳးဆက္အျဖစ္ ယခုအခါ covid-19 လူနာမ်ား အလြန္ျမင့္တက္သြားရျခင္းျဖစ္ေၾကာင္း သူမက ေျပာၾကားသည္။

အဂၤလန္တြင္ လက္ရွိခ်မွတ္ထားေသာ lockdown စည္းမ်ဥ္းမ်ားအရ ျပည္သူတို႔သည္ တစ္ဦးႏွင့္တစ္ဦး ခပ္ခြာခြာ (social distancing) ေနထိုင္ေရးစည္းမ်ဥ္းကို လိုက္နာပါက ကမ္းေျခမ်ားတြင္ ေနစာလႈံရန္ သြားခြင့္ေပးထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hospital in seaside town CLOSES to new patients after surge in coronavirus cases (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service