ဘရာဇီးနိုင်ငံသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောက်ရှိခဲ့ကြသည့် နိုင်ငံခြားသားများ အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်

ဘရာဇီးနိုင်ငံသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောက်ရှိခဲ့ကြသည့် နိုင်ငံခြားသားများ အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင် - Property News in Myanmar from iMyanmarHouse.com
25 May 2020 1:32 pm တွင် တင်ခဲ့သည်
755 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဘရာဇီးနိုင်ငံသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောက်ရှိခဲ့ကြသည့် နိုင်ငံခြားသားများ အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ယခု ရက်သတ္တပတ်အတွင်း ဘရာဇီးသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရဆုံးနိုင်ငံဖြစ်လာပြီး ကူးစက်ခံရသူပေါင်း ၃၄၇၀၀၀ အထက်ရှိလာသည်။

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ ထုတ်ပြန်သောအချက်အလက်များအရ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်ပြီး လူပေါင်း အနည်းဆုံး ၁ ဒသမ ၆ သန်းခန့် ကူးစက်ခံထားရပြီ ဖြစ်သည်။

ဘရာဇီးနိုင်ငံသို့ ရောက်ရှိခဲ့သော နိုင်ငံခြားသားများသည် ကျွနု်ပ်တို့၏နိုင်ငံအတွင်း ရောဂါကူးစက်စေမှုများ ထပ်တိုးမဖြစ်ပွားစေရန် ယခု ကိုင်တွယ်ဆောင်ရွက်မှုက အထောက်အကူပြုမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ကန့်သတ်ချက်သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုအပေါ် သက်ရောက်စေခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

ဘရာဇီးသမ္မတ Jair Bolsonaro ၏ နိုင်ငံတကာရေးရာ အကြံပေးပုဂ္ဂိုလ် Filipe Martins က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ရာ၌ ဘရာဇီးနိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းမှာ အမေရိကန်အစိုးရ ယခင်ကတည်းက အကောင်အထည်ဖော်ခဲ့သည့် များပြားသော ကန့်သတ်ချက်များအတိုင်း လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံအပေါ် သီးသန့်အထူးရည်ရွယ်ချက်မရှိကြောင်း၊ သတင်းမီဒီယာ တို့၏ ဆောက်တည်ရာမရ ဖြစ်နေမှုအပေါ် လစ်လျူရှုထားရမည်ဖြစ်ကြောင်း ရေးသားထားသည်။

မေလ ၂၄ ရက်တွင် ဘရာဇီး၏ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၄၇၃၉၈ ဦးရှိခဲ့ကာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်လာပြီးနောက် ထရမ့်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ အရေးပေါ်ကိစ္စရပ်များစီမံကိန်း အမှုဆောင်ဒါရိုက်တာ Mike Ryan က တောင်အမေရိကသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာဗဟိုချက်သစ်တစ်ခု ဖြစ်လာနေကြောင်း၊ ဘရာဇီးနှင့်စပ်လျဉ်းပြီး ရတက်မအေးဖြစ်ရကြောင်း ပြောကြားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump Suspends US Entry for Foreign Citizens Who Have Been in Brazil in Last 14 Days (Sputnik)

[Zawgyi]

ဘရာဇီးႏိုင္ငံသို႔ လြန္ခဲ့ေသာ ၁၄ ရက္အတြင္း ေရာက္ရွိခဲ့ၾကသည့္ ႏိုင္ငံျခားသားမ်ား အေမရိကန္သို႔ ဝင္ေရာက္ခြင့္ ပိတ္ပင္

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဘရာဇီးႏိုင္ငံသို႔ လြန္ခဲ့ေသာ ၁၄ ရက္အတြင္း ေရာက္ရွိခဲ့ၾကသည့္ ႏိုင္ငံျခားသားမ်ား အေမရိကန္သို႔ ဝင္ေရာက္ခြင့္ ပိတ္ပင္လိုက္ေၾကာင္း အိမ္ျဖဴေတာ္က ထုတ္ျပန္သည္။

ယခု ရက္သတၱပတ္အတြင္း ဘရာဇီးသည္ ကမၻာေပၚတြင္ ဒုတိယေျမာက္ ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရဆံုးႏိုင္ငံျဖစ္လာျပီး ကူးစက္ခံရသူေပါင္း ၃၄၇၀၀၀ အထက္ရွိလာသည္။

ဂၽြန္ေဟာ့ပ္ကင္းတကၠသိုလ္မွ ထုတ္ျပန္ေသာအခ်က္အလက္မ်ားအရ အေမရိကန္ျပည္ေထာင္စုသည္ ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ အမ်ားဆံုးကူးစက္ခံရသည့္ ႏိုင္ငံျဖစ္ျပီး လူေပါင္း အနည္းဆံုး ၁ ဒသမ ၆ သန္းခန္႔ ကူးစက္ခံထားရျပီ ျဖစ္သည္။

ဘရာဇီးႏိုင္ငံသို႔ ေရာက္ရွိခဲ့ေသာ ႏိုင္ငံျခားသားမ်ားသည္ ကၽြႏု္ပ္တို႔၏ႏိုင္ငံအတြင္း ေရာဂါကူးစက္ေစမႈမ်ား ထပ္တိုးမျဖစ္ပြားေစရန္ ယခု ကိုင္တြယ္ေဆာင္ရြက္မႈက အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဆိုပါ ကန္႔သတ္ခ်က္သည္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈအေပၚ သက္ေရာက္ေစျခင္းမရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ဆက္လက္ ေဖာ္ျပသည္။

ဘရာဇီးသမၼတ Jair Bolsonaro ၏ ႏိုင္ငံတကာေရးရာ အၾကံေပးပုဂၢိဳလ္ Filipe Martins က တြစ္တာလူမႈကြန္ရက္တြင္ ေရးသားခဲ့ရာ၌ ဘရာဇီးႏိုင္ငံသားမ်ားကို ျပည္ဝင္ခြင့္ပိတ္ပင္ျခင္းမွာ အေမရိကန္အစိုးရ ယခင္ကတည္းက အေကာင္အထည္ေဖာ္ခဲ့သည့္ မ်ားျပားေသာ ကန္႔သတ္ခ်က္မ်ားအတိုင္း လုပ္ေဆာင္ျခင္းသာျဖစ္ေၾကာင္း၊ ဘရာဇီးႏိုင္ငံအေပၚ သီးသန္႔အထူးရည္ရြယ္ခ်က္မရွိေၾကာင္း၊ သတင္းမီဒီယာ တို႔၏ ေဆာက္တည္ရာမရ ျဖစ္ေနမႈအေပၚ လစ္လ်ဴရႈထားရမည္ျဖစ္ေၾကာင္း ေရးသားထားသည္။

ေမလ ၂၄ ရက္တြင္ ဘရာဇီး၏ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳလူနာ ၃၄၇၃၉၈ ဦးရွိခဲ့ကာ ကမၻာေပၚတြင္ ဒုတိယေျမာက္ ကူးစက္ခံရသူ အမ်ားဆံုးႏိုင္ငံျဖစ္လာျပီးေနာက္ ထရမ့္၏ ထုတ္ျပန္ခ်က္ ထြက္ေပၚလာျခင္း ျဖစ္သည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ၏ အေရးေပၚကိစၥရပ္မ်ားစီမံကိန္း အမႈေဆာင္ဒါရိုက္တာ Mike Ryan က ေတာင္အေမရိကသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ရာဗဟိုခ်က္သစ္တစ္ခု ျဖစ္လာေနေၾကာင္း၊ ဘရာဇီးႏွင့္စပ္လ်ဥ္းျပီး ရတက္မေအးျဖစ္ရေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump Suspends US Entry for Foreign Citizens Who Have Been in Brazil in Last 14 Days (Sputnik)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service