တစ်ပတ်တာကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် သုံးခုရှိ လူဦးရေ နှစ်သိန်းခြောက်သောင်းကျော်အား ကိုဗစ်ရောဂါရှိမရှိ လိုက်လံစစ်ဆေးနိုင်ခဲ့

တစ်ပတ်တာကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် သုံးခုရှိ လူဦးရေ နှစ်သိန်းခြောက်သောင်းကျော်အား ကိုဗစ်ရောဂါရှိမရှိ လိုက်လံစစ်ဆေးနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
24 May 2020 12:58 pm တွင် တင်ခဲ့သည်
1307 ကြိမ် ကြည့်ရှု့ပြီး

တစ်ပတ်တာကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် သုံးခုရှိ လူဦးရေ နှစ်သိန်းခြောက်သောင်းကျော်အား ကိုဗစ်ရောဂါရှိမရှိ လိုက်လံစစ်ဆေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်များအတွင်း လိုက်လံစစ်ဆေးမှုများကို ပြုလုပ်နေခြင်းဖြစ်ပြီး မေလ ၁၆ ရက်မှ မေလ ၂၄ ရက်အထိ လှိုင်သာယာမြို့နယ် ၊ တာမွေမြို့နယ် ၊ မရမ်းကုန်းများတွင် လိုက်လ့စစ်ဆေးမှုများကိုပြုလုပ်နိုင်ခဲ့သည်။ထိုကဲ့သို့ စစ်ဆေးရာတွင် ယင်းမြို့နယ်များအတွင်းရှိ လူဦးရေပေါင်း ၂၆၀၀၀၀ ကျော်ကို စစ်ဆေးမှုပြုလုပ်နိုင်ခဲ့ကြောင်း စာရင်းဇယားများအရသိရှိရသည်။

မေလ ၁၆ ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာ (၂)ခု၊ ကျေးရွာအုပ်စု (၂) ခု၊ စက်ရုံ (၂) ရုံတို့တွင် COVID-19 ရောဂါပိုးတွေ့ လူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိ/မရှိ ကွင်းဆင်းရှာဖွေခြင်း ( Contact Tracing) လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်၊ စက်ရုံအပြင် နေရာ (၈)ခုတွင် ဆောင်ရွက်ခဲ့ပြီး၊ အိမ်ခြေ (၂၁,၁၇၇)ရှိ၊ အိမ်ထောင်စုပေါင်း (၃၂,၀၆၀) လူဦးရေစုစုပေါင်း (၁၄၄,၀၃၃)ဦးအား ရောဂါရာဇဝင်စစ်ဆေးမေးမြန်းနိုင်ခဲ့ကြောင်း သိရသည်။

မေလ ၁၇ ရက်တွင် တာမွေမြို့နယ်ရှိ ရပ်ကွက်အားလုံးပါဝင်ပြီး အိမ်ထောင်စု(၂၆၃၈၉) ရှိ လူဦးရေစုစုပေါင်း (၁၀၅၃၉၁)ဦးအား ရောဂါရာဇဝင်စစ်ဆေးမေးမြန်းနိုင်ခဲ့ပြီး ၎င်းတို့အနက် ရောဂါလက္ခဏာရှိသူများကို သက်ဆိုင်ရာဆေးရုံနှင့် Quarantine စင်တာများသို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။စစ်ဆေးမှုများအနက်မှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ရောဂါလက္ခဏာရှိသူ (၄)ဦး ညွှန်းပို့ခဲ့ပြီး နှင့် သာမန်လက္ခဏာရှိသူ(၄)ဦးကို ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းဝန်း ဧကရီဆောင် Quarantine စင်တာသို့ အသွားအလာကန့်သတ်ထားရှိရန် ညွန်းပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။

မေလ ၂၃ ရက်တွင် မရမ်းကုန်းမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးမှုများကို ကြီးကြပ်အဖွဲ့ ကျန်းမာရေးဝန်ထမ်း ၁၀ ဦး၊ ကျန်းမာရေးဝန်ထမ်း ၄၀ ဦး၊ တပ်မတော်ဆေးတပ်ဖွဲ့ အင်အား ၄၀ ဦး၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ အုပ်ချုပ်ရေးအဖွဲ့များ စုစုပေါင်းအင်အား ၇၀၀ကျော်ဖြင့် ရပ်ကွက်(၅) ရပ်ကွက်ရှိ လူဦးရေ ၁၄၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။

စစ်ဆေးမှုများပြုလုပ်ရာတွင် ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့မှုရှိ/မရှိ၊ ပွဲလမ်းသဘင်များ၊ လူစုလူဝေးများသို့သွားရောက်ဖူးခြင်းရှိ/မရှိ၊ ခရီးသွားရာဇဝင် ရှိ/မရှိ တို့ကို တစ်အိမ်တက်ဆင်း ကွင်းဆင်းမေးမြန်းခြင်း ၊ထိုမှတဆင့် COVID-19 ရောဂါ လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရ ခက်ခြင်း၊ အနံ့အရသာပျောက်ခြင်းအစရှိသည့် လက္ခဏာများရှိ/မရှိ မေးမြန်းခြင်းလုပ်ငန်းများကို ပြည်သူလုထု၏ အသိပညာပိုမိုမြှင့်တင်နိုင်ရေးနှင့် ရောဂါလက္ခဏာများခံစားရပါက မိမိကိုယ်တိုင်သတင်းပေးပို့နိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service