ကိုဗစ်-၁၉‌ ကြောင့် ကြန့်ကြာခဲ့ရသည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ကာလ တိုးမြှင့်ပေးရန် တိုက်တွန်း

ကိုဗစ်-၁၉‌ ကြောင့် ကြန့်ကြာခဲ့ရသည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ကာလ တိုးမြှင့်ပေးရန် တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
24 May 2020 11:09 am တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လက်ရှိ ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် အစိုးရက တင်ဒါခေါ်ယူထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရန် အချိန် ကြန့်ကြာခဲ့ရသည့်အတွက် ဘတ်ဂျက်ကာလ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ဦးမျိုးမြင့်က မေ ၂၂ ရက်တွင် တိုက်တွန်း ပြောကြားလိုက်သည်။

အစိုးရက တင်ဒါခေါ်ယူထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ လက်ရှိ ကပ်ရောဂါ ကာလအတွင်း လုပ်ငန်းလည်ပတ်မှုများ ခေတ္တရပ်နားခဲ့ရသည့်အတွက် သတ်မှတ်ကာလတွင် အချိန်မီ ပြီးစီးရန် စိန်ခေါ်မှုအချို့ ရှိနေကြောင်း ဦးမျိုးမြင့်က ပြောသည်။

“နိုင်ငံတော်က တင်ဒါပေးတဲ့ စီမံကိန်းတွေကတော့ ဒီကာလမှာ မဖြစ်မနေ စရတာပေါ့။ တချို့ တင်ဒါတွေကလည်း နောက်ကျတယ်၊ အခုမှ တင်ဒါဖွင့်တာတွေ ရှိတယ်။ အခု မေလလယ်၊ နက်ဖြန်၊ သန်ဘက်ခါဆို မိုးရွာပြီ။ လော့‌ခ်ဒေါင်းဖြစ်နေလို့ အခုထိ မစရသေးတဲ့ အလုပ်တွေရှိတယ်။ သူတို့က နောက်အကျဆုံး စက်တင်ဘာ ၁၅ အထိပဲ စာချုပ် အချုပ်ခံတယ်။ အခု မေ ၁၅၊ စက်တင်ဘာ ၁၅ ဆို လေးလပဲ ရှိတော့တယ်။ အကယ်၍ ဒီလကုန်မှ စမယ်ဆို သုံးလခွဲလောက်ပဲရှိတယ်။ အဲ့တော့ အချိန်ကာလက သိပ်ကပ်သွားပြီပေါ့နော်။ နောက်ပြီးတော့ ကြားထဲမှာ မတ်လလောက်မှာမှ တင်ဒါအောင်ထားတဲ့ လုပ်ငန်းတွေဆိုလည်း ကိုဗစ်ဖြစ်တာ မတ်ကစဖြစ်တာ၊ ဧပြီမှာကျတော့လည်း လော့ခ်ဒေါင်းဖြစ်တာနဲ့ ဆိုတော့ သူတို့လည်း အခုမှ စခါစလောက်လေးပဲ ရှိတယ်။ အဲ့တော့ ဒီဘတ်ဂျက်ကာလကို နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာအထိ တိုးစေချင်တယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ အစိုးရထံမှ တင်ဒါ အောင်ထားသည့် စီမံကိန်းများ ပြီးစီးရန်အတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဘတ်ဂျတ်ကာလကို ဒီဇင်ဘာ လကုန်အထိ တိုးမြှင့်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

“အဲ့ဒီ့အပြင်ကို ဘတ်ဂျက်ကိုလည်း စက်တင်ဘာမှာ မသိမ်းပါစေနဲ့ဦး။ အနည်းဆုံး နိုဝင်ဘာပေါ့၊ ဒီ့ထက် ပိုကောင်းတာကတော့ ဒီဇင်ဘာ လကုန်မှာသိမ်းရင် ပိုပြီး အဆင်ပြေမယ်။ အဲ့ခါမှ အခုလုပ်နေတဲ့ တင်ဒါတွေကို ပြီးဆုံးအောင် လုပ်နိုင်မယ်။ အဲ့လိုမှ မဟုတ်ရင် အစိုးရရော၊ လုပ်ငန်းရှင်ရော နှစ်ဖက်လုံးအတွက် နစ်နာနိုင်တယ်။ ဒီအဆောက်အအုံမပြီးမစီးတာကြီးကို ဒီအတိုင်း ပစ်ထားလိုက်ရမှာ။ အဲ့တော့ ဘတ်ဂျက်ကာလရယ်၊ တင်ဒါကာလရယ်၊ ခုဏပြောသလို ငွေပေးချေမှု ကာလရယ်ပေါ့နော်၊ ဘတ်ဂျတ်ပိတ်တဲ့ ကာလကိုပေါ့၊ ရွှေ့ပေးလိုက်မယ် ဆိုရင်တော့ နိုင်ငံတော်ရဲ့ တင်ဒါတွေ စတင်တဲ့ကိစ္စက အဆင်ပြေနိုင်မယ်” ဟု ဦးမျိုးမြင့်က သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကိုဗစ္-၁၉‌ ေၾကာင့္ ၾကန႔္ၾကာခဲ့ရသည့္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအတြက္ ဘတ္ဂ်က္ကာလ တိုးျမႇင့္ေပးရန္ တိုက္တြန္း

လက္ရွိ ျဖစ္ပြားေနေသာ ကမာၻ႔ကပ္ေရာဂါ COVID-19 ေၾကာင့္ အစိုးရက တင္ဒါေခၚယူထားသည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အခ်ိန္မီ ၿပီးစီးရန္ အခ်ိန္ ၾကန႔္ၾကာခဲ့ရသည့္အတြက္ ဘတ္ဂ်က္ကာလ တိုးျမႇင့္ေပးရန္ လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ျဖစ္သူ ဦးမ်ိဳးျမင့္က ေမ ၂၂ ရက္တြင္ တိုက္တြန္း ေျပာၾကားလိုက္သည္။

အစိုးရက တင္ဒါေခၚယူထားသည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားမွာ လက္ရွိ ကပ္ေရာဂါ ကာလအတြင္း လုပ္ငန္းလည္ပတ္မႈမ်ား ေခတၱရပ္နားခဲ့ရသည့္အတြက္ သတ္မွတ္ကာလတြင္ အခ်ိန္မီ ၿပီးစီးရန္ စိန္ေခၚမႈအခ်ိဳ႕ ရွိေနေၾကာင္း ဦးမ်ိဳးျမင့္က ေျပာသည္။

“ႏိုင္ငံေတာ္က တင္ဒါေပးတဲ့ စီမံကိန္းေတြကေတာ့ ဒီကာလမွာ မျဖစ္မေန စရတာေပါ့။ တခ်ိဳ႕ တင္ဒါေတြကလည္း ေနာက္က်တယ္၊ အခုမွ တင္ဒါဖြင့္တာေတြ ရွိတယ္။ အခု ေမလလယ္၊ နက္ျဖန္၊ သန္ဘက္ခါဆို မိုး႐ြာၿပီ။ ေလာ့‌ခ္ေဒါင္းျဖစ္ေနလို႔ အခုထိ မစရေသးတဲ့ အလုပ္ေတြရွိတယ္။ သူတို႔က ေနာက္အက်ဆုံး စက္တင္ဘာ ၁၅ အထိပဲ စာခ်ဳပ္ အခ်ဳပ္ခံတယ္။ အခု ေမ ၁၅၊ စက္တင္ဘာ ၁၅ ဆို ေလးလပဲ ရွိေတာ့တယ္။ အကယ္၍ ဒီလကုန္မွ စမယ္ဆို သုံးလခြဲေလာက္ပဲရွိတယ္။ အဲ့ေတာ့ အခ်ိန္ကာလက သိပ္ကပ္သြားၿပီေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ၾကားထဲမွာ မတ္လေလာက္မွာမွ တင္ဒါေအာင္ထားတဲ့ လုပ္ငန္းေတြဆိုလည္း ကိုဗစ္ျဖစ္တာ မတ္ကစျဖစ္တာ၊ ဧၿပီမွာက်ေတာ့လည္း ေလာ့ခ္ေဒါင္းျဖစ္တာနဲ႔ ဆိုေတာ့ သူတို႔လည္း အခုမွ စခါစေလာက္ေလးပဲ ရွိတယ္။ အဲ့ေတာ့ ဒီဘတ္ဂ်က္ကာလကို ႏိုဝင္ဘာ သို႔မဟုတ္ ဒီဇင္ဘာအထိ တိုးေစခ်င္တယ္” ဟု ၎က ေျပာသည္။

ယင္းသို႔ အစိုးရထံမွ တင္ဒါ ေအာင္ထားသည့္ စီမံကိန္းမ်ား ၿပီးစီးရန္အတြက္ ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာ ၃၀ ရက္ေန႔တြင္ ကုန္ဆုံးမည့္ ဘတ္ဂ်တ္ကာလကို ဒီဇင္ဘာ လကုန္အထိ တိုးျမႇင့္ေပးရန္ လိုအပ္သည္ဟု ဆိုသည္။

“အဲ့ဒီ့အျပင္ကို ဘတ္ဂ်က္ကိုလည္း စက္တင္ဘာမွာ မသိမ္းပါေစနဲ႔ဦး။ အနည္းဆုံး ႏိုဝင္ဘာေပါ့၊ ဒီ့ထက္ ပိုေကာင္းတာကေတာ့ ဒီဇင္ဘာ လကုန္မွာသိမ္းရင္ ပိုၿပီး အဆင္ေျပမယ္။ အဲ့ခါမွ အခုလုပ္ေနတဲ့ တင္ဒါေတြကို ၿပီးဆုံးေအာင္ လုပ္ႏိုင္မယ္။ အဲ့လိုမွ မဟုတ္ရင္ အစိုးရေရာ၊ လုပ္ငန္းရွင္ေရာ ႏွစ္ဖက္လုံးအတြက္ နစ္နာႏိုင္တယ္။ ဒီအေဆာက္အအုံမၿပီးမစီးတာႀကီးကို ဒီအတိုင္း ပစ္ထားလိုက္ရမွာ။ အဲ့ေတာ့ ဘတ္ဂ်က္ကာလရယ္၊ တင္ဒါကာလရယ္၊ ခုဏေျပာသလို ေငြေပးေခ်မႈ ကာလရယ္ေပါ့ေနာ္၊ ဘတ္ဂ်တ္ပိတ္တဲ့ ကာလကိုေပါ့၊ ေ႐ႊ႕ေပးလိုက္မယ္ ဆိုရင္ေတာ့ ႏိုင္ငံေတာ္ရဲ႕ တင္ဒါေတြ စတင္တဲ့ကိစၥက အဆင္ေျပႏိုင္မယ္” ဟု ဦးမ်ိဳးျမင့္က သုံးသပ္ ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service