ဆေးဝါးထိပ်သီး ကုမ္ပဏီကြီး AstraZeneca တွင် အောက်စ်ဖို့တက္ကသိုလ်က စမ်းသပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁ ဘီလီယံ ထုတ်လုပ်နိုင်စွမ်းရှိပြီး စက်တင်ဘာလတွင် အသင့်ဖြစ်မည်ဟု မျှော်မှန်း
ဆေးဝါးထိပ်သီး ကုမ္ပဏီကြီး AstraZeneca တွင် အောက်စ်ဖို့တက္ကသိုလ်က စမ်းသပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁ ဘီလီယံ ထုတ်လုပ်နိုင်စွမ်းရှိပြီး စက်တင်ဘာလတွင် အသင့်ဖြစ်မည်ဟု မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
22 May 2020 12:10 pm တွင် တင်ခဲ့သည်
1056 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆေးဝါးထိပ်သီး ကုမ္ပဏီကြီး AstraZeneca က ၎င်းတို့တွင် အောက်စ်ဖို့တက္ကသိုလ်က စမ်းသပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁ ဘီလီယံ ထုတ်လုပ်နိုင်စွမ်းရှိပြီး စက်တင်ဘာလတွင် အသင့်ဖြစ်မည်ဟု မျှော်မှန်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
လန်ဒန်မြို့အနောက်ပိုင်း ၊ Brentford မြို့ အခြေစိုက် ကုမ္ပဏီကြီး AstraZeneca သည် အောက်စ်ဖို့တက္ကသိုလ်၏ အလားအလာရှိသော covid-19 ကာကွယ်ဆေး အလုံးအရင်း ထုတ်လုပ်ရန် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ထိုးဆေးသန်း ၄၀၀ ခန့် ထောက်ပံ့ပေးသွားရန် သဘောတူညီထားပြီး ဖြစ်သည်။
အမေရိကန်ကျန်းမာရေးအကြီးအကဲတို့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ (ပေါင် ၈၀၆၀၀၀) သုံးစွဲထားသည်။ ၎င်းတို့က ယနေ့ထုတ်ပြန်ကြေညာလိုက်ရာတွင် ကာကွယ်ဆေးအလုံးရေ သန်း ၃၀၀ မှာယူထားပြီး လာမည့် အောက်တိုဘာလတွင် ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကြေညာသည်။
ဗြိတိန်ကလည်း ထိုးဆေးအလုံးရေ သန်း ၁၀၀ ကို ဖြစ်နိုင်သမျှ ဆောလျင်စွာ ရရှိရန် မှာယူထားပြီး ဗြိတိန် ဝန်ကြီးတို့က ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ထုတ်ဖော်ပြောကြားခဲ့ရာတွင် မှာယူထားမှု၏ ၃ ပုံ ၁ ပုံကို စက်တင်ဘာလတွင် ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
ဗြိတိန် စီးပွားရေးဝန်ကြီး Alok Sharma က ပြောကြားရာတွင် ယခုနှစ်ဆောင်းတွင်းတွင် ကာကွယ်ဆေး အလုံးအရင်း ထိုးပေးနိုင်မညမ့် စီမံကိန်းကို စတင်နိုင်မည့် အနေအထားတွင် ရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
ထိပ်တန်းသိပ္ပံပညာရှင်များကမူ ကာကွယ်ဆေးသည် ၂၀၂၁ ခုနှစ်ခန့်အထိ မရနိုင်သေးကြောင်း ပြောကြားထားမှုများလည်း ရှိသည်။
မျောက်များတွင် လေ့လာခဲ့မှုတစ်ခုတွင် ကာကွယ်ဆေးသည် ရောဂါမကူးစက်စေရန် ဟန့်တားနိုင်ခြင်းမရှိကြောင်း တွေ့ရသည်ဟူသော လေ့လာချက်များပေါ်ပေါက်အပြီး ဆေးများအပေါ် သံသယဖြစ်မှုများလည်း ပေါ်ပေါက်ခဲ့သည်။
အောက်စ်ဖို့တက္ကသိုလ်က စမ်းသပ်နေသည့်ဆေးဖြစ်သော AZD 1222 သည် လက်ရှိအားဖြင့် လူသားတို့အပေါ်တွင် စမ်းသပ်နေပြီး ဘေးအန္တရာယ်ကင်းမှု ရှိ၊ မရှိလေ့လာနေကာ အဆိုပါအဖွဲ့က ပြောကြားရာတွင် တိုးတက်မှုများကောင်းမွန်နေကြောင်း ပြောကြားသည်။
အခြားသော အလားအလာကောင်းသည့် ကာကွယ်ဆေးစမ်းသပ်မှုမှာ အမေရိကန်ကုမ္ပဏီ Moderna က ထုတ်လုပ်သည့်ဆေးဖြစ်ပြီး လူသားတို့တွင် ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားနိုင်သည်ဟူသော သတင်းများ ပေါ်ပေါက်အပြီး စတော့ဈေးကွက်တွင် Moderna ၏ ရှယ်ယာဈေးများ ထိုးတက်သွားသည်။
အချို့ သိပ္ပံပညာရှင်များက သတိပေးထားရာတွင် လာမည့်နှစ်အထိ ကာကွယ်ဆေး ကျယ်ပြန့်စွာ မရနိုင်သေးဟု ဆိုသည်။
Imperial College London မှ ပါမောက္ခတစ်ဦးဖြစ်သူ Robin Shattock က ဘီဘီစီသတင်းဌာနသို့ ပြောကြားရာတွင် လာမည့်နှစ်စပိုင်း အထိ ကာကွယ်ဆေး ကျယ်ပြန့်စာအသုံးပြုနိုင်လိမ့်ဦးမည်မဟုတ်ကြောင်းနှင့် အဆိုပါတွက်ဆမှုသည် အကောင်းဆုံး အကောင်းမြင်ထားသည့် တွက်ဆမှုဖြစ်ကြောင်း ပြောကြားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Pharmaceutical giant AstraZeneca has capacity to make ONE BILLION doses of Oxford University's experimental COVID-19 vaccine amid hopes it could be ready for September (Daily Mail)
[Zawgyi]
အချို့  သိပံ္ပပညာရှင်များက သတိပေးထားရာတွင် လာမည့်နှစ်အထိ ကာကွယ်ဆေး ကျယ်ပြန့်စွာ မရနိုင်သေးဟု ဆိုသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service