ကားထဲမှာ လက်သန့်ဆေး Hand Sanitiser ဘူး ထားသူများ သတိထားဖို့
ကားထဲမှာ လက်သန့်ဆေး Hand Sanitiser ဘူး ထားသူများ သတိထားဖို့ - Property News in Myanmar from iMyanmarHouse.com
21 May 2020 1:38 pm တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီး ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေချိန်ဖြစ်ရာ သန်းပေါင်းများစွာသောသူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန်အတွက် လက်သန့်ဆေးရည်များ ဝယ်ယူအသုံးပြုလျက်ရှိနေကြသည်။
ဖို့ဒ် (Ford) ကုမ္ပဏီမှ အင်ဂျင်နီယာတို့က သတိပေးထားရာတွင် လက်သန့်ဆေးရည်ဘူးများကို ကားအတွင်းထားရှိခြင်းသည် ကား၏အတွင်းပိုင်းကို ပျက်စီးမှုများ ဖြစ်နိုင်ကြောင်း သတိပေးသည်။
ထို့အပြင် ပူပြင်းနေသည့် မော်တော်ကားများအတွင်း လက်သန့်ဆေးထားခဲ့လျှင် ဆေးရည်တွင်ပါဝင်သော alhol များ အငွေ့ပြန်သွားမှုကြောင့် အာနိသင်မရှိနိုင်တော့ကြောင်း သတိပေးထားသည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဗြိတိန်တွင် အပူချိန် ၈၂ ဒီဂရီ ဖာရင်ဟိုက် (၂၈ စင်တီဂရိတ်) အထိ ရှိခဲ့ရာ အမြဲအေးစက်နေသည့် ဗြိတိန်တွင် နေထိုင်ရသူ ပြည်သူထောင်ပေါင်းများစွာမှာ နေစာလှုံရန်အတွက် ကမ်းခြေများသို့ အလုံးအရင်းသွားရောက်ခဲ့ကြရာ သတိပေးစာ ထုတ်ပေးသော အရာရှိတို့တွင် သတိပေးချက်စာရွက်များ ကုန်သွားသည်အထိ ဖြစ်ခဲ့ရသည်။
အဆိုပါထောင်ပေါင်းများစွာသော ပြည်သူများသည် ပူနွေးသောရာသီဥတု အရသာကို ခံစားနိုင်ရန် လမ်းပေါ်သို့ ထွက်လာကြရာတွင် ၎င်းတို့နှင့်အတူ လက်သန့်ဆေးများလည်း ယူဆောင်ခဲ့ကြမည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ၊ Florida Gold Coast University ၏ ဓာတုဗေဒနှင့် ရူပဗေဒဌာနတို့မှ တွဲဖက်ပါမောက္ခ ဒေါက်တာ Gerd Boyce က ပြောကြားရာတွင် လက်သန့်ဆေးဘူးများကို ကားများအတွင်း ထားခဲ့ခြင်းသည် ကောင်းမွန်သည့်လုပ်ဆောင်ချက် မဟုတ်ကြောင်း ပြောကြားသည်။ “ဟိုနားဒီနား ခဏတဖြုတ်သွားတဲ့အခါမျိုးမှာ လက်သန့်ဆေးကို ကားထဲ ထားခဲ့တာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် အမြဲတမ်းတော့ ကားထဲမှာ မထားသင့်ဘူး” ဟု ဒေါက်တာ Boyce က ABC သတင်းဌာနသို့ ပြောကြားသည်။
မော်တော်ကားထဲတွင် လက်သန့်ဆေးရည်ဘူးများကို ရက်နှင့်ချီ၊ လနှင့်ချီ မထားသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြင်ပတွင် အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက် (၂၁ ဆဲစီးယပ်) ရှိချိန်တွင် တိုက်ရိုက်နေရောင်ခြည်အောက်တွင်ရှိနေသည့် ကားတစ်စင်းထဲတွင် အပူချိန်မှာ ၁၁၃ ဒီဂရီ ဖာရင်ဟိုက် (၄၅ ဆဲစီးယပ်) အထိ ရှိနေနိုင်ကြောင်း heatkills.org တွင် ဖော်ပြသည်။ လက်သန့်ဆေးရည်တွင် အဓိကပါဝင်ပစ္စည်းဖြစ်သော alcohol အငွေ့ပျံသွားပါက ထိရောက်မှု အာနိသင် နည်းပါးသွားကြောင်း ဒေါက်တာ Boyce က ပြောကြားသည်။
“ပူပြင်းတဲ့ အပူချိန်အောက်မှာ အကြာကြီးထားမယ်ဆိုရင် အရေးကြီးတဲ့ ပါဝင်ပစ္စည်း အငွေ့ပျံသွားတာကြောင့် လက်သန့်ဆေးမှာ အာနိသင် ပျောက်ဆုံးသွားနိုင်ပါတယ်” ဟု ဒေါက်တာ Boyce က ဆိုသည်။
လက်သန့်ဆေးသည် မော်တော်ကား၏ အတွင်းပိုင်းများကို ပျက်စီးစေနိုင်ကြောင်းလည်း ကားမက္ကင်းနစ်တို့က သတိပေးထားသည်ဟု motoringresearch.com တွင် ဖော်ပြသည်။
ဖို့ဒ် (Ford) ကုမ္ပဏီမှ အင်ဂျင်နီယာတို့သည် မော်တော်ကားတွင် ပူပြင်းသော နေရောင်အောက်တွင် ရှိမည့်အပူချိန်အတိုင်း ထားရှိကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။
တူရကီတွင် ပြုလုပ်ခဲ့သောစမ်းသပ်မှုတွင် ကားများ၌ ကြီးမားသည့်ပျက်စီးမှုများ တွေ့ခဲ့ရပြီး အဆိုပါပျက်စီးမှုကို ခြေရာခံကြည့်ရာ အီသနောကြောင့်ဖြစ်ကြောင်းတွေ့ရသည်။ အီသနောသည် လက်သန့်ဆေးရည်အများစုတွင် ပါဝင်သောပစ္စည်းဖြစ်သည်။
ဖို့ဒ် (Ford) ကုမ္ပဏီ၏ Material Technology Center မှ အကြီးတန်းအင်ဂျင်နီယာတစ်ဦးဖြစ်သူ Mark Montgomery က ပြောကြားရာတွင် တူရကီရှိ ကားများတွင် ကြီးမားသည့် ပျက်စီးမှုများ တွေ့ရကြောင်း၊ ခြေရာခံစစ်ဆေးရာ အီသနောမှာ ပျက်စီးမှုကို အဓိကဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်ကြောင်း ၊ နာမည်ကြီး လက်သန့်ဆေးတစ်ခုတွင် အီသနော ၈၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း ပြောကြားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warning: Hand santitiser could EXPLODE if left in hot cars – and the heat will almost certainly render it useless ( Daily Mail )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service