COVID-19 ကပ်ရောဂါတုန့်ပြန့်ရေးအတွက် ဗြိတိန်က မြန်မာနိုင်ငံကို ဒေါ်လာ ၃၆ သန်း ကူညီမည်

COVID-19 ကပ်ရောဂါတုန့်ပြန့်ရေးအတွက် ဗြိတိန်က မြန်မာနိုင်ငံကို ဒေါ်လာ ၃၆ သန်း ကူညီမည် - Property News in Myanmar from iMyanmarHouse.com
21 May 2020 1:14 pm တွင် တင်ခဲ့သည်
659 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ်ရောဂါ တုန့်ပြန်ရေးအတွက် ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာ ၃၆ သန်းကူညီမည်ဟု အရှေ့တောင်အာရှဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး Nigel Adams က မေ ၂၀ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှုနှင့် အကျိုးဆက်များကို လျှော့ချကန့်သတ်နိုင်ရန် ပံ့ပိုးကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံး၏ ထုတ်ပြန်ကြေငြာချက်တွင်ပါဝင်သည်။

“ ဒီရန်ပုံငွေကို သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေက ပြည်သူတွေ အပါအဝင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှုအများဆုံးခံစားရသူတွေကို ဦးစားပေး ကူညီပံ့ပိုးရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။” ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုရန်ပုံငွေသည် ဗြိတိန်နိုင်ငံ၏ မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်စဉ် ကူညီနေသည့် ဒေါ်လာ သန်း ၂၀၀ ၏ အစိပ်အပိုင်းတခုဖြစ်သည်ဟုဆိုသည်။

ဒေါ်လာ ၁၆ သန်းကို ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီရန်ပုံငွေ ကတဆင့် ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပံ့ပိုးရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမှီ ရရှီရေးတို့ကို ထောက်ပံ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဒေါ်လာ ၁၅ သန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေကတဆင့် သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိသုံးစွဲနိုင်ရေး၊ သက်ကြီးရွယ်အိုများနှင့် ကလေးမိခင်များကို အရေးပေါ်လူမှုကာကွယ်စောင့်ရှောက်ရေး ငွေကြေးပံ့ပိုးမှု ဆောင်ရွက်ရန်ဖြစ်သည်ဟုဆိုထားသည်။

ကမ္ဘာတဝန်းလုံးအတွက် ဗြိတိန်နိုင်ငံက COVID-19 စိန်ခေါ်မှုကို တုံ့ပြန်ဖြေရှင်းရန် ရန်ပုံငွေ ဒေါ်လာ သန်း ၉၀၀ကျော်ထားရှိထားသည်ဟုဆို သည်။

ရန်ပုံငွေတွေကို ကာကွယ်ဆေး ထုတ်လုပ်ရန်၊ ဗိုင်းရပ်စ် စစ်ဆေးမှုနှင့် ကုသရေးလုပ်ငန်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ COVID-19 သက်ရောက်မှုကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများသည့် နိုင်ငံများကို ပံ့ပိုးရန် ဟုဆိုထားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ကပ္ေရာဂါတုန႔္ျပန႔္ေရးအတြက္ ၿဗိတိန္က ျမန္မာႏိုင္ငံကို ေဒၚလာ ၃၆ သန္း ကူညီမည္

COVID-19 ကပ္ေရာဂါ တုန႔္ျပန္ေရးအတြက္ ၿဗိတိန္ႏိုင္ငံက ျမန္မာႏိုင္ငံကို ေဒၚလာ ၃၆ သန္းကူညီမည္ဟု အေရွ႕ေတာင္အာရွေဒသဆိုင္ရာ ၿဗိတိန္ဝန္ႀကီး Nigel Adams က ေမ ၂၀ ရက္တြင္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈႏွင့္ အက်ိဳးဆက္မ်ားကို ေလွ်ာ့ခ်ကန္႔သတ္ႏိုင္ရန္ ပံ့ပိုးေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာၿဗိတိန္သံ႐ုံး၏ ထုတ္ျပန္ေၾကျငာခ်က္တြင္ပါဝင္သည္။

“ ဒီရန္ပုံေငြကို သက္ႀကီး႐ြယ္အိုေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပဋိပကၡျဖစ္ပြားေနတဲ့ေဒသေတြက ျပည္သူေတြ အပါအဝင္ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္နစ္နာမႈအမ်ားဆုံးခံစားရသူေတြကို ဦးစားေပး ကူညီပံ့ပိုးရာမွာ အသုံးျပဳမွာ ျဖစ္ပါတယ္။” ဟု သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုရန္ပုံေငြသည္ ၿဗိတိန္ႏိုင္ငံ၏ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ ႏွစ္စဥ္ ကူညီေနသည့္ ေဒၚလာ သန္း ၂၀၀ ၏ အစိပ္အပိုင္းတခုျဖစ္သည္ဟုဆိုသည္။

ေဒၚလာ ၁၆ သန္းကို က်န္းမာေရးေစာင့္ေရွာက္မႈလက္လွမ္းမွီရန္ပုံေငြ ကတဆင့္ ေဆးဝါးအေထာက္အပံ့ပစၥည္းမ်ား ပံ့ပိုးေရးႏွင့္ က်န္းမာေရးဝန္ေဆာင္မႈမ်ား လက္လွမ္းမွီ ရရွီေရးတို႔ကို ေထာက္ပံ့ျခင္းျဖစ္သည္ဟုဆိုသည္။

ေဒၚလာ ၁၅ သန္းကို အသက္ေမြးဝမ္းေက်ာင္းမႈႏွင့္ စားနပ္ရိကၡာဖူလုံေရးရန္ပုံေငြကတဆင့္ ေသာက္သုံးေရႏွင့္ မိလႅာစနစ္ရရွိသုံးစြဲႏိုင္ေရး၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ကေလးမိခင္မ်ားကို အေရးေပၚလူမႈကာကြယ္ေစာင့္ေရွာက္ေရး ေငြေၾကးပံ့ပိုးမႈ ေဆာင္႐ြက္ရန္ျဖစ္သည္ဟုဆိုထားသည္။

ကမာၻတဝန္းလုံးအတြက္ ၿဗိတိန္ႏိုင္ငံက COVID-19 စိန္ေခၚမႈကို တုံ႔ျပန္ေျဖရွင္းရန္ ရန္ပုံေငြ ေဒၚလာ သန္း ၉၀၀ေက်ာ္ထားရွိထားသည္ဟုဆို သည္။

ရန္ပုံေငြေတြကို ကာကြယ္ေဆး ထုတ္လုပ္ရန္၊ ဗိုင္းရပ္စ္ စစ္ေဆးမႈႏွင့္ ကုသေရးလုပ္ငန္း၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ၊ COVID-19 သက္ေရာက္မႈေၾကာင့္ စီးပြားေရး ထိခိုက္နစ္နာမႈမ်ားသည့္ ႏိုင္ငံမ်ားကို ပံ့ပိုးရန္ ဟုဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service