ကိုရိုနာဗိုင်းရပ်စ်ကာလကန့်သတ်ချက်များကြောင့် လူပြည့်နေပြီဟုဆိုကာ နယူးဇီလန်ဝန်ကြီးချုပ်အား ကော်ဖီဆိုင်အတွင်းသို့ ဝင်ခွင့်မပေး

ကိုရိုနာဗိုင်းရပ်စ်ကာလကန့်သတ်ချက်များကြောင့် လူပြည့်နေပြီဟုဆိုကာ နယူးဇီလန်ဝန်ကြီးချုပ်အား ကော်ဖီဆိုင်အတွင်းသို့ ဝင်ခွင့်မပေး - Property News in Myanmar from iMyanmarHouse.com
19 May 2020 1:26 pm တွင် တင်ခဲ့သည်
1125 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန် (Jacinda Ardern) သည် ှဝယ်လင်တန်မြို့တွင် ကော်ဖီဆိုင်တစ်ခုသို့ သွားရောက်ခဲ့သော်လည်း လူပြည့်နေသောကြောင့်ဟုဆိုကာ ဝင်ခွင့်မပေးသောကြောင့် လှည့်ပြန်ခဲ့ရသည်။

မစ္စ အာဒန်နှင့် သူမနှင့်စေ့စပ်ထားသူ ကလာ့ခ် ဂေးဖို့ဒ်တို့သည် နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့မှ Olive အမည်ရှိ ဆိုင်တစ်ဆိုင်တွင် စားသောက်ရန် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

“ဘုရားရေ၊ ဂျာစင်ဒါ အာဒန် အခုပဲ Olive ကို ရောက်လာတယ်။ လူပြည့်နေလို့ဆိုပြီး သူ့ကို ဝင်ခွင့်မပေးဘူး” ဟု အဆိုပါဆိုင်တွင် စားသောက်နေသူတစ်ဦးက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

နယူးဇီလန်သည် ပြီးခဲ့သော ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်အရေး စီမံချက် အဆင့် ၂ (Alert 2) အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်သူများကို နေ့စဉ်ဘဝများသို့ တစ်ဆင့်ချင်း ပြန်လည်ဝင်ရောက်ခွင့်ပြုလာသည်။

စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်သော်လည်း ဖောက်သည်များ တစ်ဦးနှင့်တစ်ဦး ၁ မီတာ ကွာဝေးရမည့်အပြင် လူ ၁၀ ဦးထက် ပိုမိုစုဖွဲ့ခြင်းကိုလည်း တားမြစ်ထားသည်။

မစ္စ အာဒန်နှင့် မစ္စတာ ဂေးဖို့ဒ်တို့သည် နေရာလွတ်သွားသောအခါတွင်မူ အဆိုပါဆိုင်က ပြန်လည်ဆက်သွယ်ပေးခဲ့သောကြောင့် ပြန်လည်သွားရောက် စားသောက်နိုင်ခဲ့ကြသည်။ မစ္စတာဂေးဖို့ဒ်ကမူ အဆိုပါဆိုင်၏ ဖောက်သည်များအပေါ် ဝန်ဆောင်မှုနှင့် စည်းမျဉ်းလိုက်နာမှုအတွက် ချီးကျူးခဲ့သည်။

မစ္စတာဂေးဖို့ဒ်က ယခုဖြစ်ရပ်အတွက် မိမိအနေဖြင့် တာဝန်ရှိကြောင်း၊ နေရာလွတ်ရသွားချိန်တွင် မိမိတို့ကို ပြန်လည်ရှာဖွေဆက်သွယ် ပေးခြင်းမှာ အထူးချီးကျူးဖွယ် ဝန်ဆောင်မှုဖြစ်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

ဝန်ကြီးချုပ်တို့ စုံတွဲသည် လက်ထပ်ရန် စေ့စပ်ထားပြီး ယခုကဲ့သို့ စားသောက်ရန် သွားရောက်ချိန်တွင်မူ ၎င်းတို့၏ တစ်နှစ်အရွယ် သမီးငယ် ပါမလာခဲ့ကြောင်း New Zealand Herald သတင်းစာက ရေးသားဖော်ပြသည်။

Olive ၏ ပိုင်ရှင်က New Zealand Herald သတင်းစာသို့ ပြောကြားရာတွင် “သူ ဒီကိုလာပြီး အရသာရှိတဲ့ စားသောက်ဖွယ်တွေ စားသောက်သွားပါတယ်။ နာရီဝက်လောက်နေပြီး ပြန်သွားပါတယ်။ ဝန်ထမ်းတွေအားလုံးကိုလည်း ချစ်ပါတယ်” ဟု ပြောကြားသည်။

နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၁၄၈ ဦးရှိပြီး သေဆုံးသူ ၂၁ ဦးရှိသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: No exceptions! New Zealand Prime Minister Jacinda Ardern is REJECTED from a cafe because it was too full under COVID-19 restrictions (Daily Mail)

 [Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကာလကန္႔သတ္ခ်က္မ်ားေၾကာင့္ လူျပည့္ေနျပီဟုဆိုကာ နယူးဇီလန္ဝန္ၾကီးခ်ဳပ္အား ေကာ္ဖီဆိုင္အတြင္းသို႔ ဝင္ခြင့္မေပး

နယူးဇီလန္ဝန္ၾကီးခ်ဳပ္ ဂ်ာစင္ဒါ အာဒန္ (Jacinda Ardern) သည္ ွဝယ္လင္တန္ျမိဳ ႔တြင္ ေကာ္ဖီဆိုင္တစ္ခုသို႔ သြားေရာက္ခဲ့ေသာ္လည္း လူျပည့္ေနေသာေၾကာင့္ဟုဆိုကာ ဝင္ခြင့္မေပးေသာေၾကာင့္ လွည့္ျပန္ခဲ့ရသည္။

မစၥ အာဒန္ႏွင့္ သူမႏွင့္ေစ့စပ္ထားသူ ကလာ့ခ္ ေဂးဖို႔ဒ္တို႔သည္ နယူးဇီလန္ႏိုင္ငံ၊ ဝယ္လင္တန္ျမိဳ ႔မွ Olive အမည္ရွိ ဆိုင္တစ္ဆိုင္တြင္ စားေသာက္ရန္ သြားေရာက္ခဲ့ၾကျခင္း ျဖစ္သည္။

“ဘုရားေရ၊ ဂ်ာစင္ဒါ အာဒန္ အခုပဲ Olive ကို ေရာက္လာတယ္။ လူျပည့္ေနလို႔ဆိုျပီး သူ႔ကို ဝင္ခြင့္မေပးဘူး” ဟု အဆိုပါဆိုင္တြင္ စားေသာက္ေနသူတစ္ဦးက တြစ္တာလူမႈကြန္ရက္တြင္ ေရးသားခဲ့သည္။

နယူးဇီလန္သည္ ျပီးခဲ့ေသာ ၾကာသပေတးေန႔က ကိုရိုနာဗိုင္းရပ္စ္အေရး စီမံခ်က္ အဆင့္ ၂ (Alert 2) အျဖစ္ သတ္မွတ္ခဲ့ျပီး ျပည္သူမ်ားကို ေန႔စဥ္ဘဝမ်ားသို႔ တစ္ဆင့္ခ်င္း ျပန္လည္ဝင္ေရာက္ခြင့္ျပဳလာသည္။

စားေသာက္ဆိုင္မ်ားႏွင့္ ေကာ္ဖီဆိုင္မ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ေပးလိုက္ေသာ္လည္း ေဖာက္သည္မ်ား တစ္ဦးႏွင့္တစ္ဦး ၁ မီတာ ကြာေဝးရမည့္အျပင္ လူ ၁၀ ဦးထက္ ပိုမိုစုဖြဲ႔ျခင္းကိုလည္း တားျမစ္ထားသည္။

မစၥ အာဒန္ႏွင့္ မစၥတာ ေဂးဖို႔ဒ္တို႔သည္ ေနရာလြတ္သြားေသာအခါတြင္မူ အဆိုပါဆိုင္က ျပန္လည္ဆက္သြယ္ေပးခဲ့ေသာေၾကာင့္ ျပန္လည္သြားေရာက္ စားေသာက္ႏိုင္ခဲ့ၾကသည္။ မစၥတာေဂးဖို႔ဒ္ကမူ အဆိုပါဆိုင္၏ ေဖာက္သည္မ်ားအေပၚ ဝန္ေဆာင္မႈႏွင့္ စည္းမ်ဥ္းလိုက္နာမႈအတြက္ ခ်ီးက်ဴးခဲ့သည္။

မစၥတာေဂးဖို႔ဒ္က ယခုျဖစ္ရပ္အတြက္ မိမိအေနျဖင့္ တာဝန္ရွိေၾကာင္း၊ ေနရာလြတ္ရသြားခ်ိန္တြင္ မိမိတို႔ကို ျပန္လည္ရွာေဖြဆက္သြယ္ ေပးျခင္းမွာ အထူးခ်ီးက်ဴးဖြယ္ ဝန္ေဆာင္မႈျဖစ္ေၾကာင္း တြစ္တာတြင္ ေရးသားခဲ့သည္။

ဝန္ၾကီးခ်ဳပ္တို႔ စံုတြဲသည္ လက္ထပ္ရန္ ေစ့စပ္ထားျပီး ယခုကဲ့သို႔ စားေသာက္ရန္ သြားေရာက္ခ်ိန္တြင္မူ ၎တို႔၏ တစ္ႏွစ္အရြယ္ သမီးငယ္ ပါမလာခဲ့ေၾကာင္း New Zealand Herald သတင္းစာက ေရးသားေဖာ္ျပသည္။

Olive ၏ ပိုင္ရွင္က New Zealand Herald သတင္းစာသို႔ ေျပာၾကားရာတြင္ “သူ ဒီကိုလာျပီး အရသာရွိတဲ့ စားေသာက္ဖြယ္ေတြ စားေသာက္သြားပါတယ္။ နာရီဝက္ေလာက္ေနျပီး ျပန္သြားပါတယ္။ ဝန္ထမ္းေတြအားလံုးကိုလည္း ခ်စ္ပါတယ္” ဟု ေျပာၾကားသည္။

နယူးဇီလန္တြင္ ကိုရိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁၁၄၈ ဦးရွိျပီး ေသဆံုးသူ ၂၁ ဦးရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: No exceptions! New Zealand Prime Minister Jacinda Ardern is REJECTED from a cafe because it was too full under COVID-19 restrictions (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service