တရုတ်ပြည်မြောက်ပိုင်းတွင် လူဦးရေ သန်း ၁၀၀ ကျော်ရှိသော မြောက်ပိုင်းမြို့ကြီးများကို lockdown ချပြီ

တရုတ်ပြည်မြောက်ပိုင်းတွင် လူဦးရေ သန်း ၁၀၀ ကျော်ရှိသော မြောက်ပိုင်းမြို့ကြီးများကို lockdown ချပြီ - Property News in Myanmar from iMyanmarHouse.com
19 May 2020 1:15 pm တွင် တင်ခဲ့သည်
20017 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မြောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် အစုအဝေးလိုက် ပြည်တွင်းကူးစက်ခံရမှုများ တွေ့ရှိလာရသောကြောင့် ဒုတိယလှိုင်း မပေါ်ပေါက်စေရေး ကာကွယ်ရန်အတွက် လူဦးရေ သန်း ၁၀၀ ကျော်ရှိသော မြောက်ပိုင်းမြို့ကြီးများကို lockdown ချလိုက်ပြီဖြစ်ကာ လူပေါင်းများစွာကို စမ်းသပ်စစ်ဆေးသွားရန် အာဏာပိုင်တို့က စီစဉ်လျက်ရှိသည်။

တရုတ်ပြည် အနောက်မြောက်ပိုင်း ကျိလင်းပြည်နယ်ရှိ လူဦးရေ ၆၀၀၀၀၀ ရှိသော ရှုလန်မြို့တွင် ယနေ့မှစတင်ပြီး quarantine စည်းမျဉ်းများ တင်းကြပ်လိုက်ပြီး covid-19 သံသယရှိသူ (သို့မဟုတ်) အတည်ပြုလူနာများကို ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာသွားလာခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ကျိလင်းပြည်နယ်၏ မြို့တော်ဖြစ်သော ကျိလင်းတွင်ရှိသော ခရိုင်များအနက် တစ်ခုကိုလည်း အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်လိုက်ကာ ခရိုင်ပြင်ပသို့ ထွက်ခွာသွားလာခွင့် ပိတ်ပင်ထားလိုက်သည်။

လွန်ခဲ့သော ၃ ရက်အတွင်း ပြည်နယ်အရာရှိတို့က မြို့တော်ကျိလင်းနှင့် ရှုလန်မြို့တို့ရှိ ဒေသခံ ၄၀၀၀၀ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒုတိယလှိုင်းပေါ်ပေါက်မှု ကာကွယ်ရန်ဖြစ်ကြောင်း အာဏာပိုင်တို့က ယနေ့ပြောကြားသည်။

ယခုကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ပေါ်ပေါက်ရခြင်းအတွက် ရှုလန်မှ အရာရှိတစ်ဦးနှင့် ကျိလင်းမြို့မှ အရာရှိ ၅ ဦး၊ စုစုပေါင်း ၆ ဦးကို ရာထူးမှ ရုပ်သိမ်းခဲ့ကြောင်း တရုတ်သတင်းမီဒီယာတို့တွင် ဖော်ပြသည်။

ယနေ့တွင် ကျိလင်းပြည်နယ်၌ ရောဂါကူးစက်ခံရသူ ၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ ပြည်နယ်အတွင်း စုစုပေါင်း ကူးစက်ခံရသူသစ် ၃၄ ဦးရှိလာသည်။

အဆိုပါကူးစက်ခံရမှုအားလုံးသည် ယခုလအစောပိုင်းက ရှုလန်တွင် ပေါ်ပေါက်ခဲ့သော ကူးစက်မှုနှင့် ဆက်နွှယ်နေသည်ဟု ဆိုသည်။

ရှုလန်မြို့မှာမူ ၂ ရက်အတွင်း covid-19 ကူးစက်ခံရသူ ၁၂ ဦး တွေ့ရှိပြီးနောက် မေလ ၉ ရက်ကတည်းက lockdown ချထားခြင်း ဖြစ်သည်။

နောင် ၄ ရက်အကြာတွင် ကူးစက်ခံရသူ ၆ ဦးတွေ့လိုက်ရပြီးနောက် လူဦးရေ ၄ သန်းကျော်ရှိသော ပြည်နယ်မြို့တော် ကျိလင်း၏ အဝင်အထွက် ပိတ်လိုက်တော့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က ကျိလင်းမြို့ရှိ ဖန်းမန်ခရိုင်တွင် ရောဂါကူးစက်ခံရသူ ၁၂ ဦးတွေ့ပြီးနောက် အဆိုပါခရိုင်ကို lockdown ချမှတ်ခဲ့ပြီး အဆိုပါဒေသ၏ အရေးပေါ်အခြေအနေကိုလည်း အလယ်အလတ်အဆင့် အန္တရာယ်များမှုမှ အန္တရာယ်မြင့်မားမှုအဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  China tightens lockdown measures on north-eastern cities after discovering coronavirus cluster as officials arrange mass-testing to prevent a second wave (Daily Mail)

[Zawgyi]

တရုတ္ျပည္ေျမာက္ပိုင္းတြင္ လူဦးေရ သန္း ၁၀၀ ေက်ာ္ရွိေသာ ေျမာက္ပိုင္းျမိဳ ႔ၾကီးမ်ားကို lockdown ခ်ျပီ

တရုတ္ျပည္ေျမာက္ပိုင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ အစုအေဝးလုိက္ ျပည္တြင္းကူးစက္ခံရမႈမ်ား ေတြ႔ရွိလာရေသာေၾကာင့္ ဒုတိယလႈိင္း မေပၚေပါက္ေစေရး ကာကြယ္ရန္အတြက္ လူဦးေရ သန္း ၁၀၀ ေက်ာ္ရွိေသာ ေျမာက္ပိုင္းျမိဳ ႔ၾကီးမ်ားကို lockdown ခ်လိုက္ျပီျဖစ္ကာ လူေပါင္းမ်ားစြာကို စမ္းသပ္စစ္ေဆးသြားရန္ အာဏာပိုင္တုိ႔က စီစဥ္လ်က္ရွိသည္။

တရုတ္ျပည္ အေနာက္ေျမာက္ပိုင္း က်ိလင္းျပည္နယ္ရွိ လူဦးေရ ၆၀၀၀၀၀ ရွိေသာ ရႈလန္ျမိဳ ႔တြင္ ယေန႔မွစတင္ျပီး quarantine စည္းမ်ဥ္းမ်ား တင္းၾကပ္လိုက္ျပီး covid-19 သံသယရွိသူ (သို႔မဟုတ္) အတည္ျပဳလူနာမ်ားကို ၎တို႔၏ ေနအိမ္မ်ားမွ ထြက္ခြာသြားလာခြင့္ ပိတ္ပင္လိုက္ျပီ ျဖစ္သည္။

က်ိလင္းျပည္နယ္၏ ျမိဳ ႔ေတာ္ျဖစ္ေသာ က်ိလင္းတြင္ရွိေသာ ခရိုင္မ်ားအနက္ တစ္ခုကိုလည္း အႏၱရာယ္ရွိသည့္ အေရးေပၚအေျခအေန အျဖစ္ သတ္မွတ္လိုက္ကာ ခရိုင္ျပင္ပသို႔ ထြက္ခြာသြားလာခြင့္ ပိတ္ပင္ထားလိုက္သည္။

လြန္ခဲ့ေသာ ၃ ရက္အတြင္း ျပည္နယ္အရာရွိတို႔က ျမိဳ ႔ေတာ္က်ိလင္းႏွင့္ ရႈလန္ျမိဳ ႔တို႔ရွိ ေဒသခံ ၄၀၀၀၀ ေက်ာ္ကို စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျပီး ဒုတိယလႈိင္းေပၚေပါက္မႈ ကာကြယ္ရန္ျဖစ္ေၾကာင္း အာဏာပိုင္တို႔က ယေန႔ေျပာၾကားသည္။

ယခုကဲ့သို႔ ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျပန္လည္ေပၚေပါက္ရျခင္းအတြက္ ရႈလန္မွ အရာရွိတစ္ဦးႏွင့္ က်ိလင္းျမိဳ ႔မွ အရာရွိ ၅ ဦး၊ စုစုေပါင္း ၆ ဦးကို ရာထူးမွ ရုပ္သိမ္းခဲ့ေၾကာင္း တရုတ္သတင္းမီဒီယာတို႔တြင္ ေဖာ္ျပသည္။

ယေန႔တြင္ က်ိလင္းျပည္နယ္၌ ေရာဂါကူးစက္ခံရသူ ၂ ဦး ထပ္မံေတြ႔ရွိခဲ့ရာ ျပည္နယ္အတြင္း စုစုေပါင္း ကူးစက္ခံရသူသစ္ ၃၄ ဦးရွိလာသည္။

အဆိုပါကူးစက္ခံရမႈအားလံုးသည္ ယခုလအေစာပိုင္းက ရႈလန္တြင္ ေပၚေပါက္ခဲ့ေသာ ကူးစက္မႈႏွင့္ ဆက္ႏႊယ္ေနသည္ဟု ဆိုသည္။

ရႈလန္ျမိဳ ႔မွာမူ ၂ ရက္အတြင္း covid-19 ကူးစက္ခံရသူ ၁၂ ဦး ေတြ႔ရွိျပီးေနာက္ ေမလ ၉ ရက္ကတည္းက lockdown ခ်ထားျခင္း ျဖစ္သည္။

ေနာင္ ၄ ရက္အၾကာတြင္ ကူးစက္ခံရသူ ၆ ဦးေတြ႔လိုက္ရျပီးေနာက္ လူဦးေရ ၄ သန္းေက်ာ္ရွိေသာ ျပည္နယ္ျမိဳ ႔ေတာ္ က်ိလင္း၏ အဝင္အထြက္ ပိတ္လိုက္ေတာ့သည္။

ျပီးခဲ့ေသာ တနဂၤေႏြေန႔က က်ိလင္းျမိဳ ႔ရွိ ဖန္းမန္ခရိုင္တြင္ ေရာဂါကူးစက္ခံရသူ ၁၂ ဦးေတြ႔ျပီးေနာက္ အဆိုပါခရိုင္ကို lockdown ခ်မွတ္ခဲ့ျပီး အဆိုပါေဒသ၏ အေရးေပၚအေျခအေနကိုလည္း အလယ္အလတ္အဆင့္ အႏၱရာယ္မ်ားမႈမွ အႏၱရာယ္ျမင့္မားမႈအဆင့္သို႔ ေျပာင္းလဲသတ္မွတ္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:  China tightens lockdown measures on north-eastern cities after discovering coronavirus cluster as officials arrange mass-testing to prevent a second wave (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service