WHO စုံညီအစည်းအဝေးတွင် အမေရိကန်နှင့်တရုတ် COVID-19 ကမ္ဘာရန်စပေါက်ကွဲ
WHO စုံညီအစည်းအဝေးတွင် အမေရိကန်နှင့်တရုတ် COVID-19 ကမ္ဘာရန်စပေါက်ကွဲ - Property News in Myanmar from iMyanmarHouse.com
19 May 2020 12:37 pm တွင် တင်ခဲ့သည်
38829 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအစီအစဉ်ဆွဲရန်ရည်ရွယ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဧပြီ ၁၈ က ဗီဒီယိုစုံညီအစည်းအဝေးသည် ထိုရောဂါကိုဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့အကြား တင်းမာမှုများမြင့်တက်ခြင်းကို ပြသပွဲတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
အစည်းအဝေးစလျှင်စချင်းမှာပင် တရုတ်သမ္မတရှီကျင်ဖင်းက တရုတ်နိုင်ငံသည် ထိုဗိုင်းရပ်စ်တိုက်ဖျက်ရေးရည်ရွယ်၍ ဒေါ်လာ ၂ ဘီလျံ လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာဖရိကသို့ ဆေးဘက်ဆိုင်ရာအထောက်အပံ့များနှင့် ဆရာဝန်များကို ပို့ဆောင်စေလွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
နှစ်နှစ်အတွင်း လှူဒါန်းသွားမည့် ထိုငွေပမာဏသည် သမ္မတထရန့်က WHO အတွက် အမေရိကန်၏ရန်ပုံငွေထောက်ပံ့မှုကို ပြီးခဲ့သည့်လက မဖြတ်တောက်မီ WHO သို့ အမေရိကန်မှ ပံ့ပိုးလာခဲ့သော ပမာဏထက် နှစ်ဆကျော်ရှိပေသည်။
သို့ဖြစ်ရာ ယင်းပမာဏသည် တရုတ်အား အသက်ပေါင်း ၃၁၅,၀၀၀ ထက်မနည်းကို ဆုံးရှုံးစေခဲ့ပြီဖြစ်သည့် ထိုရောဂါကို ထိန်းချုပ်ရန် နိုင်ငံတကာမှကြိုးပမ်းမှုများ၏ ရှေးတန်းသို့ တွန်းတင်ပေးနိုင်သည့်ပမာဏဖြစ်သည်။
သို့သော်လည်း ယင်းကြေညာချက်အား ကမ္ဘာသို့ ထိုရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့်အချက်အလက်များကို တရုတ်အနေဖြင့် ဖုံးကွယ်ခဲ့ခြင်းရှိမရှိ နီးစပ်လာသော စုံစမ်းစစ်ဆေးမှုကို ကြိုတင်ဟန့်တားရန် တရုတ်၏ကြိုးပမ်းမှုတစ်ခုအဖြစ် အထူးသဖြင့် အမေရိကန်အစိုးရတာဝန်ရှိသူများက ရှုမြင်ခဲ့ကြသည်။
နှစ်ရက်တိုင်ကျင်းပခဲ့သော ထိုအစည်းအဝေးတွင် သမ္မတထရန့်က မိန့်ခွန်းမပြောကြားခဲ့ဘဲ တရုတ်သမ္မတအား အဖွဲ့ဝင် ၁၉၄ နိုင်ငံသို့ မိန့်ခွန်းပြောသည့် ပထမဆုံးသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် အခွင့်အရေးပေးခဲ့သည်။
အမေရိကန်ကျန်းမာရေးဝန်ကြီး အဲလက်စ်အဇာ က WHO နှင့် တရုတ်တို့အား ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သူတို့၏ ကိုင်တွယ်မှုက မလိုလားအပ်သော အသက်ဆုံးရှုံးမှုများသို့ ဦးတည်စေခဲ့ကြောင်း ပြောကြား၍ ပြတ်ပြတ်သားသားဝေဖန်ခဲ့သည်။
“ဒီရောဂါဖြစ်ပွားမှု ထိန်းချုပ်လို့မရဖြစ်သွားခဲ့ရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကို ရှင်းရှင်းပြောပါမယ်။ ကမ္ဘာကြီးသိဖို့လိုတဲ့ သတင်းအချက်အလက်တွေကို ဒီအဖွဲ့အစည်းက ရယူဖို့ပျက်ကွက်ခဲ့ပါတယ်။ အဲ့ဒီပျက်ကွက်မှုက အသက်ပေါင်းများစွာကို ဆုံးရှုံစေခဲ့တာပါ။” ဟု မစ္စတာအဇာက ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ကျန်ကမ္ဘာ့နိုင်ငံများမှ ခေါင်း‌ဆောင်များကမူ မည်သည့်နိုင်ငံအမည်ကိုမျှတပ်၍ ‌ဝေဖန်ခဲ့ခြင်းမရှိဘဲ ကပ်ဘေးကိုတိုက်ဖျက်ရန် ကမ္ဘာကြီး၏ စည်းလုံးညွတ်ညွတ်မှုမရှိဖြစ်နေခြင်းကိုသာ ဝေဖန်ခဲ့ပြီး နိုင်ငံများအား မတူကွဲလွဲမှုများကို အသာဘေးဖယ်ထားရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: U.S.-China Feud Over Coronavirus Erupts at World Health Assembly (nytimes)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service