တရုတ်သူဌေး ဂျက်မားပိုင်သည့် Ant Groupက Wavemoney တွင် ဒေါ်လာ ၇၃ သန်းခွဲ ရင်းနှီးမြှုပ်နှံ

တရုတ်သူဌေး ဂျက်မားပိုင်သည့် Ant Groupက Wavemoney တွင် ဒေါ်လာ ၇၃ သန်းခွဲ ရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
19 May 2020 12:15 pm တွင် တင်ခဲ့သည်
1050 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အလီဘာဘာသူဌေး ဂျက်မားပိုင် Ant Group ၏ Alipay က Wave money တွင် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ကို ရှယ်ယာ ရင်းနှီးမြှုပ်နှံလိုက်ကြောင်း မေလ ၁၈ ရက် ထုတ်ပြန်သည်။

ထိုသို့ရင်းနှီးမြှုပ်လိုက်ခြင်းကြောင့် Ant Group သည် Wave money တွင် အရာရောက်သည့် အစုရှယ်ယာရှင် ဖြစ်သွားမည်ဖြစ်ပြီး အာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိမူနှင့် စာချုပ်ပါအချက်အလက်များပြည့်မှီပေါ်မူတည်၍ ရှယ်ယာအသစ်များ ထည့်ဝင်သွားမည်ဟု နှစ်ဖက်ကုမ္ပဏီများက ထုတ်ပြန်သည်။

“မိုဘိုင်းဖုန်းသုံးစွဲလာမှုနှုန်း တရှိန်ထိုး မြင့်တက်လာတာနဲ့အမျှ မြန်မာနိုင်ငံရှိ ပြည်သူတွေအနေနဲ့လည်း ဒီဂျစ်တယ်ငွေပေးချေမှုများကို လက်ခံကျင့်သုံးရန် အသင့်ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသည် WaveMoney အတွက်သာမက မြန်မာပြည်သူများအတွက်ပါ ကောင်းမွန်သောပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု Wave Money ၊ CEO ဖြစ်သူ Brad Jones ကပြောသည်။

ထိုသို့ ရှယ်ယာထည့်ဝင်မူသည် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမူများနှင့်အတူ wave money ၏ သုံးဆွဲသူများ လုံခြုံစိတ်ချရသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို တိုးမြှင့်သွားမည်ဟုဆိုသည်။

“WaveMoney အနေနဲ့ Alipay ရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို အသုံးမပြုသူများ၊ လက်လှမ်းမမီသေးသူများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တိုးမြှင့်လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။”ဟု Ant Group ၏ Executive Chairman ဖြစ်သူ Eric Jing မှ ပြောသည်။

Ant Groupသည် ဘလီဘာဘာသူဌေး ဂျက်မားပိုင်ဆိုင်သည် Alipay၏ အော်ပရေတာအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

Wave money သည် Telenor Myanmarနှင့် Yoma Group တို့ကြား ပူးပေါင်းဆောင်ရွက်ထာြးသည့် Digital Money Myanmar ကုမ္ပဏီ၏ လုပ်ငန်းတစ်ခုဖြစ်သည်။Yoma Group ၏ အဓိက တည်ထောင်သူမှာ မြန်မာနိုင်ငံသား ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ ခေါ် Serge Pun ဖြစ်ကာ Yoma Strategic Holdings သည် စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ဖြစ်သည်။

Wave money သည် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၉၅ တွင် ကိုယ်စားလှယ်ပေါင်း ၅၇၀၀၀ကျော်ရှိသည်ရှိသည်ဟု ဆိုသည်။

၂၀၁၉ တွင် ငွေကြေးလွဲပြောင်းပေးသည့် ပမာဏ ကျပ်ငွေ ၆ ဒသမ ၄ ထရီလီယံရှိပြီး သုံးဆွဲသူပေါင်း ၂၁ သန်းကျော်ရှိသည်ဟုဆိုသည်။

Ant Group သည် တရုတ်ငွေပေးချေကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းလက်အောက်တွင် Alipay, Ant Fortune, MYbank နှင့် worldFirst စသည့် လုပ်ငန်းများရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တ႐ုတ္သူေဌး ဂ်က္မားပိုင္သည့္ Ant Groupက Wavemoney တြင္ ေဒၚလာ ၇၃ သန္းခြဲ ရင္းႏွီးျမႇဳပ္ႏွံ

အလီဘာဘာသူေဌး ဂ်က္မားပိုင္ Ant Group ၏ Alipay က Wave money တြင္ ေဒၚလာ ၇၃ ဒသမ ၅ သန္း ကို ရွယ္ယာ ရင္းႏွီးျမႇဳပ္ႏွံလိုက္ေၾကာင္း ေမလ ၁၈ ရက္ ထုတ္ျပန္သည္။

ထိုသို႔ရင္းႏွီးျမႇဳပ္လိုက္ျခင္းေၾကာင့္ Ant Group သည္ Wave money တြင္ အရာေရာက္သည့္ အစုရွယ္ယာရွင္ ျဖစ္သြားမည္ျဖစ္ၿပီး အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္ရရွိမူႏွင့္ စာခ်ဳပ္ပါအခ်က္အလက္မ်ားျပည့္မွီေပၚမူတည္၍ ရွယ္ယာအသစ္မ်ား ထည့္ဝင္သြားမည္ဟု ႏွစ္ဖက္ကုမၸဏီမ်ားက ထုတ္ျပန္သည္။

“မိုဘိုင္းဖုန္းသုံးစြဲလာမႈႏႈန္း တရွိန္ထိုး ျမင့္တက္လာတာနဲ႔အမွ် ျမန္မာႏိုင္ငံရွိ ျပည္သူေတြအေနနဲ႔လည္း ဒီဂ်စ္တယ္ေငြေပးေခ်မႈမ်ားကို လက္ခံက်င့္သုံးရန္ အသင့္ျဖစ္ေနပါၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈသည္ WaveMoney အတြက္သာမက ျမန္မာျပည္သူမ်ားအတြက္ပါ ေကာင္းမြန္ေသာေျပာင္းလဲမႈေတြ ျဖစ္လာႏိုင္မယ္လို႔လည္း ယုံၾကည္ပါတယ္” ဟု Wave Money ၊ CEO ျဖစ္သူ Brad Jones ကေျပာသည္။

ထိုသို႔ ရွယ္ယာထည့္ဝင္မူသည္ နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးမူမ်ားႏွင့္အတူ wave money ၏ သုံးဆြဲသူမ်ား လုံၿခဳံစိတ္ခ်ရသည့္ မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈကို တိုးျမႇင့္သြားမည္ဟုဆိုသည္။

“WaveMoney အေနနဲ႔ Alipay ရဲ႕ လုပ္ငန္းအေတြ႕အႀကဳံေတြနဲ႔အတူ ျမန္မာႏိုင္ငံရွိ ဘဏ္လုပ္ငန္းဝန္ေဆာင္မႈကို အသုံးမျပဳသူမ်ား၊ လက္လွမ္းမမီေသးသူမ်ားႏွင့္ အေသးစားႏွင့္ အလတ္စား လုပ္ငန္းရွင္မ်ားအတြက္ ဘ႑ာေရးဝန္ေဆာင္မႈမ်ား ေပးအပ္ႏိုင္ရန္ တိုးျမႇင့္လုပ္ေဆာင္သြားႏိုင္မွာ ျဖစ္ပါတယ္။”ဟု Ant Group ၏ Executive Chairman ျဖစ္သူ Eric Jing မွ ေျပာသည္။

Ant Groupသည္ ဘလီဘာဘာသူေဌး ဂ်က္မားပိုင္ဆိုင္သည္ Alipay၏ ေအာ္ပေရတာအျဖစ္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

Wave money သည္ Telenor Myanmarႏွင့္ Yoma Group တို႔ၾကား ပူးေပါင္းေဆာင္႐ြက္ထာျးသည့္ Digital Money Myanmar ကုမၸဏီ၏ လုပ္ငန္းတစ္ခုျဖစ္သည္။Yoma Group ၏ အဓိက တည္ေထာင္သူမွာ ျမန္မာႏိုင္ငံသား ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ ဦးသိမ္းေဝ ေခၚ Serge Pun ျဖစ္ကာ Yoma Strategic Holdings သည္ စင္ကာပူ စေတာ့အိတ္ခ်ိန္း စာရင္းဝင္ကုမၸဏီ ျဖစ္သည္။

Wave money သည္ ျမန္မာႏို္င္ငံရွိ ၿမိဳ႕နယ္ေပါင္း ၂၉၅ တြင္ ကိုယ္စားလွယ္ေပါင္း ၅၇၀၀၀ေက်ာ္ရွိသည္ရွိသည္ဟု ဆိုသည္။

၂၀၁၉ တြင္ ေငြေၾကးလြဲေျပာင္းေပးသည့္ ပမာဏ က်ပ္ေငြ ၆ ဒသမ ၄ ထရီလီယံရွိၿပီး သုံးဆြဲသူေပါင္း ၂၁ သန္းေက်ာ္ရွိသည္ဟုဆိုသည္။

Ant Group သည္ တ႐ုတ္ေငြေပးေခ်ကုမၸဏီတစ္ခုျဖစ္ၿပီး ၎လက္ေအာက္တြင္ Alipay, Ant Fortune, MYbank ႏွင့္ worldFirst စသည့္ လုပ္ငန္းမ်ားရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service