ရုပ်ကြွင်းလောင်စာဝယ်လိုအားကို COVID-19 အကျပ်အတည်းက ရှင်းထုတ်ပစ်မည်ဟု IEA ပြောကြား
ရုပ်ကြွင်းလောင်စာဝယ်လိုအားကို COVID-19 အကျပ်အတည်းက ရှင်းထုတ်ပစ်မည်ဟု IEA ပြောကြား - Property News in Myanmar from iMyanmarHouse.com
19 May 2020 12:02 pm တွင် တင်ခဲ့သည်
2069 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်ဓာတ်အားသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အစပျိုးခဲ့သည့် နှစ် ၇၀ အတွင်း ကမ္ဘာ့စွမ်းအင်စနစ်အတွက် အကြီးမားဆုံးတုန်လှုပ်ဖွယ် (ဝယ်လိုအားကျဆင်းမှု) အခြေအနေကို ကြံ့ကြံ့ခံနိုင်သည့် တစ်ခုတည်းသော ရင်းမြစ်ဖြစ်မည်ဟု ကမ္ဘာ့စွမ်းအင်ဆိုင်ရာစောင့်ကြည့်အဖွဲ့ဖြစ်သော နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ဖြစ်ပွားမှုသည် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့်ဖြစ်ခဲ့သည့် စွမ်းအင်ဝယ်လိုအားကျဆင်းမှုထက် ၇ ဆကြီးမားသော စွမ်းအင်ဝယ်လိုအားကျဆင်းမှုကို ဖြစ်ပွားစေခြင်းဖြင့် ရုပ်ကြွင်းလောင်စာဝယ်လိုအားကို ရှင်းထုတ်ပစ်လိမ့်မည်ဟု IEA က ထုတ်ပြန်ခဲ့သည်။
အစီရင်ခံစာတစ်စောင်တွင် IEA က ဒုတိယကမ္ဘာစစ်ပြီးနောက် ထိုအဆိုးဝါးဆုံးစွမ်းအင်ဝယ်လိုအားကျဆင်းမှုအခြေအနေသည် ဆယ်စုနှစ်များစွာတိုင် ဆီ၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့အား ကမ္ဘာ့သုံးစွဲမှုကျဆင်းမှုကို အစပျိုးလိမ့်မည်ဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမှာမူ ဆက်လက်မြင့်တက်မည်ဟု ဖော်ပြခဲ့သည်။
ရုပ်ကြွင်းလောင်စာဝယ်လိုအားကျဆင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမှန်မှန်မြင့်တက်ခြင်းဟူသည့် အခြေအနေမှာ သန့်စင်သောလျှပ်စစ်ဓာတ်အားသည် ယခုနှစ်၌ ကမ္ဘာ့စွမ်းအင်စနစ်တွင် ပထမဆုံးသောအကြီးဆုံးအခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်းနှင့် ဆယ်စုနှစ်တစ်ခုစာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုများကို ကူညီခြေဖျက်ပေးမည်ဖြစ်သည်။
“အထူးသဖြင့် ကျောက်မီးသွေး၊ ဆီနဲ့ ဓာတ်ငွေ့တွေလို အဓိကလောင်စာတွေအားလုံးနီးပါးရဲ့ ဝယ်လိုအားထိုးကျတာဟာ ကြောက်ခမန်းလိလိပါပဲ။ ပြီးခဲ့တဲ့မကြုံစဖူးလျှပ်စစ်ဓာတ်အားသုံးစွဲမှုကျဆင်းတဲ့ကာလမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေပဲ ဝယ်လိုအားမြင့်တက်နေပါတယ်။” ဟု IEA ၏ အမှုဆောင်ဒါရိုက်တာ ဖာတီဘီရိုးလ်က ပြောကြားခဲ့သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ယခုနှစ်တွင် ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ကမ္ဘာ့ကျဆင်းသွားသည့် လျှပ်စစ်ဓာတ်အားဝယ်လိုအား၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းတစ်ခုဖြစ်ပွားနေမှုအကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝယ်လိုအးမြင့်တက်မှုသည် ရုပ်ကြွင်းလောင်စာကုမ္ပဏီများအား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပိုမိုထုတ်လုပ်ရန် သူတို့၏ရည်မှန်းချက်များဆီ ပိုမိုတက်လှမ်းစေနိုင်ကြောင်း၊ သို့သော်လည်း အစိုးရများအနေဖြင့်လည်း စီးပွားရေးပြန်လည်နာလန်ထူရန်ကြိုးစားမှုအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရေးကိုလည်း မမေ့ကြရန် ဘီရိုးလ်က ပြောကြားခဲ့သည်။
“ရေရှည်သက်ရောက်မှုတွေကို ဆုံးဖြတ်ဖို့ သိပ်စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုအကျပ်အတည်းကနေ လွတ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကတော့ ရုပ်ကြွင်းလောင်စာစွမ်းအင်ကဏ္ဍနဲ့ သိသိသာသာကွာခြားပါလိမ့်မယ်။” ဟုလည်း ဘီရိုးလ်က ပြောကြားခဲ့ကြောင်း သိရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မွ ရေးသား ဖော်ျပသည်။)
Credit: iMyanmarHouse.com
Ref: Covid-19 crisis will wipe out demand for fossil fuels, says IEA (theguardian)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service