တရုတ်ဝယ်လက်များမှာ ကိုရိုနာဗိုင်းရပ်စ်ကာလ သြစတေးလျအိမ်ခြံမြေများ ဈေးနှုန်းကျဆင်းနေသည့် အတောအတွင်း ဝယ်ယူရင်းနှီးမြှုပ်နှံရန် စိုင်းပြင်းလာကြ

တရုတ်ဝယ်လက်များမှာ ကိုရိုနာဗိုင်းရပ်စ်ကာလ သြစတေးလျအိမ်ခြံမြေများ ဈေးနှုန်းကျဆင်းနေသည့် အတောအတွင်း ဝယ်ယူရင်းနှီးမြှုပ်နှံရန် စိုင်းပြင်းလာကြ - Property News in Myanmar from iMyanmarHouse.com
18 May 2020 12:47 pm တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်နေမှုနှင့် covid-19 ကာလ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းထားရမှုတို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာမည့် အခြေအနေသို့ ဦးတည်နေသည်။

Finder မှ စီးပွားရေးပညာရှင်များက ပြုလုပ်ခဲ့သော စစ်တမ်းအရ လာမည့်နှစ်တွင် ဆစ်ဒနီမြို့၏ အိမ်ခြံမြေဈေးနှုန်းများသည် ၁၀ ဒသမ ၂ ရာခိုင်နှုန်း ၊ မဲလ်ဘုန်းမြို့တွင် ၉ ဒသမ ၂ ရာခိုင်နှုန်းနှင့် အခြားသောမြို့ကြီးများတွင် အနည်းဆုံး ၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

နယ်စပ်ဝင်ပေါက်များ ပိတ်လိုက်ခြင်းကြောင့် နိုင်ငံတကာကျောင်းသားများ ဝင်ရောက်မှု ရပ်တန့်သွားမှုနှင့်အတူ အိမ်ရှင်တို့အတွက် အိမ်ငှား မရတော့သောကြောင့် ဆစ်ဒနီမြို့လယ်၊ မဲလ်ဘုန်းနှင့် ဘရစ္စဘိန်းတို့ရှိ လူနေခန်းဈေးနှုန်းများလည်း ကြီးမားစွာ ကျဆင်းမှုများ ဖြစ်ပေါ်မည်ဟု NAB နှင့် SQM Research တို့က ခန့်မှန်းထားသည်။

သို့သော် ယာယီအားဖြင့် ဈေးကွက်ကျဆင်းနေသော သြစတေးလျအိမ်ခြံမြေလောကသို့ နိုင်ငံတကာဝယ်လက်များ အလုံးအရင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာမည်ဆိုလျှင် ယခုခန့်မှန်းထားသကဲ့သို့ ကြီးမားသည့်ဈေးနှုန်းကျဆင်းမှုများ ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။

လက်ရှိပေါ်ပေါက်နေသော ဈေးကွက်ကျဆင်းမှု အခြေအနေမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလများအတွင်း စီးပွားရေးကျဆင်းမှု ကာလများအတွင်းတွင်ပင် မပေါ်ပေါက်ဖူးသော အခြေအနေမျိုး ဖြစ်သည်။

“ပြည်မကြီးက တရုတ်လူမျိုးအများအပြားက ဒီအခြေအနေကို ကြီးမားတဲ့ အကျိုးအမြတ်ရနိုင်မယ့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်” ဟု အိမ်ခြံမြေအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Robert Klaric က ပြောကြားသည်။

“ချမ်းသာကြွယ်ဝတဲ့ ပြည်မကြီးတရုတ်လူမျိုးတွေဟာ သူတို့ရဲ့ ဥစ္စာဓနနဲ့ ကျန်းမာရေးဘေးကင်းလုံခြုံဖို့အတွက် သြစတေးလျဆီ ဦးတည်လာကြတာကို ကျွန်တော်တို့ တွေ့မြင်ရပါလိမ့်မယ်” ဟု Robert Klaric က ဆက်လက်ပြောကြားသည်။

သြစတေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူသေဆုံးမှု ကြီးမားသည့်ပမာဏမဖြစ်အောင် ထိန်းချုပ်နိုင်ခြင်းကြောင့် ကျန်းမာရေးကဏ္ဍအရ နေထိုင်ရန် ကောင်းမွန်သော နေရာတစ်ခုအဖြစ် ၎င်း၏ ပုံရိပ်ကို ဖန်တီးပေးနိုင်ခဲ့ရာ နိုင်ငံခြားဝယ်လက်တို့အနေဖြင့် ရင်းနှီးမြှုပ်နှံရန် အတွက်သာမကဘဲ ပြောင်းရွှေ့နေထိုင်လာကြစေရန်ပါ ဆွဲဆောင်အားတစ်ခုဖြစ်လာကြောင်း Juwai IQI ၏ ဥက္ကဌ Georg Chmiel က ပြောကြားသည်။

“ပြည်မကြီးမှာရှိတဲ့ ဈေးကွက်ရှာဖွေရေးသမားတွေဟာ အမေရိကန်နဲ့ ဗြိတိန်မှာ ပညာသင်ယူနေတဲ့ ကလေးတွေရဲ့ မိခင်တွေကို သြစတေးလျကို ပြောင်းလာစေဖို့အတွက် သြစတေးလျရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးပုံရိပ်ကို အသုံးချဆွဲဆောင်လာနေကြပါတယ်” ဟု Georg Chmiel က ဆက်လက်ပြောကြားသည်။

သြစတေးလျနိုင်ငံတွင် မဲလ်ဘုန်းသည် အာရှဝယ်လက်များအကြား ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေပြီး ယင်းနောက်တွင် ဆစ်ဒနီနှင့် ဘရစ္စဘိန်းတို့ ရပ်တည်နေသည်။ သြစတေးလျသည် ငွေကြေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် တည်ငြိမ်သော နေရာတစ်ခုအဖြစ် သုံးသပ်ခြင်း ခံရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Opportunistic Chinese buyers rush to exploit plunging Australian house prices during the coronavirus pandemic - as expert reveals the areas they are targeting and which city is their favourite (Daily Mail)

 [Zawgyi]

တရုတ္ဝယ္လက္မ်ားမွာ ကိုရိုနာဗိုင္းရပ္စ္ကာလ ၾသစေတးလ်အိမ္ျခံေျမမ်ား ေစ်းႏႈန္းက်ဆင္းေနသည့္ အေတာအတြင္း ဝယ္ယူရင္းႏွီးျမွဳပ္ႏွံရန္ စိုင္းျပင္းလာၾက

ၾသစေတးလ်ႏိုင္ငံတြင္ အလုပ္လက္မဲ့ႏႈန္း ျမင့္တက္ေနမႈႏွင့္ covid-19 ကာလ စီးပြားေရးလုပ္ငန္းမ်ား ပိတ္သိမ္းထားရမႈတို႔ေၾကာင့္ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းလာမည့္ အေျခအေနသို႔ ဦးတည္ေနသည္။

Finder မွ စီးပြားေရးပညာရွင္မ်ားက ျပဳလုပ္ခဲ့ေသာ စစ္တမ္းအရ လာမည့္ႏွစ္တြင္ ဆစ္ဒနီျမိဳ ႔၏ အိမ္ျခံေျမေစ်းႏႈန္းမ်ားသည္ ၁၀ ဒသမ ၂ ရာခိုင္ႏႈန္း ၊ မဲလ္ဘုန္းျမိဳ ႔တြင္ ၉ ဒသမ ၂ ရာခိုင္ႏႈန္းႏွင့္ အျခားေသာျမိဳ ႔ၾကီးမ်ားတြင္ အနည္းဆံုး ၈ ရာခိုင္ႏႈန္းခန္႔ က်ဆင္းမည္ဟု ခန္႔မွန္းထားသည္။

နယ္စပ္ဝင္ေပါက္မ်ား ပိတ္လိုက္ျခင္းေၾကာင့္ ႏိုင္ငံတကာေက်ာင္းသားမ်ား ဝင္ေရာက္မႈ ရပ္တန္႔သြားမႈႏွင့္အတူ အိမ္ရွင္တို႔အတြက္ အိမ္ငွား မရေတာ့ေသာေၾကာင့္ ဆစ္ဒနီျမိဳ ႔လယ္၊ မဲလ္ဘုန္းႏွင့္ ဘရစၥဘိန္းတို႔ရွိ လူေနခန္းေစ်းႏႈန္းမ်ားလည္း ၾကီးမားစြာ က်ဆင္းမႈမ်ား ျဖစ္ေပၚမည္ဟု NAB ႏွင့္ SQM Research တို႔က ခန္႔မွန္းထားသည္။

သုိ႔ေသာ္ ယာယီအားျဖင့္ ေစ်းကြက္က်ဆင္းေနေသာ ၾသစေတးလ်အိမ္ျခံေျမေလာကသို႔ ႏိုင္ငံတကာဝယ္လက္မ်ား အလံုးအရင္း ဝင္ေရာက္ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္လာမည္ဆိုလွ်င္ ယခုခန္႔မွန္းထားသကဲ့သို႔ ၾကီးမားသည့္ေစ်းႏႈန္းက်ဆင္းမႈမ်ား ေပၚေပါက္လာလိမ့္မည္ မဟုတ္ေခ်။

လက္ရွိေပၚေပါက္ေနေသာ ေစ်းကြက္က်ဆင္းမႈ အေျခအေနမွာ ၁၉၉၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားအတြင္း စီးပြားေရးက်ဆင္းမႈ ကာလမ်ားအတြင္းတြင္ပင္ မေပၚေပါက္ဖူးေသာ အေျခအေနမ်ဳိး ျဖစ္သည္။

“ျပည္မၾကီးက တရုတ္လူမ်ဳိးအမ်ားအျပားက ဒီအေျခအေနကို ၾကီးမားတဲ့ အက်ဳိးအျမတ္ရႏိုင္မယ့္ အခြင့္အလမ္းတစ္ခုအျဖစ္ ရႈျမင္ေနၾကပါတယ္” ဟု အိမ္ျခံေျမအတိုင္ပင္ခံပုဂၢိဳလ္တစ္ဦးျဖစ္သူ Robert Klaric က ေျပာၾကားသည္။

“ခ်မ္းသာၾကြယ္ဝတဲ့ ျပည္မၾကီးတရုတ္လူမ်ဳိးေတြဟာ သူတုိ႔ရဲ ႔ ဥစၥာဓနနဲ႔ က်န္းမာေရးေဘးကင္းလံုျခံဳဖို႔အတြက္ ၾသစေတးလ်ဆီ ဦးတည္လာၾကတာကို ကၽြန္ေတာ္တို႔ ေတြ႔ျမင္ရပါလိမ့္မယ္” ဟု Robert Klaric က ဆက္လက္ေျပာၾကားသည္။

ၾသစေတးလ်တြင္ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ လူေသဆံုးမႈ ၾကီးမားသည့္ပမာဏမျဖစ္ေအာင္ ထိန္းခ်ဳပ္ႏိုင္ျခင္းေၾကာင့္ က်န္းမာေရးက႑အရ ေနထိုင္ရန္ ေကာင္းမြန္ေသာ ေနရာတစ္ခုအျဖစ္ ၎၏ ပံုရိပ္ကို ဖန္တီးေပးႏိုင္ခဲ့ရာ ႏိုင္ငံျခားဝယ္လက္တို႔အေနျဖင့္ ရင္းႏွီးျမွဳပ္ႏွံရန္ အတြက္သာမကဘဲ ေျပာင္းေရႊ ႔ေနထိုင္လာၾကေစရန္ပါ ဆြဲေဆာင္အားတစ္ခုျဖစ္လာေၾကာင္း Juwai IQI ၏ ဥကၠဌ Georg Chmiel က ေျပာၾကားသည္။

“ျပည္မၾကီးမွာရွိတဲ့ ေစ်းကြက္ရွာေဖြေရးသမားေတြဟာ အေမရိကန္နဲ႔ ျဗိတိန္မွာ ပညာသင္ယူေနတဲ့ ကေလးေတြရဲ ႔ မိခင္ေတြကို ၾသစေတးလ်ကို ေျပာင္းလာေစဖို႔အတြက္ ၾသစေတးလ်ရဲ ႔ ေကာင္းမြန္တဲ့ က်န္းမာေရးပံုရိပ္ကို အသံုးခ်ဆြဲေဆာင္လာေနၾကပါတယ္” ဟု Georg Chmiel က ဆက္လက္ေျပာၾကားသည္။

ၾသစေတးလ်ႏိုင္ငံတြင္ မဲလ္ဘုန္းသည္ အာရွဝယ္လက္မ်ားအၾကား ေရပန္းအစားဆံုးအျဖစ္ ရပ္တည္ေနျပီး ယင္းေနာက္တြင္ ဆစ္ဒနီႏွင့္ ဘရစၥဘိန္းတို႔ ရပ္တည္ေနသည္။ ၾသစေတးလ်သည္ ေငြေၾကးရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ရန္ တည္ျငိမ္ေသာ ေနရာတစ္ခုအျဖစ္ သံုးသပ္ျခင္း ခံရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Opportunistic Chinese buyers rush to exploit plunging Australian house prices during the coronavirus pandemic - as expert reveals the areas they are targeting and which city is their favourite (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service