ပိတ်လှောင်နေသော အခန်းများအတွင်း စကားပြောခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ကြောင်း လေ့လာတွေ့ရှိ
ပိတ်လှောင်နေသော အခန်းများအတွင်း စကားပြောခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ကြောင်း လေ့လာတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
17 May 2020 12:38 pm တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပိတ်လှောင်နေသော အခန်းများအတွင်း စကားပြောရုံမျှဖြင့်ပင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်ကြောင်း လေ့လာချက် အသစ်တစ်ခုတွင် တွေ့ရှိခဲ့သည်။
အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျု (NIH) မှ သုတေသနပညာရှင်တို့က ကိုရိုနာဗိုင်းရပ်စ် ပါဝင်နိုင်သော တံထွေးအမှုန်များသည် လူတစ်ဦးစကားပြောပြီးပါက ၈ မိနစ်မှ ၁၄ မိနစ်အထိ လေထဲတွင်ရှိနေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
အထူးသတိပြုရမည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြသူတို့သည် စကားပြောပြီးနောက် လေထဲတွင် ကိုရိုနာဗိုင်းရပ်စ်များ ချန်ထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ယခုတွေ့ရှိချက်မှာ အများပြည်သူဆိုင်ရာနေရာများတွင် နှာခေါင်းစည်း mask တပ်ရန် အရေးကြီးပုံကို ထင်ရှားစေခြင်းဖြစ်ပြီး နိုင်ငံများစွာမှာလည်း စားသောက်ဆိုင်နှင့် အလှပြင်ခန်းကဲ့သို့ အခန်းကျဉ်းပိတ်လှောင်သောနေရာများ ပြန်လည်ဖွင့်လှစ်ခွင့် ပေးလာနေချိန် ဖြစ်သည်။
လူတို့ စကားပြောခြင်း၊ ဟစ်အော်ခြင်း (သို့မဟုတ်) သီချင်းဆိုခြင်းများ ပြုလုပ်ချိန်တွင် ပါးစပ်မှတဆင့် တံထွေးမှုန်များ ပြန့်ထွက်လာပုံကို အစိုးရသိပ္ပံပညာရှင်တို့က လေဆာရောင်ခြည်ကိုသုံးကာ ပြသခဲ့ကြသည်။
လေဆာရောင်ခြည်ဖြင့် ပြသထားသော တံထွေးမှုန်များကို ကင်မရာများဖြင့် မိနစ် ၈၀ ခန့် မှတ်တမ်းတင်ထားခဲ့ကြသည်။
တံထွေးမှုန်များသည် လေထဲတွင် ၈ မိနစ်မှ ၁၂ မိနစ်အကြား ရှိနေနိုင်ကြောင်းလည်း ၎င်းတို့က တွေ့ရှိခဲ့ကြသည်။
လူတစ်ဦးသည် စကားကျယ်လောင်စွာ ၁ မိနစ်ခန့် ပြောရုံဖြင့် ဗိုင်းရပ်စ်အမှုန် အနည်းဆုံး ၁၀၀၀ ခန့်အထိ ထုတ်လုပ်နိုင်ပြီး လေထဲတွင် ၈ မိနစ်ရှိနေနိုင်သည်ဟု ဆိုသည်။
အဆိုပါအမှုန်များကို အခြားသူတို့က ရှူရှိုက်မိရာမှတဆင့် covid-19 ကူးစက်ခံရစေကြောင်း သုတေသနပညာရှင်တို့က ပြောကြားသည်။
ယခုလေ့လာတွေ့ရှိချက်ကို အမေရိကန်အမျိုးသားသိပ္ပံအကယ်ဒမီ (NAS) က တရားဝင်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သော Proceedings of the National Association for Science (PNAS) တွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။
PNAS သည် ၁၉၁၅ ခုနှစ်ကတည်းက ထုတ်ဝေခဲ့သည့်ဂျာနယ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကိုးကားရည်ညွှန်းခံရဆုံး ဂျာနယ်ဖြစ်ကာ ၂၀၀၈ မှ ၂၀၁၈ အတွင်း အကြိမ်ပေါင်း ၁ ဒသမ ၉ သန်းကျော် ကိုးကားခံခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်များစွာတွင် လူတို့သည် ရုံးများ၊ အလှပြင်ဆိုင်များနှင့် စားသောက်ဆိုင်များသို့ ပြန်လည်သွားရောက် နေကြပြီဖြစ်သည်။
ယခုတွေ့ရှိချက်အရ အဆိုပါနေရာများတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေ၊ သို့မဟုတ် ထို့ထက်ပိုမိုဝေးကွာစွာ နေထိုင်ပါကလည်း ဗိုင်းရပ်စ် ကူးစက်နိုင်သည့်အန္တရာယ် ရှိနေဆဲပင် ဖြစ်သည်။
စားသောက်ဆိုင်အတွင်းတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခွာကာ စားသောက်ကြသည်ဆိုပါစို့။ ထိုဆိုင်တွင်းသို့ ဝင်လာသူတို့သည် စားသောက်ရန်၊ စကားစမြည်ပြောရန်အတွက် mask များ ချွတ်ရတော့မည် ဖြစ်သည်။
အကယ်၍ ထိုသူများတွင် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေပြီး ၎င်းတို့စကားပြောပြီးသည့် ၈ မိနစ်အတွင်း သန့်စင်ခန်းသို့ သင်က သွားရောက်မည်ဆိုပါက မမြင်နိုင်သော ဗိုင်းရပ်စ်ပါဝင်သည့် တံထွေးမှုန်များကို ရှူသွင်းမိနိုင်သည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: TALKING in confined spaces can spread coronavirus, study finds (Daily Mail)
[Zawgyi]
လူတို့ စကားပြောခြင်း၊ ဟစ်အော်ခြင်း (သို့မဟုတ်) သီချင်းဆိုခြင်းများ ပြုလုပ်ချိန်တွင် ပါးစပ်မှတဆင့် တံထွေးမှုန်များ ပြန့်ထွက်လာပုံကို အစိုးရသိပံ္ပပညာရှင်တို့က လေဆာရောင်ခြည်ကိုသုံးကာ ပြသခဲ့ကြသည်။
ယခုလေ့လာတွေ့ရှိချက်ကို အမေရိကန်အမျိုးသားသိပံ္ပအကယ်ဒမီ (NAS) က တရားဝင်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သော Proceedings of the National Association for Science (PNAS) တွင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service