WHO သို့ ရန်ပုံငွေပြန်လည်ထောက်ပံ့ရန် ထရမ့်စီစဉ်နေပြီး တရုတ်နိုင်ငံက ထောက်ပံ့သည့်ပမာဏအတိုင်းသာ ထောက်ပံ့မည်ဟုဆို
WHO သို့ ရန်ပုံငွေပြန်လည်ထောက်ပံ့ရန် ထရမ့်စီစဉ်နေပြီး တရုတ်နိုင်ငံက ထောက်ပံ့သည့်ပမာဏအတိုင်းသာ ထောက်ပံ့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
17 May 2020 12:26 pm တွင် တင်ခဲ့သည်
1123 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂကျောထောက်နောက်ခံပြုအဖွဲ့ကြီးဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွ့ဲ (WHO) သို့ ရန်ပုံငွေ ပြန်လည်ထောက်ပံ့ပေးရန် စီစဉ်နေကြောင်းနှင့် တရုတ်နိုင်ငံက ထောက်ပံ့နေသည့်ပမာဏအတိုင်းသာ ထောက်ပံ့တော့မည် ဖြစ်ကြောင်း ရုံးစာတစ်ခုပေါက်ကြားလာသည်။
ပြီးခဲ့သောတစ်လခန့်ကမူ ထရမ့်က WHO သို့ အမေရိကန်က ထောက်ပံ့ပေးနေသည့်ရန်ပုံငွေကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့ကာ ယခုအခါ ပုံမှန်ထည့်ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းခန့် လျှော့ချထည့်ဝင်တော့ရန် စီစဉ်လာခြင်း ဖြစ်သည်။
သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ နှစ်စဉ်ထည့်ဝင်မည့် ရန်ပုံငွေမှာ ကန်ဒေါ်လာ သန်း ၄၀ မျှသာဖြစ်တော့သည်။
အမေရိကန်ပြည်ထောင်စုသည် ယခင်က WHO သို့ တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၄၀၀ ထည့်ဝင်လှူဒန်းရာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံထက်မဆို များပြားသည့်ပမာဏဖြစ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးပေါ်ပေါက်လာပြီးနောက် ထရမ့်က WHO သည် တရုတ်ဗဟိုပြုဖြစ်နေကြောင်း၊ တရုတ်ကွန်မြူနစ်အစိုးရကို ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု၏ အရေးကြီးသော အသေးစိတ်အချက်အလက်များကို ဖုံးကွယ်ထားရန် WHO က ခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုခြင်းမှာ အခြားသောနိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အရေး စီမံဆောင်ရွက်မှုများ ပြုလုပ်ရန် နှောင့်နှေးစေခဲ့ကြောင်း ကြိမ်ဖန်များစွာ ပြင်းပြင်ထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။
ယခုပေါက်ကြားလာသောစာကို ထရမ့်အကြိုက်ဆုံးရုပ်သံဌာနဖြစ်သည့် Fox News သတင်းဌာနမှ ရရှိခဲ့ခြင်းဖြစ်ပြီး သမ္မတအနေဖြင့် တရုတ်နိုင်ငံကပေးသည့် ထည့်ဝင်ငွေအတိုင်း ထည့်ဝင်သွားလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ချွတ်ယွင်းအားနည်းချက်များ ရှိနေသော်လည်း WHO သည် ကြီးမားသည့်အလားအလာကောင်းများ ရှိနေသည်ဟု ကျွနု်ပ်ယုံကြည်ပြီး အထူးသဖြင့် ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အကျပ်ဆိုက်နေချိန်တွင် WHO အနေဖြင့် အလားအလာကောင်းများကို ထိန်းသိမ်း လျှောက်လှမ်းနိုင်သည်ကို တွေ့မြင်လိုသည်။
ထို့ကြောင့်ပင် အမေရိကန်အနေဖြင့် ဆက်လက်ပူးပေါင်းလုပ်ကိုင်ရန် ကျွနု်ပ် ဆုံးဖြတ်လိုက် ခြင်း ဖြစ်သည်။ တရုတ်သည် ကမ္ဘာကြီးတစ်ခုလုံးအပေါ် ကြီးမားသည့်အကြွေးတင်နေပြီဖြစ်ရာ WHO သို့ မျှတသည့်ပမာဏ ထည့်ဝင်ခြင်းအားဖြင့် စတင်အကြွေးဆပ်သင့်သည် ” ဟု ဖော်ပြထားသည်။
တရုတ်နိုင်ငံက WHO သို့ ရန်ပုံငွေထည့်ဝင်မှုကို တိုးမြှင့်လျှင် ကျွနု်ပ်တို့အနေဖြင့်လည်း ၎င်းတို့ တိုးမြှင့်သည့်ပမာဏအတိုင်း တိုးမြှင့်ထည့်ဝင်ရန် စဉ်းစားသွားလိမ့်မည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Donald Trump ‘slashes WHO funding by 90% and says US will only pay as much as China’ (Metro)
[Zawgyi]
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂကျောထောက်နောက်ခံပြုအဖွဲ့ကြီးဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ ရန်ပုံငွေ ပြန်လည်ထောက်ပံ့ပေးရန် စီစဉ်နေကြောင်းနှင့် တရုတ်နိုင်ငံက ထောက်ပံ့နေသည့်ပမာဏအတိုင်းသာ ထောက်ပံ့တော့မည် ဖြစ်ကြောင်း ရုံးစာတစ်ခုပေါက်ကြားလာသည်။
“ချွတ်ယွင်းအားနည်းချက်များ ရှိနေသော်လည်း WHO သည် ကြီးမားသည့်အလားအလာကောင်းများ ရှိနေသည်ဟု ကျွန်ုပ်ယုံကြည်ပြီး အထူးသဖြင့် ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အကျပ်ဆိုက်နေချိန်တွင် WHO အနေဖြင့် အလားအလာကောင်းများကို ထိန်းသိမ်း လျှောက်လှမ်းနိုင်သည်ကို တွေ့မြင်လိုသည်။
တရုတ်နိုင်ငံက WHO သို့ ရန်ပုံငွေထည့်ဝင်မှုကို တိုးမြှင့်လျှင် ကျွန်ုပ်တို့အနေဖြင့်လည်း ၎င်းတို့ တိုးမြှင့်သည့်ပမာဏအတိုင်း တိုးမြှင့်ထည့်ဝင်ရန် စဉ်းစားသွားလိမ့်မည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service