ခံတွင်းသန့် ဆေးရည်သည် ကိုရိုနာဗိုင်းရပ်စ်က လူတို့၏ ဆဲလ်များအတွင်းဝင်ရောက်ရာတွင် အသုံးပြုသည့် အပြင်ပိုင်းအဆီလွှာကို ဖျက်ဆီးခြင်းအားဖြင့် covid-19 ကို ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား

ခံတွင်းသန့် ဆေးရည်သည် ကိုရိုနာဗိုင်းရပ်စ်က လူတို့၏ ဆဲလ်များအတွင်းဝင်ရောက်ရာတွင် အသုံးပြုသည့် အပြင်ပိုင်းအဆီလွှာကို ဖျက်ဆီးခြင်းအားဖြင့် covid-19 ကို ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား - Property News in Myanmar from iMyanmarHouse.com
16 May 2020 1:02 pm တွင် တင်ခဲ့သည်
4157 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ခံတွင်းဆေးသည့် ဆေးရည်တို့သည် covid-19 ရောဂါပိုး ဆဲလ်များအတွင်း မဝင်ရောက်မီ သတ်ဖြတ်ပေးခြင်းအားဖြင့် ရောဂါကူးစက်မည့် ဘေးမှ ကာကွယ်ပေးနိုင်သည့် အလားအလာရှိကြောင်း သိပ္ပံတွေ့ရှိချက်အသစ်တစ်ခုတွင် ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်သည် အဆီလွှာတစ်ခုဖြင့် လွှမ်းခြုံထားသောဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အဆိုပါအဆီလွှာသည် ဓာတုပစ္စည်းအချို့ဖြင့် ထိတွေ့လျှင် ပျက်ဆီးနိုင်သောအလွှာဖြစ်သည်။

နိုင်ငံတကာသုတေသနပညာရှင်များအဖွဲ့တစ်ခုက ပြောကြားသည်မှာ ခံတွင်းသန့် ဆေးရည်များသည် ဗိုင်းရပ်စ်၏ အပြင်ဆုံးအလွှာကို ဖျက်ဆီးနိုင်ကြောင်း၊ ပါးစပ်နှင့် လည်ချောင်းအတွင်း ဗိုင်းရပ်စ်ပုံတူမျိုးပွားခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း ပြောကြားသည်။

ခံတွင်းသန့်ဆေးရည်၏ ထိရောက်မှုအတိုင်းအတာကို စမ်းသပ်စစ်ဆေးမှုများ အဆောတလျင် ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ခဲ့ဖူးသည်မှာမူ ခံတွင်းသန့်ဆေးများ အသုံးပြုခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်နိုင်သည်ဟူသော အထောက်အထားမရှိကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

လက်ရှိဈေးကွက်တွင် ရောင်းချနေသော ခံတွင်းသန့်ဆေးရည်များသည် covid-19 ကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိကိုမူ သုတေသနပညာရှင်တို့က ပြောကြားထားခြင်း မရှိချေ။

ယခုလေ့လာမှုကို အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်ရှိ ကာဒစ်ဖ် တက္ကသိုလ် (Cardiff University) မှ ဗိုင်းရပ်စ်ပညာရှင်များ၊ fatty acid ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး Nottingham ၊ Colorado ၊ Ottawa ၊ Barcelona နှင့် Cambridge တက္ကသိုလ်များမှ ပူးပေါင်းပံ့ပိုးပေးထားသည်။

လေ့လာမှုကို ပူးတွဲဦးဆောင်ခဲ့သူ Cardiff တက္ကသိုလ်မှ Systems Immunity Research Institute ၏ ပူးတွဲညွှန်ကြားရေးမှူး ပါမောက္ခ O’ Donnell က ပြောကြားရာတွင် ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ အချို့သော ခံတွင်းသန့်ဆေးများတွင် အဆီလွှာဖြင့်ဖုံးထားသည့် ဗိုင်းရပ်စ်များကို သတ်နိုင်သည့်ပါဝင်ပစ္စည်း လုံလောက်စွာ ပါဝင်နေသည်ကို တွေ့ရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ မသိသေးတာက ဈေးကွက်ထဲမှာရှိနေတဲ့ ခံတွင်းသန့်ဆေးတွေဟာ SARS-CoV-2 ရဲ့ အဆီလွှာကို တိုက်ခိုက်နိုင်စွမ်း ရှိ၊ မရှိ မသိသေးပါဘူး ။ ကျွန်တော်တို့ရဲ့ သုံးသပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာမှာ ခံတွင်းသန့်ဆေးကို သုံးနိုင်မယ့်အလားအလာ အပေါ် အဆောတလျင် သုတေသနလုပ်ဖို့ လိုအပ်နေပါပြီ” ဟု ပြောကြားသည်။

ခံတွင်းသန့် ဆေးရည်များတွင် Chlorhexidine, cetylpyridinium chloride, hydrogen peroxide နှင့် povidone-iodine တို့ ပါဝင်ပြီး အဆိုပါအရာအားလုံးသည် ဗိုင်းရပ်စ်ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်သည့် အလားအလာရှိသောကြောင့် စမ်းသပ်မှုများ ပြုလုပ်သင့်ကြောင်း သုတေသီတို့က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mouthwash could protect against COVID-19 by destroying the outer layer of fat the virus uses to bind to human cells, scientists suggest (Daily Mail)

[Zawgyi]

ခံတြင္းသန႔္ ေဆးရည္သည္ ကို႐ိုနာဗိုင္းရပ္စ္က လူတို႔၏ ဆဲလ္မ်ားအတြင္းဝင္ေရာက္ရာတြင္ အသုံးျပဳသည့္ အျပင္ပိုင္းအဆီလႊာကို ဖ်က္ဆီးျခင္းအားျဖင့္ covid-19 ကို ကာကြယ္ေပးႏိုင္ေၾကာင္း သိပၸံပညာရွင္တို႔ ေျပာၾကား

ခံတြင္းေဆးသည့္ ေဆးရည္တို႔သည္ covid-19 ေရာဂါပိုး ဆဲလ္မ်ားအတြင္း မဝင္ေရာက္မီ သတ္ျဖတ္ေပးျခင္းအားျဖင့္ ေရာဂါကူးစက္မည့္ ေဘးမွ ကာကြယ္ေပးႏိုင္သည့္ အလားအလာရွိေၾကာင္း သိပၸံေတြ႕ရွိခ်က္အသစ္တစ္ခုတြင္ ေဖာ္ျပသည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ အဆီလႊာတစ္ခုျဖင့္ လႊမ္းၿခဳံထားေသာဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္ၿပီး အဆိုပါအဆီလႊာသည္ ဓာတုပစၥည္းအခ်ိဳ႕ျဖင့္ ထိေတြ႕လွ်င္ ပ်က္ဆီးႏိုင္ေသာအလႊာျဖစ္သည္။

ႏိုင္ငံတကာသုေတသနပညာရွင္မ်ားအဖြဲ႕တစ္ခုက ေျပာၾကားသည္မွာ ခံတြင္းသန႔္ ေဆးရည္မ်ားသည္ ဗိုင္းရပ္စ္၏ အျပင္ဆုံးအလႊာကို ဖ်က္ဆီးႏိုင္ေၾကာင္း၊ ပါးစပ္ႏွင့္ လည္ေခ်ာင္းအတြင္း ဗိုင္းရပ္စ္ပုံတူမ်ိဳးပြားျခင္းမွ ကာကြယ္ေပးႏိုင္ေၾကာင္း ေျပာၾကားသည္။

ခံတြင္းသန႔္ေဆးရည္၏ ထိေရာက္မႈအတိုင္းအတာကို စမ္းသပ္စစ္ေဆးမႈမ်ား အေဆာတလ်င္ ျပဳလုပ္ရန္လိုအပ္ေနၿပီျဖစ္ေၾကာင္း သိပၸံပညာရွင္တို႔က ေျပာၾကားသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) က ထုတ္ျပန္ခဲ့ဖူးသည္မွာမူ ခံတြင္းသန႔္ေဆးမ်ား အသုံးျပဳျခင္းျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျခင္းမွ ကာကြယ္ႏိုင္သည္ဟူေသာ အေထာက္အထားမရွိေၾကာင္း ထုတ္ျပန္ခဲ့ဖူးသည္။

လက္ရွိေဈးကြက္တြင္ ေရာင္းခ်ေနေသာ ခံတြင္းသန႔္ေဆးရည္မ်ားသည္ covid-19 ကို ကာကြယ္ႏိုင္ျခင္း ရွိ၊ မရွိကိုမူ သုေတသနပညာရွင္တို႔က ေျပာၾကားထားျခင္း မရွိေခ်။

ယခုေလ့လာမႈကို အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္ရွိ ကာဒစ္ဖ္ တကၠသိုလ္ (Cardiff University) မွ ဗိုင္းရပ္စ္ပညာရွင္မ်ား၊ fatty acid ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားက ဦးေဆာင္ခဲ့ျခင္းျဖစ္ၿပီး Nottingham ၊ Colorado ၊ Ottawa ၊ Barcelona ႏွင့္ Cambridge တကၠသိုလ္မ်ားမွ ပူးေပါင္းပံ့ပိုးေပးထားသည္။

ေလ့လာမႈကို ပူးတြဲဦးေဆာင္ခဲ့သူ Cardiff တကၠသိုလ္မွ Systems Immunity Research Institute ၏ ပူးတြဲၫႊန္ၾကားေရးမႉး ပါေမာကၡ O’ Donnell က ေျပာၾကားရာတြင္ ဓာတ္ခြဲခန္းစမ္းသပ္ခ်က္မ်ားအရ အခ်ိဳ႕ေသာ ခံတြင္းသန႔္ေဆးမ်ားတြင္ အဆီလႊာျဖင့္ဖုံးထားသည့္ ဗိုင္းရပ္စ္မ်ားကို သတ္ႏိုင္သည့္ပါဝင္ပစၥည္း လုံေလာက္စြာ ပါဝင္ေနသည္ကို ေတြ႕ရေၾကာင္း ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔ မသိေသးတာက ေဈးကြက္ထဲမွာရွိေနတဲ့ ခံတြင္းသန႔္ေဆးေတြဟာ SARS-CoV-2 ရဲ႕ အဆီလႊာကို တိုက္ခိုက္ႏိုင္စြမ္း ရွိ၊ မရွိ မသိေသးပါဘူး ။ ကြၽန္ေတာ္တို႔ရဲ႕ သုံးသပ္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ရာမွာ ခံတြင္းသန႔္ေဆးကို သုံးႏိုင္မယ့္အလားအလာ အေပၚ အေဆာတလ်င္ သုေတသနလုပ္ဖို႔ လိုအပ္ေနပါၿပီ” ဟု ေျပာၾကားသည္။

ခံတြင္းသန႔္ ေဆးရည္မ်ားတြင္ Chlorhexidine, cetylpyridinium chloride, hydrogen peroxide ႏွင့္ povidone-iodine တို႔ ပါဝင္ၿပီး အဆိုပါအရာအားလုံးသည္ ဗိုင္းရပ္စ္ကူးစက္မႈကို ႀကိဳတင္ကာကြယ္ႏိုင္သည့္ အလားအလာရွိေသာေၾကာင့္ စမ္းသပ္မႈမ်ား ျပဳလုပ္သင့္ေၾကာင္း သုေတသီတို႔က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mouthwash could protect against COVID-19 by destroying the outer layer of fat the virus uses to bind to human cells, scientists suggest (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service