ကိုရိုနာဗိုင်းရပ်စ်သည် ဦးနှောက်မှသည် ခြေဖျားအထိ တိုက်ခိုက်ကြောင်း သိပ္ပံပညာရှင်တို့ လေ့လာချက်များစွာတွင် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်သည် ဦးနှောက်မှသည် ခြေဖျားအထိ တိုက်ခိုက်ကြောင်း သိပ္ပံပညာရှင်တို့ လေ့လာချက်များစွာတွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
14 May 2020 12:12 pm တွင် တင်ခဲ့သည်
1155 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အသက်သေစေနိုင်သည်အထိ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်စေသည်ဟု လူအများသိထားကြသည့် ကိုရိုနာဗိုင်းရပ်စ်သည် ခန္ဓာကိုယ်တစ်ခုလုံးကို နည်းလမ်းများစွာဖြင့် တိုက်ခိုက်ကြောင်း သိပ္ပံပညာရှင်တို့က လေ့လာချက်များစွာတွင် တွေ့ရှိခဲ့သည်။

ဆရာဝန်တို့၏ များပြားလှသော လေ့လာချက်များ၊ အစီရင်ခံစာများနှင့် အတွေ့အကြုံများအရ ကိုရိုနာဗိုင်းရပ်စ်သည် ဦးနှောက်မှသည် ခြေဖျားအထိ ပြဿနာအားလုံးနှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့သည်။

(မျက်လုံး)

ကိုရိုနာဗိုင်းရပ်စ်သည် အချို့လူနာများတွင် မျက်စိနာခြင်းဖြစ်စေသည်ကို လေ့လာတွေ့ရှိကြသည်။ ပြင်းထန်စွာ နာမကျန်းမှု ခံစားရသူများတွင် အဆိုပါအခြေအနေဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ ဟူပေ့ပြည်နယ်ရှိ ဆေးရုံတက်နေရသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာ ၃၈ ဦးကို လေ့လာချက်အရ ၃ ပုံ ၁ ပုံမှာ မျက်စိနာဝေဒနာ ခံစားကြရသည်ကို လေ့လာချက်တစ်ရပ်တွင် တွေ့ရှိသည်။

(ဦးနှောက်)

အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ အရိုးနှင့်တွယ်ဆက်ထားသော ကြွက်သားများ ဒဏ်ရာရခြင်း အစရှိသည်တို့ ဖြစ်ပွားနိုင်သည်။

ဧပြီလအတွင်းထုတ်ဝေခဲ့သော အမေရိကန်ဆေးပညာအသင်းဂျာနယ်တွင် တရုတ်ဆရာဝန်တို့၏ လေ့လာချက်တစ်ရပ်ကို ဖော်ပြခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်လူနာများတွင် သွေးခဲများသည် ဦးနှောက်သို့ ရောက်ရှိရာမှတဆင့် တက်ခြင်းနှင့် ရုတ်တရက်လေဖြတ်ခြင်းတို့ ဖြစ်စေကြောင်း ဖော်ပြထားသည်။

(နှလုံး)

ဆရာဝန်တို့သည် ကိုရိုနာဗိုင်းရပ်စ်လူနာများတွင် နှလုံးကြွက်သားရောင်ယမ်းခြင်း(Myocarditis) ၊ နှလုံးခုန်စည်းချက်မမှန်ခြင်းတို့ကြောင့် နှလုံးခုန်ရပ်သွားခြင်း (Cardiac arrest ) များ တွေ့လာရသည်ဟု ဝါရှင်တန်ပို့စ်တွင် ဖော်ပြခဲ့သည်။

( အာရုံခံစနစ်)

ခံတွင်းပျက်ခြင်းနှင့် အနံ့မရခြင်းတို့သည် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွှယ်နေသော ထူးခြားသည့်လက္ခဏာရပ်များ ဖြစ်သည်။ မူလကမူ အဆိုပါအခြေအနေကို ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာအဖြစ် တရားဝင်မသတ်မှတ်ခဲ့။

လန်ဒန်မြို့၊ King’s College မှ သုတေသနပညာရှင်တို့၏ ပြောကြားချက်အရ ကိုရိုနာဗိုင်းရပ်စ်လူနာ ၆၀ ရာခိုင်နှုန်းတွင် ခံတွင်းပျက်ခြင်း နှင့် အနံ့မရခြင်းတို့ ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိသည်ဟု ပြောကြားသည်။

(သွေး)

ကိုရိုနာဗိုင်းရပ်စ်သည် သွေးပြန်ကြောများအတွင်း သွေးပျစ်စေခြင်းနှင့် သွေးခဲစေခြင်းများလည်း ဖြစ်ပေါ်စေကြောင်း ဆရာဝန်တို့က ပြောကြားသည်။

သွေးခဲများသည် အဆုပ်များနှင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး သွေးကျဲဆေးမပေးပါက သွေးခဲများ အဆုပ်အတွင်း ရောက်ရှိ (pulmonary embolism ) ကာ ရုတ်တရက် သေစေနိုင်သည့် အခြေအနေဖြစ်စေနိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် အဘယ်ကြောင့် သွေးခဲစေသည်ကိုမူ မသိကြသေးချေ။

(အစာအိမ်နှင့် အူလမ်းကြောင်းစနစ်)

ကိုရိုနာဗိုင်းရပ်စ်လူနာများစွာတွင် အစာခြေစနစ်ပြဿနာများဖြစ်သော ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းများ ခံစားရလေ့ ရှိသည်။

တရုတ်ပြည်၊ ဟူပေ့ပြည်နယ်တွင် ဆေးရုံရောက်လာသော ကိုရိုနာဗိုင်းရပ်စ်လူနာ ထက်ဝက်နီးပါးမှာ အစာခြေစနစ်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြရကြောင်း အမေရိကန် အစာအိမ်နှင့် အူလမ်းကြောင်းပညာဂျာနယ် (AJG) တွင် ဖော်ပြခဲ့သော လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

(ကျောက်ကပ်များ)

ဆေးရုံသို့ ရောက်လာသော ကိုရိုနာဗိုင်းရပ်စ်လူနာများတွင် ကျောက်ကပ်ထိခိုက်မှုများ တွေ့ရလေ့ရှိပြီး ကျောက်ကပ်ဆေးရသူ ရာခိုင်နှုန်း များပြားနေသည်။

ဆေးရုံတက်ရသည့် လူနာတို့၏ ထက်ဝက်နီးပါးတွင် ဆီးထဲ၌ သွေး (သို့မဟုတ်) ပရိုတိန်းကို တွေ့ရရာ ကျောက်ကပ်များ ဆောလျင်စွာ ထိခိုက်ထားသည့်လက္ခဏာရပ်ဖြစ်ကြောင်း ကျောက်ကပ်နှင့်ဇီဝကမ္မဗေဒပညာရှင်တစ်ဦးက ဝါရှင်တန်ပို့စ်သို့ ပြောကြားသည်။

(ခြေထောက်များ-ခြေဖဝါးများ)

ခြေချောင်းများတွင် အနာဖြစ်ကာ နာကျင်ခြင်းများ ဖြစ်လေ့ရှိပြီး COVID toes ဟု အမည်ပေးထားသည်။

အဆိုပါလက္ခဏာမှာလည်း covid-19 နှင့်ဆက်နွှယ်နေသည့် ဆန်းပြားသောလက္ခဏာတစ်ရပ် ဖြစ်သည်။

အီတလီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံတို့တွင် လူငယ်ကိုရိုနာဗိုင်းရပ်စ်လူနာအများစုတွင် တွေ့ရသည်။

(ကိုယ်ခံအားစနစ်)

အချို့သော လူနာများတွင် ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်အပေါ် အလွန်အကျွံတုန့်ပြန်မှုများ ဖြစ်ပွားရာမှတဆင့် ကိုယ်တွင်း အင်္ဂ ါများ ပြင်းထန်စွာထိခိုက်ပြီး ရုတ်တရက်သေဆုံးရသည့် ဖြစ်ရပ်များရှိနေပြီး ထိုအခြေအနေကို cytokine release syndrome ဟု ခေါ်သည်။

(အဆုပ်များ)

Covid-19 သည် ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အချို့လူနာများတွင် ပြင်းထန်သော အဆုပ်ရောင်ရောဂါဖြစ်ပွားခြင်းများ ပေါ်ပေါက်ကြသည်ဟု အများသိရှိထားပြီး ဖြစ်သည်။

ဗိုင်းရပ်စ်သည် အဆုပ်ဆီသို့ ဦးတည်သွားရောက်ပြီး သေးငယ်သောလေအိတ်များတွင် အရည်များ ပြည့်နှက်သွားစေရာ အောက်ဆီဂျင် စီးဆင်းမှုကို အဟန့်အတားဖြစ်စေကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လေအိတ်တို့ ရောင်ရမ်းလာသောအခါ အဆုပ်များအတွင်းတွင် အဆုပ်ရောင်ရောဂါ ပေါ်ပေါက်လာစေရာမှ လုံလောက်သော အောက်ဆီဂျင်ရရန် ရုန်းကန်ရတော့သည်။

ထို့ကြောင့် ခန္ဓာကိုယ်၏ အောက်ဆီဂျင်ရယူမှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်စွန့်ပစ်မှု လုပ်ငန်းစဉ်ကို ကျဆင်းသွားစေပြီး ရောဂါပြင်းထန်သူများတွင် သေဆုံးသည်အထိ ရင်ဆိုင်ကြရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How coronavirus attacks the entire body — damaging the brain, kidneys and more (New York Post)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ ဦးေႏွာက္မွသည္ ေျခဖ်ားအထိ တိုက္ခိုက္ေၾကာင္း သိပၸံပညာရွင္တို႔ ေလ့လာခ်က္မ်ားစြာတြင္ ေတြ႔ရွိ

အသက္ေသေစႏိုင္သည္အထိ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ားျဖစ္ေစသည္ဟု လူအမ်ားသိထားၾကသည့္ ကိုရိုနာဗိုင္းရပ္စ္သည္ ခႏၶာကိုယ္တစ္ခုလံုးကို နည္းလမ္းမ်ားစြာျဖင့္ တိုက္ခိုက္ေၾကာင္း သိပၸံပညာရွင္တို႔က ေလ့လာခ်က္မ်ားစြာတြင္ ေတြ႔ရွိခဲ့သည္။

ဆရာဝန္တို႔၏ မ်ားျပားလွေသာ ေလ့လာခ်က္မ်ား၊ အစီရင္ခံစာမ်ားႏွင့္ အေတြ႔အၾကံဳမ်ားအရ ကိုရိုနာဗိုင္းရပ္စ္သည္ ဦးေႏွာက္မွသည္ ေျခဖ်ားအထိ ျပႆနာအားလံုးႏွင့္ ဆက္ႏႊယ္ေနေၾကာင္း ေတြ႔ရွိခဲ့သည္။

(မ်က္လံုး)

ကိုရိုနာဗိုင္းရပ္စ္သည္ အခ်ဳိ ႔လူနာမ်ားတြင္ မ်က္စိနာျခင္းျဖစ္ေစသည္ကို ေလ့လာေတြ႔ရွိၾကသည္။ ျပင္းထန္စြာ နာမက်န္းမႈ ခံစားရသူမ်ားတြင္ အဆိုပါအေျခအေနျဖစ္ေပၚေလ့ရွိသည္ဟု ဆိုသည္။ တရုတ္ႏိုင္ငံ ဟူေပ့ျပည္နယ္ရွိ ေဆးရံုတက္ေနရေသာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံလူနာ ၃၈ ဦးကို ေလ့လာခ်က္အရ ၃ ပံု ၁ ပံုမွာ မ်က္စိနာေဝဒနာ ခံစားၾကရသည္ကို ေလ့လာခ်က္တစ္ရပ္တြင္ ေတြ႔ရွိသည္။

(ဦးေႏွာက္)

အာရံုေၾကာဆိုင္ရာ ေရာဂါလကၡဏာမ်ားျဖစ္ေသာ ေခါင္းမူးျခင္း၊ ေခါင္းကိုက္ျခင္း၊ သတိလစ္ျခင္း၊ အရိုးႏွင့္တြယ္ဆက္ထားေသာ ၾကြက္သားမ်ား ဒဏ္ရာရျခင္း အစရွိသည္တို႔ ျဖစ္ပြားႏိုင္သည္။

ဧျပီလအတြင္းထုတ္ေဝခဲ့ေသာ အေမရိကန္ေဆးပညာအသင္းဂ်ာနယ္တြင္ တရုတ္ဆရာဝန္တို႔၏ ေလ့လာခ်က္တစ္ရပ္ကို ေဖာ္ျပခဲ့ရာ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားတြင္ ေသြးခဲမ်ားသည္ ဦးေႏွာက္သို႔ ေရာက္ရွိရာမွတဆင့္ တက္ျခင္းႏွင့္ ရုတ္တရက္ေလျဖတ္ျခင္းတို႔ ျဖစ္ေစေၾကာင္း ေဖာ္ျပထားသည္။

(ႏွလံုး)

ဆရာဝန္တို႔သည္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားတြင္ ႏွလံုးၾကြက္သားေရာင္ယမ္းျခင္း(Myocarditis) ၊ ႏွလံုးခုန္စည္းခ်က္မမွန္ျခင္းတိုိ႔ေၾကာင့္ ႏွလံုးခုန္ရပ္သြားျခင္း (Cardiac arrest ) မ်ား ေတြ႔လာရသည္ဟု ဝါရွင္တန္ပို႔စ္တြင္ ေဖာ္ျပခဲ့သည္။

( အာရံုခံစနစ္)

ခံတြင္းပ်က္ျခင္းႏွင့္ အနံ႔မရျခင္းတို႔သည္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ဆက္ႏႊယ္ေနေသာ ထူးျခားသည့္လကၡဏာရပ္မ်ား ျဖစ္သည္။ မူလကမူ အဆိုပါအေျခအေနကို ဗိုင္းရပ္စ္၏ ေရာဂါလကၡဏာအျဖစ္ တရားဝင္မသတ္မွတ္ခဲ့။

လန္ဒန္ျမိဳ ႔၊ King’s College မွ သုေတသနပညာရွင္တို႔၏ ေျပာၾကားခ်က္အရ ကိုရိုနာဗိုင္းရပ္စ္လူနာ ၆၀ ရာခိုင္ႏႈန္းတြင္ ခံတြင္းပ်က္ျခင္း ႏွင့္ အနံ႔မရျခင္းတို႔ ျဖစ္ေပၚေလ့ရွိေၾကာင္း ေတြ႔ရွိသည္ဟု ေျပာၾကားသည္။

(ေသြး)

ကိုရိုနာဗိုင္းရပ္စ္သည္ ေသြးျပန္ေၾကာမ်ားအတြင္း ေသြးပ်စ္ေစျခင္းႏွင့္ ေသြးခဲေစျခင္းမ်ားလည္း ျဖစ္ေပၚေစေၾကာင္း ဆရာဝန္တို႔က ေျပာၾကားသည္။

ေသြးခဲမ်ားသည္ အဆုပ္မ်ားႏွင့္ ဦးေႏွာက္အတြင္း ေသြးစီးဆင္းမႈကို အဟန္႔အတားျဖစ္ေစျပီး ေသြးက်ဲေဆးမေပးပါက ေသြးခဲမ်ား အဆုပ္အတြင္း ေရာက္ရွိ (pulmonary embolism ) ကာ ရုတ္တရက္ ေသေစႏိုင္သည့္ အေျခအေနျဖစ္ေစႏိုင္သည္။ ကိုရိုနာဗိုင္းရပ္စ္သည္ အဘယ္ေၾကာင့္ ေသြးခဲေစသည္ကိုမူ မသိၾကေသးေခ်။

(အစာအိမ္ႏွင့္ အူလမ္းေၾကာင္းစနစ္)

ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားစြာတြင္ အစာေျခစနစ္ျပႆနာမ်ားျဖစ္ေသာ ဝမ္းေလွ်ာျခင္း၊ ေအာ့အန္ျခင္း၊ ဗိုက္နာျခင္းမ်ား ခံစားရေလ့ ရွိသည္။

တရုတ္ျပည္၊ ဟူေပ့ျပည္နယ္တြင္ ေဆးရံုေရာက္လာေသာ ကိုရိုနာဗိုင္းရပ္စ္လူနာ ထက္ဝက္နီးပါးမွာ အစာေျခစနစ္ဆိုင္ရာ ျပႆနာမ်ား ရင္ဆိုင္ၾကရေၾကာင္း အေမရိကန္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းပညာဂ်ာနယ္ (AJG) တြင္ ေဖာ္ျပခဲ့ေသာ ေလ့လာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

(ေက်ာက္ကပ္မ်ား)

ေဆးရံုသို႔ ေရာက္လာေသာ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားတြင္ ေက်ာက္ကပ္ထိခိုက္မႈမ်ား ေတြ႔ရေလ့ရွိျပီး ေက်ာက္ကပ္ေဆးရသူ ရာခိုင္ႏႈန္း မ်ားျပားေနသည္။

ေဆးရံုတက္ရသည့္ လူနာတို႔၏ ထက္ဝက္နီးပါးတြင္ ဆီးထဲ၌ ေသြး (သို႔မဟုတ္) ပရိုတိန္းကို ေတြ႔ရရာ ေက်ာက္ကပ္မ်ား ေဆာလ်င္စြာ ထိခိုက္ထားသည့္လကၡဏာရပ္ျဖစ္ေၾကာင္း ေက်ာက္ကပ္ႏွင့္ဇီဝကမၼေဗဒပညာရွင္တစ္ဦးက ဝါရွင္တန္ပို႔စ္သို႔ ေျပာၾကားသည္။

(ေျခေထာက္မ်ား-ေျခဖဝါးမ်ား)

ေျခေခ်ာင္းမ်ားတြင္ အနာျဖစ္ကာ နာက်င္ျခင္းမ်ား ျဖစ္ေလ့ရွိျပီး COVID toes ဟု အမည္ေပးထားသည္။

အဆိုပါလကၡဏာမွာလည္း covid-19 ႏွင့္ဆက္ႏႊယ္ေနသည့္ ဆန္းျပားေသာလကၡဏာတစ္ရပ္ ျဖစ္သည္။

အီတလီ၊ ျပင္သစ္ႏွင့္ စပိန္ႏိုင္ငံတို႔တြင္ လူငယ္ကိုရိုနာဗိုင္းရပ္စ္လူနာအမ်ားစုတြင္ ေတြ႔ရသည္။

(ကိုယ္ခံအားစနစ္)

အခ်ဳိ ႔ေသာ လူနာမ်ားတြင္ ကိုယ္ခံအားစနစ္က ကိုရိုနာဗိုင္းရပ္စ္အေပၚ အလြန္အကၽြံတုန္႔ျပန္မႈမ်ား ျဖစ္ပြားရာမွတဆင့္ ကိုယ္တြင္း အဂၤ ါမ်ား ျပင္းထန္စြာထိခိုက္ျပီး ရုတ္တရက္ေသဆံုးရသည့္ ျဖစ္ရပ္မ်ားရွိေနျပီး ထိုအေျခအေနကို cytokine release syndrome ဟု ေခၚသည္။

(အဆုပ္မ်ား)

Covid-19 သည္ ေခ်ာင္းဆိုးျခင္း၊ အသက္ရွဴရခက္ခဲျခင္း၊ အခ်ဳိ ႔လူနာမ်ားတြင္ ျပင္းထန္ေသာ အဆုပ္ေရာင္ေရာဂါျဖစ္ပြားျခင္းမ်ား ေပၚေပါက္ၾကသည္ဟု အမ်ားသိရွိထားျပီး ျဖစ္သည္။

ဗိုင္းရပ္စ္သည္ အဆုပ္ဆီသို႔ ဦးတည္သြားေရာက္ျပီး ေသးငယ္ေသာေလအိတ္မ်ားတြင္ အရည္မ်ား ျပည့္ႏွက္သြားေစရာ ေအာက္ဆီဂ်င္ စီးဆင္းမႈကို အဟန္႔အတားျဖစ္ေစေၾကာင္း The Guardian သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေလအိတ္တို႔ ေရာင္ရမ္းလာေသာအခါ အဆုပ္မ်ားအတြင္းတြင္ အဆုပ္ေရာင္ေရာဂါ ေပၚေပါက္လာေစရာမွ လံုေလာက္ေသာ ေအာက္ဆီဂ်င္ရရန္ ရုန္းကန္ရေတာ့သည္။

ထို႔ေၾကာင့္ ခႏၶာကိုယ္၏ ေအာက္ဆီဂ်င္ရယူမႈႏွင့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္စြန္႔ပစ္မႈ လုပ္ငန္းစဥ္ကို က်ဆင္းသြားေစျပီး ေရာဂါျပင္းထန္သူမ်ားတြင္ ေသဆံုးသည္အထိ ရင္ဆိုင္ၾကရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How coronavirus attacks the entire body — damaging the brain, kidneys and more (New York Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
MIngalardon Garden City
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service