ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး ဒုတိယလှိုင်းမှာ ပိုမို၍ပင် ဆိုးရွားမည်ဟု အမေရိကန်မှ ကျွမ်းကျင်ပညာရှင် သုံးသပ်

ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး ဒုတိယလှိုင်းမှာ ပိုမို၍ပင် ဆိုးရွားမည်ဟု အမေရိကန်မှ ကျွမ်းကျင်ပညာရှင် သုံးသပ် - Property News in Myanmar from iMyanmarHouse.com
13 May 2020 1:34 pm တွင် တင်ခဲ့သည်
853 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုမှ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်ပညာရှင်က ဟောကိန်းထုတ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံကျော် ကူးစက်ခံရသည်အထိ ဆက်လက်ပျံ့ပွားနေဦးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မင်နီဆိုးတား တက္ကသိုလ် (University of Minnesota) မှ ကူးစက်ရောဂါသုတေသနနှင့် မူဝါဒဌာန ညွှန်ှကြားရေးမှူး ဒေါက်တာ မိုက်ကယ် အော့စ်တာဟုမ်း (Dr. Michael Osterholm) က USA Today နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ဆေးဝါး၊ ကုထုံးအဖြေတစ်ခု မရှိသေးကြောင်းနှင့် ဗိုင်းရပ်စ်နှင့်အတူ ရှင်သန်နေထိုင်ရလိမ့်မည် ဖြစ်ကြောင်း ဒေါက်တာ အော့စ်တာဟုမ်းက ပြောကြားသည်။

ဒေါက်တာ အော့စ်တာဟုမ်းက ဆက်လက်ပြောကြားရာတွင် ဗိုင်းရပ်စ်သည် herd immunity ဟုခေါ်သော အုပ်စုလိုက်ရောဂါပြီးခြင်း အခြေအနေတစ်ရပ်သို့ ရောက်ရှိချိန်အထိ ဆက်လက်ကူးစက်မည်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ကူးစက်ပြီးမှသာ ရပ်တန့်မည်ဟု ပြောကြားသည်။

ကူးစက်ရောဂါများသည် တစ်ကြိမ်ဖြစ်ပြီးလျှင် ရောဂါကို ခုခံနိုင်သည့်ပဋိပစ္စည်းများ ကိုယ်အတွင်းတွင် ပေါ်ပေါက်လာရာ လူပေါင်းများစွာတွင် ထိုသို့ကူးစက်ခံရမှုကြောင့် ပေါ်ပေါက်သည့်ပဋိပစ္စည်းများရှိလာခြင်းဖြင့် ရောဂါကို ရပ်တန့်သွားစေခြင်းဖြစ်သည်။ သို့သော် ကူးစက်ရောဂါတစ်မျိုးနှင့် တစ်မျိုးအကြား herd immunity ပေါ်ပေါက်စေသည့် အခြေအနေများ မတူညီကြချေ။

အချို့သော ရောဂါများမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ကူးစက်ခံရလျှင် herd immunity ပေါ်ပေါက်သော်လည်း အချို့သော ရောဂါများတွင်မူ ၈၀ မှ ၉၅ ရာခိုင်နှုန်းအထိ ကူးစက်ပြီးမှသာ herd immunity ပေါ်ပေါက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပေါ်ပေါက်လာသည့် ရောဂါပြီးမှု အခြေအနေကို ရေရေရာရာ နားမလည်နိုင်ကြသေးချေ။

သို့သော် Sars ရောဂါနှင့် Mers ရောဂါ လူနာများတွင်မူ ရောဂါကူးစက်ခံရပြီးနောက် နှစ်ပေါင်းများစွာအထိ ရောဂါပြီးသွားကြသည်။

နွေကာလတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျဆင်းသွားလျှင်လည်း ရာသီတုပ်ကွေးကဲ့သို့ ရာသီအလိုက်ပြန်ရောက်လာနိုင်ပြီး ဆောင်းတွင်းသို့ရောက်လျှင် ပြန်လည်ခေါင်းထောင်လာနိုင်ကြောင်း ဒေါက်တာ အော့စ်တာဟုမ်းက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus will keep spreading until 'up to 70% of the population is infected' and a second wave could be even worse, disease expert claims (Daily Mail)

[Zawgyi]

ကမၻာ့လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ ႔ႏွံ႔လိမ့္မည္ျဖစ္ျပီး ဒုတိယလႈိင္းမွာ ပိုမို၍ပင္ ဆိုးရြားမည္ဟု အေမရိကန္မွ ကၽြမ္းက်င္ပညာရွင္ သံုးသပ္

အေမရိကန္ျပည္ေထာင္စုမွ ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းကၽြမ္းက်င္ပညာရွင္က ေဟာကိန္းထုတ္ရာတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ ကမၻာ့လူဦးေရ ၃ ပံု ၂ ပံုေက်ာ္ ကူးစက္ခံရသည္အထိ ဆက္လက္ပ်ံ ႔ပြားေနဦးမည္ျဖစ္ေၾကာင္း ေျပာၾကားလိုက္သည္။

မင္နီဆိုးတား တကၠသိုလ္ (University of Minnesota) မွ ကူးစက္ေရာဂါသုေတသနႏွင့္ မူဝါဒဌာန ညႊန္ွၾကားေရးမွဴး ေဒါက္တာ မိုက္ကယ္ ေအာ့စ္တာဟုမ္း (Dr. Michael Osterholm) က USA Today ႏွင့္ ျပဳလုပ္ခဲ့ေသာ ေတြ႔ဆံုေမးျမန္းခန္းတြင္ ယင္းသို႔ ေျပာၾကားလုိက္ျခင္း ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္သည့္ ေဆးဝါး၊ ကုထံုးအေျဖတစ္ခု မရွိေသးေၾကာင္းႏွင့္ ဗိုင္းရပ္စ္ႏွင့္အတူ ရွင္သန္ေနထိုင္ရလိမ့္မည္ ျဖစ္ေၾကာင္း ေဒါက္တာ ေအာ့စ္တာဟုမ္းက ေျပာၾကားသည္။

ေဒါက္တာ ေအာ့စ္တာဟုမ္းက ဆက္လက္ေျပာၾကားရာတြင္ ဗိုင္းရပ္စ္သည္ herd immunity ဟုေခၚေသာ အုပ္စုလိုက္ေရာဂါျပီးျခင္း အေျခအေနတစ္ရပ္သို႔ ေရာက္ရွိခ်ိန္အထိ ဆက္လက္ကူးစက္မည္ျဖစ္ျပီး ကမၻာ့လူဦးေရ၏ ၆၀ မွ ၇၀ ရာခိုင္ႏႈန္းအထိ ကူးစက္ျပီးမွသာ ရပ္တန္႔မည္ဟု ေျပာၾကားသည္။

ကူးစက္ေရာဂါမ်ားသည္ တစ္ၾကိမ္ျဖစ္ျပီးလွ်င္ ေရာဂါကို ခုခံႏိုင္သည့္ပဋိပစၥည္းမ်ား ကိုယ္အတြင္းတြင္ ေပၚေပါက္လာရာ လူေပါင္းမ်ားစြာတြင္ ထိုသို႔ကူးစက္ခံရမႈေၾကာင့္ ေပၚေပါက္သည့္ပဋိပစၥည္းမ်ားရွိလာျခင္းျဖင့္ ေရာဂါကို ရပ္တန္႔သြားေစျခင္းျဖစ္သည္။ သို႔ေသာ္ ကူးစက္ေရာဂါတစ္မ်ဳိးႏွင့္ တစ္မ်ဳိးအၾကား herd immunity ေပၚေပါက္ေစသည့္ အေျခအေနမ်ား မတူညီၾကေခ်။

အခ်ဳိ ႔ေသာ ေရာဂါမ်ားမွာ လူဦးေရ၏ ၄၀ ရာခိုင္ႏႈန္း ကူးစက္ခံရလွ်င္ herd immunity ေပၚေပါက္ေသာ္လည္း အခ်ဳိ ႔ေသာ ေရာဂါမ်ားတြင္မူ ၈၀ မွ ၉၅ ရာခိုင္ႏႈန္းအထိ ကူးစက္ျပီးမွသာ herd immunity ေပၚေပါက္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီးေနာက္ ေပၚေပါက္လာသည့္ ေရာဂါျပီးမႈ အေျခအေနကို ေရေရရာရာ နားမလည္ႏိုင္ၾကေသးေခ်။

သို႔ေသာ္ Sars ေရာဂါႏွင့္ Mers ေရာဂါ လူနာမ်ားတြင္မူ ေရာဂါကူးစက္ခံရျပီးေနာက္ ႏွစ္ေပါင္းမ်ားစြာအထိ ေရာဂါျပီးသြားၾကသည္။

ေႏြကာလတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ က်ဆင္းသြားလွ်င္လည္း ရာသီတုပ္ေကြးကဲ့သို႔ ရာသီအလုိက္ျပန္ေရာက္လာႏိုင္ျပီး ေဆာင္းတြင္းသို႔ေရာက္လွ်င္ ျပန္လည္ေခါင္းေထာင္လာႏိုင္ေၾကာင္း ေဒါက္တာ ေအာ့စ္တာဟုမ္းက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus will keep spreading until 'up to 70% of the population is infected' and a second wave could be even worse, disease expert claims (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service