COVID-19 ဖြင့် ကွယ်လွန်သူဖခင်နံဘေး ဆုတောင်းပေးခဲ့သည့်သားဖြစ်သူ ၁၆ ရက်အကြာတွင် ဖခင်နှင့်အတူမြှုပ်နှံခံရ

COVID-19 ဖြင့် ကွယ်လွန်သူဖခင်နံဘေး ဆုတောင်းပေးခဲ့သည့်သားဖြစ်သူ ၁၆ ရက်အကြာတွင် ဖခင်နှင့်အတူမြှုပ်နှံခံရ - Property News in Myanmar from iMyanmarHouse.com
13 May 2020 11:29 am တွင် တင်ခဲ့သည်
8131 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် ရောဂါခံစားရပြီး မီဂူမိုရန် သေဆုံးသွားပြီဆိုတဲ့ညမှာ သူ့ရဲ့ အသက် ၂၃ နှစ်ရှိ သားဖြစ်သူနဲ့ ကျန်မိသားစုဝင်လေးဦးတို့ဟာ နှာခေါင်းစည်းတွေ ကိုယ်စီတပ်လို့ နယူးယောက်ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ဆေးရုံတစ်ရုံဆီ အပြေးအလွှားသွားရောက်ခဲ့ကြပါတယ်။

တစ်ဦးချင်းစီက ဆေးရုံက ထုတ်ပေးတဲ့ ပလတ်စတစ်ဝတ်ရုံ၊ ခေါင်းဆောင်းနဲ့ လက်အိတ်တွေကို ဆင်မြန်းခဲ့ကြကာ အယ်လ်ဆာ‌ဗေးဒိုးက အသက် ၅၆ နှစ်ရှိ ရွှေ့ပြောင်းလုပ်သားကြီးတစ်ယောက်ရဲ့ အသက်မဲ့ခန္ဓာကိုယ်အနား မိနစ်အနည်းငယ်ကြာ ဝမ်းနည်းကြေကွဲစွာ နှုတ်ဆက်စကားပြောခဲ့ကြပါတယ်။

မီဂူမိုရန်ဟာ ကုန်တင်ကားကြီးတွေကို ရေဆေးပေးတဲ့အလုပ်နဲ့ မိသားစုကို ထောက်ပံ့ခဲ့တဲ့သူပါ။ အသက် ၂၃ နှစ်ရှိ သားဖြစ်သူရဲ့အမည်မှာ ဒန်နီယယ်မိုရန်လို့ခေါ်ပါတယ်။

စိန့်ဂျိုးဇက်ဆေးရုံမှာ ဖခင်ဖြစ်သူကို ဒန်နီယယ်သွားရောက်နှုတ်ဆက်ခဲ့စဉ်တုန်းက ဒန်နီယယ်ဟာ အသက်မရှိတော့တဲ့ ဖခင်ရဲ့လက်ကို ဆုပ်ကိုင်လျှက် “တစ်နေ့ ကျွန်တော်တို့ ကောင်းကင်ဘုံမှာ ပြန်ဆုံမှာပါ။” လို့ ငိုကြွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

၁၆ ရက်ကြာပြီးနောက်မှာတော့ ဖခင်နှင့်သားဖြစ်သူတို့ဟာ အတူတကွမြှုပ်နှံခံခဲ့ကြရပါတော့တယ်။

ဖခင်ဖြစ်သူ မီဂူမိုရန်ဟာ COVID-19 ကြောင့် ဧပြီ ၁၆ မှာ ကွယ်လွန်ခဲ့ကြောင်း သူ့ရဲ့သေစာရင်းအရ သိရပါတယ်။ ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းအနား ဆုတောင်းပတ္ထနာပြုပြီးနောက် ရှစ်ရက်အကြာမှာ ဒန်နီယယ်ကိုယ်တိုင်လည်း အဲဒီရောဂါနဲ့ပဲ သေဆုံးခဲ့ပါတော့တယ်။

မီဂူနဲ့တစ်အိမ်ထဲနေခဲ့ကြပြီး သူသေဆုံးတဲ့ညကလည်း ဆေးရုံကိုလာခဲ့ကြတဲ့ ဇနီးနဲ့ သမီးတို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံထားရတာကို နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ အဲဒီညက မီဂူ့ဆီသွားရောက်နှုတ်ဆက်ခဲ့ကြတဲ့ ကျန်မိသားစုဝင်နှစ်ဦးမှာလည်း အလားတူပဲကူးစက်ခံထားရတာကို တွေ့ခဲ့ကြပါတယ်။

အဆိုပါမိသားစုရဲ့ဖြစ်စဉ်ဟာ COVID-19 ကပ်ဘေးကြီးရဲ့ စိန်ခေါ်မှုများစွာကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံတွေမှာ ဧည့်တွေ့မှုအများစုကို ရပ်ဆိုင်းထားသလိုပဲ နယူးယောက်ပြည်နယ်မှာလည်း ဘဝနေဝင်ခါနီးအခြေအနေ၊ ကလေးမွေးဖွားခြင်းနဲ့ ကလေးရောဂါတွေကလွဲလို့ ဆေးရုံသို့ဧည့်တွေ့လာရောက်မှုတွေကို ရပ်ထားဖို့ နယူးယောက်ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။

COVID-19 အတည်ပြုနဲ့ သံသယလူနာတွေအတွက် လာရောက်ရတာဆိုရင်တော့ လာရောက်သူတွေဟာ နှာခေါင်းစည်း၊ ဝတ်ရုံ၊ လက်အိတ်၊ ဖြစ်နိုင်ရင် မျက်လုံးအကာတွေကို ဝတ်ဆင်ရမှာဖြစ်ပြီး လက်သန့်ရှင်းရေးကို လုံးဝလစ်ဟင်းမှုမရှိစေဘဲ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: He prayed at dad's bedside after coronavirus death. 16 days later, they're buried together (CNN)

[Zawgyi]

COVID-19 ျဖင့္ ကြယ္လြန္သူဖခင္နံေဘး ဆုေတာင္းေပးခဲ့သည့္သားျဖစ္သူ ၁၆ ရက္အၾကာတြင္ ဖခင္ႏွင့္အတူျမႇဳပ္ႏွံခံရ

ကို႐ိုနာဗိုင္းရပ္စ္အသစ္ေၾကာင့္ ေရာဂါခံစားရၿပီး မီဂူမိုရန္ ေသဆုံးသြားၿပီဆိုတဲ့ညမွာ သူ႔ရဲ႕ အသက္ ၂၃ ႏွစ္ရွိ သားျဖစ္သူနဲ႔ က်န္မိသားစုဝင္ေလးဦးတို႔ဟာ ႏွာေခါင္းစည္းေတြ ကိုယ္စီတပ္လို႔ နယူးေယာက္ဆင္ေျခဖုံးရပ္ကြက္တစ္ခုက ေဆး႐ုံတစ္႐ုံဆီ အေျပးအလႊားသြားေရာက္ခဲ့ၾကပါတယ္။

တစ္ဦးခ်င္းစီက ေဆး႐ုံက ထုတ္ေပးတဲ့ ပလတ္စတစ္ဝတ္႐ုံ၊ ေခါင္းေဆာင္းနဲ႔ လက္အိတ္ေတြကို ဆင္ျမန္းခဲ့ၾကကာ အယ္လ္ဆာ‌ေဗးဒိုးက အသက္ ၅၆ ႏွစ္ရွိ ေ႐ႊ႕ေျပာင္းလုပ္သားႀကီးတစ္ေယာက္ရဲ႕ အသက္မဲ့ခႏၶာကိုယ္အနား မိနစ္အနည္းငယ္ၾကာ ဝမ္းနည္းေၾကကြဲစြာ ႏႈတ္ဆက္စကားေျပာခဲ့ၾကပါတယ္။

မီဂူမိုရန္ဟာ ကုန္တင္ကားႀကီးေတြကို ေရေဆးေပးတဲ့အလုပ္နဲ႔ မိသားစုကို ေထာက္ပံ့ခဲ့တဲ့သူပါ။ အသက္ ၂၃ ႏွစ္ရွိ သားျဖစ္သူရဲ႕အမည္မွာ ဒန္နီယယ္မိုရန္လို႔ေခၚပါတယ္။

စိန႔္ဂ်ိဳးဇက္ေဆး႐ုံမွာ ဖခင္ျဖစ္သူကို ဒန္နီယယ္သြားေရာက္ႏႈတ္ဆက္ခဲ့စဥ္တုန္းက ဒန္နီယယ္ဟာ အသက္မရွိေတာ့တဲ့ ဖခင္ရဲ႕လက္ကို ဆုပ္ကိုင္လွ်က္ “တစ္ေန႔ ကြၽန္ေတာ္တို႔ ေကာင္းကင္ဘုံမွာ ျပန္ဆုံမွာပါ။” လို႔ ငိုေႂကြးေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

၁၆ ရက္ၾကာၿပီးေနာက္မွာေတာ့ ဖခင္ႏွင့္သားျဖစ္သူတို႔ဟာ အတူတကြျမႇဳပ္ႏွံခံခဲ့ၾကရပါေတာ့တယ္။

ဖခင္ျဖစ္သူ မီဂူမိုရန္ဟာ COVID-19 ေၾကာင့္ ဧၿပီ ၁၆ မွာ ကြယ္လြန္ခဲ့ေၾကာင္း သူ႔ရဲ႕ေသစာရင္းအရ သိရပါတယ္။ ဖခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းအနား ဆုေတာင္းပတၳနာျပဳၿပီးေနာက္ ရွစ္ရက္အၾကာမွာ ဒန္နီယယ္ကိုယ္တိုင္လည္း အဲဒီေရာဂါနဲ႔ပဲ ေသဆုံးခဲ့ပါေတာ့တယ္။

မီဂူနဲ႔တစ္အိမ္ထဲေနခဲ့ၾကၿပီး သူေသဆုံးတဲ့ညကလည္း ေဆး႐ုံကိုလာခဲ့ၾကတဲ့ ဇနီးနဲ႔ သမီးတို႔မွာလည္း ကို႐ိုနာဗိုင္းရပ္စ္အသစ္ကူးစက္ခံထားရတာကို ေနာက္ပိုင္းမွာ စစ္ေဆးေတြ႕ရွိခဲ့ၾကပါတယ္။ အဲဒီညက မီဂူ႔ဆီသြားေရာက္ႏႈတ္ဆက္ခဲ့ၾကတဲ့ က်န္မိသားစုဝင္ႏွစ္ဦးမွာလည္း အလားတူပဲကူးစက္ခံထားရတာကို ေတြ႕ခဲ့ၾကပါတယ္။

အဆိုပါမိသားစုရဲ႕ျဖစ္စဥ္ဟာ COVID-19 ကပ္ေဘးႀကီးရဲ႕ စိန္ေခၚမႈမ်ားစြာကို မီးေမာင္းထိုးျပလိုက္တာပဲျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံတစ္ဝန္းရွိ ေဆး႐ုံေတြမွာ ဧည့္ေတြ႕မႈအမ်ားစုကို ရပ္ဆိုင္းထားသလိုပဲ နယူးေယာက္ျပည္နယ္မွာလည္း ဘဝေနဝင္ခါနီးအေျခအေန၊ ကေလးေမြးဖြားျခင္းနဲ႔ ကေလးေရာဂါေတြကလြဲလို႔ ေဆး႐ုံသို႔ဧည့္ေတြ႕လာေရာက္မႈေတြကို ရပ္ထားဖို႔ နယူးေယာက္က်န္းမာေရးဌာနက ၫႊန္ၾကားထားပါတယ္။

COVID-19 အတည္ျပဳနဲ႔ သံသယလူနာေတြအတြက္ လာေရာက္ရတာဆိုရင္ေတာ့ လာေရာက္သူေတြဟာ ႏွာေခါင္းစည္း၊ ဝတ္႐ုံ၊ လက္အိတ္၊ ျဖစ္ႏိုင္ရင္ မ်က္လုံးအကာေတြကို ဝတ္ဆင္ရမွာျဖစ္ၿပီး လက္သန႔္ရွင္းေရးကို လုံးဝလစ္ဟင္းမႈမရွိေစဘဲ လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: He prayed at dad's bedside after coronavirus death. 16 days later, they're buried together (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service