အမေရိကန် ကိုရိုနာဗိုင်းရပ်စ်လူနာများနှင့် စီးပွားရေးလုပ်ငန်းများက တရုတ်နိုင်ငံကို တရားစွဲရန်စီစဉ်၊ နိုင်ငံတကာခုံရုံးတွင် တရားစွဲရန်လည်း အမတ် ၂၂ ဦးက ထရမ့်အစိုးရကို တောင်းဆိုထား

အမေရိကန် ကိုရိုနာဗိုင်းရပ်စ်လူနာများနှင့် စီးပွားရေးလုပ်ငန်းများက တရုတ်နိုင်ငံကို တရားစွဲရန်စီစဉ်၊ နိုင်ငံတကာခုံရုံးတွင် တရားစွဲရန်လည်း အမတ် ၂၂ ဦးက ထရမ့်အစိုးရကို တောင်းဆိုထား - Property News in Myanmar from iMyanmarHouse.com
11 May 2020 12:43 pm တွင် တင်ခဲ့သည်
650 ကြိမ် ကြည့်ရှု့ပြီး

[Unicode] အမေရိကန်ပြည်ထောင်စုရှိ ကိုရိုနာဗိုင်းရပ်စ်လူနာများနှင့် စီးပွားရေးလုပ်ငန်း အများအပြားသည် တရုတ်နိုင်ငံကို တရားစွဲရန် စီစဉ်နေပြီး ဗိုင်းရပ်စ်ပျံ့ပွားမှုကို ဖုံးကွယ်ထားရန် ကြိုးပမ်းခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲမည်ဟုဆိုသည်။

လက်ရှိတွင် အမေရိကန်၌ တရုတ်နိုင်ငံအပေါ် တရားစွဲထားသည့်အမှု ၉ မှုရှိနေပြီး ရောဂါပျံ့ပွားစ ကာလများတွင် ထိန်းချုပ်ရန် ကောင်းစွာမလုပ်ခဲ့ခြင်း၊ ဝူဟန်မြို့တွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို ဖုံးကွယ်ထားရန် ကြိုးပမ်းခဲ့ခြင်းနှင့် ၎င်းတို့၏ လုပ်ရပ်များ၊ သိရှိထားသည်များကို လျှို့ဝှက်ထားရန် ကြိုးပမ်းခဲ့ခြင်းများရှိသည်ဟု တရားစွဲသူတို့က ဆိုသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံရသည့်နိုင်ငံဖြစ်ပြီး အတည်ပြုပြီး လူနာ ၁၃၅၆၆၅၀ ဦးနှင့် သေဆုံးသူ ၈၀၃၀၈ ဦးရှိနေပြီ ဖြစ်သည်။

တရားစွဲဆိုထားသည့် အမှုများအနက် ၈ ခုမှာ ကိုယ်စားပြုတရားစွဲဆိုထားခြင်းဖြစ်ဖွယ်ရှိပြီး လူထောင်ပေါင်းများစွာနှင့် စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုဟန်ရှိသည်။

ကျန်တစ်ခုမှာမူ မစ်ဇူရီပြည်နယ် ရှေ့နေချုပ်ရုံးက တရားစွဲဆိုခြင်းဖြစ်ပြီး အမေရိကန်တွင် တရုတ်ပြည်အပေါ် တရားစွဲဆိုထားသည့် တစ်ခုတည်းသော ပြည်နယ်လည်း ဖြစ်သည်။

သို့သော် ယခုတရားစွဲဆိုထားသောအမှုများသည် အမေရိကတွင် ပြဌာန်းထားသော ပြည်ပနိုင်ငံများ၏ အချုပ်အခြာအာဏာကင်းလွတ်ခွင့် အက်ဥပဒေအရ အတားအဆီးများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အဆိုပါဥပဒေအရ သတ်မှတ်ထားသည့်ချွင်းချက်အချို့မှလွဲပြီး အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားအစိုးရများကို တရားစွဲခွင့် မရှိချေ။ အဆိုပါချွင်းချက်ပေးထားသည့်အချက်များကိုလည်း သက်သေပြရန် မလွယ်လှကြောင်း ကျွမ်းကျင်ပုဂ္ဂိုလ်တို့က ပြောကြားသည်။

“ဥပဒေမှာ ဖော်ပြထားတဲ့ ချွင်းချက်အခြေအနေတွေကို ရနိုင်ဖို့အတွက်က သူတို့အတွက်တော့ လေထန်ရေဆန်တိုက်ပွဲတစ်ခု ဖြစ်လာမယ် လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု လော့စ်အိန်ဂျလိမှ ရှေ့နေတစ်ဦးဖြစ်သူ Robert Boone က ပြောကြားသည်။

ချွင်းချက်များအနက် တစ်ခုမှာ အမေရိကန်ပြည်ထောင်စုအပေါ် တိုက်ရိုက်ထိခိုက်စေသည့် ကူးသန်းရောင်းဝယ်ရေးလှုပ်ရှားမှုဟု ဖော်ပြသည်။

အခြားတစ်ချက်မှာ အမေရိကန်ပြည်ထောင်စုအတွင်း လက်မခံနိုင်ဖွယ် အပြုအမူ လုပ်ဆောင်ချက်တစ်ခု ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်မှာ ပြည်ပအစိုးရတစ်ခုခုနှင့် ဆက်နွှယ်နေကြောင်း ခြေရာခံနိုင်ဖွယ်ရှိသည့် ဖြစ်ရပ်မျိုး ဖြစ်သည်။

ယခုအမှုများကို တရားစွဲတင်ခဲ့ကြသည့် ရှေ့နေတို့က ပြောကြားရာတွင် ၎င်းတို့အနေဖြင့် ချွင်းချက်အခြေအနေများရှိသည်ကို သက်သေပြ နိုင်ကြောင်း၊ အကယ်၍ အမှုအနိုင်ရပြီး တရုတ်နိုင်ငံက လျော်ကြေးပေးရန် ငြင်းဆန်ပါက အမေရိကန်ရှိ တရုတ်ဘဏ်စာရင်းများကို သိမ်းဆည်းခြင်းနှင့် အခြားသောပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများ ပြုလုပ်ရဖွယ်ရှိကြောင်း ပြောကြားသည်။

တရားစွဲထားသူများတွင် အသက် ၆၁ နှစ်အရွယ်ရှိ Saundra Andringa-Meuer ဆိုသူလည်း တစ်ဦး အပါအဝင်ဖြစ်သည်။

မီယာမီရှိ ဖက်ဒရယ် တရားရုံးတွင်မူ ဘားမန်းရှေ့နေအဖွဲ့မှ (Berman Law Group) ရှေ့နေများဖြစ်သော မက်သူးမိုးရ်နှင့် ဂျရမီ အောလ်တားစ်တို့က တရုတ်ကွန်မြူနစ်ပါတီကို တရားစွဲထားသည်။

“သူတို့မှာ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေရှိနေတယ်။ သူတို့ကို လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ရပ်အဖြစ် သုံးသပ်ပါတယ်။ သူတို့ဟာ အစိုးရရဲ့ အစိတ်အပိုင်းတစ်ရပ် မဟုတ်ဘူးလို့ ကျွန်တော်တို့ ရည်ညွှန်းရလိမ့်မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒါတွေကို ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်” ဟု ဂျရမီ အောလ်တားစ်က ပြောကြားသည်။

လွန်ခဲ့သော ၃ နှစ်ကလည်း ဘားမန်းရှေ့နေအဖွဲ့သည် အရည်အသွေးမကောင်းသော ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ရောင်းချမှုဖြင့် တရုတ်နိုင်ငံအပေါ် ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ နစ်နာကြေးပေးရန် တရားစွဲခဲ့ရာ အနိုင်ရရှိခဲ့ဖူးသည်။

မစ်ဇူရီပြည်နယ်တွင်မူ ရီပတ်ဘလီကန်ပါတီမှ ရှေ့နေချုပ် Eric Schmitt က ပြည်နယ်ကို ကိုယ်စားပြုကာ တရုတ်နိုင်ငံအပေါ် တရားစွဲထားသည်။

ထို့အပြင် ရီပတ်ဘလီကန်ပါတီမှ အမတ် ၂၂ ဦးက ကိုရိုနာဗိုင်းရပ်စ်အရေးနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံကို နိုင်ငံတကာခုံရုံးတွင် တရားစွဲရန် ထရမ့်အစိုးရကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: American coronavirus patients and businesses will SUE China over claims that the country tried to hide the outbreak (Daily Mail)

[Zawgyi]

အေမရိကန္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားက တရုတ္ႏိုင္ငံကို တရားစြဲရန္စီစဥ္၊ ႏိုင္ငံတကာခံုရံုးတြင္ တရားစြဲရန္လည္း အမတ္ ၂၂ ဦးက ထရမ့္အစိုးရကို ေတာင္းဆိုထား

အေမရိကန္ျပည္ေထာင္စုရွိ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားႏွင့္ စီးပြားေရးလုပ္ငန္း အမ်ားအျပားသည္ တရုတ္ႏိုင္ငံကို တရားစြဲရန္ စီစဥ္ေနျပီး ဗိုင္းရပ္စ္ပ်ံ ႔ပြားမႈကို ဖံုးကြယ္ထားရန္ ၾကိဳးပမ္းခဲ့သည္ဟူေသာ စြဲခ်က္ျဖင့္ တရားစြဲမည္ဟုဆိုသည္။

လက္ရွိတြင္ အေမရိကန္၌ တရုတ္ႏိုင္ငံအေပၚ တရားစြဲထားသည့္အမႈ ၉ မႈရွိေနျပီး ေရာဂါပ်ံ ႔ပြားစ ကာလမ်ားတြင္ ထိန္းခ်ဳပ္ရန္ ေကာင္းစြာမလုပ္ခဲ့ျခင္း၊ ဝူဟန္ျမိဳ ႔တြင္ ျဖစ္ေပၚေနသည့္အေျခအေနမ်ားကို ဖံုးကြယ္ထားရန္ ၾကိဳးပမ္းခဲ့ျခင္းႏွင့္ ၎တို႔၏ လုပ္ရပ္မ်ား၊ သိရွိထားသည္မ်ားကို လွ်ိဳ ႔ဝွက္ထားရန္ ၾကိဳးပမ္းခဲ့ျခင္းမ်ားရွိသည္ဟု တရားစြဲသူတို႔က ဆိုသည္။

အေမရိကန္သည္ ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္အဆိုးရြားဆံုး ကူးစက္ခံရသည့္ႏိုင္ငံျဖစ္ျပီး အတည္ျပဳျပီး လူနာ ၁၃၅၆၆၅၀ ဦးႏွင့္ ေသဆံုးသူ ၈၀၃၀၈ ဦးရွိေနျပီ ျဖစ္သည္။

တရားစြဲဆိုထားသည့္ အမႈမ်ားအနက္ ၈ ခုမွာ ကိုယ္စားျပဳတရားစြဲဆိုထားျခင္းျဖစ္ဖြယ္ရွိျပီး လူေထာင္ေပါင္းမ်ားစြာႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို ကိုယ္စားျပဳဟန္ရွိသည္။

က်န္တစ္ခုမွာမူ မစ္ဇူရီျပည္နယ္ ေရွ ႔ေနခ်ဳပ္ရံုးက တရားစြဲဆိုျခင္းျဖစ္ျပီး အေမရိကန္တြင္ တရုတ္ျပည္အေပၚ တရားစြဲဆိုထားသည့္ တစ္ခုတည္းေသာ ျပည္နယ္လည္း ျဖစ္သည္။

သို႔ေသာ္ ယခုတရားစြဲဆိုထားေသာအမႈမ်ားသည္ အေမရိကတြင္ ျပဌာန္းထားေသာ ျပည္ပႏိုင္ငံမ်ား၏ အခ်ဳပ္အျခာအာဏာကင္းလြတ္ခြင့္ အက္ဥပေဒအရ အတားအဆီးမ်ားစြာႏွင့္ ရင္ဆိုင္ရမည္ ျဖစ္သည္။

အဆိုပါဥပေဒအရ သတ္မွတ္ထားသည့္ခၽြင္းခ်က္အခ်ဳိ ႔မွလြဲျပီး အေမရိကန္ျပည္ေထာင္စုတြင္ ႏိုင္ငံျခားအစိုးရမ်ားကို တရားစြဲခြင့္ မရွိေခ်။ အဆိုပါခၽြင္းခ်က္ေပးထားသည့္အခ်က္မ်ားကိုလည္း သက္ေသျပရန္ မလြယ္လွေၾကာင္း ကၽြမ္းက်င္ပုဂၢိဳလ္တို႔က ေျပာၾကားသည္။

“ဥပေဒမွာ ေဖာ္ျပထားတဲ့ ခၽြင္းခ်က္အေျခအေနေတြကို ရႏိုင္ဖို႔အတြက္က သူတို႔အတြက္ေတာ့ ေလထန္ေရဆန္တိုက္ပြဲတစ္ခု ျဖစ္လာမယ္ လို႔ ကၽြန္ေတာ္တို႔ သံုးသပ္ပါတယ္” ဟု ေလာ့စ္အိန္ဂ်လိမွ ေရွ ႔ေနတစ္ဦးျဖစ္သူ Robert Boone က ေျပာၾကားသည္။

ခၽြင္းခ်က္မ်ားအနက္ တစ္ခုမွာ အေမရိကန္ျပည္ေထာင္စုအေပၚ တိုက္ရိုက္ထိခိုက္ေစသည့္ ကူးသန္းေရာင္းဝယ္ေရးလႈပ္ရွားမႈဟု ေဖာ္ျပသည္။

အျခားတစ္ခ်က္မွာ အေမရိကန္ျပည္ေထာင္စုအတြင္း လက္မခံႏိုင္ဖြယ္ အျပဳအမူ လုပ္ေဆာင္ခ်က္တစ္ခု ျပဳလုပ္ျခင္းျဖစ္ျပီး အဆိုပါလုပ္ရပ္မွာ ျပည္ပအစိုးရတစ္ခုခုႏွင့္ ဆက္ႏႊယ္ေနေၾကာင္း ေျခရာခံႏိုင္ဖြယ္ရွိသည့္ ျဖစ္ရပ္မ်ဳိး ျဖစ္သည္။

ယခုအမႈမ်ားကို တရားစြဲတင္ခဲ့ၾကသည့္ ေရွ ႔ေနတို႔က ေျပာၾကားရာတြင္ ၎တို႔အေနျဖင့္ ခၽြင္းခ်က္အေျခအေနမ်ားရွိသည္ကို သက္ေသျပ ႏိုင္ေၾကာင္း၊ အကယ္၍ အမႈအႏိုင္ရျပီး တရုတ္ႏိုင္ငံက ေလ်ာ္ေၾကးေပးရန္ ျငင္းဆန္ပါက အေမရိကန္ရွိ တရုတ္ဘဏ္စာရင္းမ်ားကို သိမ္းဆည္းျခင္းႏွင့္ အျခားေသာပိုင္ဆိုင္မႈမ်ားကို သိမ္းဆည္းျခင္းမ်ား ျပဳလုပ္ရဖြယ္ရွိေၾကာင္း ေျပာၾကားသည္။ တရားစြဲထားသူမ်ားတြင္ အသက္ ၆၁ ႏွစ္အရြယ္ရွိ Saundra Andringa-Meuer ဆိုသူလည္း တစ္ဦး အပါအဝင္ျဖစ္သည္။

မီယာမီရွိ ဖက္ဒရယ္ တရားရံုးတြင္မူ ဘားမန္းေရွ ႔ေနအဖြဲ႔မွ (Berman Law Group) ေရွ ႔ေနမ်ားျဖစ္ေသာ မက္သူးမိုးရ္ႏွင့္ ဂ်ရမီ ေအာလ္တားစ္တို႔က တရုတ္ကြန္ျမဴနစ္ပါတီကို တရားစြဲထားသည္။

“သူတို႔မွာ ကိုယ္ပိုင္ ပိုင္ဆိုင္မႈေတြရွိေနတယ္။ သူတို႔ကို လြတ္လပ္တဲ့အဖြဲ႔အစည္းတစ္ရပ္အျဖစ္ သံုးသပ္ပါတယ္။ သူတို႔ဟာ အစိုးရရဲ ႔ အစိတ္အပိုင္းတစ္ရပ္ မဟုတ္ဘူးလို႔ ကၽြန္ေတာ္တို႔ ရည္ညႊန္းရလိမ့္မွာ ျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ဒါေတြကို ျပန္လည္ေပးဆပ္ရမွာ ျဖစ္ပါတယ္” ဟု ဂ်ရမီ ေအာလ္တားစ္က ေျပာၾကားသည္။

လြန္ခဲ့ေသာ ၃ ႏွစ္ကလည္း ဘားမန္းေရွ ႔ေနအဖြဲ႔သည္ အရည္အေသြးမေကာင္းေသာ ေဆာက္လုပ္ေရးပစၥည္းမ်ား ထုတ္လုပ္ေရာင္းခ်မႈျဖင့္ တရုတ္ႏိုင္ငံအေပၚ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံ နစ္နာေၾကးေပးရန္ တရားစြဲခဲ့ရာ အႏိုင္ရရွိခဲ့ဖူးသည္။

မစ္ဇူရီျပည္နယ္တြင္မူ ရီပတ္ဘလီကန္ပါတီမွ ေရွ ႔ေနခ်ဳပ္ Eric Schmitt က ျပည္နယ္ကို ကိုယ္စားျပဳကာ တရုတ္ႏိုင္ငံအေပၚ တရားစြဲထားသည္။

ထို႔အျပင္ ရီပတ္ဘလီကန္ပါတီမွ အမတ္ ၂၂ ဦးက ကိုရိုနာဗိုင္းရပ္စ္အေရးႏွင့္ စပ္လ်ဥ္းျပီး တရုတ္ႏိုင္ငံကို ႏိုင္ငံတကာခံုရံုးတြင္ တရားစြဲရန္ ထရမ့္အစိုးရကို ေတာင္းဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: American coronavirus patients and businesses will SUE China over claims that the country tried to hide the outbreak (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service