အမေရိကန်သမ္မတ သမီး အိုင်ဗန်ကာ၏ ကိုယ်ရေးအရာရှိ covid 19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်သမ္မတ သမီး အိုင်ဗန်ကာ၏ ကိုယ်ရေးအရာရှိ covid 19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
11 May 2020 11:24 am တွင် တင်ခဲ့သည်
957 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်၏ ကိုယ်ရေးအရာရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရာ အိမ်ဖြူတော်အမှုထမ်းများတွင် covid 19 ကူးစက်ခံရမှု ပိုမိုများပြားလာပြီ ဖြစ်သည်။

ထရမ့်၏ သမီး အိုင်ဗန်ကာနှင့် သူမ၏ခင်ပွန်း ဂျရက်ဒ် ကွတ်ရှ်နာတို့ နှစ်ဦးလုံးသည် ထရမ့်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်များဖြစ်ကြပြီး ၎င်းတို့ ၂ ဦးတွင်မူ ရောဂါကူးစက်မခံရကြောင်း negative အဖြေ စစ်ဆေးတွေ့ရှိထားသည်။

ထို့အပြင် သမ္မတ၏ အထူးလုံခြုံရေးအဖွဲ့ဖြစ်သော Secret Service မှ တပ်ဖွဲ့ဝင် ၁၁ ဦးတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အခြား ၂၃ ဦးမှာ သက်သာပျောက်ကင်းသွားပြီဟု ဆိုသည်။

CNN သတင်းတွင် ဖော်ပြချက်အရ အဆိုပါကိုယ်ရေးအရာရှိသည် အိုင်ဗန်ကာ၏ အနီးတွင်မရှိဘဲ အဝေးမှသာ တာဝန်ထမ်းဆောင်ပေး နေသည်မှာ ရက်သတ္တပတ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

သမ္မတကို အကာအကွယ်ပေးသူများနှင့် အချို့သော အစိုးရထိပ်တန်းအကြီးအကဲ ၆၀ ခန့်မှာ လက်ရှိတွင် quarantine ဝင်နေရသည်ဟု Yahoo News က လက်ခံရရှိခဲ့သော အမိမြေလုံခြုံရေးဌာန (Department of Homeland Security) ၏ စာရွက်စာတမ်းများတွင် ဖော်ပြသည်။ ယခုကူးစက်ခံထားရသော ဝန်ထမ်းများသည် သမ္မတထရမ့် (သို့မဟုတ်) ဒုတိယသမ္မတ မိုက်ခ်ပန့်တို့နှင့် ထိတွေ့မှု ရှိ၊ မရှိကိုမူ မသိရချေ။

“ကျွန်မတို့အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးဆိုင်ရာနဲ့ လုပ်ငန်းလျှို့ဝှက်ချက်ကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်ဘယ်လောက် ကူးစက်ခံထားရတယ်ဆိုတာနဲ့ ဘယ်လောက် quarantine ဝင်နေရတယ်ဆိုတာကို Secret Service က ထုတ်ပြန်မှာ မဟုတ်ပါဘူး” ဟု Secret Service ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Justine Whelan က Yahoo News သို့ ပြောကြားသည်။

Secret Service သည် သမ္မတ၊ ဒုတိယသမ္မတနှင့် အလည်အပတ်ရောက်ရှိနေသော ကမ္ဘာ့ခေါင်းဆောင်များကို အကာအကွယ်ပေးရသည့် တပ်ဖွဲ့ဖြစ်သည်။

Whelan က Yahoo News သို့ ပြောကြားရာတွင် Secret Service သည် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (CDC) ၏ ထုတ်ပြန်ထားသည့် ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်မည်မျှ ကူးစက်ခံထားရသည်ကိုမူ ထုတ်ဖော်ပြောကြားရန် ငြင်းပယ်ခဲ့သည်။

Secret Service တပ်ဖွဲ့ဝင်များအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု မြင့်တက်လာခြင်းကို ထောက်ရှုလျှင် ထရမ့်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကာလအတွင်း လိုက်နာကြရန်အတွက် ၎င်းတို့ ထုတ်ပြန်ထားသည့်စည်းမျဉ်းများကို ကိုယ်တိုင်လိုက်နာမှု အခြေအနေနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ်ဖြစ်လာသည်။

CDC က ထုတ်ပြန်ထားသည်မှာ အမေရိကန်နိုင်ငံသားတို့အနေဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာတွင် နေထိုင်ကြရန်၊ လူစုလူဝေးများ ရှောင်ကြဉ်ရန်နှင့် မျက်နှာဖုံးအကာအကွယ်များ ဝတ်ဆင်ရန် လမ်းညွှန်ထားသည်။

သောကြာနေ့ (မေ ၈) အစောပိုင်းကလည်း ဒုတိယသမ္မတ မိုက်ခ်ပန့်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သေးသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ivanka's personal assistant tests positive for COVID-19 after Donald Trump's valet and Mike Pence's spokesman both also tested positive (Daily Mail)

[Zawgyi]

အေမရိကန္သမၼတ သမီး အိုင္ဗန္ကာ၏ ကိုယ္ေရးအရာရွိ covid 19 ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႔ရွိ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ သမီးျဖစ္သူ အိုင္ဗန္ကာ ထရမ့္၏ ကိုယ္ေရးအရာရွိတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိရာ အိမ္ျဖဴေတာ္အမႈထမ္းမ်ားတြင္ covid 19 ကူးစက္ခံရမႈ ပိုမိုမ်ားျပားလာျပီ ျဖစ္သည္။

ထရမ့္၏ သမီး အိုင္ဗန္ကာႏွင့္ သူမ၏ခင္ပြန္း ဂ်ရက္ဒ္ ကြတ္ရွ္နာတို႔ ႏွစ္ဦးလံုးသည္ ထရမ့္၏ အၾကီးတန္းအၾကံေပးပုဂၢိဳလ္မ်ားျဖစ္ၾကျပီး ၎တို႔ ၂ ဦးတြင္မူ ေရာဂါကူးစက္မခံရေၾကာင္း negative အေျဖ စစ္ေဆးေတြ႔ရွိထားသည္။

ထို႔အျပင္ သမၼတ၏ အထူးလံုျခံဳေရးအဖြဲ႔ျဖစ္ေသာ Secret Service မွ တပ္ဖြဲ႔ဝင္ ၁၁ ဦးတြင္လည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရျပီး အျခား ၂၃ ဦးမွာ သက္သာေပ်ာက္ကင္းသြားျပီဟု ဆိုသည္။

CNN သတင္းတြင္ ေဖာ္ျပခ်က္အရ အဆိုပါကိုယ္ေရးအရာရွိသည္ အိုင္ဗန္ကာ၏ အနီးတြင္မရွိဘဲ အေဝးမွသာ တာဝန္ထမ္းေဆာင္ေပး ေနသည္မွာ ရက္သတၱပတ္အတန္ၾကာခဲ့ျပီျဖစ္ေၾကာင္း ေဖာ္ျပသည္။

သမၼတကို အကာအကြယ္ေပးသူမ်ားႏွင့္ အခ်ဳိ ႔ေသာ အစိုးရထိပ္တန္းအၾကီးအကဲ ၆၀ ခန္႔မွာ လက္ရွိတြင္ quarantine ဝင္ေနရသည္ဟု Yahoo News က လက္ခံရရွိခဲ့ေသာ အမိေျမလံုျခံဳေရးဌာန (Department of Homeland Security) ၏ စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။ ယခုကူးစက္ခံထားရေသာ ဝန္ထမ္းမ်ားသည္ သမၼတထရမ့္ (သို႔မဟုတ္) ဒုတိယသမၼတ မိုက္ခ္ပန္႔တို႔ႏွင့္ ထိေတြ႔မႈ ရွိ၊ မရွိကိုမူ မသိရေခ်။

“ကၽြန္မတို႔အဖြဲ႔ဝင္ေတြရဲ ႔ က်န္းမာေရးဆိုင္ရာနဲ႔ လုပ္ငန္းလွ်ိဳ ႔ဝွက္ခ်က္ကို ကာကြယ္ဖို႔အတြက္ တပ္ဖြဲ႔ဝင္ဘယ္ေလာက္ ကူးစက္ခံထားရတယ္ဆိုတာနဲ႔ ဘယ္ေလာက္ quarantine ဝင္ေနရတယ္ဆိုတာကို Secret Service က ထုတ္ျပန္မွာ မဟုတ္ပါဘူး” ဟု Secret Service ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Justine Whelan က Yahoo News သုိ႔ ေျပာၾကားသည္။ Secret Service သည္ သမၼတ၊ ဒုတိယသမၼတႏွင့္ အလည္အပတ္ေရာက္ရွိေနေသာ ကမၻာ့ေခါင္းေဆာင္မ်ားကို အကာအကြယ္ေပးရသည့္ တပ္ဖြဲ႔ျဖစ္သည္။

Whelan က Yahoo News သို႔ ေျပာၾကားရာတြင္ Secret Service သည္ ေရာဂါကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးဌာန (CDC) ၏ ထုတ္ျပန္ထားသည့္ ၾကိဳတင္ကာကြယ္ေရးလမ္းညႊန္ခ်က္မ်ားကို လိုက္နာေဆာင္ရြက္လ်က္ရွိေၾကာင္းေျပာၾကားျပီး အိမ္ျဖဴေတာ္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ အဖြဲ႔ဝင္မည္မွ် ကူးစက္ခံထားရသည္ကိုမူ ထုတ္ေဖာ္ေျပာၾကားရန္ ျငင္းပယ္ခဲ့သည္။

Secret Service တပ္ဖြဲ႔ဝင္မ်ားအၾကား ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ျမင့္တက္လာျခင္းကို ေထာက္ရႈလွ်င္ ထရမ့္အစိုးရသည္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈကာလအတြင္း လိုက္နာၾကရန္အတြက္ ၎တို႔ ထုတ္ျပန္ထားသည့္စည္းမ်ဥ္းမ်ားကို ကိုယ္တိုင္လိုက္နာမႈ အေျခအေနႏွင့္ ပတ္သက္ျပီး ေမးခြန္းထုတ္ဖြယ္ျဖစ္လာသည္။

CDC က ထုတ္ျပန္ထားသည္မွာ အေမရိကန္ႏိုင္ငံသားတို႔အေနျဖင့္ ေရာဂါျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ တစ္ဦးႏွင့္တစ္ဦး အနည္းဆံုး ၆ ေပအကြာတြင္ ေနထိုင္ၾကရန္၊ လူစုလူေဝးမ်ား ေရွာင္ၾကဥ္ရန္ႏွင့္ မ်က္ႏွာဖံုးအကာအကြယ္မ်ား ဝတ္ဆင္ရန္ လမ္းညႊန္ထားသည္။

ေသာၾကာေန႔ (ေမ ၈) အေစာပိုင္းကလည္း ဒုတိယသမၼတ မိုက္ခ္ပန္႔၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ေသးသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ivanka's personal assistant tests positive for COVID-19 after Donald Trump's valet and Mike Pence's spokesman both also tested positive (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service