ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအထိနာခဲ့ရသော အမေရိက ဈေးဝယ်စင်တာအုပ်စု J.C Penney က ဒေဝါလီခံရန် လျှောက်ထားတော့မည်ဖြစ်ပြီး ဈေးဝယ်စင်တာပေါင်း ၂၀၀ ကို အပြီးတိုင်ပိတ်သိမ်းတော့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအထိနာခဲ့ရသော အမေရိက ဈေးဝယ်စင်တာအုပ်စု J.C Penney က ဒေဝါလီခံရန် လျှောက်ထားတော့မည်ဖြစ်ပြီး ဈေးဝယ်စင်တာပေါင်း ၂၀၀ ကို အပြီးတိုင်ပိတ်သိမ်းတော့မည် - Property News in Myanmar from iMyanmarHouse.com
11 May 2020 11:04 am တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိက ဈေးဝယ်စင်တာအုပ်စု J.C Penney သည် လာမည့်ရက်သတ္တပတ်တွင် ဒေဝါလီခံရန် စီစဉ်နေကြောင်း ရိုက်တာသတင်းဌာန တွင် ဖော်ပြသည်။

J.C Penney သည် ၎င်း၏ ဈေးဝယ်စင်တာပေါင်း ၈၅၀ အနက် လေးပုံတစ်ပုံဖြစ်သော ၂၀၀ ကျော်ကို အပြီးတိုင်ပိတ်သိမ်းသွားရန် စီစဉ်နေကြောင်း အဆိုပါအကြောင်းရပ်ကို သိရှိထားသည့် သတင်းရင်းမြစ်များက ပြောကြားသည်။

ယခုကဲ့သို့ ဒေဝါလီခံရန် တင်သွင်းခြင်းသည် ၁၁၈ နှစ်သက်တမ်းရှိပြီဖြစ်သော ဈေးဆိုင်အုပ်စုကြီးအတွက် ရေရှည်ဆိုးကျိုးများ ကျရောက်လာစေမည်ဖြစ်သည်။

J.C Penney သည် ကန်ဒေါ်လာ ၄ ဘီလီယံနီးပါး အကြွေးတင်နေပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီး မကျရောက်မီကတည်းကပင် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးအဖွဲ့တို့၏ ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

တက္ကဆပ်ပြည်နယ်အခြေစိုက် The Plano ကုမ္ပဏီတွင် ခန့်အပ်ထားသည့်ဝန်ထမ်းပေါင်း ၈၅၀၀၀ ကျော်ရှိသည်။

လက်ရှိတွင် အကြွေးရှင်များနှင့် debtor-in-possession loan ဟုခေါ်သော ချေးငွေအတွက် ဆွေးနွေးနေပြီး တချိန်တည်းမှာပင် ဒေဝါလီခံရန် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေခြင်းလည်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

ချေးငွေမှာ ကန်ဒေါ်လာ သန်း ၄၀၀ မှ သန်း ၅၀၀ ကြားရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုအကြောင်းရပ်နှင့်စပ်လျဉ်းပြီး အတည်ပြုမေးမြန်းရန် ရိုက်တာသတင်းဌာနက ဆက်သွယ်ရာတွင်မူ J.C Penney က မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်။

ဧပြီလအတွင်း အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင်နေရာပေါင်း ၂၀ ဒသမ ၅ သန်း ဆုံးရှုံးခဲ့ကြရာ မဟာစီးပွားပျက်ကပ်ကြီး နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း အမေရိကန်အလုပ်သမားဦးစီးဌာနက ထုတ်ပြန်သည်။

J.C Penney သည် ကြာသပတေးနေ့ (မေ ၇) တွင် ပေးဆပ်ရမည့် ကန်ဒေါ်လာ ၁၇ သန်းအကြွေးကို မပေးဆပ်သေးဘဲ ထားလိုက်ရာ နောက်ဆုံးသတ်မှတ်ချိန်ရောက်ရန် ၅ ရက်သာ အချိန်ရမည် ဖြစ်သည်။ ထို့အပြင် ဧပြီလ ၁၅ ရက်က ပေးဆပ်ရမည့်အကြွေး ကန်ဒေါ်လာ ၁၂ သန်းကိုလည်း မပေးဆပ်သေးဘဲ ထားရှိရာ စောင့်ဆိုင်းနိုင်သည့် ၁ လအချိန်မှာ လာမည့် သောကြာနေ့ (မေ ၁၅) တွင် နောက်ဆုံး ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: J.C. Penney 'will file for bankruptcy and plans to permanently close around 200 of its stores' - just days after Neiman Marcus and J.Crew also filed amid the economic fallout from the coronavirus pandemic (Daily Mail)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးအထိနာခဲ့ရေသာ အေမရိက ေစ်းဝယ္စင္တာအုပ္စု J.C Penney က ေဒဝါလီခံရန္ ေလွ်ာက္ထားေတာ့မည္ျဖစ္ျပီး ေစ်းဝယ္စင္တာေပါင္း ၂၀၀ ကို အျပီးတိုင္ပိတ္သိမ္းေတာ့မည္

အေမရိက ေစ်းဝယ္စင္တာအုပ္စု J.C Penney သည္ လာမည့္ရက္သတၱပတ္တြင္ ေဒဝါလီခံရန္ စီစဥ္ေနေၾကာင္း ရိုက္တာသတင္းဌာန တြင္ ေဖာ္ျပသည္။

J.C Penney သည္ ၎၏ ေစ်းဝယ္စင္တာေပါင္း ၈၅၀ အနက္ ေလးပံုတစ္ပံုျဖစ္ေသာ ၂၀၀ ေက်ာ္ကို အျပီးတိုင္ပိတ္သိမ္းသြားရန္ စီစဥ္ေနေၾကာင္း အဆိုပါအေၾကာင္းရပ္ကို သိရွိထားသည့္ သတင္းရင္းျမစ္မ်ားက ေျပာၾကားသည္။

ယခုကဲ့သို႔ ေဒဝါလီခံရန္ တင္သြင္းျခင္းသည္ ၁၁၈ ႏွစ္သက္တမ္းရွိျပီျဖစ္ေသာ ေစ်းဆိုင္အုပ္စုၾကီးအတြက္ ေရရွည္ဆိုးက်ဳိးမ်ား က်ေရာက္လာေစမည္ျဖစ္သည္။

J.C Penney သည္ ကန္ေဒၚလာ ၄ ဘီလီယံနီးပါး အေၾကြးတင္ေနျပီး ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးၾကီး မက်ေရာက္မီကတည္းကပင္ အြန္လိုင္းကူးသန္းေရာင္းဝယ္ေရးအဖြဲ႔တို႔၏ ယွဥ္ျပိဳင္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရျခင္း ျဖစ္သည္။

တကၠဆပ္ျပည္နယ္အေျခစိုက္ The Plano ကုမၸဏီတြင္ ခန္႔အပ္ထားသည့္ဝန္ထမ္းေပါင္း ၈၅၀၀၀ ေက်ာ္ရွိသည္။

လက္ရွိတြင္ အေၾကြးရွင္မ်ားႏွင့္ debtor-in-possession loan ဟုေခၚေသာ ေခ်းေငြအတြက္ ေဆြးေႏြးေနျပီး တခ်ိန္တည္းမွာပင္ ေဒဝါလီခံရန္ လုပ္ငန္းစဥ္မ်ား ဆက္လက္လုပ္ေဆာင္ေနျခင္းလည္းျဖစ္ေၾကာင္း အဆိုပါသတင္းရင္းျမစ္က ေျပာၾကားသည္။

ေခ်းေငြမွာ ကန္ေဒၚလာ သန္း ၄၀၀ မွ သန္း ၅၀၀ ၾကားရွိႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

ယခုအေၾကာင္းရပ္ႏွင့္စပ္လ်ဥ္းျပီး အတည္ျပဳေမးျမန္းရန္ ရိုက္တာသတင္းဌာနက ဆက္သြယ္ရာတြင္မူ J.C Penney က မွတ္ခ်က္ျပဳရန္ ျငင္းဆန္ခဲ့သည္။

ဧျပီလအတြင္း အေမရိကန္ျပည္ေထာင္စုတြင္ အလုပ္အကိုင္ေနရာေပါင္း ၂၀ ဒသမ ၅ သန္း ဆံုးရံႈးခဲ့ၾကရာ မဟာစီးပြားပ်က္ကပ္ၾကီး ေနာက္ပိုင္း အဆိုးရြားဆံုးအေျခအေနျဖစ္ေၾကာင္း အေမရိကန္အလုပ္သမားဦးစီးဌာနက ထုတ္ျပန္သည္။

J.C Penney သည္ ၾကာသပေတးေန႔ (ေမ ၇) တြင္ ေပးဆပ္ရမည့္ ကန္ေဒၚလာ ၁၇ သန္းအေၾကြးကို မေပးဆပ္ေသးဘဲ ထားလုိက္ရာ ေနာက္ဆံုးသတ္မွတ္ခ်ိန္ေရာက္ရန္ ၅ ရက္သာ အခ်ိန္ရမည္ ျဖစ္သည္။ ထို႔အျပင္ ဧျပီလ ၁၅ ရက္က ေပးဆပ္ရမည့္အေၾကြး ကန္ေဒၚလာ ၁၂ သန္းကိုလည္း မေပးဆပ္ေသးဘဲ ထားရွိရာ ေစာင့္ဆိုင္းႏိုင္သည့္ ၁ လအခ်ိန္မွာ လာမည့္ ေသာၾကာေန႔ (ေမ ၁၅) တြင္ ေနာက္ဆံုး ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: J.C. Penney 'will file for bankruptcy and plans to permanently close around 200 of its stores' - just days after Neiman Marcus and J.Crew also filed amid the economic fallout from the coronavirus pandemic (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service