အသားမည်းသောမျိုးနွှယ်များ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၄ ဆပိုမိုမြင့်မား

အသားမည်းသောမျိုးနွှယ်များ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၄ ဆပိုမိုမြင့်မား - Property News in Myanmar from iMyanmarHouse.com
11 May 2020 10:41 am တွင် တင်ခဲ့သည်
14289 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် လူမည်းများသည် အသားဖြူသောလူဖြူများနှင့် နှိုင်းယှဉ်လျှင် သေဆုံးနှုန်း ၄ ဆကျော် ပိုမိုမြင့်မားနေကြောင်း၊ အခြားသော အသားမည်းသည့် မျိုးနွှယ်စုအုပ်စုများသည်လည်း အန္တရာယ်များပြားကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ လေ့လာချက်တွင် လူမည်းဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားရာတွင် အာဖရိကမှ လူမည်းတို့အပြင် ကာရစ်ဘီယံမှ လူမည်းများနှင့် အခြားသော အသားမည်းသည့် မျိုးနွှယ်များဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

အင်္ဂလန် အမျိုးသားစာရင်းအင်းဌာန (Office for National Statistics) က ထုတ်ပြန်သော လေ့လာချက်အရ လူမည်းအမျိုးသမီး တို့သည် လူဖြူအမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် Covid-19 ဖြင့် သေဆုံးနှုန်း ၄ ဒသမ ၃ ဆ ပိုမိုမြင့်မားပြီး လူမည်းအမျိုးသားတို့သည် သေဆုံးနှုန်း ၄ ဒသမ ၂ ဆ ပိုမိုမြင့်မားသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် အခြားသော ကပြားမျိုးနွှယ်စုတို့သည်လည်း သေဆုံးနှုန်း ပိုမိုမြင့်မားကြောင်း အချက်အလက်များ တွင် ဖော်ပြသည်ဟု အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။

“ယင်းသို့ ခြားနားမှုများမှာ လူမှုစီးပွား အခြေအနေမကောင်းမွန်ခြင်းနှင့် အခြားသော အခြေအနေများကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။ သို့သော် ယင်းသို့ကွဲပြားနေခြင်း၏ ကျန်ရှိသောအကြောင်းရင်းများကိုမူ မသိနိုင်သေးချေ” ဟု အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။

အသက်အရွယ်နှင့် ဖွား၊သေ အခြေခံအကြောင်းရင်းများကို ထည့်တွက်လျှင်ပင် လူမည်းတို့သည် လူဖြူများနှင့် နှိုင်းယှဉ်လျှင် covid-19 ကြောင့် သေဆုံးနှိုင်ချေ ၂ ဆခန့်ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။

ယခုသို့ဖြစ်ပေါ်နေခြင်း၏ အကြောင်းရင်းအချက်အလက်အားလုံးကို ယခုလေ့လာချက်က မဖော်ထုတ်နိုင်သော်လည်း ကပ်ရောဂါသည် အားလုံးအပေါ် ညီတူညီမျှကျရောက်သည်ဟူသော ယူဆချက်မှာ မှားယွင်းနေကြောင်း ထင်ရှားလာသည်။

“အခုလို ကွဲပြားချက်တွေဖြစ်နေတဲ့အပေါ် အဆောတလျင်စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်နေပါပြီ။ လူမည်း အမျိုးသား၊ အမျိုးသမီးတွေကို ကိုရိုနာဗိုင်းရပ်စ်ဘေးက ကာကွယ်ဖို့အတွက် ကိုင်တွယ်ဆောင်ရွက်မှုတွေလုပ်ရမှာ ဖြစ်ပါတယ်။” ဟု ဗြိတိန်အတိုက်အခံပါတီတွင် တရားရေးဝန်ကြီးအဖြစ် လျာထားခံရသူ David Lammy က ပြောကြားသည်။

Think tank အဖွဲ့တစ်ခုဖြစ်သော Institute for Fiscal Studies မှ လေ့လာချက်တစ်ရပ်အရလည်း အာဖရိကလူမည်းတို့သည် လူဖြူများနှင့် ယှဉ်လျှင် ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ ဒသမ ၇ ဆ ပိုမိုသေဆုံးနေကြောင်း တွေ့ရသည်။ ချီကာဂိုမြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ စုစုပေါင်း၏ ၇၂ ရာခိုင်နှုန်းမှာ လူမည်းများဖြစ်ကြောင်း၊ လူဝီစီယားနား ပြည်နယ်တွင်လည်း လူမည်းများ သေဆုံးမှုမှာ ၇၀ ရာခိုင်နှုန်းရှိကြောင်း အာဏာပိုင်တို့က ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Black people in the UK four times more likely to die from Covid-19 than white people, new data shows (CNN)

[Zawgyi]

အသားမည္းေသာမ်ဳိးႏႊယ္မ်ား ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈ ၄ ဆပိုမိုျမင့္မား

ျဗိတိန္တြင္ လူမည္းမ်ားသည္ အသားျဖဴေသာလူျဖဴမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေသဆံုးႏႈန္း ၄ ဆေက်ာ္ ပိုမိုျမင့္မားေနေၾကာင္း၊ အျခားေသာ အသားမည္းသည့္ မ်ဳိးႏႊယ္စုအုပ္စုမ်ားသည္လည္း အႏၱရာယ္မ်ားျပားေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါ ေလ့လာခ်က္တြင္ လူမည္းဟူေသာ စကားရပ္ကို အဓိပၸာယ္ဖြင့္ဆိုထားရာတြင္ အာဖရိကမွ လူမည္းတို႔အျပင္ ကာရစ္ဘီယံမွ လူမည္းမ်ားႏွင့္ အျခားေသာ အသားမည္းသည့္ မ်ဳိးႏႊယ္မ်ားဟု အဓိပၸာယ္ဖြင့္ဆိုထားသည္။

အဂၤလန္ အမ်ဳိးသားစာရင္းအင္းဌာန (Office for National Statistics) က ထုတ္ျပန္ေသာ ေလ့လာခ်က္အရ လူမည္းအမ်ဳိးသမီး တို႔သည္ လူျဖဴအမ်ဳိးသမီးမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ Covid-19 ျဖင့္ ေသဆံုးႏႈန္း ၄ ဒသမ ၃ ဆ ပိုမိုျမင့္မားျပီး လူမည္းအမ်ဳိးသားတို႔သည္ ေသဆံုးႏႈန္း ၄ ဒသမ ၂ ဆ ပိုမိုျမင့္မားသည္ဟု ဆိုသည္။

ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ အိႏိၵယႏွင့္ အျခားေသာ ကျပားမ်ဳိးႏႊယ္စုတို႔သည္လည္း ေသဆံုးႏႈန္း ပိုမိုျမင့္မားေၾကာင္း အခ်က္အလက္မ်ား တြင္ ေဖာ္ျပသည္ဟု အဆိုပါေလ့လာခ်က္တြင္ ေဖာ္ျပသည္။

“ယင္းသို႔ ျခားနားမႈမ်ားမွာ လူမႈစီးပြား အေျခအေနမေကာင္းမြန္ျခင္းႏွင့္ အျခားေသာ အေျခအေနမ်ားေၾကာင့္လည္း တစိတ္တပိုင္း ပါဝင္သည္။ သို႔ေသာ္ ယင္းသို႔ကြဲျပားေနျခင္း၏ က်န္ရွိေသာအေၾကာင္းရင္းမ်ားကိုမူ မသိႏိုင္ေသးေခ်” ဟု အဆိုပါေလ့လာခ်က္တြင္ ေဖာ္ျပသည္။

အသက္အရြယ္ႏွင့္ ဖြား၊ေသ အေျခခံအေၾကာင္းရင္းမ်ားကို ထည့္တြက္လွ်င္ပင္ လူမည္းတို႔သည္ လူျဖဴမ်ားႏွင့္ ႏႈိုင္းယွဥ္လွ်င္ covid-19 ေၾကာင့္ ေသဆံုးႏႈိင္ေခ် ၂ ဆခန္႔ရွိေနဆဲျဖစ္ေၾကာင္း ေတြ႔ရသည္။

ယခုသို႔ျဖစ္ေပၚေနျခင္း၏ အေၾကာင္းရင္းအခ်က္အလက္အားလံုးကို ယခုေလ့လာခ်က္က မေဖာ္ထုတ္ႏိုင္ေသာ္လည္း ကပ္ေရာဂါသည္ အားလံုးအေပၚ ညီတူညီမွ်က်ေရာက္သည္ဟူေသာ ယူဆခ်က္မွာ မွားယြင္းေနေၾကာင္း ထင္ရွားလာသည္။

“အခုလို ကြဲျပားခ်က္ေတြျဖစ္ေနတဲ့အေပၚ အေဆာတလ်င္စံုစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ လိုအပ္ေနပါျပီ။ လူမည္း အမ်ဳိးသား၊ အမ်ဳိးသမီးေတြကို ကိုရိုနာဗိုင္းရပ္စ္ေဘးက ကာကြယ္ဖို႔အတြက္ ကိုင္တြယ္ေဆာင္ရြက္မႈေတြလုပ္ရမွာ ျဖစ္ပါတယ္။” ဟု ျဗိတိန္အတိုက္အခံပါတီတြင္ တရားေရးဝန္ၾကီးအျဖစ္ လ်ာထားခံရသူ David Lammy က ေျပာၾကားသည္။

Think tank အဖြဲ႔တစ္ခုျဖစ္ေသာ Institute for Fiscal Studies မွ ေလ့လာခ်က္တစ္ရပ္အရလည္း အာဖရိကလူမည္းတို႔သည္ လူျဖဴမ်ားႏွင့္ ယွဥ္လွ်င္ ေဆးရံုမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ၃ ဒသမ ၇ ဆ ပိုမိုေသဆံုးေနေၾကာင္း ေတြ႔ရသည္။ ခ်ီကာဂိုျမိဳ ႔ၾကီးတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးရသူ စုစုေပါင္း၏ ၇၂ ရာခိုင္ႏႈန္းမွာ လူမည္းမ်ားျဖစ္ေၾကာင္း၊ လူဝီစီယားနား ျပည္နယ္တြင္လည္း လူမည္းမ်ား ေသဆံုးမႈမွာ ၇၀ ရာခိုင္ႏႈန္းရွိေၾကာင္း အာဏာပိုင္တို႔က ဧျပီလတြင္ ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Black people in the UK four times more likely to die from Covid-19 than white people, new data shows (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service