ကိုရိုနာဗိုင်းရပ်စ်သည် လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်ဖွယ်ရှိကြောင်း တရုတ်သိပ္ပံပညာရှင်တို့ တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်သည် လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်ဖွယ်ရှိကြောင်း တရုတ်သိပ္ပံပညာရှင်တို့ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
8 May 2020 12:50 pm တွင် တင်ခဲ့သည်
1854 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်သည် လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်ဖွယ်ရှိကြောင်း၊ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတို့၏ သုတ်ရည်များတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရကြောင်း တရုတ်သိပ္ပံပညာရှင်တို့က ပြောကြားသည်။

တရုတ်ပြည်မှ သုတေသနပညာရှင်တို့သည် covid-19 ကူးစက်ခံထားရသော လူနာ ၃၈ ဦး၏ သုတ်ရည်နမူနာများကို စမ်းသပ်ခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါလူနာများအနက်အချို့မှာ ရောဂါပျောက်ကင်းသွားသူများဖြစ်ပြီး အချို့မှာ ရောဂါခံစားနေရဆဲလူနာများ ဖြစ်ကြသည်။

ထိုသို့စစ်ဆေးရာတွင် ၆ ဦးလျှင် ၁ ဦး၏ သုတ်ပိုးတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိရပြီး ရောဂါပျောက်ကင်းကျန်းမာသွားသူတို့လည်း အပါအဝင် ဖြစ်သည်။

ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်ပုဂ္ဂိုလ်တို့က ပြောကြားရာတွင် ယခုရှာဖွေတွေ့ရှိချက်များသည် အံ့အားသင့်ဖွယ်ရာကား မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် Zika နှင့် Ebola တို့ကဲ့သို့ ဗိုင်းရပ်စ်များကိုလည်း သုတ်ရည်ထဲတွင် တွေ့ရကြောင်း ပြောကြားသည်။

တရုတ်သိပ္ပံပညာရှင်တို့ တွေ့ရှိချက်တွင် ဗိုင်းရပ်စ်သည် လိင်ဆက်ဆံနေစဉ်အတွင်း ကူးစက်နိုင်ဖွယ် ရှိ၊ မရှိကိုမူ သက်သေမပြနိုင်ခဲ့ဘဲ ဖြစ်တန်ရာချေကို အကြံပြုခြင်းသာ ဖြစ်သည်။

သို့သော် ယခုတွေ့ရှိချက်အရ ရောဂါကူးစက်ခံထားရစဉ်နှင့် ပြန်လည်ပျောက်ကင်းစ ကာလများအတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်းမှာ ကောင်းမွန်သည့်ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း အကြံပြုထားသည်။

ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ covid-19 ကူးစက်ခံရသူ ၃ ဒသမ ၇ သန်းခန့်ရှိနေပြီ ဖြစ်သည်။

သို့ရာတွင် အဆိုပါကိန်းဂဏန်းမှာ အမှန်တကယ်ဖြစ်ပွားနေသည့်ပမာဏ၏ တစိတ်တပိုင်းမျှသာ ရှိသေးသည်။ အဘယ့်ကြောင့်ဆိုလျှင် အဆိုပါစာရင်းတွင် အပျော့စားရောဂါလက္ခဏာများသာ ခံစားရပြီး ရောဂါစမ်းသပ်စစ်ဆေးရခြင်းမရှိဘဲ နေအိမ်တွင်ပင်နေထိုင်ရင်း ပျောက်ကင်းသွားသူ သန်းပေါင်းများစွာ မပါဝင်သေးသောကြောင့် ဖြစ်သည်။

ယခုလေ့လာချက်ကို ဟီနန်ပြည်နယ်၊ ရှန့်ချိုမြို့ (Shangqiu) မှ covid-19 ကုသရန်သာ ရည်ရွယ်ဖွင့်လှစ်ထားသည့် ရှန့်ချို မြူနီစပယ် ဆေးရုံ (Shangqiu Municipal Hospital) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အကြား ကိုရိုနာဗိုင်းရပ်စ် positive စမ်းသပ်တွေ့ရှိခဲ့သော အသက် ၁၅ နှစ်အထက် အမျိုးသားများက သုတ်ရည်နမူနာများ ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus may be spread by SEX: Study finds the killer virus in semen samples from men recovering from the illness (Daily Mail)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ လိင္ဆက္ဆံရာမွတဆင့္ ကူးစက္ႏိုင္ဖြယ္ရွိေၾကာင္း တရုတ္သိပံၸပညာရွင္တို႔ ေတြ႔ရွိ

ကိုရိုနာဗိုင္းရပ္စ္သည္ လိင္ဆက္ဆံရာမွတဆင့္ ကူးစက္ႏိုင္ဖြယ္ရွိေၾကာင္း၊ ေရာဂါကူးစက္ခံရျပီးေနာက္ ျပန္လည္က်န္းမာလာသူတို႔၏ သုတ္ရည္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ကို ေတြ႔ရေၾကာင္း တရုတ္သိပံၸပညာရွင္တို႔က ေျပာၾကားသည္။

တရုတ္ျပည္မွ သုေတသနပညာရွင္တို႔သည္ covid-19 ကူးစက္ခံထားရေသာ လူနာ ၃၈ ဦး၏ သုတ္ရည္နမူနာမ်ားကို စမ္းသပ္ခဲ့ၾကျခင္း ျဖစ္ျပီး အဆိုပါလူနာမ်ားအနက္အခ်ဳိ ႔မွာ ေရာဂါေပ်ာက္ကင္းသြားသူမ်ားျဖစ္ျပီး အခ်ဳိ ႔မွာ ေရာဂါခံစားေနရဆဲလူနာမ်ား ျဖစ္ၾကသည္။

ထိုသုိ႔စစ္ေဆးရာတြင္ ၆ ဦးလွ်င္ ၁ ဦး၏ သုတ္ပိုးတြင္ ကိုရိုနာဗိုင္းရပ္စ္ကို ေတြ႔ရွိရျပီး ေရာဂါေပ်ာက္ကင္းက်န္းမာသြားသူတို႔လည္း အပါအဝင္ ျဖစ္သည္။

ကူးစက္ေရာဂါဆိုင္ရာ ထိပ္တန္းကၽြမ္းက်င္ပုဂၢိဳလ္တို႔က ေျပာၾကားရာတြင္ ယခုရွာေဖြေတြ႔ရွိခ်က္မ်ားသည္ အံ့အားသင့္ဖြယ္ရာကား မဟုတ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ Zika ႏွင့္ Ebola တို႔ကဲ့သို႔ ဗိုင္းရပ္စ္မ်ားကိုလည္း သုတ္ရည္ထဲတြင္ ေတြ႔ရေၾကာင္း ေျပာၾကားသည္။

တရုတ္သိပံၸပညာရွင္တို႔ ေတြ႔ရွိခ်က္တြင္ ဗိုင္းရပ္စ္သည္ လိင္ဆက္ဆံေနစဥ္အတြင္း ကူးစက္ႏိုင္ဖြယ္ ရွိ၊ မရွိကိုမူ သက္ေသမျပႏိုင္ခဲ့ဘဲ ျဖစ္တန္ရာေခ်ကို အၾကံျပဳျခင္းသာ ျဖစ္သည္။

သို႔ေသာ္ ယခုေတြ႔ရွိခ်က္အရ ေရာဂါကူးစက္ခံထားရစဥ္ႏွင့္ ျပန္လည္ေပ်ာက္ကင္းစ ကာလမ်ားအတြင္း လိင္ဆက္ဆံမႈကို ေရွာင္ၾကဥ္ျခင္းမွာ ေကာင္းမြန္သည့္ဆံုးျဖတ္ခ်က္တစ္ခုျဖစ္ေၾကာင္း အၾကံျပဳထားသည္။

ကမၻာတစ္ဝန္းတြင္ လက္ရွိအခ်ိန္အထိ covid-19 ကူးစက္ခံရသူ ၃ ဒသမ ၇ သန္းခန္႔ရွိေနျပီ ျဖစ္သည္။

သို႔ရာတြင္ အဆိုပါကိန္းဂဏန္းမွာ အမွန္တကယ္ျဖစ္ပြားေနသည့္ပမာဏ၏ တစိတ္တပိုင္းမွ်သာ ရွိေသးသည္။ အဘယ့္ေၾကာင့္ဆိုလွ်င္ အဆိုပါစာရင္းတြင္ အေပ်ာ့စားေရာဂါလကၡဏာမ်ားသာ ခံစားရျပီး ေရာဂါစမ္းသပ္စစ္ေဆးရျခင္းမရွိဘဲ ေနအိမ္တြင္ပင္ေနထိုင္ရင္း ေပ်ာက္ကင္းသြားသူ သန္းေပါင္းမ်ားစြာ မပါဝင္ေသးေသာေၾကာင့္ ျဖစ္သည္။

ယခုေလ့လာခ်က္ကို ဟီနန္ျပည္နယ္၊ ရွန္႔ခ်ဳိျမိဳ ႔ (Shangqiu) မွ covid-19 ကုသရန္သာ ရည္ရြယ္ဖြင့္လွစ္ထားသည့္ ရွန္႔ခ်ဳိ ျမဴနီစပယ္ ေဆးရံု (Shangqiu Municipal Hospital) တြင္ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ဇန္နဝါရီလ ၂၆ ရက္မွ ေဖေဖာ္ဝါရီလ ၁၆ ရက္အၾကား ကိုရိုနာဗိုင္းရပ္စ္ positive စမ္းသပ္ေတြ႔ရွိခဲ့ေသာ အသက္ ၁၅ ႏွစ္အထက္ အမ်ဳိးသားမ်ားက သုတ္ရည္နမူနာမ်ား ေပးအပ္ခဲ့ၾကျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus may be spread by SEX: Study finds the killer virus in semen samples from men recovering from the illness (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service