ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များတွင် ဗိုင်းရပ်စ်များ ပုန်းအောင်းနေနိုင်သောကြောင့် မကြာခဏ လျှော်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က အကြံပြု

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များတွင် ဗိုင်းရပ်စ်များ ပုန်းအောင်းနေနိုင်သောကြောင့် မကြာခဏ လျှော်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က အကြံပြု - Property News in Myanmar from iMyanmarHouse.com
8 May 2020 12:43 pm တွင် တင်ခဲ့သည်
1267 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များတွင် ဗိုင်းရပ်စ်များ ပုန်းအောင်းနေနိုင်သောကြောင့် မကြာခဏ လျှော်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းလိုက်သည်။

ဗိုင်းရပ်စ်တို့သည် အထည်သားများကြားတွင် ပုန်းအောင်းနေနိုင်ပြီး အိပ်ပျော်နေစဉ်အတွင်း အသက်ရှူသွင်းမိနိုင်ကြောင်း သတိပေးထားသည်။

အစိုးရဌာနများက ပြည်သူများကို မကြာခဏလက်ဆေးရန် တိုက်တွန်းမှုများသာရှိနေပြီး အဝတ်ခြင်းကို မကြာခဏရှင်းလင်းသင့်ကြောင်း အကြံပြုချက်များကား များစွာမရှိချေ။

အရေပြားအထူးကုသမားတော်တို့က ပြောကြားရာတွင် လက်ရှိအချိန်တွင် ပုံမှန်အဝတ်လျှော်နှုန်းထက် ၂ ဆပိုမိုပြုလုပ်သင့်ကြောင်း၊ အိပ်ယာခင်းကို ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါလျှော်သည်ဆိုပါက ယခုအချိန်တွင် တစ်ပတ်လျှင် ၂ ကြိမ်လျှော်သင့်ကြောင်း အကြံပြုထားသည်။

Skin care ထုတ်ကုန်များ ထုတ်လုပ်သည့် DERMADoctor မှ အော်ဒရေကူနင်က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် အိပ်ရာထဲတွင် အသက်ရှင်နေနိုင်သည့် အထောက်အထားအချို့ တွေ့ရှိထားကြောင်း ပြောကြားသည်။

Huffington Post သတင်းဌာနသို့ သူမက ပြောကြားရာတွင် “ဗိုင်းရပ်စ်ဟာ အထည်တွေထဲမှာ ခိုအောင်းနေပြီး အိပ်ပျော်နေချိန်မှာ အသက်ရှူသွင်းမိနိုင်တယ်ဆိုတဲ့ ရတက်မအေးဖြစ်ရမှုကြောင့် အဝတ်လျှော်တဲ့အကြိမ်ရေကို တိုးမြှင့်ပေးဖို့ ကျွန်မ အကြံပြုရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ခေါင်းအုံးစွပ်များနှင့် အိပ်ယာခင်းများကို မြင့်မားသောအပူချိန်ပေးကာ လျှော်သင့်ကြောင်းလည်း အကြံပြုထားသည်။

ခေါင်းအုံးစွပ်နှင့် အခြားသော မျက်နှာနှင့် မကြာခဏထိတွေ့နေသည့်ပစ္စည်းများကို မကြာခဏ လျှော်ဖွပ်ပေးရန်ဖြစ်သော်လည်း ဂွမ်းကပ်စောင်များကိုမူ အကြိမ်ရေ လျှော့နိုင်သည်ဟုဆိုသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ဗိုင်းရပ်စ်တို့သည် အဝတ်အစားများတွင် ရှိနေနိုင်သဖြင့် ဆေးရုံမှ အိမ်သို့ပြန်ရောက်သည်နှင့် လျှော်ဖွတ်သင့်ကြောင်း အကြံပြုထားသည်။

ခြေဖဝါးရောဂါအထူးကုဆရာဝန် Velimir Petkov က ပြောကြားရာတွင် အကယ်၍ သင်သည် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် အတူ နေထိုင်သူဆိုပါက အဝတ်အစားများကို ခွဲလျှော်သင့်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ဆေးရုံမှ ပြန်ရောက် ရောက်ချင်း ၎င်းတို့၏ အဝတ်အစားများကို အိပ်ယာခင်းများ၊ ခေါင်းအုံးစွပ်များနှင့် ထိတွေ့မှု မပြုမိစေရန် ရှောင်ကြဉ်သင့်ကြောင်း အကြံပြုပြောကြား သည်။

ဆေးရုံများတွင် အိပ်ယာခင်းများကို အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ပေးကာ လျှော်သည့်နည်းတူ နေအိမ်များတွင်လည်း အိပ်ယာခင်းတို့ကို အပူချိန်မြင့်မားစွာပေးကာ လျှော်သင့်ကြောင်း ၎င်းက အကြံပြုထားသည်။

နယူးယောက်မြို့မှ အရေပြားအထူးကုဆရာဝန် Hadley King က ပြောကြားရာတွင် နေအိမ်သို့ အပြင်မှ ပြန်ရောက်ချိန်တွင် အိပ်ယာခင်းကဲ့သို့ အခြားအသုံးအဆောင်ပစ္စည်းများအား ဗိုင်းရပ်စ်မပျံ့နှံ့စေရန်အတွက် မိမိကိုယ်ကို ဦးစွာသန့်ရှင်းရေးလုပ်ရန် အရေးကြီးကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You should wash your bed sheets every few DAYS during coronavirus pandemic (The Sun)

[Zawgyi]


ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များတွင် ဗိုင်းရပ်စ်များ ပုန်းအောင်းနေနိုင်သောကြောင့် မကြာခဏ လျှော်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းလိုက်သည်။

ဗိုင်းရပ်စ်တို့သည် အထည်သားများကြားတွင် ပုန်းအောင်းနေနိုင်ပြီး အိပ်ပျော်နေစဉ်အတွင်း အသက်ရှူသွင်းမိနိုင်ကြောင်း သတိပေးထားသည်။

အစိုးရဌာနများက ပြည်သူများကို မကြာခဏလက်ဆေးရန် တိုက်တွန်းမှုများသာရှိနေပြီး အဝတ်ခြင်းကို မကြာခဏရှင်းလင်းသင့်ကြောင်း အကြံပြုချက်များကား များစွာမရှိချေ။

အရေပြားအထူးကုသမားတော်တို့က ပြောကြားရာတွင် လက်ရှိအချိန်တွင် ပုံမှန်အဝတ်လျှော်နှုန်းထက် ၂ ဆပိုမိုပြုလုပ်သင့်ကြောင်း၊ အိပ်ယာခင်းကို ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါလျှော်သည်ဆိုပါက ယခုအချိန်တွင် တစ်ပတ်လျှင် ၂ ကြိမ်လျှော်သင့်ကြောင်း အကြံပြုထားသည်။

Skin care ထုတ်ကုန်များ ထုတ်လုပ်သည့် DERMADoctor မှ အော်ဒရေကူနင်က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် အိပ်ရာထဲတွင် အသက်ရှင်နေနိုင်သည့် အထောက်အထားအချို့ တွေ့ရှိထားကြောင်း ပြောကြားသည်။

Huffington Post သတင်းဌာနသို့ သူမက ပြောကြားရာတွင် “ဗိုင်းရပ်စ်ဟာ အထည်တွေထဲမှာ ခိုအောင်းနေပြီး အိပ်ပျော်နေချိန်မှာ အသက်ရှူသွင်းမိနိုင်တယ်ဆိုတဲ့ ရတက်မအေးဖြစ်ရမှုကြောင့် အဝတ်လျှော်တဲ့အကြိမ်ရေကို တိုးမြှင့်ပေးဖို့ ကျွန်မ အကြံပြုရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ခေါင်းအုံးစွပ်များနှင့် အိပ်ယာခင်းများကို မြင့်မားသောအပူချိန်ပေးကာ လျှော်သင့်ကြောင်းလည်း အကြံပြုထားသည်။

ခေါင်းအုံးစွပ်နှင့် အခြားသော မျက်နှာနှင့် မကြာခဏထိတွေ့နေသည့်ပစ္စည်းများကို မကြာခဏ လျှော်ဖွပ်ပေးရန်ဖြစ်သော်လည်း ဂွမ်းကပ်စောင်များကိုမူ အကြိမ်ရေ လျှော့နိုင်သည်ဟုဆိုသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ဗိုင်းရပ်စ်တို့သည် အဝတ်အစားများတွင် ရှိနေနိုင်သဖြင့် ဆေးရုံမှ အိမ်သို့ပြန်ရောက်သည်နှင့် လျှော်ဖွတ်သင့်ကြောင်း အကြံပြုထားသည်။

ခြေဖဝါးရောဂါအထူးကုဆရာဝန် Velimir Petkov က ပြောကြားရာတွင် အကယ်၍ သင်သည် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် အတူ နေထိုင်သူဆိုပါက အဝတ်အစားများကို ခွဲလျှော်သင့်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ဆေးရုံမှ ပြန်ရောက် ရောက်ချင်း ၎င်းတို့၏ အဝတ်အစားများကို အိပ်ယာခင်းများ၊ ခေါင်းအုံးစွပ်များနှင့် ထိတွေ့မှု မပြုမိစေရန် ရှောင်ကြဉ်သင့်ကြောင်း အကြံပြုပြောကြား သည်။

ဆေးရုံများတွင် အိပ်ယာခင်းများကို အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ပေးကာ လျှော်သည့်နည်းတူ နေအိမ်များတွင်လည်း အိပ်ယာခင်းတို့ကို အပူချိန်မြင့်မားစွာပေးကာ လျှော်သင့်ကြောင်း ၎င်းက အကြံပြုထားသည်။

နယူးယောက်မြို့မှ အရေပြားအထူးကုဆရာဝန် Hadley King က ပြောကြားရာတွင် နေအိမ်သို့ အပြင်မှ ပြန်ရောက်ချိန်တွင် အိပ်ယာခင်းကဲ့သို့ အခြားအသုံးအဆောင်ပစ္စည်းများအား ဗိုင်းရပ်စ်မပျံ့နှံ့စေရန်အတွက် မိမိကိုယ်ကို ဦးစွာသန့်ရှင်းရေးလုပ်ရန် အရေးကြီးကြောင်း ပြောကြားသည်။




(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You should wash your bed sheets every few DAYS during coronavirus pandemic (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...

အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service