COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် အာဖရိကတွင် ဂေါ်ရီလာမျောက်ဝံများကို Lockdown ချထား
COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် အာဖရိကတွင် ဂေါ်ရီလာမျောက်ဝံများကို Lockdown ချထား - Property News in Myanmar from iMyanmarHouse.com
7 May 2020 11:52 am တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ခွေး၊ ကြောင်ကဲ့သို့သောတိရိစ္ဆာန်တွေပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံမှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေဟာ နိုင်ငံရဲ့တောင်တန်းဒေသတွေမှာနေထိုင်တဲ့ ‌‌ဂေါ်ရီလာမျောက်ဝံတွေထံ ကိုရိုနာရောဂါအန္တရာယ်ကျရောက်မှာ စိုးရိမ်နေကြပါတယ်။ ကမ္ဘာပေါ်မှာ အကြမ်းဖျင်းအကောင်ရေတစ်ထောင်လောက်သာ ကျန်တော့တယ်လို့ခန့်မှန်းရတဲ့ ‌‌ဂေါ်ရီလာမျောက်ဝံတွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ် နဲ့ အမဲလိုက်သမားတွေ‌ကြောင့် မျိုးတုန်းမယ့်အန္တရာယ်နဲ့ နဂိုကတည်းကကြုံတွေ့နေရပါတယ်။
လူအချင်းချင်းကူးစက်ခံရတဲ့ကိစ္စတွေတောင် ကိုင်တွယ်ရခက်ခဲနေတဲ့အချိန်မှာ လွတ်လွတ်လပ်လပ်သွားလာနေတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ တိရစ္ဆာန်ဆရာဝန်များ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Gorilla Doctor ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာကမ်ဘေးလ် က စီဘီအက်စ် သတင်းဌာနကိုပြောပါတယ်။ အဆိုပါအဖွဲ့ဟာ အီဘိုလာကူးစက်ရောဂါဖြစ်ပွားခဲ့စဉ်ကလည်း အလားတူအန္တရာယ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဖွဲ့ရဲ့ရည်ရွယ်ချက်က ဂေါ်ရီလာမျောက်ဝံတွေကိုထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးစက်ပြန့်ပွားပေးဖို့ပါပဲ။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေဟာ ‌‌ဂေါ်ရီလာမျောက်ဝံတွေသေဆုံးမှုရဲ့ ဒုတိယအကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် ဆရာဝန်များအဖွဲ့ဟာ သတိကြီးစွာ ထိန်းသိမ်းလုပ်ကိုင်နေရပါတယ်။ ယခင်က မည်သူ့ကိုမဆို ဂေါ်ရီလာမျောက်ဝံတွေရှိတဲ့နေရာကို သွားရောက်လည်ပတ်ခွင့်ပြုခဲ့ပေမယ့် ယခုအခါအဆိုပါနေရာကို Lockdown အသွားအလာကန့်သတ်ထားပြီး လိုအပ်တဲ့ဝန်ထမ်းတွေကလွဲပြီး ဝင်ထွက်ခွင့်မပြုတော့ဘူးလို့ ကမ်ဘေးလ်က ပြောပါတယ်။
အချိန်အများစုမှာ ဂေါ်ရီလာမျောက်ဝံတွေရဲ့အသက်ရှုနှုန်းကို ၎င်းတို့ရဲ့ရင်ဘတ်လှုပ်ရှားပုံကိုကြည့်ပြီး သိရှိနိုင်ပြီး နာမကျန်းဖြစ်တဲ့ရောဂါလက္ခဏာတွေမှာ လှုပ်ရှားမှု‌နှေးကွေးတာနဲ့ အခြားတိရစ္ဆာန်တွေနဲ့ ရောနှောမနေထိုင်တာတွေ ပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါဂေါ်ရီလာမျောက်ဝံတွေကို အနီးကပ်စောင့်ရှောက်ရတဲ့ ဆရာဝန်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေအတွက်လည်း ကြိုတင်ကာကွယ်မှုနည်းလမ်းတွေ ချမှတ်ထားပါတယ်။ တောထိန်းတွေနဲ့ ဆရာဝန်တွေဟာ အနည်းဆုံး (၃၃)ပေအကွာမှာနေပြီး မည်သည့်အချိန်မှာမဆို လူနှစ်ဦးသာ ဂေါ်ရီလာမျောက်ဝံတွေအနားသွားရောက်ဖို့ ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ၎င်းတို့အား စောင့်ကြည့်မှုအများစုကို မှန်ပြောင်းနဲ့ပဲ အဝေးကနေကြည့်ရှုဖို့ ခွင့်ပြုထားပါတယ်။
နှစ်ပေါင်းများစွာရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာ အထူးသဖြင့်ယခုလို ကိုရိုနာဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေတဲ့ချိန်မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးသာကူးစက်ခံရရင် အဆိုပါတောရိုင်းတိရစ္ဆာန်တွေကို လက်လွှတ်ဆုံးရှုံးမှုကြီးမားနိုင်တဲ့အတွက် စိုးရိမ်ကြောက်ရွံ့နေကြတာဖြစ်တယ်လို့ ကမ်ဘေးလ်က ပြောကြားခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Mountain gorillas in Africa on lockdown amid fears of possible coronavirus infections (CBS News)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service