ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်းနိုင်သည့် ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးကို အီတလီသိပ္ပံပညာရှင်တို့တွေ့ပြီဟုဆို
ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်းနိုင်သည့် ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးကို အီတလီသိပ္ပံပညာရှင်တို့တွေ့ပြီဟုဆို - Property News in Myanmar from iMyanmarHouse.com
7 May 2020 11:00 am တွင် တင်ခဲ့သည်
1481 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီတလီသိပ္ပံပညာရှင်တို့က ကိုရိုနာဗိုင်းရပ်စ်ကို neutralise လုပ်နိုင်သည့် ကမ္ဘာ့ပထမဆုံးဆေးကို တွေ့ရှိပြီဟု ကြေညာလိုက်ပြီး လူသားများတွင် ကာကွယ်ဆေးအဖြစ် စမ်းသပ်သွားရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်ကြသည်။
အီတလီသိပ္ပံပညာရှင်တို့သည် ရောမအခြေစိုက် Takis Biotech မှ ထုတ်လုပ်ခဲ့သည့်ဆေးကို ကြွက်တို့တွင်စမ်းသပ်ခဲ့ပြီး ကြွက်တို့၏ ခန္ဓာကိုယ်က တုံ့ပြန်ကာ ထုတ်လုပ်လာသည့် ပဋိပစ္စည်းများကို ရယူခဲ့ကြသည်။
ပဋိပစ္စည်းဟူသည်မှာ ရောဂါကူးစက်မှုတစ်ခုကို မည်သို့တိုက်ခိုက်ချေမှုန်းရမည်ကို မှတ်မိသိရှိနေအောင် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ထုတ်လုပ်သည့်ပစ္စည်းဖြစ်ပြီး ကိုယ်ခံအားအတွက် များစွာအရေးပါသည်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ ကြွက်များထံမှ ရယူခဲ့သော ပဋိပစ္စည်းများကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားစေသည့် လူသားဆဲလ်များ တွင် စမ်းသပ်ကြည့်ရာ ဆဲလ်များကို မကူးစက်စေရန် ဟန့်တားနိုင်သည်ကို တွေ့ခဲ့ကြသည်။
Takis Biotech ၏ အမှုဆောင်အရာရှိချုပ် Luigi Aurisicchio က ထုတ်ဖော်ပြောကြားရာတွင် လာမည့်ဆောင်းဦးတွင် လူသားများတွင် စတင်စမ်းသပ်ရန် စီစဉ်နေကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ သိသလောက်တော့ ကာကွယ်ဆေးကိုသုံးပြီး ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်းစမ်းသပ်ပြနိုင်တာမှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးပါပဲ” ဟု ၎င်းက ပြောကြားသည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်သည်လည်း လူသားတို့တွင် ကာကွယ်ဆေးကို စမ်းသပ်နေပြီး လာမည့်စက်တင်ဘာတွင် ကာကွယ်ဆေး သန်းပေါင်းများစွာ အသင့်ဖြစ်နိုင်အောင် စီစဉ်နေသည်။
အင်္ဂလန်ကျန်းမာရေးဝန်ကြီး Matt Hancock က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးတွေ့မည်ဟု အာမခံချက် မရှိကြောင်း ပြောကြားသည်။
အီတလီသိပ္ပံပညာရှင်တို့သည် ရောမမြို့ရှိ Spallanzani Hospital တွင် ကွဲပြားခြားနားသည့် စမ်းသပ်ကာကွယ်ဆေး ၅ မျိုးဖြင့် ကြွက်များကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးအားလုံးသည် DNA အခြေခံထားသည့် ကာကွယ်ဆေးများဖြစ်သည်။ ဗိုင်းရပ်စ်၏ မျိုးဗီဇ genetic code ကို ပုံတူပွားထားသည့် ပမာဏအနည်းငယ်ကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းပေးသည့် နည်းလမ်း ဖြစ်သည်။
DNA (သို့မဟုတ်) RNA အခြေပြု ကာကွယ်ဆေးတို့သည် အားပျော့ (သို့မဟုတ်) သေဆုံးနေသော ဗိုင်းရပ်စ်များ၊ ဗိုင်းရပ်စ်အစိတ်အပိုင်း တစ်ခုခုဖြင့် ပြုလုပ်ထားခြင်း မဟုတ်ချေ။ ဆိုလိုသည်မှာ အဆိုပါ DNA ကို ဗိုင်းရပ်စ်အစစ်မပါဝင်ဘဲ ဓာတ်ခွဲခန်းတွင် များပြားစွာ ထုတ်လုပ်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။
ကာကွယ်ဆေးတွင် ပါဝင်သော ဗိုင်းရပ်စ်၏ DNA သည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့်အခါ ကိုယ်ခံအားစနစ်သည် ဗိုင်းရပ်စ်အစစ်ကို တွေ့ရသကဲ့သို့ တုံ့ပြန်မှုများ ပြုလုပ်ပြီး ပဋိပစ္စည်းများ ထုတ်လုပ်လေသည်။
သို့သော် တကယ့်ဗိုင်းရပ်စ်အစစ် ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားခြင်းမဟုတ်သောကြောင့် လူအတွက် အန္တရာယ်တစုံတရာ မဖြစ်နိုင်ချေ။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Italian researchers claim to have 'the first vaccine in the world' that kills the coronavirus and are now planning human trials as Health Secretary Matt Hancock admits a jab may NEVER be found (daily mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service