စကော့တလန်မှ သိပ္ပံပညာရှင်တို့က ကိုရိုနာဗိုင်းရပ်စ်သည် ဗီဇပြောင်းခြင်းမရှိဟု ပြောကြားလိုက်ရာ သိပ္ပံပညာရှင်တို့အကြား ကွဲလွဲမှုများ စတင်ပေါ်ပေါက်
စကော့တလန်မှ သိပ္ပံပညာရှင်တို့က ကိုရိုနာဗိုင်းရပ်စ်သည် ဗီဇပြောင်းခြင်းမရှိဟု ပြောကြားလိုက်ရာ သိပ္ပံပညာရှင်တို့အကြား ကွဲလွဲမှုများ စတင်ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
7 May 2020 10:35 am တွင် တင်ခဲ့သည်
731 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စကော့တလန်ရှိ University of Glasgow မှ သိပ္ပံပညာရှင်တို့က ကိုရိုနာဗိုင်းရပ်စ်သည် ဗီဇပြောင်းခြင်းမရှိဟု ပြောကြားလိုက်ရာ သိပ္ပံပညာရှင်တို့အကြား ကွဲလွဲမှုများ စတင်ပေါ်ပေါက်လာပြီ ဖြစ်သည်။
ယခင်တွေ့ရှိချက်များတွင်မူ မျိုးဗီဇပေါင်း ၃၀ ခန့် ပြောင်းသွားပြီဟူသော တွေ့ရှိချက်၊ ပိုမိုကူးစက်လွယ်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးတစ်ခုကို တွေ့ခဲ့ပြီး လက်ရှိထုတ်လုပ်ရန် ကြိုးစားနေသော ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်မည်မဟုတ်ဟုဆိုသည့် တွေ့ရှိချုက်များ ရှိခဲ့သည်။
University of Sheffield နှင့် နယူးမက္ကဆီကိုပြည်နယ်ရှိ Los Alamos အမျိုးသားဓာတ်ခွဲခန်းမှ သုတေသနပညာရှင်တို့က ဥရောပတွင် ပျံ့ပွားနေသော covid-19 ရောဂါပိုးသည် မျိုးဗီဇသစ်ဖြစ်ပြီး တရုတ်ပြည်တွင် တွေ့ရသည့်မျိုးထက် ပိုမိုကူးစက်လွယ်ကြောင်း ပြောကြားသည်ဟု ယမန်နေ့ကပင် သတင်းများ ထွက်ပေါ်ခဲ့သည်။
အစိုးရကျောထောက်နောက်ခံပြု လေ့လာချက်တစ်ခုတွင်လည်း ဗြိတိန်တွင် မတ်လကတည်းက ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲပေါင်း တစ်ဒါဇင်ခန့် ပျံ့နှံ့နေပြီးဖြစ်သည်ဟူသော လေ့လာချက်လည်း ရှိနေသည်။
University of Glasgow မှ သိပ္ပံပညာရှင်တို့က ပြောကြားရာတွင် ယင်းသို့သော ပြောကြားချက်များမှာ အခြေအမြစ်မရှိကြောင်း၊ လက်ရှိ ပျံ့နှံ့နေသော ဗိုင်းရပ်စ်များတွင် မည်သည့်ဗိုင်းရပ်စ်က မည်သည့်ဗိုင်းရပ်စ်ထက် အားပြင်းသည် အားပျော့သည်ဟု မရှိကြောင်း ပြောကြားသည်။
Glasgow မှ သိပ္ပံပညာရှင်တို့က ဗီဇပြောင်းလဲမှုများ ထောင်နှင့်ချီ၍ တွေ့ရကြောင်း ဝန်ခံခဲ့ပြီး သို့သော် ထိုသို့ပြောင်းလဲမှုမှာ အလွန်သေးငယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းသာဖြစ်ပြီး ထိုပမာဏပြောင်းလဲခြင်းမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိသည့်အတိုင်းသာ ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပြောင်းလဲမှုမျိုးမျှဖြင့် SARS-CoV-2 ဗိုင်းရပ်စ်၏ ပြုမူပုံအပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှု မရှိစေကြောင်း၊ သို့အတွက် လက်ရှိပျံ့ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်မှာ တစ်မျိုးတည်းသာဖြစ်သည်ဟု ကောက်ချက်ချရမည်သာဖြစ်ကြောင်း University of Glasgow မှ သိပ္ပံပညာရှင်တို့က ပြောကြားသည်။
Covid-19 အပါအဝင် ဗိုင်းရပ်စ်အားလုံးသည် လူသားတို့ကို ကူးစက်ပျံ့ပွားနေစဉ်ကာလအတွင်း ဗီဇပြောင်းလေ့ရှိသော်လည်း ပုံမှန်အားဖြင့် သတိထားရမည့် အကြောင်းရပ်မဟုတ်ကြောင်း၊ အဆိုပါ ပြောင်းလဲမှုအများစုသည် သေးငယ်လှပြီး ဗိုင်းရပ်စ်၏ ဇီဝဗေဒအပေါ် အကျိုးသက်ရောက်မှုရှိစေမည် မဟုတ်ကြောင်းနှင့် ရောဂါ၏ပြင်းထန်အားကို ပြောင်းလဲစေမည်မဟုတ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
ရာသီတုပ်ကွေးကဲ့သို့ အချို့သော ဗိုင်းရပ်စ်မျိုးများသည် အလွန်လျင်မြန်စွာ ဗီဇပြောင်းလေ့ရှိရာ အဆိုပါမျိုးကွဲများစွာကို လူသားတို့ ခုခံကာကွယ်နိုင်ရန်အတွက် ကွဲပြားခြားနားသော ကာကွယ်ဆေးများ နှစ်စဉ်ထုတ်လုပ်နေရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Experts clash over whether the killer coronavirus has mutated as scientists say claims are 'unfounded' - despite separate study finding the strain in the UK has evolved to be more infectious (daily mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service