ပိုမိုကူးစက်လွယ်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးတစ်ခုကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ၊ အမေရိကနှင့် ဥရောပအချို့နေရာတို့တွင် ပျံ့ပွားနေသောမျိုးများဖြစ်ပြီး လက်ရှိထုတ်လုပ်နေသော ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်မည်မဟုတ်ဟုဆို

ပိုမိုကူးစက်လွယ်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးတစ်ခုကို သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ၊ အမေရိကနှင့် ဥရောပအချို့နေရာတို့တွင် ပျံ့ပွားနေသောမျိုးများဖြစ်ပြီး လက်ရှိထုတ်လုပ်နေသော ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်မည်မဟုတ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 May 2020 12:06 pm တွင် တင်ခဲ့သည်
1946 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သိပ္ပံပညာရှင်တို့သည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အဆိုပါမျိုးဗီဇအပေါ် အရေးတကြီး အာရုံစိုက်ရန် လိုအပ်လာသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ်မျိုးသည် ပိုမိုကူးစက်လွယ်ပြီး ကမ္ဘာ့နေရာအချို့တွင် ပျံ့ပွားနေပြီ ဖြစ်ကာ အမေရိကန်ပြည်ထောင်စု၏ အချို့နေရာများတွင် ပျံ့နှံနေပြီဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု ၊ နယူးမက္ကဆီကိုပြည်နယ်ရှိ Los Alamos အမျိုးသားဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ်၏ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်နှင့် ဗီဇပြောင်းလဲမှုများကို လေ့လာခဲ့ကြခြင်းဖြစ်သည်။

Los Alamos မှ သိပ္ပံပညာရှင်တို့က ပြောကြားရာတွင် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးသည် ဥရောပတွင် ဖေဖော်ဝါရီလအစောပိုင်းကတည်းက စတင်ပျံ့ပွားနေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသွားကာ အမေရိကန်တွင်မူ အများဆုံးပျံ့နှံ့နေသည့်မျိုးဖြစ်ကာ အမေရိက၏ အရှေ့ဘက်ကမ်းရိုးတန်းသို့ မတ်လတွင် ရောက်ရှိခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာပေါ်၌ အများဆုံးပြန့်ပွားနေသည့်မျိုးလည်းဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။

အဆိုပါ တွေ့ရှိချက်အစီရင်ခံစာကို သိပ္ပံသုတေသနစာတမ်းများ လက်ခံလွှင့်တင်ပေးရာ ဝက်ဘ်ဆိုက်ဖြစ်သော BioRxiv တွင် လွှင့်တင်ခဲ့ပြီး အခြားသိပ္ပံပညာရှင်တို့၏ သုံးသပ်ချက်များကား မရယူရသေးချေ။

အမေရိကန်ပြည်ထောင်စုတွင် လက်ရှိထုတ်လုပ်နေသော ကာကွယ်ဆေးများသည် အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်များအပေါ် အလုပ်ဖြစ်မည် မဟုတ်ကြောင်း သုတေသနပညာရှင်တို့က သတိပေးလိုက်ပြီး ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များတွင် ၎င်းတို့၏ တွေ့ရှိချက်ကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။

ယေဘုယျပြောရလျှင် ကိုရိုနာဗိုင်းရပ်စ်သည် မြင့်မားသည့်နှုန်း (သို့မဟုတ်) အမြန်နှုန်းဖြင့် ဗီဇပြောင်းသည့်ဗိုင်းရပ်စ်မဟုတ်သော်လည်း လုံးဝ ဗီဇမပြောင်းလဲသည်ကား မဟုတ်ချေ။ သို့သော် အကန့်အသတ်ရှိသည့် ဗီဇပြောင်းပမာဏသည်ပင်လျှင် ကပ်ဘေးကြီးဆိုက်စေ နိုင်သည်။

၎င်းတို့၏ သုတေသနလုပ်ဆောင်မှုတွင် ကမ္ဘာ့အကြီးမားဆုံး database ဖြစ်သော GISAID (Global Initiative for Sharing All Influenza Data) သို့ နေ့စဉ်တင်သွင်းကြသည့် ဗိုင်းရပ်စ်မျိုးဗီဇဆိုင်ရာ အချက်အလက်များကို download ရယူပြီး ဗိုင်းရပ်စ်မည်သို့ ပြောင်းလဲနေသည်ကို သုံးသပ်ခဲ့ကြခြင်းလည်း ပါဝင်သည်။

ဗိုင်းရပ်စ်၏ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ကို လေ့လာရာတွင် ၎င်းတို့အဖွဲ့က ဗီဇပြောင်းမျိုးစိတ်ပေါင်း ၁၄ ခု ရှာဖွေတွေ့ရှိခဲ့ကြသည်။

အချို့မျိုးဗီဇများမှာ အသိုက်အဝန်းတစ်ခုတည်းတွင်သာ ရှိနေကြပြီး အချို့မျိုးများမှာမူ ကြီးမားစွာတွေ့ရသည်။

ယခုတွေ့ရှိချက်စာတမ်းကို Los Alamos နှင့်အတူ ဗြိတိန်ရှိ Duke University နှင့် Sheffield University တို့ ပူးပေါင်းရေးသားခဲ့ကြခြင်း ဖြစ်သည်။

ဗီဇပြောင်းခြင်းများကို ဗိုင်းရပ်စ်၏ အရေးအပါဆုံးဖြစ်သော စူးချွန်ပရိုတိန်းများတွင် တွေ့ရပြီး ဗိုင်းရပ်စ်မျက်နှာပြင်တွင် တည်ရှိကာ လူ့ဆဲလ်များအတွင်း ထိုးဖောက်ဝင်ရောက်သည့်အရာ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mutant strain of coronavirus that makes it more infectious has 'dominated' the US and Europe - and vaccines in development may NOT work against it, study suggests (Daily Mail)

[Zawgyi]

ပိုမိုကူးစက္လြယ္ေသာ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးတစ္ခုကို သိပၸံပညာရွင္တို႔ ရွာေဖြေတြ႕ရွိ၊ အေမရိကႏွင့္ ဥေရာပအခ်ိဳ႕ေနရာတို႔တြင္ ပ်ံ႕ပြားေနေသာမ်ိဳးမ်ားျဖစ္ၿပီး လက္ရွိထုတ္လုပ္ေနေသာ ကာကြယ္ေဆးမ်ားျဖင့္ ကာကြယ္ႏိုင္မည္မဟုတ္ဟုဆို

သိပၸံပညာရွင္တို႔သည္ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ၾကၿပီး အဆိုပါမ်ိဳးဗီဇအေပၚ အေရးတႀကီး အာ႐ုံစိုက္ရန္ လိုအပ္လာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အဆိုပါဗီဇေျပာင္း ဗိုင္းရပ္စ္မ်ိဳးသည္ ပိုမိုကူးစက္လြယ္ၿပီး ကမာၻ႔ေနရာအခ်ိဳ႕တြင္ ပ်ံ႕ပြားေနၿပီ ျဖစ္ကာ အေမရိကန္ျပည္ေထာင္စု၏ အခ်ိဳ႕ေနရာမ်ားတြင္ ပ်ံ႕ႏွံေနၿပီဟု ဆိုသည္။

အေမရိကန္ျပည္ေထာင္စု ၊ နယူးမကၠဆီကိုျပည္နယ္ရွိ Los Alamos အမ်ိဳးသားဓာတ္ခြဲခန္းမွ သိပၸံပညာရွင္တို႔သည္ ကို႐ိုနာဗိုင္းရပ္စ္၏ တိုးတက္ေျပာင္းလဲမႈျဖစ္စဥ္ႏွင့္ ဗီဇေျပာင္းလဲမႈမ်ားကို ေလ့လာခဲ့ၾကျခင္းျဖစ္သည္။

Los Alamos မွ သိပၸံပညာရွင္တို႔က ေျပာၾကားရာတြင္ ဗီဇေျပာင္း ဗိုင္းရပ္စ္မ်ိဳးသည္ ဥေရာပတြင္ ေဖေဖာ္ဝါရီလအေစာပိုင္းကတည္းက စတင္ပ်ံ႕ပြားေနခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စုသို႔ ေရာက္ရွိသြားကာ အေမရိကန္တြင္မူ အမ်ားဆုံးပ်ံ႕ႏွံ႔ေနသည့္မ်ိဳးျဖစ္ကာ အေမရိက၏ အေရွ႕ဘက္ကမ္း႐ိုးတန္းသို႔ မတ္လတြင္ ေရာက္ရွိခဲ့ေၾကာင္း၊ လက္ရွိတြင္ ကမာၻေပၚ၌ အမ်ားဆုံးျပန႔္ပြားေနသည့္မ်ိဳးလည္းျဖစ္ေၾကာင္း သိပၸံပညာရွင္တို႔က ေျပာၾကားသည္။

အဆိုပါ ေတြ႕ရွိခ်က္အစီရင္ခံစာကို သိပၸံသုေတသနစာတမ္းမ်ား လက္ခံလႊင့္တင္ေပးရာ ဝက္ဘ္ဆိုက္ျဖစ္ေသာ BioRxiv တြင္ လႊင့္တင္ခဲ့ၿပီး အျခားသိပၸံပညာရွင္တို႔၏ သုံးသပ္ခ်က္မ်ားကား မရယူရေသးေခ်။

အေမရိကန္ျပည္ေထာင္စုတြင္ လက္ရွိထုတ္လုပ္ေနေသာ ကာကြယ္ေဆးမ်ားသည္ အဆိုပါဗီဇေျပာင္းဗိုင္းရပ္စ္မ်ားအေပၚ အလုပ္ျဖစ္မည္ မဟုတ္ေၾကာင္း သုေတသနပညာရွင္တို႔က သတိေပးလိုက္ၿပီး ဆက္လက္အေကာင္အထည္ေဖာ္မည့္ လုပ္ငန္းစဥ္မ်ားတြင္ ၎တို႔၏ ေတြ႕ရွိခ်က္ကို ထည့္သြင္းစဥ္းစားရန္ တိုက္တြန္းခဲ့သည္။

ေယဘုယ်ေျပာရလွ်င္ ကို႐ိုနာဗိုင္းရပ္စ္သည္ ျမင့္မားသည့္ႏႈန္း (သို႔မဟုတ္) အျမန္ႏႈန္းျဖင့္ ဗီဇေျပာင္းသည့္ဗိုင္းရပ္စ္မဟုတ္ေသာ္လည္း လုံးဝ ဗီဇမေျပာင္းလဲသည္ကား မဟုတ္ေခ်။ သို႔ေသာ္ အကန႔္အသတ္ရွိသည့္ ဗီဇေျပာင္းပမာဏသည္ပင္လွ်င္ ကပ္ေဘးႀကီးဆိုက္ေစ ႏိုင္သည္။

၎တို႔၏ သုေတသနလုပ္ေဆာင္မႈတြင္ ကမာၻ႔အႀကီးမားဆုံး database ျဖစ္ေသာ GISAID (Global Initiative for Sharing All Influenza Data) သို႔ ေန႔စဥ္တင္သြင္းၾကသည့္ ဗိုင္းရပ္စ္မ်ိဳးဗီဇဆိုင္ရာ အခ်က္အလက္မ်ားကို download ရယူၿပီး ဗိုင္းရပ္စ္မည္သို႔ ေျပာင္းလဲေနသည္ကို သုံးသပ္ခဲ့ၾကျခင္းလည္း ပါဝင္သည္။

ဗိုင္းရပ္စ္၏ တိုးတက္ေျပာင္းလဲမႈျဖစ္စဥ္ကို ေလ့လာရာတြင္ ၎တို႔အဖြဲ႕က ဗီဇေျပာင္းမ်ိဳးစိတ္ေပါင္း ၁၄ ခု ရွာေဖြေတြ႕ရွိခဲ့ၾကသည္။

အခ်ိဳ႕မ်ိဳးဗီဇမ်ားမွာ အသိုက္အဝန္းတစ္ခုတည္းတြင္သာ ရွိေနၾကၿပီး အခ်ိဳ႕မ်ိဳးမ်ားမွာမူ ႀကီးမားစြာေတြ႕ရသည္။

ယခုေတြ႕ရွိခ်က္စာတမ္းကို Los Alamos ႏွင့္အတူ ၿဗိတိန္ရွိ Duke University ႏွင့္ Sheffield University တို႔ ပူးေပါင္းေရးသားခဲ့ၾကျခင္း ျဖစ္သည္။

ဗီဇေျပာင္းျခင္းမ်ားကို ဗိုင္းရပ္စ္၏ အေရးအပါဆုံးျဖစ္ေသာ စူးခြၽန္ပ႐ိုတိန္းမ်ားတြင္ ေတြ႕ရၿပီး ဗိုင္းရပ္စ္မ်က္ႏွာျပင္တြင္ တည္ရွိကာ လူ႔ဆဲလ္မ်ားအတြင္း ထိုးေဖာက္ဝင္ေရာက္သည့္အရာ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mutant strain of coronavirus that makes it more infectious has 'dominated' the US and Europe - and vaccines in development may NOT work against it, study suggests (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service