အမေရိကန်၏ လွန်ခဲ့သော ၁၇၃ နှစ်က ကျေးဇူးကြွေးကို အိုင်ယာလန် ပြန်ဆပ်သောအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ဆိုးရွားစွာ ထိုးနှက်ခြင်းခံနေရသည့် အမေရိကန်ဌာနေတိုင်းရင်းသားတို့ထံ အလှူငွေများ ပေးပို့

အမေရိကန်၏ လွန်ခဲ့သော ၁၇၃ နှစ်က ကျေးဇူးကြွေးကို အိုင်ယာလန် ပြန်ဆပ်သောအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ဆိုးရွားစွာ ထိုးနှက်ခြင်းခံနေရသည့် အမေရိကန်ဌာနေတိုင်းရင်းသားတို့ထံ အလှူငွေများ ပေးပို့ - Property News in Myanmar from iMyanmarHouse.com
6 May 2020 11:35 am တွင် တင်ခဲ့သည်
1215 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိုင်ယာလန်မှ အလှူရှင်တို့သည် လွန်ခဲ့သောနှစ်ပေါင်း ၁၇၃ နှစ်က Great Famine ဟုခေါ်သော ငတ်မွတ်ခြင်း ဒုဗ္ဘိက္ခန္တရကပ်ဘေးကြီး ဆိုက်ရောက်ရာတွင် တင်ခဲ့ဖူးသော ကျေးဇူးအကြွေးကို ပြန်ဆပ်သောအားဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ဆိုးရွားစွာထိုးနှက်ခြင်းခံနေရသည့် အမေရိကန်ဌာနေတိုင်းရင်းသားတို့ထံ အလှူငွေများ ပေးပို့လျက်ရှိကြသည်။

အိုင်ယာလန်တွင် ၁၈၄၅ ခုနှစ်မှ ၁၈၄၉ ခုနှစ်အကြား အာလူးစိုက်ခင်းများ နှစ်စဉ်ဆက်တိုက်ပိုးကျကာ သီးနှံပျက်ခြင်းကြောင့် အငတ်ဘေးကြီးဆိုက်ခဲ့မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယူတား၊ အရီဇိုးနားနှင့် နယူးမက္ကဆီကိုပြည်နယ်တလွှားဖြန့်ကျက်တည်ရှိသော Navajo Nation ဟုခေါ်သော ဇုန်ဒေသတွင် ဌာနေတိုင်းရင်းသား ၇၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ကွယ်လွန်ခဲ့ကြသည်။

Navajo နှင့် အရီဇိုးနားမြောက်ပိုင်း Hopi တိုင်းရင်းသား မိသားစုများသည် GoFundMe အမည်ဖြင့် ကန်ပိန်းတစ်ခုလှုပ်ရှားကာ အစားအသောက်၊ ရေ၊ မရှိမဖြစ်လိုအပ်သော ပစ္စည်းများနှင့် PPE ဝတ်စုံများ ရနိုင်ရေးအတွက် ရန်ပုံငွေ ရှာဖွေလျက်ရှိပြီး ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် ရရှိထားပြီး ဖြစ်သည်။

အိုင်ယာလန်နိုင်ငံမှ လှူဒါန်းမှုများစွာ ရောက်ရှိလာရာတွင် မဟာဒုဗ္ဘိက္ကန္တရ ကပ်ဘေး (Great Famine ) ကာလအတွင်း အမေရိကန်ပြည်ထောင်စု ၊ အိုကလာဟိုးမားပြည်နယ် အရှေ့တောင်ပိုင်းမှ အမေရိကန်ဌာနေတိုင်းရင်းသားမျိုးနွှယ်စုဖြစ်သော Choctaw Nation တို့၏ လှူဒါန်းမှုကို အခြေခံကာ ပြန်လည်ထောက်ပံ့ခြင်း ဖြစ်သည်။

အမေရိကန်ဌာနေတိုင်းရင်းသားတို့သည် ၁၈၄၇ ခုနှစ်က အိုင်ယာလန်ပြည်သူများကို ကန်ဒေါ်လာ ၁၇၀ လှူဒါန်းခဲ့ရာ ယနေ့ကာလတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၀၀၀ နှင့် ညီမျှသည်။

Chotaw မျိုးနွှယ်စုတို့လည်း ပါဝင်သော အမေရိကန်ဌာနေတိုင်းရင်းသား ၆၀၀၀၀ ခန့်သည် Trail of Tears ဟုခေါ်သော ၁၈၃၁ ခုနှစ်မှ ၁၈၇၇ ခုနှစ်အကြား ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့သည့်နေရာများမှ အတင်းအကြပ်ရွှေ့ပြောင်းခံရခြင်း၊ ထိုသို့သောကာလအတွင်း ထောင်ပေါင်းများစွာမှာ ငတ်မွတ်ခြင်း၊ ရောဂါဘယတို့ကြောင့် သေဆုံးခဲ့ကြရသည်။

အိုင်ယာလန်အလှူရှင်တစ်ဦးဖြစ်သူ Pat Hayes က ပေးပို့ခဲ့သည့် သတင်းစကားတွင် “နှစ်ပေါင်း ၁၇၀ ကြာမြင့်ပြီးတဲ့နောက် အိုင်ယာလန်က ကျေးဇူးဆပ်မှု ပြန်ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ အမေရိကန်ဌာနေတိုင်းရင်းသား ညီအစ်ကိုတွေ၊ ညီမတွေရဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကာလအတွက်..” ဟု ဖော်ပြထားသည်။

ရန်ပုံငွေ လှုပ်ရှားသူများမှ တစ်ဦးဖြစ်သူ Vanessa Tulley က ရေးသားခဲ့ရာတွင် “အလေးအမြတ်ထားအပ်တဲ့ Navajo သက်ကြီးရွယ်အိုတွေ၊ လူငယ်တွေ အလွန်များပြားစွာ covid-19 ကြောင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါက တကယ်ကို ယူကျုံးမရ ဝမ်းနည်းရစေပါတယ်။ နိုင်ငံ့သမိုင်းမှာ မှောင်မိုက်တဲ့ကာလတစ်ခု ဖြစ်ပါတယ်” ဟု ရေးသားထားသည်။

ယခုအခြေအနေမျိုးတွင် ကမ္ဘာတစ်ဝန်းမှ ရရှိခဲ့သော ချစ်ခြင်းမေတ္တာနှင့် အကူအညီများအတွက် ကျေးဇူးအလွန်တင်ကြောင်း၊ တိုင်းရင်းသား ဘိုးဘေးတို့၏ အကြင်နာတရားဖြင့် လုပ်ဆောင်ခဲ့မှုတို့က နှစ်ပေါင်း ၂၀၀ နီးပါးအကြာတွင် အကျိုးပြန်လည်ရိုက်ခတ် လာခြင်းဖြစ်ကြောင်း Vanessa Tulley က ရေးသားခဲ့သည်။

“စည်းလုံးမှုကို ပြသခြင်းနဲ့ ကျွန်တော်တို့အတွက်ရှိနေပေးခြင်းအတွက် ကျေးဇူးတင်ပါတယ် အိုင်ယာလန်” ဟု Vanessa Tulley က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: Irish honour 173-year-old Great Famine debt to native American tribe ( Independent)

[Zawgyi]

အေမရိကန္၏ လြန္ခဲ့ေသာ ၁၇၃ ႏွစ္က ေက်းဇူးေႂကြးကို အိုင္ယာလန္ ျပန္ဆပ္ေသာအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္၏ ဆိုး႐ြားစြာ ထိုးႏွက္ျခင္းခံေနရသည့္ အေမရိကန္ဌာေနတိုင္းရင္းသားတို႔ထံ အလႉေငြမ်ား ေပးပို႔

အိုင္ယာလန္မွ အလႉရွင္တို႔သည္ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၇၃ ႏွစ္က Great Famine ဟုေခၚေသာ ငတ္မြတ္ျခင္း ဒုဗၻိကၡႏၲရကပ္ေဘးႀကီး ဆိုက္ေရာက္ရာတြင္ တင္ခဲ့ဖူးေသာ ေက်းဇူးအေႂကြးကို ျပန္ဆပ္ေသာအားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္၏ ဆိုး႐ြားစြာထိုးႏွက္ျခင္းခံေနရသည့္ အေမရိကန္ဌာေနတိုင္းရင္းသားတို႔ထံ အလႉေငြမ်ား ေပးပို႔လ်က္ရွိၾကသည္။

အိုင္ယာလန္တြင္ ၁၈၄၅ ခုႏွစ္မွ ၁၈၄၉ ခုႏွစ္အၾကား အာလူးစိုက္ခင္းမ်ား ႏွစ္စဥ္ဆက္တိုက္ပိုးက်ကာ သီးႏွံပ်က္ျခင္းေၾကာင့္ အငတ္ေဘးႀကီးဆိုက္ခဲ့မႈ ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။

ယူတား၊ အရီဇိုးနားႏွင့္ နယူးမကၠဆီကိုျပည္နယ္တလႊားျဖန႔္က်က္တည္ရွိေသာ Navajo Nation ဟုေခၚေသာ ဇုန္ေဒသတြင္ ဌာေနတိုင္းရင္းသား ၇၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ျဖင့္ ကြယ္လြန္ခဲ့ၾကသည္။

Navajo ႏွင့္ အရီဇိုးနားေျမာက္ပိုင္း Hopi တိုင္းရင္းသား မိသားစုမ်ားသည္ GoFundMe အမည္ျဖင့္ ကန္ပိန္းတစ္ခုလႈပ္ရွားကာ အစားအေသာက္၊ ေရ၊ မရွိမျဖစ္လိုအပ္ေသာ ပစၥည္းမ်ားႏွင့္ PPE ဝတ္စုံမ်ား ရႏိုင္ေရးအတြက္ ရန္ပုံေငြ ရွာေဖြလ်က္ရွိၿပီး ကန္ေဒၚလာ ၁ ဒသမ ၆ သန္းေက်ာ္ ရရွိထားၿပီး ျဖစ္သည္။

အိုင္ယာလန္ႏိုင္ငံမွ လႉဒါန္းမႈမ်ားစြာ ေရာက္ရွိလာရာတြင္ မဟာဒုဗၻိကၠႏၲရ ကပ္ေဘး (Great Famine ) ကာလအတြင္း အေမရိကန္ျပည္ေထာင္စု ၊ အိုကလာဟိုးမားျပည္နယ္ အေရွ႕ေတာင္ပိုင္းမွ အေမရိကန္ဌာေနတိုင္းရင္းသားမ်ိဳးႏႊယ္စုျဖစ္ေသာ Choctaw Nation တို႔၏ လႉဒါန္းမႈကို အေျခခံကာ ျပန္လည္ေထာက္ပံ့ျခင္း ျဖစ္သည္။

အေမရိကန္ဌာေနတိုင္းရင္းသားတို႔သည္ ၁၈၄၇ ခုႏွစ္က အိုင္ယာလန္ျပည္သူမ်ားကို ကန္ေဒၚလာ ၁၇၀ လႉဒါန္းခဲ့ရာ ယေန႔ကာလတန္ဖိုးအားျဖင့္ ကန္ေဒၚလာ ၅၀၀၀ ႏွင့္ ညီမွ်သည္။

Chotaw မ်ိဳးႏႊယ္စုတို႔လည္း ပါဝင္ေသာ အေမရိကန္ဌာေနတိုင္းရင္းသား ၆၀၀၀၀ ခန႔္သည္ Trail of Tears ဟုေခၚေသာ ၁၈၃၁ ခုႏွစ္မွ ၁၈၇၇ ခုႏွစ္အၾကား ဘိုးဘြားစဥ္ဆက္ ေနထိုင္ခဲ့သည့္ေနရာမ်ားမွ အတင္းအၾကပ္ေ႐ႊ႕ေျပာင္းခံရျခင္း၊ ထိုသို႔ေသာကာလအတြင္း ေထာင္ေပါင္းမ်ားစြာမွာ ငတ္မြတ္ျခင္း၊ ေရာဂါဘယတို႔ေၾကာင့္ ေသဆုံးခဲ့ၾကရသည္။

အိုင္ယာလန္အလႉရွင္တစ္ဦးျဖစ္သူ Pat Hayes က ေပးပို႔ခဲ့သည့္ သတင္းစကားတြင္ “ႏွစ္ေပါင္း ၁၇၀ ၾကာျမင့္ၿပီးတဲ့ေနာက္ အိုင္ယာလန္က ေက်းဇူးဆပ္မႈ ျပန္ေရာက္လာပါၿပီ။ ကြၽန္ေတာ္တို႔ရဲ႕ အေမရိကန္ဌာေနတိုင္းရင္းသား ညီအစ္ကိုေတြ၊ ညီမေတြရဲ႕ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတဲ့ ကာလအတြက္..” ဟု ေဖာ္ျပထားသည္။

ရန္ပုံေငြ လႈပ္ရွားသူမ်ားမွ တစ္ဦးျဖစ္သူ Vanessa Tulley က ေရးသားခဲ့ရာတြင္ “အေလးအျမတ္ထားအပ္တဲ့ Navajo သက္ႀကီး႐ြယ္အိုေတြ၊ လူငယ္ေတြ အလြန္မ်ားျပားစြာ covid-19 ေၾကာင့္ ဆုံးရႈံးခဲ့ရပါတယ္။ ဒါက တကယ္ကို ယူက်ဳံးမရ ဝမ္းနည္းရေစပါတယ္။ ႏိုင္ငံ့သမိုင္းမွာ ေမွာင္မိုက္တဲ့ကာလတစ္ခု ျဖစ္ပါတယ္” ဟု ေရးသားထားသည္။

ယခုအေျခအေနမ်ိဳးတြင္ ကမာၻတစ္ဝန္းမွ ရရွိခဲ့ေသာ ခ်စ္ျခင္းေမတၱာႏွင့္ အကူအညီမ်ားအတြက္ ေက်းဇူးအလြန္တင္ေၾကာင္း၊ တိုင္းရင္းသား ဘိုးေဘးတို႔၏ အၾကင္နာတရားျဖင့္ လုပ္ေဆာင္ခဲ့မႈတို႔က ႏွစ္ေပါင္း ၂၀၀ နီးပါးအၾကာတြင္ အက်ိဳးျပန္လည္႐ိုက္ခတ္ လာျခင္းျဖစ္ေၾကာင္း Vanessa Tulley က ေရးသားခဲ့သည္။

“စည္းလုံးမႈကို ျပသျခင္းနဲ႔ ကြၽန္ေတာ္တို႔အတြက္ရွိေနေပးျခင္းအတြက္ ေက်းဇူးတင္ပါတယ္ အိုင္ယာလန္” ဟု Vanessa Tulley က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: Irish honour 173-year-old Great Famine debt to native American tribe ( Independent)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service