COVID-19 ဖြစ်ပွားမှုအကြား ရုရှားဆရာဝန် ၃ ဦး ဆေးရုံပြတင်းများမှ ပြုတ်ကျပြီး သံသယများ ဖြစ်ပေါ်

COVID-19 ဖြစ်ပွားမှုအကြား ရုရှားဆရာဝန် ၃ ဦး ဆေးရုံပြတင်းများမှ ပြုတ်ကျပြီး သံသယများ ဖြစ်ပေါ် - Property News in Myanmar from iMyanmarHouse.com
5 May 2020 1:04 pm တွင် တင်ခဲ့သည်
1208 ကြိမ် ကြည့်ရှု့ပြီး

ရုရှားနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း COVID-19 ရှေ့တန်းတိုက်စစ်မှူးများဖြစ်သော ကျန်းမာရေးဝန်ထမ်းသုံးဦးသည် ဆေးရုံပြတင်းပေါက်များမှ ထူးဆန်းစွာ ပြုတ်ကျခဲ့ကြပြီးနောက် ထိုကပ်ဘေး၌ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အလုပ်လုပ်ကိုင်ရသည့်အခြေအနေများအပေါ် ပြည်သူလူထု၏စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။

ပြတင်းပေါက်များမှ ပြုတ်ကျခဲ့ကြသည့် ဆရာဝန်သုံးဦးအနက် နှစ်ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း သိရသည်။

ရုရှားဥပဒေရေးရာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည့် ထိုပြုတ်ကျမှုဖြစ်ရပ်သုံးခုစလုံးသည် ရုရှားမီဒီယာများနှင့် လူမှုကွန်ရက်များတွင် လူပြောများရေပန်းစားလာခဲ့သည်။

မြို့တော်မော်စကိုမှ တောင်ဘက် မိုင် ၃၂၀ ခန့်အကွာရှိ ဗိုရိုနက်မြို့ရှိ လူနာတင်ယာဉ်ဆရာဝန်တစ်ဦးဖြစ်သော အလက်ဇန်းဒါး ရှူလက်ပိုသည် ဧပြီ ၂ က ဆေးရုံတစ်ခုရှိ ပြတင်းပေါက်တစ်ခုမှ ပြုတ်ကျခဲ့ပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များကို ကိုးကား၍ ပြည်တွင်းအစိုးရရုပ်သံဌာနတစ်ခုက သူသည် သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကုသမှုခံယူနေသည့် သူအလုပ်လုပ်ကိုင်ခဲ့ရာ Novousmanskaya ဆေးရုံ၏ ဒုတိယထပ်ပြတင်းပေါက်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ရှူလက်ပိုနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အလက်ဇန်းဒါး ကော့စ်ယာကင်တို့က ရှူလက်ပိုသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပြီးဖြစ်သော်လည်း အတင်းအကျပ် အလုပ်ဆက်လက်လုပ်ခိုင်းခံထားရကြောင်း ပြောကြားထားသည့် ဗီဒီယိုတစ်ခုကို အွန်လိုင်းတွင် တင်ခဲ့သည့် ဧပြီ ၂၂ ၌ပင် ထိုဗိုင်းရပ်စ်ကူးစက်ခံထားရမှုအတွက် ဆေးရုံတင်ခံခဲ့ရသည်။

‌ကော့စ်ယာကင်သည် ဗိုင်းရပ်စ်အကာအကွယ်ပစ္စည်းပြတ်လပ်မှုများအတွက် ဆေးရုံအုပ်ချုပ်ရေးပိုင်းကို သူ၏ လူမွန်ကွန်ရက်တွင် ယခင်ကတည်းက ဝေဖန်လာခဲ့သူဖြစ်ကာ သတင်းမှားများ ဖြန့်သည်ဟု စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခံခဲ့ရသူဖြစ်သည်။

ကော့စ်ယာကင်က ဤအသေးစိတ်အကြောင်းအရာများအား စီအင်န်အင်န်သတင်းဌာနသို့ အင်တာဗျူးတစ်ခုတွင် အတည်ပြုခဲ့သည်။

“ရှူလက်ပိုဟာ အထူးကြပ်မတ်ကုသဆောင်ထဲမှာပါ။ ကျွန်တော်သိထားရသလောက်က သူ့ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်။ ကျွန်တော်သူ့ကို နောက်ဆုံးစကားပြောခဲ့ရတာက ဧပြီ ၃၀ တုန်းကပါ။ အဲ့တုန်းက သူ နေကောင်းနေခဲ့တယ်။ ဆေးရုံကတောင် ဆင်းရခါနီးနေခဲ့ပါပြီ။ အဲ့ဒါကို အခုတော့ ဘယ်လိုမှမထင်မှတ်ထားတာ ဖြစ်သွားတယ်။ ဘာကြောင့် ဒီလိုပြတင်းပေါက်က ပြုတ်ကျတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဖြေဖို့ အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီးပါပဲ။” ဟု ကော့စ်ယာကင်က ပြောကြားခဲ့သည်။

မှတ်ချက်ပြောကြားပေးရန် စီအင်န်အင်သတင်းဌာန၏ တောင်းဆိုချက်ကို ရဲတပ်ဖွဲ့မှ မတုံ့ပြန်ခဲ့‌ပေ။

Novousmanskaya ဆေးရုံကမူ ရှူလက်ပိုက သူ့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဆေးရုံအုပ်ချုပ်ရေးပိုင်းသို့ အကြောင်းကြားခဲ့သည်နှင့်ချက်ချင်းပင် သူ့အား တာဝန်မှရပ်နားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ‌ဆောင်တွင် ဆေးရုံတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှူလက်ပိုသည် ရုရှားတွင် ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်း ပြတင်းပေါက်မှပြုတ်ကျသည့် တတိယ‌မြောက် ကျန်းမာရေးဝန်ထမ်းဖြစ်သည်။

မေ ၁ တွင် ခရာစ်နိုယာ့စ်မြို့ရှိ ဆေးရုံတစ်ရုံ၏ ယာယီအကြီးအကဲဆရာဝန် အလန်နာ နီပွမ်ညာစ်ချာယာသည် အထူးကြပ်မတ်ကုဆောင်တစ်ခုတွင် သီတင်းပတ်တစ်ပတ်ကြာ ကုသမှုခံယူခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နီပွမ်ညာစ်ချာယာသည် ဒေသတွင်းကျန်းမာရေးတာဝန်ရှိသူများနှင့် အငြင်းပွားမှုများရှိခဲ့သည့် အစည်းအဝေးတစ်ခုအတွင်း ပြတင်းပေါက်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲချက်များထွက်ပေါ်နေကြောင်း ပြည်တွင်းရုပ်သံဌာန TVK Kranoyarsk က တင်ပြခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ဧပြီ ၂၄ တွင်လည်း ရုရှားအာကာသယာဉ်မှူးများအတွက် အဓိကလေ့ကျင့်ရေးအခြေစိုက်ဖြစ်သော Star City ခေါ် Zvyozdny gorodok မြို့တွင် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုခေါင်းဆောင် COVID-19 သံသယလူနာ နာတာယာ လီဘီဒီဗာသည် သူမကုသမှုခံယူနေခဲ့ရာ ဆေးရုံတစ်ခုရှိ ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Three Russian doctors fall from hospital windows, raising questions amid coronavirus pandemic(CNN)

COVID-19 ျဖစ္ပြားမႈအၾကား ႐ုရွားဆရာဝန္ ၃ ဦး ေဆး႐ုံျပတင္းမ်ားမွ ျပဳတ္က်ၿပီး သံသယမ်ား ျဖစ္ေပၚ

႐ုရွားႏိုင္ငံတြင္ ၿပီးခဲ့သည့္သီတင္းပတ္ႏွစ္ပတ္အတြင္း COVID-19 ေရွ႕တန္းတိုက္စစ္မႉးမ်ားျဖစ္ေသာ က်န္းမာေရးဝန္ထမ္းသုံးဦးသည္ ေဆး႐ုံျပတင္းေပါက္မ်ားမွ ထူးဆန္းစြာ ျပဳတ္က်ခဲ့ၾကၿပီးေနာက္ ထိုကပ္ေဘး၌ ဆရာဝန္မ်ားႏွင့္ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ပညာရွင္မ်ား အလုပ္လုပ္ကိုင္ရသည့္အေျခအေနမ်ားအေပၚ ျပည္သူလူထု၏စိတ္ဝင္စားမႈ ျမင့္တက္လာခဲ့သည္။

ျပတင္းေပါက္မ်ားမွ ျပဳတ္က်ခဲ့ၾကသည့္ ဆရာဝန္သုံးဦးအနက္ ႏွစ္ဦးမွာ ေသဆုံးခဲ့ၿပီး တစ္ဦးမွာ ေဆး႐ုံတင္ထားရဆဲျဖစ္ေၾကာင္း သိရသည္။

႐ုရွားဥပေဒေရးရာအာဏာပိုင္မ်ားက စုံစမ္းစစ္ေဆးေနသည့္ ထိုျပဳတ္က်မႈျဖစ္ရပ္သုံးခုစလုံးသည္ ႐ုရွားမီဒီယာမ်ားႏွင့္ လူမႈကြန္ရက္မ်ားတြင္ လူေျပာမ်ားေရပန္းစားလာခဲ့သည္။

ၿမိဳ႕ေတာ္ေမာ္စကိုမွ ေတာင္ဘက္ မိုင္ ၃၂၀ ခန႔္အကြာရွိ ဗို႐ိုနက္ၿမိဳ႕ရွိ လူနာတင္ယာဥ္ဆရာဝန္တစ္ဦးျဖစ္ေသာ အလက္ဇန္းဒါး ရႉလက္ပိုသည္ ဧၿပီ ၂ က ေဆး႐ုံတစ္ခုရွိ ျပတင္းေပါက္တစ္ခုမွ ျပဳတ္က်ခဲ့ၿပီးေနာက္ အသက္အႏၲရာယ္စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနသည္။ ေဒသဆိုင္ရာက်န္းမာေရးအာဏာပိုင္မ်ားကို ကိုးကား၍ ျပည္တြင္းအစိုးရ႐ုပ္သံဌာနတစ္ခုက သူသည္ သူ႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္ ကုသမႈခံယူေနသည့္ သူအလုပ္လုပ္ကိုင္ခဲ့ရာ Novousmanskaya ေဆး႐ုံ၏ ဒုတိယထပ္ျပတင္းေပါက္မွ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ရႉလက္ပိုႏွင့္ လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူ အလက္ဇန္းဒါး ေကာ့စ္ယာကင္တို႔က ရႉလက္ပိုသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိထားၿပီးျဖစ္ေသာ္လည္း အတင္းအက်ပ္ အလုပ္ဆက္လက္လုပ္ခိုင္းခံထားရေၾကာင္း ေျပာၾကားထားသည့္ ဗီဒီယိုတစ္ခုကို အြန္လိုင္းတြင္ တင္ခဲ့သည့္ ဧၿပီ ၂၂ ၌ပင္ ထိုဗိုင္းရပ္စ္ကူးစက္ခံထားရမႈအတြက္ ေဆး႐ုံတင္ခံခဲ့ရသည္။

‌ေကာ့စ္ယာကင္သည္ ဗိုင္းရပ္စ္အကာအကြယ္ပစၥည္းျပတ္လပ္မႈမ်ားအတြက္ ေဆး႐ုံအုပ္ခ်ဳပ္ေရးပိုင္းကို သူ၏ လူမြန္ကြန္ရက္တြင္ ယခင္ကတည္းက ေဝဖန္လာခဲ့သူျဖစ္ကာ သတင္းမွားမ်ား ျဖန႔္သည္ဟု စြပ္စြဲခ်က္ျဖင့္ ရဲတပ္ဖြဲ႕၏ စစ္ေဆးေမးျမန္းခံခဲ့ရသူျဖစ္သည္။

ေကာ့စ္ယာကင္က ဤအေသးစိတ္အေၾကာင္းအရာမ်ားအား စီအင္န္အင္န္သတင္းဌာနသို႔ အင္တာဗ်ဴးတစ္ခုတြင္ အတည္ျပဳခဲ့သည္။

“ရႉလက္ပိုဟာ အထူးၾကပ္မတ္ကုသေဆာင္ထဲမွာပါ။ ကြၽန္ေတာ္သိထားရသေလာက္က သူ႔ဒဏ္ရာအေျခအေနက စိုးရိမ္ရတယ္။ ကြၽန္ေတာ္သူ႔ကို ေနာက္ဆုံးစကားေျပာခဲ့ရတာက ဧၿပီ ၃၀ တုန္းကပါ။ အဲ့တုန္းက သူ ေနေကာင္းေနခဲ့တယ္။ ေဆး႐ုံကေတာင္ ဆင္းရခါနီးေနခဲ့ပါၿပီ။ အဲ့ဒါကို အခုေတာ့ ဘယ္လိုမွမထင္မွတ္ထားတာ ျဖစ္သြားတယ္။ ဘာေၾကာင့္ ဒီလိုျပတင္းေပါက္က ျပဳတ္က်တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ေျဖဖို႔ အေျဖမရွိတဲ့ ေမးခြန္းေတြ အမ်ားႀကီးပါပဲ။” ဟု ေကာ့စ္ယာကင္က ေျပာၾကားခဲ့သည္။

မွတ္ခ်က္ေျပာၾကားေပးရန္ စီအင္န္အင္သတင္းဌာန၏ ေတာင္းဆိုခ်က္ကို ရဲတပ္ဖြဲ႕မွ မတုံ႔ျပန္ခဲ့‌ေပ။

Novousmanskaya ေဆး႐ုံကမူ ရႉလက္ပိုက သူ႔တြင္ ဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ေဆး႐ုံအုပ္ခ်ဳပ္ေရးပိုင္းသို႔ အေၾကာင္းၾကားခဲ့သည္ႏွင့္ခ်က္ခ်င္းပင္ သူ႔အား တာဝန္မွရပ္နားခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါ‌ေဆာင္တြင္ ေဆး႐ုံတင္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ရႉလက္ပိုသည္ ႐ုရွားတြင္ ၿပီးခဲ့သည့္သီတင္းပတ္ႏွစ္ပတ္အတြင္း ျပတင္းေပါက္မွျပဳတ္က်သည့္ တတိယ‌ေျမာက္ က်န္းမာေရးဝန္ထမ္းျဖစ္သည္။

ေမ ၁ တြင္ ခရာစ္ႏိုယာ့စ္ၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံ၏ ယာယီအႀကီးအကဲဆရာဝန္ အလန္နာ နီပြမ္ညာစ္ခ်ာယာသည္ အထူးၾကပ္မတ္ကုေဆာင္တစ္ခုတြင္ သီတင္းပတ္တစ္ပတ္ၾကာ ကုသမႈခံယူခဲ့ၿပီးေနာက္ ေသဆုံးခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ခဲ့သည္။

နီပြမ္ညာစ္ခ်ာယာသည္ ေဒသတြင္းက်န္းမာေရးတာဝန္ရွိသူမ်ားႏွင့္ အျငင္းပြားမႈမ်ားရွိခဲ့သည့္ အစည္းအေဝးတစ္ခုအတြင္း ျပတင္းေပါက္မွ ျပဳတ္က်ခဲ့ျခင္းျဖစ္သည္ဟု စြပ္စြဲခ်က္မ်ားထြက္ေပၚေနေၾကာင္း ျပည္တြင္း႐ုပ္သံဌာန TVK Kranoyarsk က တင္ျပခဲ့သည္။ က်န္းမာေရးဝန္ႀကီးဌာနကမူ ထိုစြပ္စြဲခ်က္မ်ားကို ျငင္းဆိုခဲ့သည္။

ဧၿပီ ၂၄ တြင္လည္း ႐ုရွားအာကာသယာဥ္မႉးမ်ားအတြက္ အဓိကေလ့က်င့္ေရးအေျခစိုက္ျဖစ္ေသာ Star City ေခၚ Zvyozdny gorodok ၿမိဳ႕တြင္ အေရးေပၚေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈေခါင္းေဆာင္ COVID-19 သံသယလူနာ နာတာယာ လီဘီဒီဗာသည္ သူမကုသမႈခံယူေနခဲ့ရာ ေဆး႐ုံတစ္ခုရွိ ျပတင္းေပါက္မွ ျပဳတ္က်ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Three Russian doctors fall from hospital windows, raising questions amid coronavirus pandemic(CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service