COVID-19 Lockdown ကျဉ်းထဲကျပ်ထဲမှ လွတ်လာသည့် စပိန်

COVID-19 Lockdown ကျဉ်းထဲကျပ်ထဲမှ လွတ်လာသည့် စပိန် - Property News in Myanmar from iMyanmarHouse.com
4 May 2020 1:29 pm တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကမ္ဘာ့အတင်းကျပ်ဆုံး lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း သို့မဟုတ် အသွားအလာကန့်သတ်ခြင်း) ချမှတ်ခဲ့ရာနိုင်ငံတစ်နိုင်ငံဖြစ်သည့် စပိန်တွင် အစိုးရက ၎င်း lockdown စီမံချက်ကို ဖြေလျှော့ပေးခဲ့ပြီဖြစ်ရာ ရက် ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် စပိန်ပြည်သူများသည် လေဟာပြင်လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် နေအိမ်မှ ထွက်ခွာခွင့်ရရှိလာကြပြီဖြစ်သည်။

၄၇ သန်းနီးပါးသော စပိန်ပြည်သူများသည် ပြင်းထန်သော ကန့်သတ်ထိန်းချုပ်မှုစီမံချက်များအောက်တွင် မတ် ၁၄ ကတည်းက နေထိုင်ခဲ့ကြရသည်။ နေအိမ်ပြင်ပသို့ အရွယ်ရောက်ပြီးသူများကသာ အစားအစာ၊ ဆေးဝါး ဝယ်ရန်နှင့် ခွေးကျောင်းရန်အတွက်သက်သက် ထွက်ခွင့်ရှိခဲ့ကြကြောင်း သိရသည်။

ထို lockdown သည် မေ ၉ အထိ ကြာမည်ဖြစ်သော်လည်း ဝန်ကြီးချုပ် ပီဒရိုဆန်းချက်က ဇွန်လမကုန်မီ ပြီးစီးသင့်သည့် ဖြေလျှော့မှုအဆင့်လေးဆင့်ကို တဖြည်းဖြည်းစတင်ရန် အစီအစဉ်တစ်ခုကို ဧပြီ ၂၇ က ချပြခဲ့သည်။

ထိုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအရ အသက် ၁၄ နှစ်အောက်ကလေးများသည် နေအိမ်ပြင်ပသို့ လူကြီးအစောင့်အရှောက်ဖြင့် တစ်နာရီကြာ ထွက်ခွင့်ကို ပြီးခဲ့သည့်သတင်းပတ်က ရရှိခဲ့ကြကြောင်း သိရသည်။

စိပန်နိုင်ငံ မြို့တော်မက်ဒရစ်မှ သတင်းတင်ဆက်နေသည့် အယ်လ်ဂျာဇီးရားသတင်းထောက် မာတာဟာရာရိုက မြို့တော်နေပြည်သူများသည် စိတ်ဖိစီးမှု၊ မသေချာမရေရာမှုနှင့် စိုးရိမ်ကြောင့်ကြမှုကဲ့သို့သော ခံစားချက်များထုံလွှမ်းခဲ့သော ၄၈ ရက်တာကို ကြုံတွေ့ခဲ့ကြရကြောင်း ပြောကြားခဲ့သည်။

“အချို့က ဒီ lockdown ကာလအတွင်းမှာ အလုပ်ပြုတ်သွားကြတာမို့ အခုလိုအပြင်ထွက်ဖို့အခွင့်အရေးကို လိုလားသဘောကျတယ်လို့ ဆိုပါတယ်။ အချို့ကလည်း ရောဂါကူးစက်နိုင်မှုအန္တရာယ်က မြင့်မားသေးတာမို့ သူများတွေနဲ့ထိမိမှာကို နည်းနည်းကြောက်နေတယ်လို့ ဆိုပါတယ်။” ဟု ဟာရာရိုက ပြောကြားခဲ့သည်။

မြို့တော်မက်ဒရစ်ရှိ သာမန်ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် ၄၂ နှစ်ရှိ ဘဏ္ဍာရေးအကြံပေး မာကို့စ်အာဘေးတီအာက သူသသည် ပုံမှန်အားဖြင့် လုပ်နေကျမဟုတ်သော စနေနေ့နံနက်ခင်းတွင် အိပ်ရာမှ မနက် ၇ နာရီ၌ ထကာ အပြေးလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့သည်။

“အချိန်ကြာကြာကန့်သတ်ထိန်းချုပ်ခံခဲ့ရတော့ ကျွန်တော် အပြင်အရမ်းထွက်ချင်နေခဲ့တယ်။ ပြေးလွှားပြီး အပြင်လောကကြီးကို ကြည့်ချင်နေခဲ့တယ်။ မနေ့ကတော့ ကျွန်တော်ဟာ ခရစ္စမတ်အကြိုနေ့ကို ဆင်နွှဲနေတဲ့ ကလေးတစ်‌ယောက်လို ဖြစ်နေခဲ့ပါတယ်။” ဟု သူက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Spain emerges from lockdown as strict measures ease further (Aljazeera)

[Zawgyi]

COVID-19 Lockdown က်ဥ္းထဲက်ပ္ထဲမွ လြတ္လာသည့္ စပိန္

ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ ကမာၻ႔အတင္းက်ပ္ဆုံး lockdown (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာမွ ထြက္ခြာခြင့္မျပဳျခင္း သို႔မဟုတ္ အသြားအလာကန႔္သတ္ျခင္း) ခ်မွတ္ခဲ့ရာႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ စပိန္တြင္ အစိုးရက ၎ lockdown စီမံခ်က္ကို ေျဖေလွ်ာ့ေပးခဲ့ၿပီျဖစ္ရာ ရက္ ၅၀ နီးပါးအတြင္း ပထမဆုံးအႀကိမ္အျဖစ္ စပိန္ျပည္သူမ်ားသည္ ေလဟာျပင္ေလ့က်င့္ခန္းျပဳလုပ္ရန္အတြက္ ေနအိမ္မွ ထြက္ခြာခြင့္ရရွိလာၾကၿပီျဖစ္သည္။

၄၇ သန္းနီးပါးေသာ စပိန္ျပည္သူမ်ားသည္ ျပင္းထန္ေသာ ကန႔္သတ္ထိန္းခ်ဳပ္မႈစီမံခ်က္မ်ားေအာက္တြင္ မတ္ ၁၄ ကတည္းက ေနထိုင္ခဲ့ၾကရသည္။ ေနအိမ္ျပင္ပသို႔ အ႐ြယ္ေရာက္ၿပီးသူမ်ားကသာ အစားအစာ၊ ေဆးဝါး ဝယ္ရန္ႏွင့္ ေခြးေက်ာင္းရန္အတြက္သက္သက္ ထြက္ခြင့္ရွိခဲ့ၾကေၾကာင္း သိရသည္။

ထို lockdown သည္ ေမ ၉ အထိ ၾကာမည္ျဖစ္ေသာ္လည္း ဝန္ႀကီးခ်ဳပ္ ပီဒ႐ိုဆန္းခ်က္က ဇြန္လမကုန္မီ ၿပီးစီးသင့္သည့္ ေျဖေလွ်ာ့မႈအဆင့္ေလးဆင့္ကို တျဖည္းျဖည္းစတင္ရန္ အစီအစဥ္တစ္ခုကို ဧၿပီ ၂၇ က ခ်ျပခဲ့သည္။

ထိုအစီအစဥ္၏ တစ္စိတ္တစ္ပိုင္းအရ အသက္ ၁၄ ႏွစ္ေအာက္ကေလးမ်ားသည္ ေနအိမ္ျပင္ပသို႔ လူႀကီးအေစာင့္အေရွာက္ျဖင့္ တစ္နာရီၾကာ ထြက္ခြင့္ကို ၿပီးခဲ့သည့္သတင္းပတ္က ရရွိခဲ့ၾကေၾကာင္း သိရသည္။

စိပန္ႏိုင္ငံ ၿမိဳ႕ေတာ္မက္ဒရစ္မွ သတင္းတင္ဆက္ေနသည့္ အယ္လ္ဂ်ာဇီးရားသတင္းေထာက္ မာတာဟာရာ႐ိုက ၿမိဳ႕ေတာ္ေနျပည္သူမ်ားသည္ စိတ္ဖိစီးမႈ၊ မေသခ်ာမေရရာမႈႏွင့္ စိုးရိမ္ေၾကာင့္ၾကမႈကဲ့သို႔ေသာ ခံစားခ်က္မ်ားထုံလႊမ္းခဲ့ေသာ ၄၈ ရက္တာကို ႀကဳံေတြ႕ခဲ့ၾကရေၾကာင္း ေျပာၾကားခဲ့သည္။

“အခ်ိဳ႕က ဒီ lockdown ကာလအတြင္းမွာ အလုပ္ျပဳတ္သြားၾကတာမို႔ အခုလိုအျပင္ထြက္ဖို႔အခြင့္အေရးကို လိုလားသေဘာက်တယ္လို႔ ဆိုပါတယ္။ အခ်ိဳ႕ကလည္း ေရာဂါကူးစက္ႏိုင္မႈအႏၲရာယ္က ျမင့္မားေသးတာမို႔ သူမ်ားေတြနဲ႔ထိမိမွာကို နည္းနည္းေၾကာက္ေနတယ္လို႔ ဆိုပါတယ္။” ဟု ဟာရာ႐ိုက ေျပာၾကားခဲ့သည္။

ၿမိဳ႕ေတာ္မက္ဒရစ္ရွိ သာမန္ရပ္ကြက္တစ္ခုတြင္ ေနထိုင္သည့္ အသက္ ၄၂ ႏွစ္ရွိ ဘ႑ာေရးအႀကံေပး မာကို႔စ္အာေဘးတီအာက သူသသည္ ပုံမွန္အားျဖင့္ လုပ္ေနက်မဟုတ္ေသာ စေနေန႔နံနက္ခင္းတြင္ အိပ္ရာမွ မနက္ ၇ နာရီ၌ ထကာ အေျပးေလ့က်င့္ခန္းျပဳလုပ္ခဲ့ေၾကာင္း ေျပာျပခဲ့သည္။

“အခ်ိန္ၾကာၾကာကန႔္သတ္ထိန္းခ်ဳပ္ခံခဲ့ရေတာ့ ကြၽန္ေတာ္ အျပင္အရမ္းထြက္ခ်င္ေနခဲ့တယ္။ ေျပးလႊားၿပီး အျပင္ေလာကႀကီးကို ၾကည့္ခ်င္ေနခဲ့တယ္။ မေန႔ကေတာ့ ကြၽန္ေတာ္ဟာ ခရစၥမတ္အႀကိဳေန႔ကို ဆင္ႏႊဲေနတဲ့ ကေလးတစ္‌ေယာက္လို ျဖစ္ေနခဲ့ပါတယ္။” ဟု သူက ေအအက္ဖ္ပီသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Spain emerges from lockdown as strict measures ease further (Aljazeera)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service