ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိုင် တာဝန်ထမ်းဆောင်နေရသည့် ရုရှားဆရာဝန် ဆေးရုံပြတင်းပေါက်မှခုန်ချ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်တိုင် တာဝန်ထမ်းဆောင်နေရသည့် ရုရှားဆရာဝန် ဆေးရုံပြတင်းပေါက်မှခုန်ချ - Property News in Myanmar from iMyanmarHouse.com
4 May 2020 12:03 pm တွင် တင်ခဲ့သည်
8078 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်၏ သည်းမခံနိုင်ဖွယ်ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသော ရုရှားဆရာဝန်တစ်ဦး ဆေးရုံပြတင်းပေါက်မှ ခုန်ချမှု ဖြစ်ပွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော်လည်း ဆက်လက်တာဝန်ထမ်းဆောင်ရန် အမိန့်ပေးခံခဲ့ရကြောင်း ဗွီဒီယိုဖိုင်တစ်ခုတွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ခုန်ချသွားခြင်းဖြစ်သည်။

အသက် ၃၇ နှစ်သာ ရှိသေးပြီး အလက်ဇန္ဒား ရှူလီပေါ့ဗ် (Alexander Shulepov) ဟု အမည်ရသော ဆရာဝန်သည် ဦးခေါင်းဒဏ်ရာများဖြင့် အသက်လုနေရသည့် အခြေအနေတွင် ရှိနေသည်။

သူနှင့် အပေါင်းအဖော်ဆရာဝန်တို့က Voronezh မြို့တွင် PPE ဝတ်စုံများ ပြတ်လပ်နေပြီဖြစ်ကြောင်း သတိပေးခဲ့သေးသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် ဆေးရုံကုတင်ပေါ် လဲလျောင်းနေရင်း ဒေါက်တာ ရှူလီပေါ့ဗ်က မူလပြောကြားချက်ကို ပြန်လည်ရုပ်သိမ်းသည့် ဒုတိယမြောက် ဗွီဒီယိုဖိုင်တစ်ခု ထပ်မံရိုက်ကူးခဲ့ပြန်သည်။ သို့သော် အဆိုပါဗွီဒီယိုဖိုင်မှာ ဖိအားပေး လုပ်ဆောင်ခိုင်းသည်ဟု သံသယဖြစ်ဖွယ်ရာရှိသည်။

နိုဗော့စ်မန်စကာယာ (Novousmanskaya) ခရိုင်ဆေးရုံတွင် ကုသမှုခံယူနေရင်း စနေနေ့တွင် လူနာတင်ယာဉ် ဆရာဝန်အဖြစ် အတွေ့အကြုံများစွာရှိသူ ဒေါက်တာ ရှူလီပေါ့ဗ်သည် ဆေးရုံ ဒုတိယထပ် ပြတင်းပေါက်မှ ခုန်ဆင်းသွားရာ ဦးခေါင်းအက်ကွဲဒဏ်ရာများ ရရှိသွားခဲ့ပြီး ယခုအခါ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

ရုရှားတွင် အမျိုးသမီး ဆရာဝန် ၂ ဦးသည်လည်း PPE ဝတ်စုံများ မရှိသည့်ကိစ္စနှင့် စပ်လျဉ်းပြီး အထက်လူကြီးများနှင့် စကားများရာမှ ဆေးရုံ ပြတင်းပေါက်များမှ ခုန်ချကာ သေဆုံးသွားကြသည်မှာ မကြာသေးချေ။

ရှူလီပေါ့ဗ်နှင့်အတူ ဗွီဒီယိုဖိုင်တွင် ပါဝင်ခဲ့သော ဆေးဘက်အကူတစ်ဦးဖြစ်သူ အလက်ဇန္ဒား ကော့စ်ယာကင် (Alexander Kosyakin) ဖြစ်ပြီး PPE ဝတ်စုံပြတ်လတ်ကြောင်း သတင်းတုများ ပြန့်နှံ့စေမှုဖြင့် သံသယရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရသည်။

အဆိုပါဆေးရုံ အကြီးအကဲကမူ ပေါ်ပေါက်နေသည့် စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိကြောင်း ပြောကြားသော်လည်း ရှူလီပေါ့ဗ် ရောဂါကူးစက်ခံရခြင်းသည် အဆိုပါဆေးရုံတွင် အကာအကွယ်ပစ္စည်းများ မရှိကြောင်း ပြသသည့် သက်သေဖြစ်ကြောင်း ဆေးဝန်ထမ်းတို့က သုံးသပ်ကြသည်။

ဗွီဒီယိုဖိုင်ထဲတွင် ကော့စ်ယာကင်က ပြောကြားထားရာတွင် “လူနာတင်ယာဉ် ဆရာဝန် အလက်ဇန္ဒား ရှူလီပေါ့ဗ်က ကျွန်တော့်ဘေးမှာ ရှိနေပါတယ်။ သူဟာ covid-19 ကူးစက်ခံရကြောင်း အခုပဲ အတည်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။ ဆရာဝန်ကြီးက ကျွန်တော်တို့ကို တာဝန် ဆက်လက်ထမ်းဆောင်ဖို့ ဖိအားပေးပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ဂျူတီကနေ ကျွန်တော်တို့ မထွက်ရဘူး။ ကျွန်တော်နဲ့ အလက်ဇန္ဒား အလုပ်အတူတူလုပ်နေတာ တစ်လလောက်ရှိနေပါပြီ။ အခြေအနေတွေက အဲဒါပါပဲ။ ” ဟု ပြောကြားထားသည်။

အခြားသောဖြစ်ရပ်များတွင် အသက် ၄၈ နှစ်အရွယ်ရှိ ဒေါက်တာ နာတာလျာ လီဘီဒီဗာသည် မော်စကိုရှိ ဆေးရုံတစ်ခု၏ ၆ လွှာမြောက် ပေ ၆၀ အမြင့်မှ ခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခခဲ့သည်။ သူမတာဝန်ထမ်းဆောင်သည့် ဆေးရုံမှာ မော်စကိုမြို့အနီး အာကာသယာဉ်မှူး များကို လေ့ကျင့်မှုပေးသည့် Star City အမည်ရှိ လေ့ကျင့်ရေးစင်တာတွင် တည်ရှိပြီး သူမထံမှ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားစေမှုအတွက် လုပ်ဖော်ကိုင်ဖက်များက ဝိုင်းဝန်းရှုတ်ချအပြစ်ဖု့ိကြသောကြောင့် ဆေးရုံပေါ်မှ ခုန်ချသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကလေး ၂ ယောက်မိခင်၊ အသက် ၄၇ နှစ်အရွယ်ရှိ ဒေါက်တာ Yelena Nepomnyashchaya သည်လည်း Krasnoyarsk ဆေးရုံပြတင်းပေါက် ပေ ၆၀ အမြင့်မှ ခုန်ချရာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: THIRD Russian doctor plunges from Covid hospital window: Medic, 37, is now fighting for life... just days after warning of PPE shortages and being forced to work despite being infected (Daily Mail)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္တိုင္ တာဝန္ထမ္းေဆာင္ေနရသည့္ ရုရွားဆရာဝန္ ေဆးရံုျပတင္းေပါက္မွခုန္ခ်

ကိုရိုနာဗိုင္းရပ္စ္၏ သည္းမခံႏိုင္ဖြယ္ဖိအားမ်ားႏွင့္ ရင္ဆိုင္ခဲ့ရေသာ ရုရွားဆရာဝန္တစ္ဦး ေဆးရံုျပတင္းေပါက္မွ ခုန္ခ်မႈ ျဖစ္ပြားခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေသာ္လည္း ဆက္လက္တာဝန္ထမ္းေဆာင္ရန္ အမိန္႔ေပးခံခဲ့ရေၾကာင္း ဗီြဒီယိုဖိုင္တစ္ခုတြင္ ေျပာၾကားခဲ့ျပီးေနာက္ ယခုကဲ့သို႔ ခုန္ခ်သြားျခင္းျဖစ္သည္။

အသက္ ၃၇ ႏွစ္သာ ရွိေသးျပီး အလက္ဇႏၵား ရွဴလီေပါ့ဗ္ (Alexander Shulepov) ဟု အမည္ရေသာ ဆရာဝန္သည္ ဦးေခါင္းဒဏ္ရာမ်ားျဖင့္ အသက္လုေနရသည့္ အေျခအေနတြင္ ရွိေနသည္။

သူႏွင့္ အေပါင္းအေဖာ္ဆရာဝန္တို႔က Voronezh ျမိဳ ႔တြင္ PPE ဝတ္စံုမ်ား ျပတ္လပ္ေနျပီျဖစ္ေၾကာင္း သတိေပးခဲ့ေသးသည္။

သို႔ေသာ္ ကိုရိုနာဗိုင္းရပ္စ္ ေဆးရံုကုတင္ေပၚ လဲေလ်ာင္းေနရင္း ေဒါက္တာ ရွဴလီေပါ့ဗ္က မူလေျပာၾကားခ်က္ကို ျပန္လည္ရုပ္သိမ္းသည့္ ဒုတိယေျမာက္ ဗီြဒီယိုဖိုင္တစ္ခု ထပ္မံရိုက္ကူးခဲ့ျပန္သည္။ သို႔ေသာ္ အဆိုပါဗီြဒီယိုဖိုင္မွာ ဖိအားေပး လုပ္ေဆာင္ခိုင္းသည္ဟု သံသယျဖစ္ဖြယ္ရာရွိသည္။

ႏိုေဗာ့စ္မန္စကာယာ (Novousmanskaya) ခရိုင္ေဆးရံုတြင္ ကုသမႈခံယူေနရင္း စေနေန႔တြင္ လူနာတင္ယာဥ္ ဆရာဝန္အျဖစ္ အေတြ႔အၾကံဳမ်ားစြာရွိသူ ေဒါက္တာ ရွဴလီေပါ့ဗ္သည္ ေဆးရံု ဒုတိယထပ္ ျပတင္းေပါက္မွ ခုန္ဆင္းသြားရာ ဦးေခါင္းအက္ကြဲဒဏ္ရာမ်ား ရရွိသြားခဲ့ျပီး ယခုအခါ စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနသည္။

ရုရွားတြင္ အမ်ဳိးသမီး ဆရာဝန္ ၂ ဦးသည္လည္း PPE ဝတ္စံုမ်ား မရွိသည့္ကိစၥႏွင့္ စပ္လ်ဥ္းျပီး အထက္လူၾကီးမ်ားႏွင့္ စကားမ်ားရာမွ ေဆးရံု ျပတင္းေပါက္မ်ားမွ ခုန္ခ်ကာ ေသဆံုးသြားၾကသည္မွာ မၾကာေသးေခ်။

ရွဴလီေပါ့ဗ္ႏွင့္အတူ ဗြီဒီယိုဖိုင္တြင္ ပါဝင္ခဲ့ေသာ ေဆးဘက္အကူတစ္ဦးျဖစ္သူ အလက္ဇႏၵား ေကာ့စ္ယာကင္ (Alexander Kosyakin) ျဖစ္ျပီး PPE ဝတ္စံုျပတ္လတ္ေၾကာင္း သတင္းတုမ်ား ျပန္႔ႏွံ႔ေစမႈျဖင့္ သံသယရွိသည္ဟုဆိုကာ ရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆးျခင္း ခံခဲ့ရသည္။

အဆိုပါေဆးရံု အၾကီးအကဲကမူ ေပၚေပါက္ေနသည့္ စြပ္စြဲခ်က္မ်ားမွာ မွန္ကန္မႈမရွိေၾကာင္း ေျပာၾကားေသာ္လည္း ရွဴလီေပါ့ဗ္ ေရာဂါကူးစက္ခံရျခင္းသည္ အဆိုပါေဆးရံုတြင္ အကာအကြယ္ပစၥည္းမ်ား မရွိေၾကာင္း ျပသသည့္ သက္ေသျဖစ္ေၾကာင္း ေဆးဝန္ထမ္းတိုိ႔က သံုးသပ္ၾကသည္။

ဗြီဒီယိုဖိုင္ထဲတြင္ ေကာ့စ္ယာကင္က ေျပာၾကားထားရာတြင္ “လူနာတင္ယာဥ္ ဆရာဝန္ အလက္ဇႏၵား ရွဴလီေပါ့ဗ္က ကၽြန္ေတာ့္ေဘးမွာ ရွိေနပါတယ္။ သူဟာ covid-19 ကူးစက္ခံရေၾကာင္း အခုပဲ အတည္ျပဳခံခဲ့ရတာ ျဖစ္ပါတယ္။ ဆရာဝန္ၾကီးက ကၽြန္ေတာ္တို႔ကုိ တာဝန္ ဆက္လက္ထမ္းေဆာင္ဖို႔ ဖိအားေပးပါတယ္။ ဒီအေျခအေနမွာ ကၽြန္ေတာ္တို႔ ဘာလုပ္ရမလဲ။ ဂ်ဴတီကေန ကၽြန္ေတာ္တို႔ မထြက္ရဘူး။ ကၽြန္ေတာ္နဲ႔ အလက္ဇႏၵား အလုပ္အတူတူလုပ္ေနတာ တစ္လေလာက္ရွိေနပါျပီ။ အေျခအေနေတြက အဲဒါပါပဲ။ ” ဟု ေျပာၾကားထားသည္။

အျခားေသာျဖစ္ရပ္မ်ားတြင္ အသက္ ၄၈ ႏွစ္အရြယ္ရွိ ေဒါက္တာ နာတာလ်ာ လီဘီဒီဗာသည္ ေမာ္စကိုရွိ ေဆးရံုတစ္ခု၏ ၆ လႊာေျမာက္ ေပ ၆၀ အျမင့္မွ ခုန္ခ်ကာ အဆံုးစီရင္မႈ ျဖစ္ပြားခခဲ့သည္။ သူမတာဝန္ထမ္းေဆာင္သည့္ ေဆးရံုမွာ ေမာ္စကိုျမိဳ ႔အနီး အာကာသယာဥ္မွဴး မ်ားကို ေလ့က်င့္မႈေပးသည့္ Star City အမည္ရွိ ေလ့က်င့္ေရးစင္တာတြင္ တည္ရွိျပီး သူမထံမွ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားေစမႈအတြက္ လုပ္ေဖာ္ကိုင္ဖက္မ်ားက ဝိုင္းဝန္းရႈတ္ခ်အျပစ္ဖု႔ိၾကေသာေၾကာင့္ ေဆးရံုေပၚမွ ခုန္ခ်သြားခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ကေလး ၂ ေယာက္မိခင္၊ အသက္ ၄၇ ႏွစ္အရြယ္ရွိ ေဒါက္တာ Yelena Nepomnyashchaya သည္လည္း Krasnoyarsk ေဆးရံုျပတင္းေပါက္ ေပ ၆၀ အျမင့္မွ ခုန္ခ်ရာ ဒဏ္ရာမ်ား ျပင္းထန္စြာ ရရွိသြားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: THIRD Russian doctor plunges from Covid hospital window: Medic, 37, is now fighting for life... just days after warning of PPE shortages and being forced to work despite being infected (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service