ဆန်ဝယ်ရမလား၊ mask ဝယ်ရမလားနှင့် သူဆင်းရဲတို့၏ဘဝ

ဆန်ဝယ်ရမလား၊ mask ဝယ်ရမလားနှင့် သူဆင်းရဲတို့၏ဘဝ - Property News in Myanmar from iMyanmarHouse.com
4 May 2020 11:34 am တွင် တင်ခဲ့သည်
836 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Mask ဝယ်လိုက်ပြီး မိသားစု အငတ်နေကြမလား (သို့မဟုတ်) ဆန်နှင့်ဟင်းချက်စရာဝယ်ပြီး အလုပ်သွားလျှင်မူ ပျားပန်းခတ်မျှ လူသူ ရှုပ်ထွေးလှသော မြို့ထဲသို့ mask မပါဘဲသွားမလား။ ဤသည်ကား ဟာယာတူလာ ခန်း ရင်ဆိုင်ရမည့် ပကတိအမှန်တရား ရွေးချယ်စရာများ ဖြစ်သည်။

ခန်းသည် အာဖဂန်အလုပ်သမားတစ်ဦးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း သူ၏နေ့စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဒေါ်လာ (မြန်မာငွေ ၂၁၀၀ ကျပ်ဝန်းကျင်) နှင့် ညီမျှသော အာဖဂန်ငွေပင် မရချင်။

မစ္စတာခန်းသည်လည်း တောင်အာရှရှိ ဆင်းရဲသားများစွာနည်းတူ အလုပ်လုပ်ရန်အတွက် အိမ်မှအပြင်သို့ထွက်ရန်မှလွဲပြီး အခြား ရွေးချယ်စရာ မရှိ။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ၏ ဝင်ငွေထိခိုက်မှုမျိုး မရှိဟုဆိုလျှင်ပင် အာဏာပိုင်တို့လမ်းညွှန်သည့်အတိုင်း mask ဝယ်နိုင်ရန် ရုန်းကန်ရဦးမည်သာ ဖြစ်သည်။

“ဒီနေ့အတွက် ကျွန်တော့်ဝင်ငွေက အက်ဖ်ဂန်နီ (အာဖဂန်ငွေ) ၁၀၀ (မြန်မာငွေ ၁၈၉၀ ကျပ်) အောက်ပဲ ရှိပါတယ်။ ကျွန်တော် ဘာလုပ်ရ မှာလဲ။ mask ဝယ်သင့်သလား ။ ဒါမှမဟုတ် မိသားစုအတွက် စားစရာ ဝယ်သင့်သလား” ဟု မစ္စတာခန်းက အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်ရှိ ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

အိန္ဒိယ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံများတွင်မူ လူအများကြား သွားလာမည်ဆိုလျှင် မဖြစ်မနေ mask တပ်ရမည်ဟု အမိန့်ထုတ်ပြန် ထားပြီး အာဖဂန်နစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်မူ mask တပ်သင့်ကြောင်း လမ်းညွှန်ထားသည်။ ယင်းနောက်ပိုင်း mask ဝယ်လိုအား နှင့် ဈေးနှုန်းမှာ အလွန်အမင်း မြင့်တက်လာခဲ့သည်။

အချို့ဒေသများတွင် တစ်ခါသုံး mask တစ်ဘူး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၇ ဒေါ်လာခန့်အထိ ဈေးပေါက်နေရာ မြို့ပြများတွင် မညီမျှမှု ပုံသဏ္ဍာန်သစ်တစ်ခု ပေါ်ပေါက်လာစေသည်။ မြို့ပြတို့တွင် သန်းရာပေါင်းများစွာသော ဆင်းရဲသားများသည် လူဦးရေပြည့်သိပ် ထူထပ်ကာ သန့်ရှင်းမှုမရှိသည့် ဝန်းကျင်မျိုးတွင်နေထိုင်ကြရလျက်ရှိနေသည်။

ကိုရိုရိုဗိုင်းရပ်စ် lockdown ချသည့် အစီအမံများသည် ဆင်းရဲနုံချာသော အသိုက်အဝန်းများအပေါ် မမျှတသည့် ထိခိုက်မှုများ ဖြစ်ပေါ်စေ ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) မှ တောင်အာရှဒါရိုက်တာ မစ္စ မီနက်ရှီ ဂန်ဂူလီက ပြောကြားသည်။

“ကိုရိုနာဗိုင်းရပ်စ် ကိုယ်တိုင်ကတော့ ဘုရင့်သားတော်နဲ့ လူဆင်းရဲ၊ လူမျိုး၊ ဘာသာခွဲခြားပြီး ကူးစက်တာ မရှိပါဘူး။ ဒါပေမယ့် သူ့ကြောင့် လူတွေထိခိုက်မှုကတော့ ကွဲပြားပါတယ်။ အစားအစာ၊ ခိုလှုံစရာ၊ ကျန်းမာရေးနဲ့ အခြားအခြေခံလိုအပ်ချက် ရနိုင်မှုတွေ ကွဲပြားသွားတယ်” ဟု မစ္စ ဂန်ဂူလီက ပြောကြားသည်။

အိန္ဒိယတွင် စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး အာနန် မဟိန္ဒရက အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သစ်ရွက်များကို mask အဖြစ် အသုံးပြုထားပုံကို သူ၏ တွစ်တာအကောင့်တွင် “သဘာဝတရားက ကျွန်တော်တို့လိုအပ်တာအားလုံးကို ပေးထားတယ်ဆိုတဲ့ သတိပေးချက်တစ်ခု” ဟူ၍ ရေးသားကာ တင်ခဲ့သည်။

ထိုသို့တင်ခဲ့ပြီးနောက် ဝေဖန်မှုများစွာရှိလာသောကြောင့် အဆိုပါဓာတ်ပုံနှင့် ရေးသားချက်ကို ပြန်လည်ဖြုတ်ချလိုက်ရသည်။

အချို့က ဝေဖန်ထောက်ပြသည်မှာ သစ်ရွက်သည် ကိုရိုနာဗိုင်းရပ်စ်ကို အကာအကွယ်ပေးသည်ဟူသော အထောက်အထားမရှိကြောင်း ထောက်ပြကြသည်။

သီရိလင်္ကာတွင်မူ အာဏာပိုင်တို့က တစ်ခါသုံး surgical mask တစ်ခုကို ၁၅ ရူပီး (မြန်မာငွေ ၂၇၈ ကျပ်) ဖြင့်သာ ရောင်းရန် သတ်မှတ်ပေးထားသည်။ N-95 ဟု လူသိများသော respirator mask အမျိုးအစားများကိုမူ ၁၅၀ ရူပီး (မြန်မာငွေ ၂၇၈၀ ကျပ်) ဖြင့် သတ်မှတ်ပေးထားသည်။ သို့သော် အဆိုပါ mask များမှာ ဈေးကွက်အတွင်း ရှာဖွေရခက်သည့်နည်းတူ ဈေးနှုန်းကိုလည်း မတတ်နိုင်ကြချေ။

“အစောပိုင်းကတော့ ကျွန်တော်တို့ surgical mask ကို ၁၅ ရူပီးနဲ့ ဝယ်ပြီးတပ်ကြသေးတယ်။ ဒါပေမယ့်အခုတော့ အဲဒီဈေးနဲ့ မရတော့ဘူး။ တချို့ဆိုရင် mask တစ်ခုကို ၇၅ ရူပီး (မြန်မာငွေ ၁၃၉၄ ကျပ်) လောက်အထိ ရောင်းနေကြတယ်။” ဟု သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်၏ တစ်ခုသောဆင်ခြေဖုံးတွင် နေထိုင်သူ မစ္စတာ ဟာရှန်က ပြောပြသည်။ “ဒါကြောင့် ကျွန်တော်တို့ဆီကလူတွေကတော့ ကိုယ့်ဟာကိုယ် အိမ်မှာလုပ်တဲ့ mask တွေပဲ တပ်နေကြပါတယ်။” ဟု ဟာရှန်က ဆက်လက်ပြောကြားသည်။

Oxfam ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မစ္စတာ နီပူနာ ကမ်ဘာလာသာရာက ပြောကြားရာတွင် မစ္စတာ ဟာရှန်၏ ဖြစ်ရပ်မျိုးက ပြသနေသည်မှာ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပိုမိုကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်ကို မီးမောင်းထိုးပြသလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“မီးဖိုဆောင်မှာ မီးမွှေးဖို့အတွက် ရုန်းကန်နေရသူတွေဟာ သူတို့ဘေးကင်းဖို့ပစ္စည်းတွေ၊ စမ်းသပ်မှုတွေ၊ ကုသမှုတွေအတွက် ပေးဖို့ငွေ မရှိပါဘူး” ဟု ကမ်ဘာလာသာရာက ပြောကြားပြီး ဆင်းရဲသားများနှင့် ကူးစက်ရန်အန္တရာယ်များသူတို့ကို အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးရန် အစိုးရအား တိုက်တွန်းထားသည်။

Lockdown ချမှတ်ထားမှု ပြန်လည်ဖြေလျှော့မှုများ ပြုလုပ်ပေးလာချိန်တွင် အစိုးရများစွာတို့က ဗိုင်းရပ်စ်ပျံ့ပွားမှု ရပ်တန့်စေရန်အတွက် လူအများကြားသွားလာလျှင် မဖြစ်မနေ mask တပ်ရန် အမိန့်ထုတ်ခြင်းများ ပြုလုပ်လာသည်။ အချို့ဒေသများတွင်မူ ကျန်းမာရေး ဝန်ထမ်းတို့အတွက် အကာအကွယ်ပစ္စည်းများ လုံလောက်စွာရရှိနိုင်ရေးအတွက် ပြည်သူတို့က ဝယ်ယူခြင်းမပြုဘဲနေကြရန် တိုက်တွန်းမှုများလည်း ရှိနေပြန်သည်။ အိန္ဒိယနိုင်ငံတွင်ကား အိမ်တွင်ကိုယ်တိုင်ပြုလုပ်နိုင်သည့် mask ပြုလုပ်နည်းကို အစိုးရက ထုတ်ပြန်ထားရာ သားရေကွင်းများကို အသုံးပြုကာ ပြုလုပ်ရသည့်နည်းလမ်းတစ်ခုလည်း ပါဝင်သည်။

(မှတ်ချက်။ ဤဆောင်းပါးတွင် ဖော်ပြထားသော မြန်မာငွေတန်ဖိုးများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၃ ရက်က ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ငွေလဲဈေးအရ တွက်ချက်ထားခြင်း ဖြစ်ပါသည်)

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'Should I buy a mask or food?' — South Asia's poor face stark choice ( Todayonline )

 

[Zawgyi]

ဆန္ဝယ္ရမလား၊ mask ဝယ္ရမလားႏွင့္ သူဆင္းရဲတို႔၏ဘဝ

Mask ဝယ္လိုက္ျပီး မိသားစု အငတ္ေနၾကမလား (သို႔မဟုတ္) ဆန္ႏွင့္ဟင္းခ်က္စရာဝယ္ျပီး အလုပ္သြားလွ်င္မူ ပ်ားပန္းခတ္မွ် လူသူ ရႈပ္ေထြးလွေသာ ျမိဳ ႔ထဲသုိ႔ mask မပါဘဲသြားမလား။ ဤသည္ကား ဟာယာတူလာ ခန္း ရင္ဆိုင္ရမည့္ ပကတိအမွန္တရား ေရြးခ်ယ္စရာမ်ား ျဖစ္သည္။

ခန္းသည္ အာဖဂန္အလုပ္သမားတစ္ဦးျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း သူ၏ေန႔စဥ္ဝင္ေငြမွာ ကန္ေဒၚလာ ၁ ဒသမ ၅ ေဒၚလာ (ျမန္မာေငြ ၂၁၀၀ က်ပ္ဝန္းက်င္) ႏွင့္ ညီမွ်ေသာ အာဖဂန္ေငြပင္ မရခ်င္။

မစၥတာခန္းသည္လည္း ေတာင္အာရွရွိ ဆင္းရဲသားမ်ားစြာနည္းတူ အလုပ္လုပ္ရန္အတြက္ အိမ္မွအျပင္သို႔ထြက္ရန္မွလြဲျပီး အျခား ေရြးခ်ယ္စရာ မရွိ။

သို႔ေသာ္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ သူ၏ ဝင္ေငြထိခိုက္မႈမ်ဳိး မရွိဟုဆိုလွ်င္ပင္ အာဏာပိုင္တို႔လမ္းညႊန္သည့္အတုိင္း mask ဝယ္ႏိုင္ရန္ ရုန္းကန္ရဦးမည္သာ ျဖစ္သည္။

“ဒီေန႔အတြက္ ကၽြန္ေတာ့္ဝင္ေငြက အက္ဖ္ဂန္နီ (အာဖဂန္ေငြ) ၁၀၀ (ျမန္မာေငြ ၁၈၉၀ က်ပ္) ေအာက္ပဲ ရွိပါတယ္။ ကၽြန္ေတာ္ ဘာလုပ္ရ မွာလဲ။ mask ဝယ္သင့္သလား ။ ဒါမွမဟုတ္ မိသားစုအတြက္ စားစရာ ဝယ္သင့္သလား” ဟု မစၥတာခန္းက အာဖဂန္နစၥတန္ႏိုင္ငံ၏ ျမိဳ ႔ေတာ္ ကဘူးလ္ရွိ ရိုက္တာသတင္းဌာနသို႔ ေျပာၾကားသည္။

အိႏိၵယ၊ ပါကစၥတန္ႏွင့္ သီရိလကၤာႏိုင္ငံမ်ားတြင္မူ လူအမ်ားၾကား သြားလာမည္ဆိုလွ်င္ မျဖစ္မေန mask တပ္ရမည္ဟု အမိန္႔ထုတ္ျပန္ ထားျပီး အာဖဂန္နစၥတန္ႏွင့္ ဘဂၤလားေဒ့ရွ္တို႔တြင္မူ mask တပ္သင့္ေၾကာင္း လမ္းညႊန္ထားသည္။ ယင္းေနာက္ပိုင္း mask ဝယ္လိုအား ႏွင့္ ေစ်းႏႈန္းမွာ အလြန္အမင္း ျမင့္တက္လာခဲ့သည္။

အခ်ဳိ ႔ေဒသမ်ားတြင္ တစ္ခါသံုး mask တစ္ဘူး၏ တန္ဖိုးမွာ ကန္ေဒၚလာ ၇ ေဒၚလာခန္႔အထိ ေစ်းေပါက္ေနရာ ျမိဳ ႔ျပမ်ားတြင္ မညီမွ်မႈ ပံုသ႑ာန္သစ္တစ္ခု ေပၚေပါက္လာေစသည္။ ျမိဳ ႔ျပတို႔တြင္ သန္းရာေပါင္းမ်ားစြာေသာ ဆင္းရဲသားမ်ားသည္ လူဦးေရျပည့္သိပ္ ထူထပ္ကာ သန္႔ရွင္းမႈမရွိသည့္ ဝန္းက်င္မ်ဳိးတြင္ေနထုိင္ၾကရလ်က္ရွိေနသည္။

ကိုရိုရိုဗိုင္းရပ္စ္ lockdown ခ်သည့္ အစီအမံမ်ားသည္ ဆင္းရဲႏံုခ်ာေသာ အသိုက္အဝန္းမ်ားအေပၚ မမွ်တသည့္ ထိခိုက္မႈမ်ား ျဖစ္ေပၚေစ ခဲ့ေၾကာင္း လူ႔အခြင့္အေရးေစာင့္ၾကည့္မႈအဖြဲ႔ (HRW) မွ ေတာင္အာရွဒါရိုက္တာ မစၥ မီနက္ရွီ ဂန္ဂူလီက ေျပာၾကားသည္။

“ကိုရိုနာဗိုင္းရပ္စ္ ကိုယ္တိုင္ကေတာ့ ဘုရင့္သားေတာ္နဲ႔ လူဆင္းရဲ၊ လူမ်ဳိး၊ ဘာသာခြဲျခားျပီး ကူးစက္တာ မရွိပါဘူး။ ဒါေပမယ့္ သူ႔ေၾကာင့္ လူေတြထိခိုက္မႈကေတာ့ ကြဲျပားပါတယ္။ အစားအစာ၊ ခိုလံႈစရာ၊ က်န္းမာေရးနဲ႔ အျခားအေျခခံလိုအပ္ခ်က္ ရႏိုင္မႈေတြ ကြဲျပားသြားတယ္” ဟု မစၥ ဂန္ဂူလီက ေျပာၾကားသည္။

အိႏိၵယတြင္ စီးပြားေရးလုပ္ငန္းရွင္သူေဌးၾကီး အာနန္ မဟိႏၵရက အမ်ဳိးသမီးတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး သစ္ရြက္မ်ားကို mask အျဖစ္ အသံုးျပဳထားပံုကို သူ၏ တြစ္တာအေကာင့္တြင္ “သဘာဝတရားက ကၽြန္ေတာ္တို႔လိုအပ္တာအားလံုးကို ေပးထားတယ္ဆိုတဲ့ သတိေပးခ်က္တစ္ခု” ဟူ၍ ေရးသားကာ တင္ခဲ့သည္။

ထိုသို႔တင္ခဲ့ျပီးေနာက္ ေဝဖန္မႈမ်ားစြာရွိလာေသာေၾကာင့္ အဆိုပါဓာတ္ပံုႏွင့္ ေရးသားခ်က္ကို ျပန္လည္ျဖဳတ္ခ်လိုက္ရသည္။

အခ်ဳိ ႔က ေဝဖန္ေထာက္ျပသည္မွာ သစ္ရြက္သည္ ကိုရိုနာဗိုင္းရပ္စ္ကို အကာအကြယ္ေပးသည္ဟူေသာ အေထာက္အထားမရွိေၾကာင္း ေထာက္ျပၾကသည္။

သီရိလကၤာတြင္မူ အာဏာပိုင္တို႔က တစ္ခါသံုး surgical mask တစ္ခုကို ၁၅ ရူပီး (ျမန္မာေငြ ၂၇၈ က်ပ္) ျဖင့္သာ ေရာင္းရန္ သတ္မွတ္ေပးထားသည္။ N-95 ဟု လူသိမ်ားေသာ respirator mask အမ်ဳိးအစားမ်ားကိုမူ ၁၅၀ ရူပီး (ျမန္မာေငြ ၂၇၈၀ က်ပ္) ျဖင့္ သတ္မွတ္ေပးထားသည္။ သို႔ေသာ္ အဆိုပါ mask မ်ားမွာ ေစ်းကြက္အတြင္း ရွာေဖြရခက္သည့္နည္းတူ ေစ်းႏႈန္းကိုလည္း မတတ္ႏိုင္ၾကေခ်။

“အေစာပိုင္းကေတာ့ ကၽြန္ေတာ္တို႔ surgical mask ကို ၁၅ ရူပီးနဲ႔ ဝယ္ျပီးတပ္ၾကေသးတယ္။ ဒါေပမယ့္အခုေတာ့ အဲဒီေစ်းနဲ႔ မရေတာ့ဘူး။ တခ်ဳိ ႔ဆိုရင္ mask တစ္ခုကို ၇၅ ရူပီး (ျမန္မာေငြ ၁၃၉၄ က်ပ္) ေလာက္အထိ ေရာင္းေနၾကတယ္။” ဟု သီရိလကၤာႏိုင္ငံ၊ ကိုလံဘိုျမိဳ ႔ေတာ္၏ တစ္ခုေသာဆင္ေျခဖံုးတြင္ ေနထိုင္သူ မစၥတာ ဟာရွန္က ေျပာျပသည္။ “ဒါေၾကာင့္ ကၽြန္ေတာ္တို႔ဆီကလူေတြကေတာ့ ကိုယ့္ဟာကိုယ္ အိမ္မွာလုပ္တဲ့ mask ေတြပဲ တပ္ေနၾကပါတယ္။” ဟု ဟာရွန္က ဆက္လက္ေျပာၾကားသည္။

Oxfam ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးျဖစ္သူ မစၥတာ နီပူနာ ကမ္ဘာလာသာရာက ေျပာၾကားရာတြင္ မစၥတာ ဟာရွန္၏ ျဖစ္ရပ္မ်ဳိးက ျပသေနသည္မွာ အမ်ားျပည္သူဆိုင္ရာ ရင္းႏွီးျမွဳပ္ႏွံမႈ ပိုမိုၾကီးမားစြာလုပ္ေဆာင္ရန္ လိုအပ္ေနျပီျဖစ္သည္ကို မီးေမာင္းထိုးျပသလိုက္ျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။

“မီးဖိုေဆာင္မွာ မီးေမႊးဖို႔အတြက္ ရုန္းကန္ေနရသူေတြဟာ သူတို႔ေဘးကင္းဖို႔ပစၥည္းေတြ၊ စမ္းသပ္မႈေတြ၊ ကုသမႈေတြအတြက္ ေပးဖို႔ေငြ မရွိပါဘူး” ဟု ကမ္ဘာလာသာရာက ေျပာၾကားျပီး ဆင္းရဲသားမ်ားႏွင့္ ကူးစက္ရန္အႏၱရာယ္မ်ားသူတို႔ကို အကာအကြယ္ပစၥည္းမ်ား ေထာက္ပံ့ေပးရန္ အစိုးရအား တိုက္တြန္းထားသည္။

Lockdown ခ်မွတ္ထားမႈ ျပန္လည္ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ေပးလာခ်ိန္တြင္ အစိုးရမ်ားစြာတို႔က ဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ ရပ္တန္႔ေစရန္အတြက္ လူအမ်ားၾကားသြားလာလွ်င္ မျဖစ္မေန mask တပ္ရန္ အမိန္႔ထုတ္ျခင္းမ်ား ျပဳလုပ္လာသည္။ အခ်ဳိ ႔ေဒသမ်ားတြင္မူ က်န္းမာေရး ဝန္ထမ္းတို႔အတြက္ အကာအကြယ္ပစၥည္းမ်ား လံုေလာက္စြာရရွိႏိုင္ေရးအတြက္ ျပည္သူတို႔က ဝယ္ယူျခင္းမျပဳဘဲေနၾကရန္ တိုက္တြန္းမႈမ်ားလည္း ရွိေနျပန္သည္။ အိႏိၵယႏိုင္ငံတြင္ကား အိမ္တြင္ကိုယ္တိုင္ျပဳလုပ္ႏိုင္သည့္ mask ျပဳလုပ္နည္းကို အစိုးရက ထုတ္ျပန္ထားရာ သားေရကြင္းမ်ားကို အသံုးျပဳကာ ျပဳလုပ္ရသည့္နည္းလမ္းတစ္ခုလည္း ပါဝင္သည္။

(မွတ္ခ်က္။ ဤေဆာင္းပါးတြင္ ေဖာ္ျပထားေသာ ျမန္မာေငြတန္ဖိုးမ်ားသည္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၃ ရက္က ျဖစ္ေပၚခဲ့ေသာ ကမၻာ့ေငြလဲေစ်းအရ တြက္ခ်က္ထားျခင္း ျဖစ္ပါသည္)

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 'Should I buy a mask or food?' — South Asia's poor face stark choice ( Todayonline )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service