အဝလွန်သူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလျှင် အသက်ရှင်နှုန်းနည်းပါးကြောင်း ဗြိတိသျှ သုတေသနပညာရှင်တို့ တွေ့ရှိ

အဝလွန်သူများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလျှင် အသက်ရှင်နှုန်းနည်းပါးကြောင်း ဗြိတိသျှ သုတေသနပညာရှင်တို့ တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
3 May 2020 12:02 pm တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိသျှ သုတေသနပညာရှင်တို့သည် တရုတ်ပြည်ပြင်ပတွင် ပြုလုပ်ခဲ့သော အကြီးမားဆုံး လေ့လာချက်တစ်ရပ်တွင် အမျိုးသားဖြစ်ခြင်းနှင့် အဝလွန်ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်မှ အသက်ရှင်သန်နှုန်း နည်းပါးမှုနှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့ကြသည်။

အဆိုပါ လေ့လာချက်တွင် တွေ့ရှိသည်မှာ အမျိုးသားဖြစ်ခြင်းနှင့် အဝလွန်ခြင်းတို့သည် ဗြိတိန်ဆေးရုံများတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးနေမှုများနှင့် ကြီးမားသည့်ဆက်နွှယ်မှုရှိနေကြောင်း ၊ အဆိုပါအချက်သည် တရုတ်နိုင်ငံတွင် မတွေ့ရကြောင်း တွေရှိခဲ့သည်။

တရုတ်ပြည်တွင် ၂၀၁၆ ခုနှစ်အတွင်း အဝလွန်သူပမာဏ ၆ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး အင်္ဂလန်တွင်မူ ၂၀၁၇ ခုနှစ်အတွင်း အဝလွန်သူ ၂၉ ရာခိုင်နှုန်းအထိ ရှိသည်။

“အခြေအနေမကောင်းတဲ့သူတွေဟာ အများအားဖြင့် အသက်ကြီးသူ၊ အမျိုးသား၊ အဝလွန်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်” ဟု အဆိုပါ စာတမ်းတွင် ဖော်ပြသည်။

အမျိုးသားများဖြင့် အခြေအနေပြင်းထန်မှုကိုကား အသက်အရွယ်မရွေးတွေ့ရကြောင်းလည်း ဖော်ပြထားသည်။

အသက်အရွယ်အရ သေဆုံးနှုန်းနှိုင်းယှဉ်လျှင် အသက်အရွယ်ကြီးသူများတွင် သေဆုံးနှုန်းမြင့်မားကြောင်း medRxiv.org တွင် ပုံနှိပ်မဖော်ပြမီ လွှင့်တင်ခဲ့သည့် စာတမ်းတွင် ဖော်ပြသည်။

အဝလွန်သောသူတို့သည် အခြားအုပ်စုများနှင့်နှိုင်းယှဉ်လျှင် ပိုမိုသေဆုံးကြလျက်ရှိကြသည်။ ၎င်းတို့တွင် အဆုပ်၏ အလုပ်လုပ်ပုံကျဆင်းပြီး အရေပြားအောက်နှင့် ကိုယ်တွင်းအင်္ဂ ါများတွင် တွေ့ရသော အဆီတစ်သျှူးတွင် ပိုမိုရောင်ရမ်းမှုများ ပိုမိုဖြစ်ပွားနိုင်ချေရှိကြောင်း သုတေသီတို့က သုံးသပ်သည်။

အဆိုပါအခြေအနေကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က အသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိ ကြုံရနိုင်သော အလွန်အကျွံ တုန့်ပြန်ချက် (cytokine storm) ဖြစ်ပေါ်လာစေနိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဗြိတိန်တွင် လူပေါင်း ၁၇၀၀၀၀ ကျော် ကူးစက်ခဲ့ပြီး လူပေါင်း ၂၇၀၀၀ ခန့် သေဆုံးခဲ့ရပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus more likely to kill men and the obese, study says (South China Morning Post)

[Zawgyi]

အဝလြန္သူမ်ား ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရလွ်င္ အသက္ရွင္ႏႈန္းနည္းပါးေၾကာင္း ျဗိတိသွ် သုေတသနပညာရွင္တို႔ ေတြ႔ရွိ

ျဗိတိသွ် သုေတသနပညာရွင္တို႔သည္ တရုတ္ျပည္ျပင္ပတြင္ ျပဳလုပ္ခဲ့ေသာ အၾကီးမားဆံုး ေလ့လာခ်က္တစ္ရပ္တြင္ အမ်ဳိးသားျဖစ္ျခင္းႏွင့္ အဝလြန္ျခင္းမွာ ကိုရိုနာဗိုင္းရပ္စ္မွ အသက္ရွင္သန္ႏႈန္း နည္းပါးမႈႏွင့္ ဆက္ႏႊယ္ေနေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

အဆိုပါ ေလ့လာခ်က္တြင္ ေတြ႔ရွိသည္မွာ အမ်ဳိးသားျဖစ္ျခင္းႏွင့္ အဝလြန္ျခင္းတို႔သည္ ျဗိတိန္ေဆးရံုမ်ားတြင္ ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးေနမႈမ်ားႏွင့္ ၾကီးမားသည့္ဆက္ႏႊယ္မႈရွိေနေၾကာင္း ၊ အဆိုပါအခ်က္သည္ တရုတ္ႏိုင္ငံတြင္ မေတြ႔ရေၾကာင္း ေတြရွိခဲ့သည္။

တရုတ္ျပည္တြင္ ၂၀၁၆ ခုႏွစ္အတြင္း အဝလြန္သူပမာဏ ၆ ဒသမ ၆ ရာခိုင္ႏႈန္းသာရွိျပီး အဂၤလန္တြင္မူ ၂၀၁၇ ခုႏွစ္အတြင္း အဝလြန္သူ ၂၉ ရာခိုင္ႏႈန္းအထိ ရွိသည္။

“အေျခအေနမေကာင္းတဲ့သူေတြဟာ အမ်ားအားျဖင့္ အသက္ၾကီးသူ၊ အမ်ဳိးသား၊ အဝလြန္တ့ဲသူေတြ ျဖစ္ေနတတ္ပါတယ္” ဟု အဆိုပါ စာတမ္းတြင္ ေဖာ္ျပသည္။

အမ်ဳိးသားမ်ားျဖင့္ အေျခအေနျပင္းထန္မႈကိုကား အသက္အရြယ္မေရြးေတြ႔ရေၾကာင္းလည္း ေဖာ္ျပထားသည္။

အသက္အရြယ္အရ ေသဆံုးႏႈန္းႏႈိင္းယွဥ္လွ်င္ အသက္အရြယ္ၾကီးသူမ်ားတြင္ ေသဆံုးႏႈန္းျမင့္မားေၾကာင္း medRxiv.org တြင္ ပံုႏွိပ္မေဖာ္ျပမီ လႊင့္တင္ခဲ့သည့္ စာတမ္းတြင္ ေဖာ္ျပသည္။

အဝလြန္ေသာသူတို႔သည္ အျခားအုပ္စုမ်ားႏွင့္ႏႈိင္းယွဥ္လွ်င္ ပိုမိုေသဆံုးၾကလ်က္ရွိၾကသည္။ ၎တို႔တြင္ အဆုပ္၏ အလုပ္လုပ္ပံုက်ဆင္းျပီး အေရျပားေအာက္ႏွင့္ ကိုယ္တြင္းအဂၤ ါမ်ားတြင္ ေတြ႔ရေသာ အဆီတစ္သွ်ဴးတြင္ ပိုမိုေရာင္ရမ္းမႈမ်ား ပိုမိုျဖစ္ပြားႏိုင္ေခ်ရွိေၾကာင္း သုေတသီတို႔က သံုးသပ္သည္။

အဆိုပါအေျခအေနေၾကာင့္ ခႏၶာကိုယ္၏ ကိုယ္ခံအားစနစ္က အသက္အႏၱရာယ္ျဖစ္ေစႏိုင္သည္အထိ ၾကံဳရႏိုင္ေသာ အလြန္အကၽြံ တုန္႔ျပန္ခ်က္ (cytokine storm) ျဖစ္ေပၚလာေစႏိုင္သည္။

ကိုရိုနာဗိုင္းရပ္စ္သည္ ျဗိတိန္တြင္ လူေပါင္း ၁၇၀၀၀၀ ေက်ာ္ ကူးစက္ခဲ့ျပီး လူေပါင္း ၂၇၀၀၀ ခန္႔ ေသဆံုးခဲ့ရျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus more likely to kill men and the obese, study says (South China Morning Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service