ကိုရိုနာဗိုင်းရပ်စ် ဒုတိယနှင့် တတိယလှိုင်းများအတွက် အသင့်ပြင်ထားရန် WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် ဒုတိယနှင့် တတိယလှိုင်းများအတွက် အသင့်ပြင်ထားရန် WHO သတိပေး - Property News in Myanmar from iMyanmarHouse.com
2 May 2020 12:25 pm တွင် တင်ခဲ့သည်
8087 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ကာကွယ်ဆေးမရမီကာလအထိ ကိုရိုနာဗိုင်းရပ်စ် ဒုတိယ (သို့မဟုတ်) တတိယလှိုင်းများအတွက် အသင့်ပြင်ထားကြရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတိပေးလိုက်သည်။

 ကူးစက်မှု အထွတ်အထိပ်ကာလကို ဖြတ်ကျော်နိုင်နေပြီဖြစ်သည့် လက္ခဏာကောင်းများရှိသည့်တိုင် ဥရောပသည် ကမ္ဘာ့ကပ်ရောဂါ၏ ဖိစီးမှုအောက်တွင် များစွာရှိနေဆဲဖြစ်ကြောင်း WHO ၏ ဥရောပဆိုင်ရာ အကြီးအကဲ ဒေါက်တာ Hans Kluge က ပြောကြားသည်။

“covid-19 ဟာ အချိန်တိုအတွင်း ထွက်သွားဦးမှာ မဟုတ်သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်က ဆေးဝါးကုမ္ပဏီကြီး AstraZeneca နှင့် ပူးပေါင်းကာ covid-19 ကာကွယ်ဆေး ထုတ်လုပ်ရန်နှင့် အလုံးအရင်းဖြန့်ချိရန် ကြိုးပမ်းနေပြီး ဗြိတိန်တွင် လူသားများ၌ စတင်စမ်းသပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း WHO က ယခုကဲ့သို့ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

WHO ၏ ဥရောပသတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ Kluge က ပြောကြားခဲ့ရာတွင် “နိုင်ငံအသီးသီးမှာ ကျွန်တော်တို့ သိသိသာသာ တွေ့ရတာတစ်ခုက အမြန်နှုန်းပါ။ အကောင်းဆုံးကျန်းမာရေးစနစ်ရှိတဲ့နေရာတွေမှာတောင်မှာ (ဗိုင်းရပ်စ်က) လွှမ်းမိုးဖျက်ဆီးတာ ခံခဲ့ရပါတယ်” ဟု ဆိုသည်။

“ဒါကြောင့် ဒီအဆင့်မှာ ရလိုက်တဲ့ အကြီးမားဆုံးသင်ခန်းစာကတော့ နိုင်ငံရေးထက် ကျန်းမာရေးကို ပိုပြီး ဦးစားပေးသင့်တယ်ဆိုတာပါပဲ။ ကျန်းမာရေးဟာ စီးပွားရေးကို မောင်းနှင်ပေးသူပါ။ ကျန်းမာရေးမရှိရင် စီးပွားရေးမရှိဘူးဆိုတာ ကျွန်တော်တို့ အခု တွေ့ရပါပြီ။ ကျန်းမာရေး မရှိရင် အမျိုးသားလုံခြုံရေးဆိုတာလည်း မရှိတော့ပါဘူး။”

“စည်းလုံးညီညွှတ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့အတူ ဒီရောဂန္တရကပ်ဘေးကြီးကနေ ကျွန်တော်တို့ ရုန်းထွက်နိုင်တဲ့အခါကျရင် ဒါတွေက ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု ဖြစ်လာမှာပါ” ဟု ဒေါက်တာ Kluge က ပြောကြားသည်။

ဗြိတိန်တွင် တင်းကြပ်သည့် lockdown ချမှတ်ထားမှုများ ရှိနေဆဲဖြစ်ပြီး နောက်ဆုံးအချက်အလက်များအရ covid-19 ကြောင့် လူပေါင်း ၂၇၅၁၀ ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။

ဥရောပ အချို့နိုင်ငံများတွင်မူ ဈေးဆိုင်များ ဖွင့်လှစ်ခွင့်ပေးခြင်း၊ ပြည်သူများအား နေအိမ်မှ ထွက်ခွင့်ပေးခြင်းတို့ဖြင့် တင်းကြပ်မှုများကို ပြန်လည်ဖြေလျှော့ပေးလာနေကြသည်။

ပထမအကြိမ် ရောဂါပျံ့နှံ့မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံများအနေဖြင့် အနာဂတ်တွင် ထပ်မံပြန့်ပွားလာမည့် လှိုင်းများအတွက် ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးကြောင်းလည်း ဒေါက်တာ Kluge က ပြောကြားသည်။

၎င်းက ဆက်လက်ပြောကြားရာတွင် ပထမလှိုင်းပြီးဆုံးသွားလျှင်လည်း ဒုတိယ (သို့မဟုတ်) တတိယလှိုင်းများအတွက် ကာကွယ်ဆေးမရမီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ပြောကြားခဲ့ပြီး ဥရောပတိုက်သည် ကမ္ဘာတစ်ဝန်း ရောဂါကူးစက်ခံရမှု စုစုပေါင်း၏ တစ်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း) ရှိနေကာ သေဆုံးမှု စုစုပေါင်း၏ ၃ ပုံ ၂ ပုံ (၆၃ ရာခိုင်နှုန်း) နီးပါးရှိနေကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: World must prepare for second and third wave of Covid-19, WHO warns (Independent)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယႏွင့္ တတိယလႈိင္းမ်ားအတြက္ အသင့္ျပင္ထားရန္ WHO သတိေပး 

ကမာၻတစ္ဝန္းရွိ ႏိုင္ငံမ်ားသည္ ကာကြယ္ေဆးမရမီကာလအထိ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယ (သို႔မဟုတ္) တတိယလႈိင္းမ်ားအတြက္ အသင့္ျပင္ထားၾကရမည္ျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) က သတိေပးလိုက္သည္။

ကူးစက္မႈ အထြတ္အထိပ္ကာလကို ျဖတ္ေက်ာ္ႏိုင္ေနၿပီျဖစ္သည့္ လကၡဏာေကာင္းမ်ားရွိသည့္တိုင္ ဥေရာပသည္ ကမာၻ႔ကပ္ေရာဂါ၏ ဖိစီးမႈေအာက္တြင္ မ်ားစြာရွိေနဆဲျဖစ္ေၾကာင္း WHO ၏ ဥေရာပဆိုင္ရာ အႀကီးအကဲ ေဒါက္တာ Hans Kluge က ေျပာၾကားသည္။

“covid-19 ဟာ အခ်ိန္တိုအတြင္း ထြက္သြားဦးမွာ မဟုတ္ေသးပါဘူး” ဟု ၎က ေျပာၾကားသည္။

ေအာက္စ္ဖို႔ဒ္တကၠသိုလ္က ေဆးဝါးကုမၸဏီႀကီး AstraZeneca ႏွင့္ ပူးေပါင္းကာ covid-19 ကာကြယ္ေဆး ထုတ္လုပ္ရန္ႏွင့္ အလုံးအရင္းျဖန႔္ခ်ိရန္ ႀကိဳးပမ္းေနၿပီး ၿဗိတိန္တြင္ လူသားမ်ား၌ စတင္စမ္းသပ္ေနၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ပိုင္း WHO က ယခုကဲ့သို႔ သတိေပးလိုက္ျခင္းလည္း ျဖစ္သည္။

WHO ၏ ဥေရာပသတင္းစာရွင္းလင္းပြဲတြင္ ေဒါက္တာ Kluge က ေျပာၾကားခဲ့ရာတြင္ “ႏိုင္ငံအသီးသီးမွာ ကြၽန္ေတာ္တို႔ သိသိသာသာ ေတြ႕ရတာတစ္ခုက အျမန္ႏႈန္းပါ။ အေကာင္းဆုံးက်န္းမာေရးစနစ္ရွိတဲ့ေနရာေတြမွာေတာင္မွာ (ဗိုင္းရပ္စ္က) လႊမ္းမိုးဖ်က္ဆီးတာ ခံခဲ့ရပါတယ္” ဟု ဆိုသည္။

“ဒါေၾကာင့္ ဒီအဆင့္မွာ ရလိုက္တဲ့ အႀကီးမားဆုံးသင္ခန္းစာကေတာ့ ႏိုင္ငံေရးထက္ က်န္းမာေရးကို ပိုၿပီး ဦးစားေပးသင့္တယ္ဆိုတာပါပဲ။ က်န္းမာေရးဟာ စီးပြားေရးကို ေမာင္းႏွင္ေပးသူပါ။ က်န္းမာေရးမရွိရင္ စီးပြားေရးမရွိဘူးဆိုတာ ကြၽန္ေတာ္တို႔ အခု ေတြ႕ရပါၿပီ။ က်န္းမာေရး မရွိရင္ အမ်ိဳးသားလုံၿခဳံေရးဆိုတာလည္း မရွိေတာ့ပါဘူး။”

“စည္းလုံးညီၫႊတ္တဲ့ ႀကိဳးပမ္းအားထုတ္မႈေတြနဲ႔အတူ ဒီေရာဂႏၲရကပ္ေဘးႀကီးကေန ကြၽန္ေတာ္တို႔ ႐ုန္းထြက္ႏိုင္တဲ့အခါက်ရင္ ဒါေတြက ဘယ္ေတာ့မွ မေမ့ႏိုင္တဲ့ သင္ခန္းစာတစ္ခု ျဖစ္လာမွာပါ” ဟု ေဒါက္တာ Kluge က ေျပာၾကားသည္။

ၿဗိတိန္တြင္ တင္းၾကပ္သည့္ lockdown ခ်မွတ္ထားမႈမ်ား ရွိေနဆဲျဖစ္ၿပီး ေနာက္ဆုံးအခ်က္အလက္မ်ားအရ covid-19 ေၾကာင့္ လူေပါင္း ၂၇၅၁၀ ဦး ေသဆုံးခဲ့ရၿပီ ျဖစ္သည္။

ဥေရာပ အခ်ိဳ႕ႏိုင္ငံမ်ားတြင္မူ ေဈးဆိုင္မ်ား ဖြင့္လွစ္ခြင့္ေပးျခင္း၊ ျပည္သူမ်ားအား ေနအိမ္မွ ထြက္ခြင့္ေပးျခင္းတို႔ျဖင့္ တင္းၾကပ္မႈမ်ားကို ျပန္လည္ေျဖေလွ်ာ့ေပးလာေနၾကသည္။

ပထမအႀကိမ္ ေရာဂါပ်ံ႕ႏွံ႔မႈ အထြတ္အထိပ္သို႔ ေရာက္ရွိခဲ့ၿပီးေနာက္ပိုင္း ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ အနာဂတ္တြင္ ထပ္မံျပန႔္ပြားလာမည့္ လႈိင္းမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ အေရးႀကီးေၾကာင္းလည္း ေဒါက္တာ Kluge က ေျပာၾကားသည္။

၎က ဆက္လက္ေျပာၾကားရာတြင္ ပထမလႈိင္းၿပီးဆုံးသြားလွ်င္လည္း ဒုတိယ (သို႔မဟုတ္) တတိယလႈိင္းမ်ားအတြက္ ကာကြယ္ေဆးမရမီ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရန္ ေျပာၾကားခဲ့ၿပီး ဥေရာပတိုက္သည္ ကမာၻတစ္ဝန္း ေရာဂါကူးစက္ခံရမႈ စုစုေပါင္း၏ တစ္ဝက္နီးပါး (၄၆ ရာခိုင္ႏႈန္း) ရွိေနကာ ေသဆုံးမႈ စုစုေပါင္း၏ ၃ ပုံ ၂ ပုံ (၆၃ ရာခိုင္ႏႈန္း) နီးပါးရွိေနေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: World must prepare for second and third wave of Covid-19, WHO warns (Independent)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service