ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတို့ ဆေးရုံမှဆင်းသွားသည့်တိုင် ဗိုင်းရပ်စ်သည် အဆုပ်အတွင်း နက်ရှိုင်းသည့်နေရာတွင် ပုန်းအောင်းနေနိုင်ကြောင်းနှင့် သမားရိုးကျနည်းများဖြင့် စမ်းသပ်၍ မရကြောင်း တရုတ်သိပ္ပံပညာရှင်တို့၏ လေ့လာချက်တွင်ဖော်ပြ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတို့ ဆေးရုံမှဆင်းသွားသည့်တိုင် ဗိုင်းရပ်စ်သည် အဆုပ်အတွင်း နက်ရှိုင်းသည့်နေရာတွင် ပုန်းအောင်းနေနိုင်ကြောင်းနှင့် သမားရိုးကျနည်းများဖြင့် စမ်းသပ်၍ မရကြောင်း တရုတ်သိပ္ပံပညာရှင်တို့၏ လေ့လာချက်တွင်ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
2 May 2020 10:58 am တွင် တင်ခဲ့သည်
24601 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်သိပ္ပံပညာရှင်တို့၏ လေ့လာချက်တစ်ရပ်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတို့ သက်သာပျောက်ကင်းသွားသည့်တိုင် ဗိုင်းရပ်စ်သည် အဆုပ်အတွင်း နက်ရှိုင်းသည့်နေရာတွင် ပုန်းအောင်းနေနိုင်ကြောင်းတွေ့ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်လူနာတို့သည် ဆေးရုံမှ ဆင်းခွင့်ပေးလိုက်သည့်တိုင်အောင် ၎င်းတို့၏အဆုပ်ထဲတွင် ဗိုင်းရပ်စ်ကို သယ်ဆောင်သွားနိုင်ဆဲ ဖြစ်ကြောင်း၊ သမားရိုးကျ စမ်းသပ်စစ်ဆေးသည့်နည်းလမ်းများဖြင့် စမ်းသပ်၍ မရကြောင်း အဆိုပါလေ့လာချက်တွင် ဖော်ပြသည်။
သိပ္ပံပညာရှင်တို့၏လေ့လာတွေ့ရှိချက်များကို တရားဝင်မထုတ်ပြန်မီ အခြားသိပ္ပံအသိုက်အဝန်းမှ ပုဂ္ဂိုလ်များ သုံးသပ်လေ့လာစေပြီးမှ ထုတ်ဝေသည့် Cell Research အမည်ရှိ ဂျာနယ်တွင် အဆိုပါတွေ့ရှိချက်စာတမ်းအား အင်္ဂ ါနေ့က ဖော်ပြခဲ့သည်။
အဆိုပါဖော်ပြချက်က ရောဂါပျောက်ကင်းသွားသောလူနာများ အဘယ်ကြောင့် positive တဖန်ပြန်ဖြစ်ရသည်ကို အဖြေထုတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
“ကျွနု်ပ်တို့၏ လေ့လာချက်တွင် အဆုပ်ထဲ၌ ရောဂါပိုးကြွင်းကျန်နေသည့် လူနာတစ်ဦး၏ ရောဂါဗေဒဆိုင်ရာ ပထမဆုံး သက်သေအထောက်အထားလည်း ထည့်သွင်းပေးထားပါသည်။ အဆိုပါလူနာသည် ၃ ကြိမ်ဆက်တိုက် ရောဂါမရှိကြောင်း (negative) အဖြေရရှိခဲ့သူဖြစ်သည်” ဟု တရုတ်ပြည် အနောက်တောင်ပိုင်း ချံ ုကင်းမြို့ရှိ စစ်ဘက်ဆေးတက္ကသိုလ် (Army Medical University) မှ ဒေါက်တာ Bian Xiuwu ဦးဆောင်သော သုတေသနပညာရှင်များ ရေးသားသည့် စာတမ်းတွင် ဖော်ပြသည်။
ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းမှုများ ပြုလုပ်ရန်အတွက် ဆေးကုသမှုဆိုင်ရာ လမ်းညွှန်ချက်များကို ပြင်ဆင်မွမ်းမံရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ၎င်းတို့က ရေးသားထားသည်။
ယခုလေ့လာချက်သည် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ကွယ်လွန်သွားသော အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦးကို ရင်ခွဲစစ်ဆေးချက်မှ တွေ့ရှိချက်များအပေါ် အခြေခံထားသည်။
အဆိုပါအဘွားအိုသည် ချုံကင်းမြို့ရှိ Three Gorges Central Hospital တွင် ဇန်နဝါရီလ ၂၇ ရက်၌ ဆေးရုံတက်ရောက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ များမကြာမီတွင် ရောဂါလက္ခဏာများ ပြလာခဲ့သည်။
ဗိုင်းရပ်စ်တိုက်ဖျက်မှုဆိုင်ရာ ဆေးကုသမှုများ ခံယူပြီးနောက် နှာခေါင်းနှင့် လည်ချောင်းတို့မှ တို့ဖတ်နမူနာများ ရယူစစ်ဆေးခဲ့ရာ ၃ ကြိမ်ဆက်တိုက် ရောဂါမရှိကြောင်း (negative) အဖြေရရှိကာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။
ယင်းနောက် CT Scan ဖြင့် စစ်ဆေးရာတွင်လည်း ကျန်းမာရေးအခြေအနေမှာ အလွန်ကောင်းမွန်နေခဲ့သည်။
သို့သော် နောက်တစ်ရက်အကြာတွင် နှလုံးခုန်ရပ်ကာ ကွယ်လွန်သွားခဲ့သည်။
“ဒီဖြစ်ရပ်ကနေ ညွှန်ပြတာကတော့ Sars CoV-2  ရဲ့ ရောဂါ၏ပြုမူပုံဖြစ်စဉ်ကို နားလည်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာကို ပြသနေပါတယ်” ဟု ဒေါက်တာ Bian က ပြောကြားသည်။
အဆိုပါအဘွားအိုကို ရင်ခွဲစစ်ဆေးချက်အရ ကိုရိုနာဗိုင်းရပ်စ်ကို အသည်း၊ နှလုံး၊ အူလမ်းကြောင်း၊ အရေပြားနှင့် ရိုးတွင်းခြင်ဆီတို့တွင် မတွေ့ရှိရဘဲ အဆုပ်များအတွင်းရှိ နက်ရှိုင်းသည့်နေရာရှိ တစ်သျှူးများတွင်မူ ကိုရိုနာဗိုင်းရပ်စ်တွေ့ရသည်ဟု ဆိုသည်။
သိပ္ပံပညာရှင်တို့က အဆုပ်မှ တစ်သျှူးနမူနာရယူပြီး အီလက်ထရွန် မိုက်ကရိုစကုပ်ဖြင့် ကြည့်ရှုရာ ကိုရိုနာဗိုင်းရပ်စ်သည် သရဖူအသွင် အကာတစ်ခုထဲတွင် ထိခိုက်မှုမရှိဘဲ အကောင်းပကတိရှိနေသည်ကို တွေ့ခဲ့ရသည်။
ထိုသို့ ပုန်းအောင်းနေသည့် ဗိုင်းရပ်စ်မျိုးများသည် လူကိုသိသာသည့် ရောဂါလက္ခဏာများ မဖြစ်စေနိုင်ဟု ဆိုသည်။
လက်ရှိစမ်းသပ်နေသည့်နည်းလမ်းများမှာ ခန္ဓာကိုယ်အတွင်းပိုင်းမှ နမူနာများကို ရယူစစ်ဆေးနိုင်ခြင်းမရှိသောကြောင့် အတွင်းပိုင်းတွင် ရောဂါပိုးများ ခိုအောင်းနေခြင်းကို ထောက်လှမ်းစစ်ဆေးရန် ခက်ခဲစေသည်။
ဒေါက်တာ Bian က အကြံပြုထားရာတွင် လူနာများကို ဆေးရုံမှ ဆင်းခွင့်မပြုမီ ပိုမိုသေချာစေရန်အတွက် အဆုပ်များကို စစ်ဆေးသင့်ကြောင်း အကြံပြုထားသည်။
Bronchoalveolar lavage ဟုခေါ်သော လုပ်ငန်းစဉ်တွင် လူနာ၏ ပါးစပ်မှတဆင့် ဆေးကြောသည့်အရည်ပါဝင်သော ပြွန်တစ်ခု ထည့်သွင်းကာ စစ်ဆေးရခြင်း ဖြစ်သည်။
ယင်းသို့သော ရောဂါရှာဖွေဖော်ထုတ်ရမှုမှာ များစွာရှုပ်ထွေးပြီး နှာခေါင်း (သို့မဟုတ်) အာခေါင်တို့ဖတ်စစ်ဆေးမှုနှင့် နှိုင်းယှဉ်လျှင် များစွာ အချိန်ကုန်သည့်အပြင် ကုန်ကျစရိတ်လည်း အလွန်များပြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus may lurk deep in lungs after patients recover, study suggests (Todayonline)
[Zawgyi]
“ကျွန်ုပ်တို့၏ လေ့လာချက်တွင် အဆုပ်ထဲ၌ ရောဂါပိုးကြွင်းကျန်နေသည့် လူနာတစ်ဦး၏ ရောဂါဗေဒဆိုင်ရာ ပထမဆုံး သက်သေအထောက်အထားလည်း ထည့်သွင်းပေးထားပါသည်။ အဆိုပါလူနာသည် ၃ ကြိမ်ဆက်တိုက် ရောဂါမရှိကြောင်း (negative) အဖြေရရှိခဲ့သူဖြစ်သည်” ဟု တရုတ်ပြည် အနောက်တောင်ပိုင်း ချုံကင်းမြို့ရှိ စစ်ဘက်ဆေးတက္ကသိုလ် (Army Medical University) မှ ဒေါက်တာ Bian Xiuwu ဦးဆောင်သော သုတေသနပညာရှင်များ ရေးသားသည့် စာတမ်းတွင် ဖော်ပြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
MIngalardon Garden City
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service