ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်မဟုတ်သလို မျိုးဗီဇပြုပြင်ထားခြင်းလည်းမရှိကြောင်း အမေရိကန်ထောက်လှမ်းရေးက အပြီးသတ် ကောက်ချက်ချ

ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်မဟုတ်သလို မျိုးဗီဇပြုပြင်ထားခြင်းလည်းမရှိကြောင်း အမေရိကန်ထောက်လှမ်းရေးက အပြီးသတ် ကောက်ချက်ချ - Property News in Myanmar from iMyanmarHouse.com
1 May 2020 12:06 pm တွင် တင်ခဲ့သည်
9902 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတို့က ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်မဟုတ်သကဲ့သို့ မျိုးဗီဇပြုပြင်ထားခြင်းလည်း မရှိကြောင်း အပြီးသတ် ကောက်ချက်ချလိုက်သည်။

သို့သော် ကပ်ရောဂါကြီး စတင်ရာသည် တရုတ်ပြည်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် ဗိုင်းရပ်စ်ရှိသော တိရ စ္ဆာန်များနှင့် ထိတွေ့ခြင်းမှ မြစ်ဖျားခံသလော (သို့မဟုတ်) မတော်တဆဖြစ်ရပ်ကြောင့်လောဟူသည်ကို အဖြေရှာလျက် ရှိသည်။

ဝူဟန်မြို့ရှိ ရောဂါပိုးမွှားဓာတ်ခွဲခန်းသည် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးခဲ့ရသည့် ကမ္ဘာ့ကပ်ရောဂါကြီး၏ ရင်းမြစ်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏မဟာမိတ်များက ယူဆနေချိန်တွင် အမေရိကန်သူလျှိုထောက်လှမ်းရေး အဖွဲ့အစည်းတို့၏ တရားဝင်သတင်းထုတ်ပြန်ရေးဖြစ်သော အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး (Office of the Director of National Intelligence) က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ထောက်လှမ်းရေးကဏ္ဍကို ကြိုတင်နိမိတ်ပြထားသည့် ကောက်ချက်အတွင်း ဝင်လာအောင် ပုံဖျက်ခံရမည်ကို ထောက်လှမ်းရေး သုတေသီတို့ ရတက်မအေးဖြစ်နေသည်ဟု နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြပြီးနောက် ယခုထုတ်ပြန်ချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။

မကြာသေးမီရက်များအတွင်း ထရမ့်အစိုးရက အမေရိက၏ ပထဝီနိုင်ငံရေးရန်သူ၊ အရေးပါသောကုန်သွယ်ဖက် တရုတ်ပြည်အပေါ် ဝေဖန်ထားသည်မှာ တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လျင်မြန်စွာမလုပ်ဆောင်ခဲ့ကြောင်းနှင့် ရောဂါပျံ့ပွားနေမှုကို ကမ္ဘာကို အသိပေးရန် နှောင့်နှေးခဲ့ကြောင်း ဝေဖန်ထားသည်။

“ထောက်လှမ်းရေးအသိုင်းအဝန်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ်မဟုတ် (သို့မဟုတ်) မျိုးဗီဇပြုပြင်ထားခြင်းမရှိဟူသော သိပ္ပံနည်းကျကောက်ချက်များနှင့် သဘောထားချင်းတိုက်ဆိုင်ပါသည်” ဟု အမေရိကန်ထောက်လှမ်းရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထောက်လှမ်းရေးအသိုင်းအဝန်းအနေဖြင့် ပေါ်ပေါက်လာနေသည့်သတင်းများအပေါ် ဖိဖိစီးစီး စစ်ဆေးသွားမည့်အပြင် ဗိုင်းရပ်စ်ပျံ့ပွား မှုသည် ဝူဟန်ရှိ ဓာတ်ခွဲခန်းတွင် ရောဂါပိုးရှိသော တိရ စ္ဆာန်များနှင့် ထိတွေ့ခြင်း (သို့မဟုတ်) မတော်တဆဖြစ်ခြင်းတို့ကြောင့်လော ဟူသည်ကို ဆက်လက် စုံစမ်းထောက်လှမ်းသွားမည်ဟုလည်း ထောက်လှမ်းရေးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက တရုတ်နိုင်ငံအနေဖြင့် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များကို ဓာတ်ခွဲခန်းသို့ ဝင်ရောက်ခွင့်ပြုရန် ဖိအားပေးခဲ့ပြီး ထိုသို့ဝင်ရောက်ခွင့်ပေးမှသာ ဗိုင်းရပ်စ်ပျံ့ပွားမှုစတင်ပုံကို အဖြေရှာနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဝူဟန်ဗိုင်းရပ်စ်သိပ္ပံ (Wuhan Institute of Virology) သည် အသားငါးဈေးရှိရာနှင့် မိုင်အနည်းငယ်သာ ဝေးကွာသည်ကို သိရှိထားကြောင်း၊ ဈေးနှင့်ဆိုလျှင် ၈ မိုင် (၁၃ ကီလိုမီတာ) သာ ဝေးကွာကြောင်း မိုက်ခ် ပွန်ပီယိုက ပြီးခဲ့သော ရက်သတ္တ ၂ ပတ်ခန့်က ပြောကြားခဲ့သည်။

ပေကျင်းရှိ အမေရိကန်သံရုံးက ဝူဟန်တွင်ရှိသော ဓာတ်ခွဲခန်း၏ လုံခြုံရေးနှင့် ပတ်သက်ပြီး ရတက်မအေးဖြစ်မိကြောင်း ၂၀၁၈ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့ဖူးသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus is NOT 'man-made or genetically modified,' U.S. intelligence agencies conclude - but spies ARE probing whether it leaked from Wuhan lab by accident (Dailymail)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္သည္ လူလုပ္ဗိုင္းရပ္စ္မဟုတ္သလို မ်ိဳးဗီဇျပဳျပင္ထားျခင္းလည္းမရွိေၾကာင္း အေမရိကန္ေထာက္လွမ္းေရးက အၿပီးသတ္ ေကာက္ခ်က္ခ်

အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႕အစည္းတို႔က ကို႐ိုနာဗိုင္းရပ္စ္သည္ လူလုပ္ဗိုင္းရပ္စ္မဟုတ္သကဲ့သို႔ မ်ိဳးဗီဇျပဳျပင္ထားျခင္းလည္း မရွိေၾကာင္း အၿပီးသတ္ ေကာက္ခ်က္ခ်လိုက္သည္။

သို႔ေသာ္ ကပ္ေရာဂါႀကီး စတင္ရာသည္ တ႐ုတ္ျပည္ရွိ ဓာတ္ခြဲခန္းတစ္ခုတြင္ ဗိုင္းရပ္စ္ရွိေသာ တိရ စာၦန္မ်ားႏွင့္ ထိေတြ႕ျခင္းမွ ျမစ္ဖ်ားခံသေလာ (သို႔မဟုတ္) မေတာ္တဆျဖစ္ရပ္ေၾကာင့္ေလာဟူသည္ကို အေျဖရွာလ်က္ ရွိသည္။

ဝူဟန္ၿမိဳ႕ရွိ ေရာဂါပိုးမႊားဓာတ္ခြဲခန္းသည္ ကမာၻတစ္ဝန္းတြင္ လူေပါင္း ၂၂၀၀၀၀ ေက်ာ္ ေသဆုံးခဲ့ရသည့္ ကမာၻ႔ကပ္ေရာဂါႀကီး၏ ရင္းျမစ္ျဖစ္သည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ သူ၏မဟာမိတ္မ်ားက ယူဆေနခ်ိန္တြင္ အေမရိကန္သူလွ်ိဳေထာက္လွမ္းေရး အဖြဲ႕အစည္းတို႔၏ တရားဝင္သတင္းထုတ္ျပန္ေရးျဖစ္ေသာ အမ်ိဳးသားေထာက္လွမ္းေရးၫႊန္ၾကားေရးမႉး႐ုံး (Office of the Director of National Intelligence) က ယခုကဲ့သို႔ ထုတ္ျပန္လိုက္ျခင္းလည္း ျဖစ္သည္။

ေထာက္လွမ္းေရးက႑ကို ႀကိဳတင္နိမိတ္ျပထားသည့္ ေကာက္ခ်က္အတြင္း ဝင္လာေအာင္ ပုံဖ်က္ခံရမည္ကို ေထာက္လွမ္းေရး သုေတသီတို႔ ရတက္မေအးျဖစ္ေနသည္ဟု နယူးေယာက္တိုင္းမ္သတင္းစာတြင္ ေဖာ္ျပၿပီးေနာက္ ယခုထုတ္ျပန္ခ်က္ေပၚထြက္လာျခင္း ျဖစ္သည္။

မၾကာေသးမီရက္မ်ားအတြင္း ထရမ့္အစိုးရက အေမရိက၏ ပထဝီႏိုင္ငံေရးရန္သူ၊ အေရးပါေသာကုန္သြယ္ဖက္ တ႐ုတ္ျပည္အေပၚ ေဝဖန္ထားသည္မွာ တ႐ုတ္ႏိုင္ငံသည္ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္ လ်င္ျမန္စြာမလုပ္ေဆာင္ခဲ့ေၾကာင္းႏွင့္ ေရာဂါပ်ံ႕ပြားေနမႈကို ကမာၻကို အသိေပးရန္ ေႏွာင့္ေႏွးခဲ့ေၾကာင္း ေဝဖန္ထားသည္။

“ေထာက္လွမ္းေရးအသိုင္းအဝန္းအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္သည္ လူလုပ္မဟုတ္ (သို႔မဟုတ္) မ်ိဳးဗီဇျပဳျပင္ထားျခင္းမရွိဟူေသာ သိပၸံနည္းက်ေကာက္ခ်က္မ်ားႏွင့္ သေဘာထားခ်င္းတိုက္ဆိုင္ပါသည္” ဟု အေမရိကန္ေထာက္လွမ္းေရး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ေထာက္လွမ္းေရးအသိုင္းအဝန္းအေနျဖင့္ ေပၚေပါက္လာေနသည့္သတင္းမ်ားအေပၚ ဖိဖိစီးစီး စစ္ေဆးသြားမည့္အျပင္ ဗိုင္းရပ္စ္ပ်ံ႕ပြား မႈသည္ ဝူဟန္ရွိ ဓာတ္ခြဲခန္းတြင္ ေရာဂါပိုးရွိေသာ တိရ စာၦန္မ်ားႏွင့္ ထိေတြ႕ျခင္း (သို႔မဟုတ္) မေတာ္တဆျဖစ္ျခင္းတို႔ေၾကာင့္ေလာ ဟူသည္ကို ဆက္လက္ စုံစမ္းေထာက္လွမ္းသြားမည္ဟုလည္း ေထာက္လွမ္းေရးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ ပြန္ပီယိုက တ႐ုတ္ႏိုင္ငံအေနျဖင့္ ျပင္ပမွ ကြၽမ္းက်င္ပညာရွင္မ်ားကို ဓာတ္ခြဲခန္းသို႔ ဝင္ေရာက္ခြင့္ျပဳရန္ ဖိအားေပးခဲ့ၿပီး ထိုသို႔ဝင္ေရာက္ခြင့္ေပးမွသာ ဗိုင္းရပ္စ္ပ်ံ႕ပြားမႈစတင္ပုံကို အေျဖရွာႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

ဝူဟန္ဗိုင္းရပ္စ္သိပၸံ (Wuhan Institute of Virology) သည္ အသားငါးေဈးရွိရာႏွင့္ မိုင္အနည္းငယ္သာ ေဝးကြာသည္ကို သိရွိထားေၾကာင္း၊ ေဈးႏွင့္ဆိုလွ်င္ ၈ မိုင္ (၁၃ ကီလိုမီတာ) သာ ေဝးကြာေၾကာင္း မိုက္ခ္ ပြန္ပီယိုက ၿပီးခဲ့ေသာ ရက္သတၱ ၂ ပတ္ခန႔္က ေျပာၾကားခဲ့သည္။

ေပက်င္းရွိ အေမရိကန္သံ႐ုံးက ဝူဟန္တြင္ရွိေသာ ဓာတ္ခြဲခန္း၏ လုံၿခဳံေရးႏွင့္ ပတ္သက္ၿပီး ရတက္မေအးျဖစ္မိေၾကာင္း ၂၀၁၈ ခုႏွစ္အတြင္းက ထုတ္ျပန္ခဲ့ဖူးသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus is NOT 'man-made or genetically modified,' U.S. intelligence agencies conclude - but spies ARE probing whether it leaked from Wuhan lab by accident (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service