တရုတ်ထိပ်တန်းခေါင်းဆောင်များ ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားရန်အတွက် လျှို့ဝှက်အပန်းဖြေစခန်းတစ်ခုသို့ တိမ်းရှောင်ခဲ့ကြကြောင်း ပေါ်ပေါက်လာ
တရုတ်ထိပ်တန်းခေါင်းဆောင်များ ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်ရှားရန်အတွက် လျှို့ဝှက်အပန်းဖြေစခန်းတစ်ခုသို့ တိမ်းရှောင်ခဲ့ကြကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
30 Apr 2020 1:25 pm တွင် တင်ခဲ့သည်
7639 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တို့သည် တရုတ်ပြည်တစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ပြင်းထန်နေစဉ်ကာလအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ရှောင်ရှားရန်အတွက် ပေကျင်းရှိ လျှို့ဝှက်အပန်းဖြေစခန်းတစ်ခုသို့ တိမ်းရှောင်ခဲ့ကြောင်း သတင်းများ ပေါ်ပေါက်လာသည်။
အချို့သော တရုတ်ထိပ်သီးခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အပြင်းထန်ဆုံးအချိန်တွင် ပေကျင်းရှိ အစောင့်အကြပ်များ ထူထပ်စွာချထားသော Jade Spring Hill တွင် ပုန်းခိုခဲ့ကြောင်း နာမည်ကျော် ဟောင်ကောင်သတင်းစာ Ming Pao တွင် ဖော်ပြသည်။
Jade Spring Hill သည် ပေကျင်းမြို့ အနောက်မြောက်ပိုင်းတွင်တည်ရှိသည့် သီးသန့်ဝန်းတစ်ခုဖြစ်ပြီး ဗဟိုစစ်ကော်မရှင် (CMC) မှ ပုဂ္ဂိုလ်များနေထိုင်သည့်နေရာဖြစ်ကာ သာမာန်ပြည်သူတို့ ဝင်ရောက်ခွင့်မရှိချေ။
သမ္မတ ရှီကျင့်ဖျင်အပါအဝင် ပါတီခေါင်းဆောင်များစွာသည် အဆိုပါနေရာတွင် နေအိမ်များရှိကြသည်ဟု ဆိုသည်။
သာယာလှပသော အဆိုပါနေရာကို တရုတ်ဧကရာဇ်တို့က နွေရာသီနန်းတော်အဖြစ် ၁၂ ရာစုကတည်းက အသုံးပြုခဲ့ကြသည်။
အရှေ့ဘက်တွင်မူ ချင်မင်းဆက်က ဥယျာဉ်တော်ဖြစ်သော နွေရာသီနန်းတော် (Summer Palace ) တည်ရှိသည်။
ချင်မင်းဆက်ခေတ်က တော်ဝင်မျိုးနွှယ်တို့သည် Jade Spring Hill မှ စမ်းရေကို သောက်ရေတော်အဖြစ် အသုံးပြုခဲ့ကြသည်။ ဧကရာဇ် ချင်းလုံ(Emperor Qianlong ) ၏ လက်ထက်တွင် အဆိုပါနေရာမှ စမ်းရေကို ကမ္ဘာ့ပထမဆုံးစမ်းရေတော်အဖြစ် ချီးမွမ်းဂုဏ်ပြုခဲ့ပြီး နောက်ပိုင်း တော်ဝင်မျိုးနွှယ် သောက်ရေတော်အဖြစ် အသုံးပြုလာခြင်းလည်း ဖြစ်သည်။
တရုတ်ပြည်တွင် ကွန်မြူနစ်အစိုးရဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း Jade Spring Hill သည် ပါတီခေါင်းဆောင်တို့၏ အပန်းဖြေရာနေရာ ဖြစ်လာသည်။
ရှီကျင့်ဖျင်အပါအဝင် တရုတ်ကွန်မြူနစ်ပါတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် မကြာသေးမီက တာဝန်ထမ်းဆောင်သွားသည့် ပုဂ္ဂိုလ်များစွာသည် Jade Spring Hill တွင် နေအိမ်များ ပိုင်ဆိုင်ထားသည်ဟူသော သတင်းများ ရှိသည်။
တရုတ်ဘာသာဖြင့် ထုတ်ဝေသော ဟောင်ကောင်သတင်းစာတွင် ရေးသားဖော်ပြထားသည်မှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ပြင်းထန်နေချိန် တွင် တရုတ်ထိပ်တန်းခေါင်းဆောင်များသည် အမေရိကန်မှ အိမ်ဖြူတော်နှင့် သဘောချင်းတူညီသည့် ကျောက်နန်ဟိုင်စံအိမ်တော်ကို ကျောခိုင်းခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် လျှို့ဝှက်အပန်းဖြေရာနေရာသို့ ရွှေ့ပြောင်းခဲ့ကြကြောင်း ဖော်ပြသည်။
ကွန်မြူနစ်အစိုးရအဖွဲ့ အခြေစိုက်ရာဖြစ်သည့် ကျောက်နန်ဟိုင်သည် ပါတီထိပ်တန်းခေါင်းဆောင်များနှင့် မိသားစုဝင်များ၏ တရားဝင်နေအိမ်လည်းဖြစ်သည်။
ဥက္ကဌကြီး မော်စီတုန်းသည် တရုတ်ပြည်တွင် ကွန်မြူနစ်အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း Jade Spring Hill တွင် ကာလအတန်ကြာ နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Top Chinese leaders fled to a secret resort to avoid coronavirus at the height of the outbreak, report reveals (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service