ကိုရိုနာဗိုင်းရပ်စ်ကို အပြီးသတ် တိုက်ဖျက်နိုင်မည်မဟုတ်ကြောင်း တရုတ်သိပ္ပံပညာရှင်တို့ ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကို အပြီးသတ် တိုက်ဖျက်နိုင်မည်မဟုတ်ကြောင်း တရုတ်သိပ္ပံပညာရှင်တို့ ပြောကြား - Property News in Myanmar from iMyanmarHouse.com
29 Apr 2020 12:29 pm တွင် တင်ခဲ့သည်
74787 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မည်မဟုတ်ကြောင်းနှင့် ရာသီတုပ်ကွေးကဲ့သို့ ရာသီအလိုက်ပြန်ရောက်လာတတ်သည့်ဗိုင်းရပ်စ် ဖြစ်လာမည်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်တို့က ဟောကိန်းထုတ်ပြောကြားလိုက်သည်။

Covid-19 သည် ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်သောကြောင့် ဆားစ်ရောဂါကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ကြောင်း တရုတ်ပြည်မှ ဗိုင်းရပ်စ်နှင့် ဆေးပညာဆိုင်ရာ သုတေသနပညာရှင်အုပ်စုတစ်ခုက ပေကျင်းမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း အစရှိသည့် ရောဂါလက္ခဏာများ မပြဘဲ ပျံ့နှံ့နိုင်သောကြောင့် ရောဂါပျံ့ပွားမှုကို ခြေရာခံနိုင်ရန် ခက်ခဲမည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။

တရုတ်ပြည်မှ ကျန်းမာရေးဝန်ထမ်းများသည် နေ့စဉ်နေ့တိုင်း ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေသူများစွာကို ဖော်ထုတ်တွေ့ရှိနေဆဲဖြစ် ကြောင်းလည်း သုတေသနပညာရှင်တို့ကပြောကြားသည်။

တရုတ်ဆေးသိပ္ပံအကယ်ဒမီ (Chinese Academy of Medical Sciences) မှ ရောဂါဖြစ်စေသောပစ္စည်း ဇီဝအင်စတီကျု (Institute of Pathogen Biology) ၏ ညွှန်ကြားရေးမှူး Jin Qi က ပြောကြားရာတွင် “ဒီဟာက လူသားတွေနဲ့ အချိန်အကြာကြီး ရှိနေတော့မယ့် ကပ်ရောဂါတစ်မျိုး ဖြစ်ဟန်ရှိပါတယ်။ ရာသီအလိုက်ပြန်လာတဲ့ရောဂါဖြစ်လာပြီး လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စဉ်ဆက်မပြတ် တည်ရှိနေမှာပါ” ဟု ပြောကြားသည်။

ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် lockdown ချမှတ်ခြင်းများနှင့် အခြားသော တင်းကြပ်သည့်ကိုင်တွယ်ဆောင်ရွက်မှုများ ပြုလုပ်နေသည့်တိုင် ကိုရိုနာဗိုင်းရပ်စ်ကို အပြီးသတ်ချေမှုန်းနိုင်ရန် ဖြစ်တန်ရာချေမရှိကြောင်း ကမ္ဘာတစ်ဝန်းမှ ဆရာဝန်တို့က ဝန်ခံခဲ့ကြသည်။

တရုတ်သုတေသနပညာရှင်တို့က ဖော်ထုတ်ပြောကြားခဲ့သည်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် နွေကာလတွင် နှေးကွေးသွားသည်ဟူသော သက်သေအထောက်အထားလည်း မတွေ့ရကြောင်း ပြောကြားခဲ့သည်ဟု Bloomberg တွင် ဖော်ပြသည်။

ကမ္ဘာ့မြောက်ပိုင်းအခြမ်းတွင် ရာသီဥတုအပူချိန်မြင့်မားလာလျှင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျှော့ချနိုင်မည်ဟူသော ယူဆမျှော်လင့်ချက်တို့ ရှိနေသည်။

တရုတ်ပြည်၊ ပေကျင်းမြို့ရှိ Peking University First Hospital ၏ ကူးစက်ရောဂါဌာနအကြီးအကဲ Wang Guiqiang က ပြောကြားရာတွင် “ဒီဗိုင်းရပ်စ်က အပူချိန်နဲ့ ပတ်သက်လို့ ထိရှလွယ်မှုတော့ရှိတယ်။ ဒါပေမယ့် ၅၆ ဒီဂရီ ဆဲစီးယပ်စ်မှာ မိနစ် ၃၀ လောက် ထားရှိမှ ဖြစ်ပါတယ်။ ဒါရာသီဥတုဟာ ဘယ်တော့မှ အဲဒီလောက်ပူလိမ့်မှာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာပြောရရင် နွေကာလအတွင်းမှာတောင်မှ ဗိုင်းရပ်စ်ပျံ့ပွားမှု ကျဆင်းတယ်ဆိုတာ အနည်းငယ်သာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု၊ အမိမြေလုံခြုံရေးဌာနမှ Bill Bryan က နေရောင်ခြည်အောက်တွင် ကိုရိုနာဗိုင်းရပ်စ်သည် မိနစ်အနည်းငယ်အတွင်း သေဆုံးနိုင်သည်ဟူသော သတင်းတစ်ရပ်ကို တင်ပြခဲ့သည်။

ခရမ်းလွန်ရောင်ခြည်ဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇကို ဖျက်ဆီးနိုင်ပြီး ပုံတူမျိုးပွားနိုင်စွမ်းကို အဟန့်အတားပြုနိုင်ကြောင်း ပြောကြားချက်များရှိပြီး အစ္စရေးနိုင်ငံတွင် လူနာခန်းများကို ခရမ်းလွန်ရောင်ခြည်ဖြင့် သန့်စင်မှုများလုပ်ရန်ပင် စီစဉ်နေသည်။

သို့သော် ကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ကိုမူ ခရမ်းလွန်ရောင်ခြည်ဖြင့် ချေမှုန်းနိုင်သည့်အထောက်အထားမရှိသေးချေ။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid-19 will not be eradicated and will become a seasonal virus, Chinese scientists predict (Dailymail)

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ကို အျပီးသတ္ တိုက္ဖ်က္ႏိုင္မည္မဟုတ္ေၾကာင္း တရုတ္သိပၸံပညာရွင္တို႔ ေျပာၾကား

ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ႏိုင္မည္မဟုတ္ေၾကာင္းႏွင့္ ရာသီတုပ္ေကြးကဲ့သို႔ ရာသီအလိုက္ျပန္ေရာက္လာတတ္သည့္ဗိုင္းရပ္စ္ ျဖစ္လာမည္ျဖစ္ေၾကာင္း တရုတ္သိပၸံပညာရွင္တို႔က ေဟာကိန္းထုတ္ေျပာၾကားလိုက္သည္။

Covid-19 သည္ ေရာဂါလကၡဏာမျပဘဲ ကူးစက္ႏိုင္ေသာေၾကာင့္ ဆားစ္ေရာဂါကဲ့သို႔ ေပ်ာက္ကြယ္သြားလိမ့္မည္ မဟုတ္ေၾကာင္း တရုတ္ျပည္မွ ဗိုင္းရပ္စ္ႏွင့္ ေဆးပညာဆိုင္ရာ သုေတသနပညာရွင္အုပ္စုတစ္ခုက ေပက်င္းျမိဳ ႔တြင္ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္သည္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း အစရွိသည့္ ေရာဂါလကၡဏာမ်ား မျပဘဲ ပ်ံ ႔ႏွံ႔ႏိုင္ေသာေၾကာင့္ ေရာဂါပ်ံ ႔ပြားမႈကို ေျခရာခံႏိုင္ရန္ ခက္ခဲမည္ဟု ဆိုလိုျခင္းလည္း ျဖစ္သည္။

တရုတ္ျပည္မွ က်န္းမာေရးဝန္ထမ္းမ်ားသည္ ေန႔စဥ္ေန႔တိုင္း ေရာဂါလကၡဏာမျပဘဲ ပိုးရွိေနသူမ်ားစြာကို ေဖာ္ထုတ္ေတြ႔ရွိေနဆဲျဖစ္ ေၾကာင္းလည္း သုေတသနပညာရွင္တို႔ကေျပာၾကားသည္။

တရုတ္ေဆးသိပၸံအကယ္ဒမီ (Chinese Academy of Medical Sciences) မွ ေရာဂါျဖစ္ေစေသာပစၥည္း ဇီဝအင္စတီက်ဳ (Institute of Pathogen Biology) ၏ ညႊန္ၾကားေရးမွဴး Jin Qi က ေျပာၾကားရာတြင္ “ဒီဟာက လူသားေတြနဲ႔ အခ်ိန္အၾကာၾကီး ရွိေနေတာ့မယ့္ ကပ္ေရာဂါတစ္မ်ဳိး ျဖစ္ဟန္ရွိပါတယ္။ ရာသီအလိုက္ျပန္လာတဲ့ေရာဂါျဖစ္လာျပီး လူသားေတြရဲ ႔ ခႏၶာကိုယ္ထဲမွာ စဥ္ဆက္မျပတ္ တည္ရွိေနမွာပါ” ဟု ေျပာၾကားသည္။

ကမၻာ့ႏိုင္ငံေပါင္းမ်ားစြာတြင္ lockdown ခ်မွတ္ျခင္းမ်ားႏွင့္ အျခားေသာ တင္းၾကပ္သည့္ကိုင္တြယ္ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေနသည့္တိုင္ ကိုရိုနာဗိုင္းရပ္စ္ကို အျပီးသတ္ေခ်မႈန္းႏိုင္ရန္ ျဖစ္တန္ရာေခ်မရွိေၾကာင္း ကမၻာတစ္ဝန္းမွ ဆရာဝန္တို႔က ဝန္ခံခဲ့ၾကသည္။

တရုတ္သုေတသနပညာရွင္တို႔က ေဖာ္ထုတ္ေျပာၾကားခဲ့သည္မွာ ဗိုင္းရပ္စ္ပ်ံ ႔ႏွံ႔မႈသည္ ေႏြကာလတြင္ ေႏွးေကြးသြားသည္ဟူေသာ သက္ေသအေထာက္အထားလည္း မေတြ႔ရေၾကာင္း ေျပာၾကားခဲ့သည္ဟု Bloomberg တြင္ ေဖာ္ျပသည္။

ကမၻာ့ေျမာက္ပိုင္းအျခမ္းတြင္ ရာသီဥတုအပူခ်ိန္ျမင့္မားလာလွ်င္ ဗိုင္းရပ္စ္ပ်ံ ႔ႏွံ႔မႈကို ေလွ်ာ့ခ်ႏိုင္မည္ဟူေသာ ယူဆေမွ်ာ္လင့္ခ်က္တို႔ ရွိေနသည္။

တရုတ္ျပည္၊ ေပက်င္းျမိဳ ႔ရွိ Peking University First Hospital ၏ ကူးစက္ေရာဂါဌာနအၾကီးအကဲ Wang Guiqiang က ေျပာၾကားရာတြင္ “ဒီဗိုင္းရပ္စ္က အပူခ်ိန္နဲ႔ ပတ္သက္လို႔ ထိရွလြယ္မႈေတာ့ရွိတယ္။ ဒါေပမယ့္ ၅၆ ဒီဂရီ ဆဲစီးယပ္စ္မွာ မိနစ္ ၃၀ ေလာက္ ထားရွိမွ ျဖစ္ပါတယ္။ ဒါရာသီဥတုဟာ ဘယ္ေတာ့မွ အဲဒီေလာက္ပူလိမ့္မွာ မဟုတ္ပါဘူး။ တစ္ကမၻာလံုးအတိုင္းအတာေျပာရရင္ ေႏြကာလအတြင္းမွာေတာင္မွ ဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ က်ဆင္းတယ္ဆိုတာ အနည္းငယ္သာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း အေမရိကန္ျပည္ေထာင္စု၊ အမိေျမလံုျခံဳေရးဌာနမွ Bill Bryan က ေနေရာင္ျခည္ေအာက္တြင္ ကိုရိုနာဗိုင္းရပ္စ္သည္ မိနစ္အနည္းငယ္အတြင္း ေသဆံုးႏိုင္သည္ဟူေသာ သတင္းတစ္ရပ္ကို တင္ျပခဲ့သည္။

ခရမ္းလြန္ေရာင္ျခည္ျဖင့္လည္း ကိုရိုနာဗိုင္းရပ္စ္၏ မ်ဳိးဗီဇကို ဖ်က္ဆီးႏိုင္ျပီး ပံုတူမ်ဳိးပြားႏိုင္စြမ္းကို အဟန္႔အတားျပဳႏိုင္ေၾကာင္း ေျပာၾကားခ်က္မ်ားရွိျပီး အစၥေရးႏိုင္ငံတြင္ လူနာခန္းမ်ားကို ခရမ္းလြန္ေရာင္ျခည္ျဖင့္ သန္႔စင္မႈမ်ားလုပ္ရန္ပင္ စီစဥ္ေနသည္။

သို႔ေသာ္ ကိုယ္အတြင္းရွိ ဗိုင္းရပ္စ္ကိုမူ ခရမ္းလြန္ေရာင္ျခည္ျဖင့္ ေခ်မႈန္းႏိုင္သည့္အေထာက္အထားမရွိေသးေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid-19 will not be eradicated and will become a seasonal virus, Chinese scientists predict (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service