“ မော်ကွန်း ” ထိုးလောက်တဲ့ အပေါ်ထပ်/အောက်ထပ် ” ဇာတ်လမ်း

“ မော်ကွန်း ” ထိုးလောက်တဲ့ အပေါ်ထပ်/အောက်ထပ် ” ဇာတ်လမ်း - Property News in Myanmar from iMyanmarHouse.com
28 Apr 2020 1:03 pm တွင် တင်ခဲ့သည်
10423 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုံးပိတ်ရက်မှာ ကျွန်ုပ်အိမ်မှာ ရှိနေစဉ် လွန်ခဲ့သော (၁၀) နှစ်ခန့်က မိတ်ဆွေဟောင်း ကိုဇော်မင်းသူ နဲ့ မိတ်ဆွေတစ်ယောက်အိမ်ကို ရောက်လာပါတယ်။ သူ့လက်ထဲမှာလည်း အမှုတွဲအဟောင်းကြီးကို ယူလာတာတွေ့ရပါတယ်။ လာရင်းကိစ္စမေးကြည့်တော့ ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ တိုက်ခန်းတစ်ခန်းဝယ်ချင်လို့စာချုပ်ပေးဖို့လာတိုင်ပင်တာပါ။

ရာဇဝင်တွင်တဲ့ အပေါ်ထပ်အောက်ထပ်ဇာတ်လမ်း

တိုက်ခန်းတစ်ခန်း အရောင်းအဝယ်စာချုပ်ပေးရမှာက အခါတိုင်းစာချုပ်တွေလို လွယ်လွယ်ကူကူတော့မဟုတ်ပါ။ ဝယ်မယ့်တိုက်ခန်းရာဇဝင် အကြောင်းမေးကြည့်တော့မှ “ ကမ္ဘာကျေသော်လည်း ဥဒါန်မကျေ နိုင်တဲ့ ” သမိုင်းဝင်တိုက်ခန်းဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီလို ရာဇဝင်တွင်တဲ့ ဇာတ်လမ်းဖြစ်နေတဲ့အတွက် တက်သလောက်မှတ်သလောက်ရှင်းပြနေရင်လည်း ရှင်းလေရှုပ်လေ ဖြစ်မှာကိုကြိုသိထားတဲ့ ကိုဇော်မင်းသူ အား ရှေ့နေဆီလာရင်း အမှုတွဲကြီးကို ပါ တစ်ခါတည်းယူလာတာဖြစ်ပါတယ်။

ကဲ…ရှေ့နေကြီးရေ ကျွန်တော်ရှင်းပြနေရင်ပိုရှုပ်သွားမယ်ထင်လို့ မြေနဲ့ အိမ်ရာဇဝင်သမိုင်းကြောင်း သိနိုင်အောင် ဒီအမှုတွဲကြီးကို အရင်ဖတ်ကြည့်ပေးပါခင်ဗျာ ……ဟု ဆိုကာ လွန်ခဲ့သော နှစ် (၄၀) နီးပါးက တရားတစ်ဘောင်ဖြစ်ခဲ့သော စာချုပ်အဟောင်းထုတ်ကြီးကို ကျွန်ုပ်လက်ထဲပေးအပ်လာပါတယ်။

ကျွန်ုပ်လည်း ၁၉၈၀ ခုနှစ်ခန့်က တရားရုံးအမှုတွဲကြီးဖြစ်နေလေတော့ အသေအချာလေ့လာဖတ်ရှုလိုက်ပါတယ်။ လွန်ခဲ့သော ၁၉၅၈ ခုနှစ်ခန့်က ပုဇွန်တောင်မြို့နယ်၊ တောင်လုံးပြန် ရပ်ကွက် ကမှာ မီးလောင်ခံခဲ့ရတဲ့အတွက် မီးဘေးဒုက္ခသည်တွေဟာ ပုဇွန်တောင်၊ စင်္ကာပူကျောင်းတိုက်အတွင်းမှာ ခိုလှုံခဲ့ကြရပါတယ်။မီးဘေးသင့် ဒုက္ခသည်တွေအတွက် ပုဇွန်တောင်ကွက်သစ်မှာ မြေကွက်ပေါင်း (၂၀) ကို ရန်ကုန်မြို့ ပြည်သူအိုးအိမ်အဖွဲ့က နေရာချထားပေးခဲ့ပါတယ်။ဒီလိုချထားပေးလို့ မြေကွက်ပြန်ရသူတွေထဲမှာ ဦးထိုက်နဲ့ဒေါ်ငွေမှုန် တို့လည်းပါဝင်ခဲ့ပါတယ်။ ဦးထိုက်နဲ့ ဒေါ်ငွေမှုန် တို့ဟာ မြေကွက်ပေါ်မှာ နှစ်ထပ်ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ ၊ သွပ်မိုးဆောက်လုပ်ပြီးနေထိုင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ၊ တစ်ရပ်ကွက်တည်းနေထိုင်သူ ဖြစ်တဲ့ ဦးသူရ ကို အပေါ်ထပ်အခန်းရောင်းချပြီး အောက်ထပ်အခန်းကိုတော့ ဦးနေဝင်းအားရောင်းချခဲ့ပါတယ်။

ဦးသူရ အနေနဲ့ (၆) လလောက်နေထိုင်ပြီး စီးပွားရေးအဆင်မပြေတာနဲ့ အောက်ထပ်မှာရှိတဲ့ ဦးနေဝင်ကို ပြန်ရောင်းခဲ့ပါတယ်။ ဦးသူရ အနေနဲ့ အိမ်ပြန်ရောင်းပြီး နောက်တစ်နှစ်ခန့်အကြာမှာ ရောင်းတဲ့ အပေါ်ထပ်မှာဘဲ ပြန်ငှါးပြီး အိမ်ငှါးအဖြစ်နဲ့ နေထိုင်စေခဲ့ပါတယ်။ ဦးနေဝင်ကလည်း ရိုးသားစွာနဲ့ အိမ်ငှါးအဖြစ်ပြန်လည်လက်ခံခဲ့ပါတယ်။

ဘယ်လိုနားလည်ရမလဲ မသိတော့ပါ

ဒါပေမယ့် မမျှော်လင့်တဲ့အကြောင်းတွေပေါ်လာပါတယ်။ ညီမဖြစ်သူ မလှလှက ဦးသူရ ငှါးရမ်းနေထိုင်တဲ့ အပေါ်ထပ်အခန်းကို မိဘ(၂)ပါးက သူမအားပေးအပ်ထားခဲ့တဲ့ အခန်းဖြစ်ပါတယ် ဆိုပြီး အပေါ်ထပ်အခန်းကို ပိုင်ဆိုင်ကြောင်း မြွက်ဟကြေငြာပေးစေလိုမှုနဲ့ ရန်ကုန်တိုင်းတရားရုံးမှာ တရားစွဲပါလေရော။ဦးနေဝင်းလည်း မဟုတ်မမှန်ကြောင်းတင်ပြခဲ့ပြီး အထက်မှာဖော်ပြခဲ့သလို ဦးသူရ ထံက ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း လျှောက်ထားတင်ပြပေမဲ့ ဦးသူရကလည်း မလှလှ ဘက်လိုက်၍ထွက်ဆိုခဲ့သဖြင့် အမှုရှုံးနိမ့်ခဲ့ရပါတယ်။ ဦးနေဝင်းက မကျေနပ်လို့တရားရုံးချုပ်မှာအယူခံတက်လိုက်မှဘဲ အမှုမှန်ပေါ်ပေါက်ပြီး ဦးနေဝင်က အနိုင်ပြန်ရလိုက်ပါတယ်။ မလှလှ ကလည်း မကျေနပ်လို့ တရားအထွေထွေမှုလျှောက်ထားခဲ့ပေမဲ့ အောင်မြင်မှုမရှိဘဲ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ထီပေါက်ပေမဲ့ ထီ လက်မှတ်ပျောက်သကဲ့သို့

ဦးနေဝင် အနေနဲ့ အမှုသာနိုင်လိုက်ပေမဲ့ အပေါ်ထပ်အခန်းကို လက်ရောက်ရလိုမှု တရားမစွဲခဲ့တဲ့အတွက် ဒီနေ့အထိ လက်ရောက်ရခဲ့ခြင်းမရှိသေးပါ။ အမှုအခင်းဖြစ်ပွားတဲ့ အခန်းမှာနေတဲ့ ဦးသူရကလည်း အခန်းသော့ကို ဦးနေဝင်အားမပေးဘဲ ဒေါ်လှလှ အားပေးခဲ့တဲ့အတွက် ဦးနေဝင်မှာ အနိုင်ရခဲ့ပေမဲ့ အခန်းလက်ရောက်မရသေးမှီမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဇနီးဖြစ်သူမှာလည်း မကြာသေးမှီက ကွယ်လွန်သွားခဲ့ပြန်ပါတယ်။

အမှုကလည်း ၁၉၈၀ ခုနှစ်ခန့်လောက်က အပြန်အလှန်ဖြစ်ခဲ့ကြတာ ၂၀၁၄ ခုနှစ်အထိ လက်ရောက်မရခဲ့သေးမှီမှာဘဲ ဦးနေဝင်တို့ဇနီးမောင်နှံတို့ ကွယ်လွန်သွားခဲ့ရှာပေမဲ့ သေသွားတဲ့အထိ အပေါ်ထပ်အခန်းနဲ့ ပတ်သက်ပြီး ဘာအကျိုးကျေးဇူးမှ ခံစားမသွားကြရပါဘူး။ အခုတော့ အမွေဆက်ခံသူ ကိုအေးမင်း တစ်ယောက်သာကျန်ခဲ့ပါတော့တယ်။

ဝဋ်ကြွေးရှိရင်လည်း ကျေပါစေတော့

ကိုအေးမင်းလက်ထက်မှာတော့ ဖခင်နဲ့ အဒေါ်အရင်းတို့ အမှုအခင်းဖြစ်ပွားခဲ့တဲ့ ဒုက္ခတွေကိုကြည့်ပြီး ပြည့်ဖုံးကာချလိုက်ချင်ပါပြီ၊ အဒေါ်အရင်းလည်း နောင်တတရားရလောက်ပါပြီ၊ ဒီတော့ လူ့ဘဝ မှာနေရတုန်း လှူချင်လှူ ၊ သုံးချင်သုံး နိုင်ဖို့အတွက် အခန်းကို တန်ဖိုးတစ်ခုသက်မှတ်ပြီး ပြန်ဝယ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဒေါ်ဖြစ်သူလည်း အခုဆိုရင် သံဝေဂ တရားတွေရနေပါပြီတဲ့လေ။

အခန်းသော့ပြန်ရတာနဲ့ အဲဒီအခန်းကို ကိုအေးမင်းက သူရဲ့နယ်ကဆွေမျိုးတော်စပ်သူ ဦးဇော်မင်းသူ ကိုပြန်ရောင်းမယ်၊ ဆွေမျိုးတော်သူက အပေါ်ထပ်မှာနေပါစေ ။မိမိကအောက်ထပ်မှာဘဲ တိုင်းရင်းဆေးခန်းဖွင့်ပြီး အေးအေးချမ်းချမ်းနေသွားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်ုပ်ထံရောက်လာကြခြင်းဖြစ်ပါတယ်။ ဒါဟာ ကောင်းသောမင်္ဂလာတစ်ပါးမို့ သာဓု ခေါ်ရပါတယ်။

တကယ့်အမွှေပါလား

ဒီတော့ အမွေဆက်ခံသူ ကိုအေးမင်း ကိုအကြောင်းပြပြီး သံဝေဂတရားရလိုက်တာက၊ လောကမှာ အမိဝမ်းတွင်းမှာ အတူသက်ဆင်းလာကြတဲ့ မောင်နှမတွေဖြစ်ပေမဲ့လည်း၊ အိမ်ထောင်တွေကျပြီး တစ်စိမ်းဖက်လာရင် မောင်နှမအရင်းဆိုတဲ့ စိတ်တွေပျောက်ကွယ်သွားတတ်ကြတယ်။ ပိုင်ဆိုင်မှုတစ်ခုအကြောင်းပြုလို့ နှစ်ပေါင်းများစွာ တရားရုံးတက်ပြီး သူနိုင်ကိုယ်နိုင် အပြိုင်ကျဲလာလိုက်ကြတာ (၄၀) နှစ်ခန့်ကြာတဲ့အထိ အချိန်တွေ ငွေတွေ ကုန်ခဲ့ကြတယ်။ သံသရာအတွက်လည်းမကောင်းဘူးပေါ့။

သူမိသာစု ငါ့မိသာစု အတွက်ဆိုတဲ့ မာနတံခွန်ထူခဲ့မိလို့ နောက်ဆုံးငွေကုန်ကာ မိဘ(၂)ပါး အသက်ပါဆုံးရှုံးသွားခဲ့တဲ့ အထိ ဘာအကျိုးမှ မခံစားလိုက်ရတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် မမြင်နိုင်တဲ့ မာန နဲ့ အာဃာတ တွေ ရှေ့တန်းတင်ကာ ထောင်လွှားခဲ့ကြလို့ ဘုရားတစ်ဖက် ၊မာနတစ်ဖက် နဲ့ဘဲ ဘဝနိဂုံးချုပ်ကြရပါတယ်။

ဒီဖြစ်ရပ်မှာသံဝေဂယူစရာတစ်ခုကတော့ အိမ်ခြံမြေ တိုက်ခန်းရောင်းဝယ်ရာမှာ ယခင်က ရောင်းသူအား အဲဒီအိမ်နဲ့ မြေကိုပြန်လည် အငှါးချထားမိခဲ့တဲ့ အမှားကြောင့်ဖြစ်ပါတယ်။ အိမ်ငှါးမွှေလိုက်တဲ့မီးက မိဘတွေလည်းဆုံး ဒီနေ့အထိလည်း နိဂုံးမသတ်နိုင်သေးပါလားလို့ မောင်အေးမင်းကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေမိပါတော့တယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 [Zawgyi]

“ ေမာ္ကြန္း ” ထိုးေလာက္တဲ့ အေပၚထပ္/ေအာက္ထပ္ ” ဇာတ္လမ္း

႐ုံးပိတ္ရက္မွာ ကြၽႏ္ုပ္အိမ္မွာ ရွိေနစဥ္ လြန္ခဲ့ေသာ (၁၀) ႏွစ္ခန႔္က မိတ္ေဆြေဟာင္း ကိုေဇာ္မင္းသူ နဲ႔ မိတ္ေဆြတစ္ေယာက္အိမ္ကို ေရာက္လာပါတယ္။ သူ႔လက္ထဲမွာလည္း အမႈတြဲအေဟာင္းႀကီးကို ယူလာတာေတြ႕ရပါတယ္။ လာရင္းကိစၥေမးၾကည့္ေတာ့ ရန္ကုန္၊ ပုဇြန္ေတာင္ၿမိဳ႕နယ္မွာ တိုက္ခန္းတစ္ခန္းဝယ္ခ်င္လို႔စာခ်ဳပ္ေပးဖို႔လာတိုင္ပင္တာပါ။

ရာဇဝင္တြင္တဲ့ အေပၚထပ္ေအာက္ထပ္ဇာတ္လမ္း

တိုက္ခန္းတစ္ခန္း အေရာင္းအဝယ္စာခ်ဳပ္ေပးရမွာက အခါတိုင္းစာခ်ဳပ္ေတြလို လြယ္လြယ္ကူကူေတာ့မဟုတ္ပါ။ ဝယ္မယ့္တိုက္ခန္းရာဇဝင္ အေၾကာင္းေမးၾကည့္ေတာ့မွ “ ကမာၻေက်ေသာ္လည္း ဥဒါန္မေက် ႏိုင္တဲ့ ” သမိုင္းဝင္တိုက္ခန္းျဖစ္ေနတာကိုေတြ႕ရပါတယ္။ ဒီလို ရာဇဝင္တြင္တဲ့ ဇာတ္လမ္းျဖစ္ေနတဲ့အတြက္ တက္သေလာက္မွတ္သေလာက္ရွင္းျပေနရင္လည္း ရွင္းေလရႈပ္ေလ ျဖစ္မွာကိုႀကိဳသိထားတဲ့ ကိုေဇာ္မင္းသူ အား ေရွ႕ေနဆီလာရင္း အမႈတြဲႀကီးကို ပါ တစ္ခါတည္းယူလာတာျဖစ္ပါတယ္။

ကဲ…ေရွ႕ေနႀကီးေရ ကြၽန္ေတာ္ရွင္းျပေနရင္ပိုရႈပ္သြားမယ္ထင္လို႔ ေျမနဲ႔ အိမ္ရာဇဝင္သမိုင္းေၾကာင္း သိႏိုင္ေအာင္ ဒီအမႈတြဲႀကီးကို အရင္ဖတ္ၾကည့္ေပးပါခင္ဗ်ာ ……ဟု ဆိုကာ လြန္ခဲ့ေသာ ႏွစ္ (၄၀) နီးပါးက တရားတစ္ေဘာင္ျဖစ္ခဲ့ေသာ စာခ်ဳပ္အေဟာင္းထုတ္ႀကီးကို ကြၽႏ္ုပ္လက္ထဲေပးအပ္လာပါတယ္။

ကြၽႏ္ုပ္လည္း ၁၉၈၀ ခုႏွစ္ခန႔္က တရား႐ုံးအမႈတြဲႀကီးျဖစ္ေနေလေတာ့ အေသအခ်ာေလ့လာဖတ္ရႈလိုက္ပါတယ္။ လြန္ခဲ့ေသာ ၁၉၅၈ ခုႏွစ္ခန႔္က ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ေတာင္လုံးျပန္ ရပ္ကြက္ ကမွာ မီးေလာင္ခံခဲ့ရတဲ့အတြက္ မီးေဘးဒုကၡသည္ေတြဟာ ပုဇြန္ေတာင္၊ စကၤာပူေက်ာင္းတိုက္အတြင္းမွာ ခိုလႈံခဲ့ၾကရပါတယ္။မီးေဘးသင့္ ဒုကၡသည္ေတြအတြက္ ပုဇြန္ေတာင္ကြက္သစ္မွာ ေျမကြက္ေပါင္း (၂၀) ကို ရန္ကုန္ၿမိဳ႕ ျပည္သူအိုးအိမ္အဖြဲ႕က ေနရာခ်ထားေပးခဲ့ပါတယ္။ဒီလိုခ်ထားေပးလို႔ ေျမကြက္ျပန္ရသူေတြထဲမွာ ဦးထိုက္နဲ႔ေဒၚေငြမႈန္ တို႔လည္းပါဝင္ခဲ့ပါတယ္။

ဦးထိုက္နဲ႔ ေဒၚေငြမႈန္ တို႔ဟာ ေျမကြက္ေပၚမွာ ႏွစ္ထပ္ပ်ဥ္ေထာင္၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ ၊ သြပ္မိုးေဆာက္လုပ္ၿပီးေနထိုင္ခဲ့ပါတယ္။ ၁၉၇၄ ခုႏွစ္မွာေတာ့ ၊ တစ္ရပ္ကြက္တည္းေနထိုင္သူ ျဖစ္တဲ့ ဦးသူရ ကို အေပၚထပ္အခန္းေရာင္းခ်ၿပီး ေအာက္ထပ္အခန္းကိုေတာ့ ဦးေနဝင္းအားေရာင္းခ်ခဲ့ပါတယ္။

ဦးသူရ အေနနဲ႔ (၆) လေလာက္ေနထိုင္ၿပီး စီးပြားေရးအဆင္မေျပတာနဲ႔ ေအာက္ထပ္မွာရွိတဲ့ ဦးေနဝင္ကို ျပန္ေရာင္းခဲ့ပါတယ္။ ဦးသူရ အေနနဲ႔ အိမ္ျပန္ေရာင္းၿပီး ေနာက္တစ္ႏွစ္ခန႔္အၾကာမွာ ေရာင္းတဲ့ အေပၚထပ္မွာဘဲ ျပန္ငွါးၿပီး အိမ္ငွါးအျဖစ္နဲ႔ ေနထိုင္ေစခဲ့ပါတယ္။ ဦးေနဝင္ကလည္း ႐ိုးသားစြာနဲ႔ အိမ္ငွါးအျဖစ္ျပန္လည္လက္ခံခဲ့ပါတယ္။

ဘယ္လိုနားလည္ရမလဲ မသိေတာ့ပါ

ဒါေပမယ့္ မေမွ်ာ္လင့္တဲ့အေၾကာင္းေတြေပၚလာပါတယ္။ ညီမျဖစ္သူ မလွလွက ဦးသူရ ငွါးရမ္းေနထိုင္တဲ့ အေပၚထပ္အခန္းကို မိဘ(၂)ပါးက သူမအားေပးအပ္ထားခဲ့တဲ့ အခန္းျဖစ္ပါတယ္ ဆိုၿပီး အေပၚထပ္အခန္းကို ပိုင္ဆိုင္ေၾကာင္း ႁမြက္ဟေၾကျငာေပးေစလိုမႈနဲ႔ ရန္ကုန္တိုင္းတရား႐ုံးမွာ တရားစြဲပါေလေရာ။ဦးေနဝင္းလည္း မဟုတ္မမွန္ေၾကာင္းတင္ျပခဲ့ၿပီး အထက္မွာေဖာ္ျပခဲ့သလို ဦးသူရ ထံက ျပန္လည္ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားတင္ျပေပမဲ့ ဦးသူရကလည္း မလွလွ ဘက္လိုက္၍ထြက္ဆိုခဲ့သျဖင့္ အမႈရႈံးနိမ့္ခဲ့ရပါတယ္။ ဦးေနဝင္းက မေက်နပ္လို႔တရား႐ုံးခ်ဳပ္မွာအယူခံတက္လိုက္မွဘဲ အမႈမွန္ေပၚေပါက္ၿပီး ဦးေနဝင္က အႏိုင္ျပန္ရလိုက္ပါတယ္။ မလွလွ ကလည္း မေက်နပ္လို႔ တရားအေထြေထြမႈေလွ်ာက္ထားခဲ့ေပမဲ့ ေအာင္ျမင္မႈမရွိဘဲ ရႈံးနိမ့္ခဲ့ျပန္ပါတယ္။

ထီေပါက္ေပမဲ့ ထီ လက္မွတ္ေပ်ာက္သကဲ့သို႔

ဦးေနဝင္ အေနနဲ႔ အမႈသာႏိုင္လိုက္ေပမဲ့ အေပၚထပ္အခန္းကို လက္ေရာက္ရလိုမႈ တရားမစြဲခဲ့တဲ့အတြက္ ဒီေန႔အထိ လက္ေရာက္ရခဲ့ျခင္းမရွိေသးပါ။ အမႈအခင္းျဖစ္ပြားတဲ့ အခန္းမွာေနတဲ့ ဦးသူရကလည္း အခန္းေသာ့ကို ဦးေနဝင္အားမေပးဘဲ ေဒၚလွလွ အားေပးခဲ့တဲ့အတြက္ ဦးေနဝင္မွာ အႏိုင္ရခဲ့ေပမဲ့ အခန္းလက္ေရာက္မရေသးမွီမွာဘဲ ကြယ္လြန္သြားခဲ့ပါတယ္။ ဇနီးျဖစ္သူမွာလည္း မၾကာေသးမွီက ကြယ္လြန္သြားခဲ့ျပန္ပါတယ္။

အမႈကလည္း ၁၉၈၀ ခုႏွစ္ခန႔္ေလာက္က အျပန္အလွန္ျဖစ္ခဲ့ၾကတာ ၂၀၁၄ ခုႏွစ္အထိ လက္ေရာက္မရခဲ့ေသးမွီမွာဘဲ ဦးေနဝင္တို႔ဇနီးေမာင္ႏွံတို႔ ကြယ္လြန္သြားခဲ့ရွာေပမဲ့ ေသသြားတဲ့အထိ အေပၚထပ္အခန္းနဲ႔ ပတ္သက္ၿပီး ဘာအက်ိဳးေက်းဇူးမွ ခံစားမသြားၾကရပါဘူး။ အခုေတာ့ အေမြဆက္ခံသူ ကိုေအးမင္း တစ္ေယာက္သာက်န္ခဲ့ပါေတာ့တယ္။

ဝဋ္​​ေႂကြး႐ွိရင္လည္း​​ ​ေက်ပါ​ေစေတာ့

ကိုေအးမင္းလက္ထက္မွာေတာ့ ဖခင္နဲ႔ အေဒၚအရင္းတို႔ အမႈအခင္းျဖစ္ပြားခဲ့တဲ့ ဒုကၡေတြကိုၾကည့္ၿပီး ျပည့္ဖုံးကာခ်လိုက္ခ်င္ပါၿပီ၊ အေဒၚအရင္းလည္း ေနာင္တတရားရေလာက္ပါၿပီ၊ ဒီေတာ့ လူ႔ဘဝ မွာေနရတုန္း လႉခ်င္လႉ ၊ သုံးခ်င္သုံး ႏိုင္ဖို႔အတြက္ အခန္းကို တန္ဖိုးတစ္ခုသက္မွတ္ၿပီး ျပန္ဝယ္လိုက္မယ္လို႔ ဆုံးျဖတ္လိုက္တယ္။ အေဒၚျဖစ္သူလည္း အခုဆိုရင္ သံေဝဂ တရားေတြရေနပါၿပီတဲ့ေလ။

အခန္းေသာ့ျပန္ရတာနဲ႔ အဲဒီအခန္းကို ကိုေအးမင္းက သူရဲ႕နယ္ကေဆြမ်ိဳးေတာ္စပ္သူ ဦးေဇာ္မင္းသူ ကိုျပန္ေရာင္းမယ္၊ ေဆြမ်ိဳးေတာ္သူက အေပၚထပ္မွာေနပါေစ ။မိမိကေအာက္ထပ္မွာဘဲ တိုင္းရင္းေဆးခန္းဖြင့္ၿပီး ေအးေအးခ်မ္းခ်မ္းေနသြားေတာ့မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ကြၽႏ္ုပ္ထံေရာက္လာၾကျခင္းျဖစ္ပါတယ္။ ဒါဟာ ေကာင္းေသာမဂၤလာတစ္ပါးမို႔ သာဓု ေခၚရပါတယ္။

တကယ့္အေမႊပါလား

ဒီေတာ့ အေမြဆက္ခံသူ ကိုေအးမင္း ကိုအေၾကာင္းျပၿပီး သံေဝဂတရားရလိုက္တာက၊ ေလာကမွာ အမိဝမ္းတြင္းမွာ အတူသက္ဆင္းလာၾကတဲ့ ေမာင္ႏွမေတြျဖစ္ေပမဲ့လည္း၊ အိမ္ေထာင္ေတြက်ၿပီး တစ္စိမ္းဖက္လာရင္ ေမာင္ႏွမအရင္းဆိုတဲ့ စိတ္ေတြေပ်ာက္ကြယ္သြားတတ္ၾကတယ္။ ပိုင္ဆိုင္မႈတစ္ခုအေၾကာင္းျပဳလို႔ ႏွစ္ေပါင္းမ်ားစြာ တရား႐ုံးတက္ၿပီး သူႏိုင္ကိုယ္ႏိုင္ အၿပိဳင္က်ဲလာလိုက္ၾကတာ (၄၀) ႏွစ္ခန႔္ၾကာတဲ့အထိ အခ်ိန္ေတြ ေငြေတြ ကုန္ခဲ့ၾကတယ္။ သံသရာအတြက္လည္းမေကာင္းဘူးေပါ့။

သူမိသာစု ငါ့မိသာစု အတြက္ဆိုတဲ့ မာနတံခြန္ထူခဲ့မိလို႔ ေနာက္ဆုံးေငြကုန္ကာ မိဘ(၂)ပါး အသက္ပါဆုံးရႈံးသြားခဲ့တဲ့ အထိ ဘာအက်ိဳးမွ မခံစားလိုက္ရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ မျမင္ႏိုင္တဲ့ မာန နဲ႔ အာဃာတ ေတြ ေရွ႕တန္းတင္ကာ ေထာင္လႊားခဲ့ၾကလို႔ ဘုရားတစ္ဖက္ ၊မာနတစ္ဖက္ နဲ႔ဘဲ ဘဝနိဂုံးခ်ဳပ္ၾကရပါတယ္။

ဒီျဖစ္ရပ္မွာသံေဝဂယူစရာတစ္ခုကေတာ့ အိမ္ၿခံေျမ တိုက္ခန္းေရာင္းဝယ္ရာမွာ ယခင္က ေရာင္းသူအား အဲဒီအိမ္နဲ႔ ေျမကိုျပန္လည္ အငွါးခ်ထားမိခဲ့တဲ့ အမွားေၾကာင့္ျဖစ္ပါတယ္။ အိမ္ငွါးေမႊလိုက္တဲ့မီးက မိဘေတြလည္းဆုံး ဒီေန႔အထိလည္း နိဂုံးမသတ္ႏိုင္ေသးပါလားလို႔ ေမာင္ေအးမင္းကိုၾကည့္ရင္း စိတ္မေကာင္းျဖစ္ေနမိပါေတာ့တယ္။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service