ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမျိုးသမီးသေဆုံးမှုနည်းကြောင်းတွေ့ရပြီးနောက် အမေရိကန်ဆရာဝန်တို့က အမျိုးသားလူနာများကို မ,ဟော်မုန်းပေးကာ စတင်ကုသလျက်ရှိ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမျိုးသမီးသေဆုံးမှုနည်းကြောင်းတွေ့ရပြီးနောက် အမေရိကန်ဆရာဝန်တို့က အမျိုးသားလူနာများကို မ,ဟော်မုန်းပေးကာ စတင်ကုသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
28 Apr 2020 12:35 pm တွင် တင်ခဲ့သည်
1987 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရမှုတွင် အမျိုးသားများသည် အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ပိုမိုသေဆုံးလျက် ရှိနေသည်။
ထို့ကြောင့် ဆရာဝန်တို့က အမျိုးသားများကို မ,ဟော်မုန်း ၂ ခု ပေးကြည့်လျှင် သေဆုံးနှုန်းကျဆင်းမည်လောဟူသည်ကို သိလိုလာကြသည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစုမှ အမျိုးသမီးတို့သည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အပြင်းအထန်ခံစားရခြင်း နည်းပါးသည့်အပြင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုလည်း နည်းပါးသည်။
ထို့ကြောင့် သုတေသနပညာရှင်တို့က အမျိုးသမီးတို့တွင် အဓိကထုတ်လုပ်သည့် ဟော်မုန်းများသည် ဗိုင်းရပ်စ်ကို ကာကွယ်ပေးသလောဟူသည်ကို သိလိုလာကြကြောင်း New York Times တွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုရှိ ဆေးရုံ ၂ ခုမှာ အဆိုပါသီအိုရီကို လက်တွေ့စတင်စမ်းသပ်လျက်ရှိရာ မ,ဟော်မုန်းများဖြစ်သော အက်စ်ထရိုဂျင် (Estrogen ) နှင့် ပရိုဂျက်စ်တရွန် (Progesterone) များကို အမျိုးသားတို့အား ကန့်သတ်ကာလတစ်ခုဖြင့်ပေးကာ ကိုယ်ခံအားစနစ် (immune system) ကို မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် ရောဂါပြင်းထန်စွာခံစားရမှုကို လျှော့ချပေးနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်လျက်ရှိသည်။
နယူးယောက်ပြည်နယ်ရှိ Stony Brook University ဆေးရုံနှင့် ကယ်လီဖိုးနီးယားပြည်နယ်မှ Cedars-Sinal ဆေးရုံများတွင် အမျိုးသားများကို မ,ဟော်မုန်း ၂ ခုအနက် တစ်ခုခုပေးကာ စမ်းသပ်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
အမျိုးသားနှင့် အမျိုးသမီးတု့ိအကြား သေဆုံးနှုန်းကွာခြားမှုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ကြီး စတင်ချိန်ကတည်းက သိသာနေခဲ့သည်။
ပြီးခဲ့သောလအတွင်း အီတလီပြည်သူ့ကျန်းမာရေးသုတေသနအေဂျင်စီက ပြောကြားခဲ့ရာတွင် အီတလီတွင် သေဆုံးသူစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံမှ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမျိုးသားများ သေဆုံးနှုန်းမှာ အမျိုးသမီးများထက် ၆၅ ရာခိုင်နှုန်း မြင့်မားနေသည်ဟု ထုတ်ပြန်သည်။
တရုတ်သုတေသီအချို့က ထောက်ပြသည်မှာ အမျိုးသားများမှာ ဆေးလိပ်၊ အရက်သေစာသောက်စားမှုများကြောင့် ပိုမိုသေဆုံးရခြင်း ဖြစ်ကြောင်း ထောက်ပြသော်လည်း အဆိုပါအချက်မှာ နေထိုင်မှုဆိုင်ရာဓလေ့သာဖြစ်ရာ အခြားသောနိုင်ငံများတွင် ကွဲပြားခြားနားမှုများ ရှိနေနိုင်သည်။
အဆိုပါအချက်မှာ အမေရိကန်ပြည်ထောင်စုတွင်လည်း သိသာနေသည်။ နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ကြသည်။
အစောပိုင်းသုတေသနများက ညွှန်ပြသည်မှာ ဟော်မုန်းတို့သည် ဆဲလ်များရှိ ACE2 Receptor ပမာဏကို လျှော့ချပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်သည် ACE2 Receptor မှတဆင့် ဆဲလ်များအတွင်း ဝင်ရောက်ခြင်း ဖြစ်သည်။
နယူးယောက်မြို့၊ Long Island ရှိ Stony Brook University မှ Renaissance School of Medicine သည် အမျိုးသမီးတို့၏ အခြေခံ ဟော်မုန်းဖြစ်သော Estrogen ကို စတင်လေ့လာလျက်ရှိသည်။ Estrogen သည် အမျိုးသမီးတို့၏ မျိုးပွားစနစ်ကို ဖွံ့ဖြိုးအောင်ကူညီပေးပြီး အပျိုပေါက်အချိန် ဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာစေရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။
ဆယ်ကျော်သက်ကူးစက်ရောဂါများဌာနအကြီးအကဲ ဒေါက်တာ Sharon Nachman က တိုင်းမ်မဂ္ဂဇင်းသို့ ပြောကြားခဲ့ရာတွင် ပြီးခဲ့သော ရက်သတ္တပတ်က ပထမဆုံးစမ်းသပ်မှုကို စတင်ခဲ့ကြောင်း ပြောကြားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: US doctors have started giving men with coronavirus ESTROGEN in the hopes of boosting their immune systems after finding the virus kills half as many women (Dailymail)
[Zawgyi]
အမျိုးသားနှင့် အမျိုးသမီးတို့အကြား သေဆုံးနှုန်းကွာခြားမှုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ကြီး စတင်ချိန်ကတည်းက သိသာနေခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service