ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကာလအတွင်း ကုမ္ပဏီငယ်များ၏ ဝန်ထမ်းလစာ ၁၀၀ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့ပေးမည်ဟုဆို

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကာလအတွင်း ကုမ္ပဏီငယ်များ၏ ဝန်ထမ်းလစာ ၁၀၀ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့ပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Apr 2020 11:55 am တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားနေသည့် အရေးအပေါ်ကာလအခြေအနေတွင် အလုပ် ယာယီရပ်ဆိုင်းထားရသောစီးပွားရေးလုပ်ငန်းငယ်များမှ ဝန်ထမ်းများကို လစာ ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားရန် အစိုးရက စီစဉ်လျက်ရှိသည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (MHLW) သည် ရှိရင်းစွဲဖြစ်သော အလုပ်အကိုင် ချိန်ညှိမှု ထောက်ပံ့ငွေကို အသုံးပြုသွားရန် စီစဉ်နေသည်။

အဆိုပါထောက်ပံ့ငွေသည် အလုပ်သမားများကို ခေတ္တအလုပ်နားစေခြင်းမှ လွဲပြီး အခြားရွေးချယ်စရာမရှိသော စီးပွားရေးလုပ်ငန်းများကို ဝန်ထမ်းလစာ ဆက်လက်ပေးနိုင်စေရေး ထောက်ပံ့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

လုပ်ငန်းရပ်ဆိုင်းသွားသောကုမ္ပဏီများမှ ဝန်ထမ်းများကိုမူ ပုံမှန်လစာ၏ ၆၀ ရာခိုင်နှုန်း ထောက်ပံ့ပေးရန် သတ်မှတ်ထားပြီး အစိုးရက အဆိုပါပမာဏမှ ၉၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ကျခံရမည်ဖြစ်သည်။

အလုပ်ရှင်အများအပြားသည် ငွေကုန်ကြေးကျသက်သာစေရန် ရည်ရွယ်ကာ ၆၀ ရာခိုင်နှုန်း ပေးရမည့်လမ်းကြောင်းကို ရွေးချယ်ကြပြီး ထို ၆၀ ရာခိုင်နှုန်းလစာ၏ ၉၀ ရာခိုင်နှုန်းကို အစိုးရထံမှ တောင်းခံမည် ဖြစ်သည်။

ဝန်ဆောင်မှုကဏ္ဍတွင် ဝန်ထမ်းအင်အား ၅ ဦးနှင့်အထက် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝန်ထမ်းဦးရေ ၂၀ နှင့်အထက် လုပ်ငန်းများကို ဗဟိုအစိုးရ (သို့မဟုတ်) ဒေသတွင်း အစိုးရအဖွဲ့များက လုပ်ငန်းယာယီ ရပ်ဆိုင်းထားရန် တောင်းဆိုထားပြီး ၎င်းတို့ အနေဖြင့် အစိုးရထံမှ ဝန်ထမ်းချိန်ညှိမှုထောက်ပံ့ငွေ လျှောက်ထားနိုင်ကာ ယခင်နှစ်က ကုန်ကျခဲ့ရသည့် လုပ်ခလစာပမာဏ အတိုင်း အစိုးရက ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ဤရွေးချယ်မှုတွင်မူ ကုမ္ပဏီများအနေဖြင့် အိပ်ကပ်အတွင်းမှ တစ်ပြားမှ ထုတ်စရာမလိုသည့်အတွက် အများစုမှာ ၁၀၀ ရာခိုင်နှုန်း လမ်းကြောင်းကို ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း အစိုးရထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

တိုကျိုမြို့ပြအစိုးရအဖွဲ့နှင့် အခြားသောဒေသတို့တွင် စားသောက်ဆိုင်များနှင့် အခြားသောစီးပွားရေးလုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ကာလအတွင်း ပိတ်သိမ်းထားရန် (သို့မဟုတ်) ဖွင့်လှစ်ချိန်လျှော့ချရန် တောင်းဆိုထားသည်။

ယခုထောက်ပံ့မှုတွင် ကုမ္ပဏီပေါင်း ၃ သန်းနှင့် ဝန်ထမ်းပေါင်း ၁၀ သန်းခန့် အကျုံးဝင်မည် ဖြစ်သည်။

ယခုထောက်ပံ့မှုစနစ်သည် ကုမ္ပဏီတို့အကြား လူကြိုက်ကား မများလှချေ။ စာရွက်စာတမ်းကိစ္စ ရှုပ်ထွေးခြင်းနှင့် အကြမ်းဖျင်းအားဖြင့် တစ်လခန့် စောင့်ဆိုင်းရသောကြောင့် ဖြစ်သည်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလတွင် အဆိုပါထောက်ပံ့ကြေးကို လျှောက်ထားသည့် ကုမ္ပဏီ ၉၈၅ ခုသာရှိသည်ဟု ဆိုသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan to subsidize 100% of salaries at small companies (Nikkei Asian Review)

[Zawgyi]

ဂ်ပန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈကာလအတြင္း ကုမၸဏီငယ္မ်ား၏ ဝန္ထမ္းလစာ ၁၀၀ ရာခိုင္ႏႈန္းကို အစိုးရက ေထာက္ပံ့ေပးမည္ဟုဆို

ဂ်ပန္ႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားေနသည့္ အေရးအေပၚကာလအေျခအေနတြင္ အလုပ္ ယာယီရပ္ဆိုင္းထားရေသာစီးပြားေရးလုပ္ငန္းငယ္မ်ားမွ ဝန္ထမ္းမ်ားကို လစာ ၁၀၀ ရာခိုင္ႏႈန္း ေထာက္ပံ့ေပးသြားရန္ အစိုးရက စီစဥ္လ်က္ရွိသည္။

က်န္းမာေရး၊ အလုပ္သမားႏွင့္ လူမႈဖူလံုေရးဝန္ၾကီးဌာန (MHLW) သည္ ရွိရင္းစြဲျဖစ္ေသာ အလုပ္အကိုင္ ခ်ိန္ညွိမႈ ေထာက္ပံ့ေငြကို အသံုးျပဳသြားရန္ စီစဥ္ေနသည္။

အဆုိပါေထာက္ပံ့ေငြသည္ အလုပ္သမားမ်ားကို ေခတၱအလုပ္နားေစျခင္းမွ လဲြျပီး အျခားေရြးခ်ယ္စရာမရွိေသာ စီးပြားေရးလုပ္ငန္းမ်ားကို ဝန္ထမ္းလစာ ဆက္လက္ေပးႏိုင္ေစေရး ေထာက္ပံ့ရန္ ရည္ရြယ္ထားျခင္း ျဖစ္သည္။

လုပ္ငန္းရပ္ဆိုင္းသြားေသာကုမၸဏီမ်ားမွ ဝန္ထမ္းမ်ားကိုမူ ပုံမွန္လစာ၏ ၆၀ ရာခိုင္ႏႈန္း ေထာက္ပံ့ေပးရန္ သတ္မွတ္ထားျပီး အစိုးရက အဆိုပါပမာဏမွ ၉၀ ရာခိုင္ႏႈန္းကို ေထာက္ပ့ံေပးမည္ျဖစ္ျပီး က်န္ ၁၀ ရာခိုင္ႏႈန္းကို ကုမၸဏီက က်ခံရမည္ျဖစ္သည္။

အလုပ္ရွင္အမ်ားအျပားသည္ ေငြကုန္ေၾကးက်သက္သာေစရန္ ရည္ရြယ္ကာ ၆၀ ရာခိုင္ႏႈန္း ေပးရမည့္လမ္းေၾကာင္းကို ေရြးခ်ယ္ၾကျပီး ထို ၆၀ ရာခိုင္ႏႈန္းလစာ၏ ၉၀ ရာခိုင္ႏႈန္းကို အစိုးရထံမွ ေတာင္းခံမည္ ျဖစ္သည္။

ဝန္ေဆာင္မႈက႑တြင္ ဝန္ထမ္းအင္အား ၅ ဦးႏွင့္အထက္ လုပ္ငန္းမ်ား၊ ကုန္ထုတ္လုပ္မႈက႑တြင္ ဝန္ထမ္းဦးေရ ၂၀ ႏွင့္အထက္ လုပ္ငန္းမ်ားကို ဗဟိုအစိုးရ (သို႔မဟုတ္) ေဒသတြင္း အစိုးရအဖြဲ႔မ်ားက လုပ္ငန္းယာယီ ရပ္ဆိုင္းထားရန္ ေတာင္းဆိုထားျပီး ၎တို႔ အေနျဖင့္ အစိုးရထံမွ ဝန္ထမ္းခ်ိန္ညွိမႈေထာက္ပံ့ေငြ ေလွ်ာက္ထားႏိုင္ကာ ယခင္ႏွစ္က ကုန္က်ခဲ့ရသည့္ လုပ္ခလစာပမာဏ အတိုင္း အစိုးရက ၁၀၀ ရာခိုင္ႏႈန္း ေထာက္ပံ့ေပးသြားမည္ ျဖစ္သည္။

ဤေရြးခ်ယ္မႈတြင္မူ ကုမၸဏီမ်ားအေနျဖင့္ အိပ္ကပ္အတြင္းမွ တစ္ျပားမွ ထုတ္စရာမလိုသည့္အတြက္ အမ်ားစုမွာ ၁၀၀ ရာခိုင္ႏႈန္း လမ္းေၾကာင္းကို ေရြးခ်ယ္လိမ့္မည္ျဖစ္ေၾကာင္း အစိုးရထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

တိုက်ဳိျမိဳ ႔ျပအစိုးရအဖြဲ႔ႏွင့္ အျခားေသာေဒသတို႔တြင္ စားေသာက္ဆိုင္မ်ားႏွင့္ အျခားေသာစီးပြားေရးလုပ္ငန္းမ်ားကို ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈ ကာလအတြင္း ပိတ္သိမ္းထားရန္ (သို႔မဟုတ္) ဖြင့္လွစ္ခ်ိန္ေလွ်ာ့ခ်ရန္ ေတာင္းဆိုထားသည္။

ယခုေထာက္ပံ့မႈတြင္ ကုမၸဏီေပါင္း ၃ သန္းႏွင့္ ဝန္ထမ္းေပါင္း ၁၀ သန္းခန္႔ အက်ံဳးဝင္မည္ ျဖစ္သည္။

ယခုေထာက္ပံ့မႈစနစ္သည္ ကုမၸဏီတို႔အၾကား လူၾကိဳက္ကား မမ်ားလွေခ်။ စာရြက္စာတမ္းကိစၥ ရႈပ္ေထြးျခင္းႏွင့္ အၾကမ္းဖ်င္းအားျဖင့္ တစ္လခန္႔ ေစာင့္ဆိုင္းရေသာေၾကာင့္ ျဖစ္သည္။ လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ အက်ပ္အတည္းကာလတြင္ အဆိုပါေထာက္ပံ့ေၾကးကို ေလွ်ာက္ထားသည့္ ကုမၸဏီ ၉၈၅ ခုသာရွိသည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan to subsidize 100% of salaries at small companies (Nikkei Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service