အာဖရိကနိုင်ငံများ၏ မတူညီသော COVID-19 Lockdown နည်းလမ်းများ

အာဖရိကနိုင်ငံများ၏ မတူညီသော COVID-19 Lockdown နည်းလမ်းများ - Property News in Myanmar from iMyanmarHouse.com
28 Apr 2020 11:23 am တွင် တင်ခဲ့သည်
765 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဖရိကတိုက်နိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုအရေအတွက်သည် ကျန်တိုက်ကြီးများရှိ နိုင်ငံများထက် လျော့နည်းနေသော်လည်း ထိရောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်မရှိခြင်းသည် ၎င်းတိုက်အတွင်းရှိ နိုင်ငံများအား အန္တရာယ်ရှိသည့်အခြေအနေတစ်ခုသို့ သွတ်သွင်းလျှက်ရှိသည်။

Lockdown ချခြင်း (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာအတွင်းမှ ထွက်ခွါခွင့်မပြုခြင်း) သည် ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်တားဆီးပေးနိုင်သည့်အတွက် သက်ဆိုင်ရာအစိုးရများက နိုင်ငံအတွင်းတားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ဂါနာနိုင်ငံတွင် ဗိုင်းရပ်စ်အားကာကွယ်ရန် အခြားနည်းလမ်းများချမှတ်ဆောင်ရွက်နေသည့်အတွက် ဆင်းရဲနွမ်းပါးသူများအပေါ်သက်ရောက်မှုရှိနေသည့် Lockdown ကို ဖြေလျှော့ပေးခဲ့သည်။ ဂါနာနိုင်ငံသည် ၎င်း၏အဓိကမြို့တော်များကို ကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့သော်လည်း ယခုအချိန်တွင်အများစုကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ သို့သော် လူမှုတွေ့ဆုံပွဲများကို ဆက်လက်တားမြစ်ထားပြီး စာသင်ကျောင်းများလည်း ပိတ်ထားဆဲဖြစ်သည်။

“Lockdown ချခြင်း (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာအတွင်းမှ ထွက်ခွါခွင့်မပြုခြင်း) ဟာ နေ့စဉ်ဝင်ငွေအပေါ်မှီခိုနေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ပြည်သူလူထုအပေါ် စတင်ဆိုးကျိုးသက်ရောက်လာခဲ့တယ်” ဟု ဂါနာနိုင်ငံဘီဘီစီသတင်းထောက် သောမတ်စ်နာဒီက ပြောကြားခဲ့သည်။ ဂါနာနိုင်ငံသမ္မတ နာနာအခူဖိုအက်ဒိုက ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခြင်း နှင့် ကုသရေးစင်တာများ တိုးမြှင့်ဆောင်ရွက်ထားခြင်း‌‌ကြောင့် ကန့်သတ်မှုများကို ‌ဖြေလျှော့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုဒဏ်ခံခဲ့ရသည့် ၎င်း၏မြို့တော်ကင်ရှာဆာရှိ အချို့နေရာများတွင် တားမြစ်ကန့်သတ်မှုအချို့ကို ဖြေလျှော့ပေးခဲ့သည်။

သို့သော် အာဖရိကတိုက်ရှိ အချို့နိုင်ငံများတွင် ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ချိန်၌ ပြင်းထန်သည့်ကန့်သတ်ပိတ်ဆို့မှုများ မပြုလုပ်ခဲ့ကြပေ။

တန်ဇေးနီးယားနိုင်ငံသည် ၎င်း၏ ပထမဆုံးရောဂါကူးစက်မှုကို မတ်လအလယ်တွင် စတင်တွေ့ရှိခဲ့သည့်အတွက် အစိုးရက စာသင်ကျောင်းများကို ပိတ်သိမ်းခဲ့သည်။ သို့သော် လူစုလူဝေးနှင့် ဘာသာရေးပွဲများကို တားမြစ်ပိတ်ပင်ခဲ့ခြင်းမရှိသည့်အပြင် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်မှသာ ၎င်း၏ နိုင်ငံတကာလေကြောင်းအဝင်အထွက်ကို ရပ်ဆိုင်းခဲ့သည်။

ကူးစက်ရောဂါထိန်းချုပ်ရေးတွင် အတွေ့အကြုံရှိသည့် တောင်အာဖရိကသည် လက်ရှိအချိန်တွင် ကမ္ဘာ့အပြင်းအထန်ဆုံး ကန့်သတ်ပိတ်ဆို့ထားသည့် နိုင်ငံများတွင် ပါဝင်နေသည်။ သို့သော် အစိုးရသည် ဧပြီ ၃၀ ရက်မှစတင်၍ ကန့်သတ်မှုကို ညင်သာစွာလျှော့ချမည်ဟု ကြေညာထားသည်။

တောင်အာဖရိနိုင်ငံတွင် လက်ရှိအချိန်၌ စာသင်ကျောင်းနှင့် တက္ကသိုလ်များ ပိတ်ထားပြီး ဆေးရုံနှင့် ထောင်ဝင်စာတွေ့ဆုံမှုများကို ကန့်သတ်ထားသည်။ နာရေးမှအပ လူစုဝေးခြင်းများကို တားမြစ်ထားသည့်အပြင် စစ်တပ်ဖြင့် လုံခြုံရေးတင်းကြပ်ထားသည်။

အာဖရိကတိုက်၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားတွင် မတ်လ‌နှောင်းပိုင်းမှစတင်၍ နယ်စပ်နှင့် နိုင်ငံတကာလေဆိပ်ကို ပိတ်ဆို့ခဲ့သည်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုတစ်ရာကျော်တွေ့ရှိပြီးနောက်တွင် နိုင်ငံ၏ အဓိကမြို့တော်များကို ပိတ်ဆို့ခဲ့သည်။

တစ်ချိန်တည်း၌ ဇင်ဘာဘွေနိုင်ငံသည် ကူးစက်မှုအနည်းငယ်သာရှိသော်လည်း နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည်။

ကင်ညာနိုင်ငံတွင် အဓိကမြို့တော်များ၌ ဝင်ထွက်သွားလာခွင့်ပိတ်ဆို့ထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားကာ စည်းကမ်းဖောက်ဖျက်မှုများအတွက် ဖမ်းဆီးမှုပေါင်း လေးရာကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: The different approaches to lockdowns in Africa (BBC)

[Zawgyi]

အာဖရိကႏိုင္ငံမ်ား၏ မတူညီေသာ COVID-19 Lockdown နည္းလမ္းမ်ား

အာဖရိကတိုက္ႏိုင္ငံမ်ား၏ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရမႈအေရအတြက္သည္ က်န္တိုက္ႀကီးမ်ားရွိ ႏိုင္ငံမ်ားထက္ ေလ်ာ့နည္းေနေသာ္လည္း ထိေရာက္သည့္က်န္းမာေရးေစာင့္ေရွာက္မႈစနစ္မရွိျခင္းသည္ ၎တိုက္အတြင္းရွိ ႏိုင္ငံမ်ားအား အႏၲရာယ္ရွိသည့္အေျခအေနတစ္ခုသို႔ သြတ္သြင္းလွ်က္ရွိသည္။

Lockdown ခ်ျခင္း (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာအတြင္းမွ ထြက္ခြါခြင့္မျပဳျခင္း) သည္ ဗိုင္းရပ္စ္ပိုးကူးစက္ပ်ံ႕ႏွံ႔ျခင္းကို ကာကြယ္တားဆီးေပးႏိုင္သည့္အတြက္ သက္ဆိုင္ရာအစိုးရမ်ားက ႏိုင္ငံအတြင္းတားျမစ္ကန႔္သတ္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဂါနာႏိုင္ငံတြင္ ဗိုင္းရပ္စ္အားကာကြယ္ရန္ အျခားနည္းလမ္းမ်ားခ်မွတ္ေဆာင္႐ြက္ေနသည့္အတြက္ ဆင္းရဲႏြမ္းပါးသူမ်ားအေပၚသက္ေရာက္မႈရွိေနသည့္ Lockdown ကို ေျဖေလွ်ာ့ေပးခဲ့သည္။ ဂါနာႏိုင္ငံသည္ ၎၏အဓိကၿမိဳ႕ေတာ္မ်ားကို ကန႔္သတ္ပိတ္ဆို႔မႈမ်ားျပဳလုပ္ခဲ့ေသာ္လည္း ယခုအခ်ိန္တြင္အမ်ားစုကို ႐ုတ္သိမ္းလိုက္ၿပီျဖစ္သည္။ သို႔ေသာ္ လူမႈေတြ႕ဆုံပြဲမ်ားကို ဆက္လက္တားျမစ္ထားၿပီး စာသင္ေက်ာင္းမ်ားလည္း ပိတ္ထားဆဲျဖစ္သည္။

“Lockdown ခ်ျခင္း (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာအတြင္းမွ ထြက္ခြါခြင့္မျပဳျခင္း) ဟာ ေန႔စဥ္ဝင္ေငြအေပၚမွီခိုေနရတဲ့ ဆင္းရဲႏြမ္းပါးတဲ့ျပည္သူလူထုအေပၚ စတင္ဆိုးက်ိဳးသက္ေရာက္လာခဲ့တယ္” ဟု ဂါနာႏိုင္ငံဘီဘီစီသတင္းေထာက္ ေသာမတ္စ္နာဒီက ေျပာၾကားခဲ့သည္။ ဂါနာႏိုင္ငံသမၼတ နာနာအခူဖိုအက္ဒိုက ဗိုင္းရပ္စ္ပိုးရွိမရွိ စစ္ေဆးျခင္း ႏွင့္ ကုသေရးစင္တာမ်ား တိုးျမႇင့္ေဆာင္႐ြက္ထားျခင္း‌‌ေၾကာင့္ ကန႔္သတ္မႈမ်ားကို ‌ေျဖေလွ်ာ့ေပးႏိုင္ခဲ့သည္ဟု ဆိုသည္။

ကြန္ဂိုျပည္သူ႔သမၼတႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္မႈဒဏ္ခံခဲ့ရသည့္ ၎၏ၿမိဳ႕ေတာ္ကင္ရွာဆာရွိ အခ်ိဳ႕ေနရာမ်ားတြင္ တားျမစ္ကန႔္သတ္မႈအခ်ိဳ႕ကို ေျဖေလွ်ာ့ေပးခဲ့သည္။

သို႔ေသာ္ အာဖရိကတိုက္ရွိ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ဗိုင္းရပ္စ္ပိုးစတင္ပ်ံ႕ႏွံ႔ခ်ိန္၌ ျပင္းထန္သည့္ကန႔္သတ္ပိတ္ဆို႔မႈမ်ား မျပဳလုပ္ခဲ့ၾကေပ။

တန္ေဇးနီးယားႏိုင္ငံသည္ ၎၏ ပထမဆုံးေရာဂါကူးစက္မႈကို မတ္လအလယ္တြင္ စတင္ေတြ႕ရွိခဲ့သည့္အတြက္ အစိုးရက စာသင္ေက်ာင္းမ်ားကို ပိတ္သိမ္းခဲ့သည္။ သို႔ေသာ္ လူစုလူေဝးႏွင့္ ဘာသာေရးပြဲမ်ားကို တားျမစ္ပိတ္ပင္ခဲ့ျခင္းမရွိသည့္အျပင္ ၿပီးခဲ့သည့္ ဧၿပီ ၁၁ ရက္မွသာ ၎၏ ႏိုင္ငံတကာေလေၾကာင္းအဝင္အထြက္ကို ရပ္ဆိုင္းခဲ့သည္။

ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးတြင္ အေတြ႕အႀကဳံရွိသည့္ ေတာင္အာဖရိကသည္ လက္ရွိအခ်ိန္တြင္ ကမာၻ႔အျပင္းအထန္ဆုံး ကန႔္သတ္ပိတ္ဆို႔ထားသည့္ ႏိုင္ငံမ်ားတြင္ ပါဝင္ေနသည္။ သို႔ေသာ္ အစိုးရသည္ ဧၿပီ ၃၀ ရက္မွစတင္၍ ကန္႔သတ္မႈကို ညင္သာစြာေလွ်ာ့ခ်မည္ဟု ေၾကညာထားသည္။

ေတာင္အာဖရိႏိုင္ငံတြင္ လက္ရွိအခ်ိန္၌ စာသင္ေက်ာင္းႏွင့္ တကၠသိုလ္မ်ား ပိတ္ထားၿပီး ေဆး႐ုံႏွင့္ ေထာင္ဝင္စာေတြ႕ဆုံမႈမ်ားကို ကန႔္သတ္ထားသည္။ နာေရးမွအပ လူစုေဝးျခင္းမ်ားကို တားျမစ္ထားသည့္အျပင္ စစ္တပ္ျဖင့္ လုံၿခဳံေရးတင္းၾကပ္ထားသည္။

အာဖရိကတိုက္၏ လူဦးေရအထူထပ္ဆုံးႏိုင္ငံျဖစ္သည့္ ႏိုင္ဂ်ီးရီးယားတြင္ မတ္လ‌ေႏွာင္းပိုင္းမွစတင္၍ နယ္စပ္ႏွင့္ ႏိုင္ငံတကာေလဆိပ္ကို ပိတ္ဆို႔ခဲ့သည္။ ႏိုင္ငံအတြင္း ဗိုင္းရပ္စ္ကူးစက္မႈတစ္ရာေက်ာ္ေတြ႕ရွိၿပီးေနာက္တြင္ ႏိုင္ငံ၏ အဓိကၿမိဳ႕ေတာ္မ်ားကို ပိတ္ဆို႔ခဲ့သည္။

တစ္ခ်ိန္တည္း၌ ဇင္ဘာေဘြႏိုင္ငံသည္ ကူးစက္မႈအနည္းငယ္သာရွိေသာ္လည္း ႏိုင္ငံတစ္ဝန္း အသြားအလာကန႔္သတ္ပိတ္ဆို႔ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ကင္ညာႏိုင္ငံတြင္ အဓိကၿမိဳ႕ေတာ္မ်ား၌ ဝင္ထြက္သြားလာခြင့္ပိတ္ဆို႔ထားၿပီး ညမထြက္ရအမိန႔္ထုတ္ျပန္ထားကာ စည္းကမ္းေဖာက္ဖ်က္မႈမ်ားအတြက္ ဖမ္းဆီးမႈေပါင္း ေလးရာေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: The different approaches to lockdowns in Africa (BBC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service