ဗြိတိန်တွင် လူဦးရေ ၆ သန်းခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဖွယ်ရှိ

ဗြိတိန်တွင် လူဦးရေ ၆ သန်းခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Apr 2020 11:49 am တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် လူဦးရေ ၆ သန်းခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဖွယ်ရှိကြောင်း ဗြိတိန်အစိုးရက မကြာသေးမီက ထုတ်လုပ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ထိတွေ့မှု ခြေရာခံ ဖုန်း app ကို ဦးဆောင်အကောင်အထည် ဖော်ခဲ့သော သိပ္ပံပညာရှင်တို့က ပြောကြားသည်။

ပါမောက္ခ ခရစ္စတိုဖီ ဖရေဇာ (Christophe Fraser) ဦးဆောင်သော အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ကျောထောက်နောက်ခံပြု အဖွဲ့သည် ဗြိတိန်နိုင်ငံတစ်ဝန်း covid-19 ပျံ့နှံ့မှုကို ခြေရာခံရန် ကြိုးပမ်းလျက်ရှိသည်။

ခြေရာခံရန် လုပ်ဆောင်သည့် ဆောင်ရွက်မှုများစွာအနက် ဖုန်း app လည်းပါဝင်ပြီး အဆိုပါ app သည် lockdown တင်းကျပ်ထားမှုများကို လျှော့ချပေးသွားနိုင်ရန် အကူအညီပေးနိုင်မည်ဟု ကျွမ်းကျင်ပုဂ္ဂိုလ်တို့က မျှော်လင့်ထားသည်။

BBC သတင်းဌာနမှ အင်ဒရူးမားရ် (Andrew Marr) က အောက်စ်ဖို့ဒ်တက္ကသိုလ် ကပ်ရောဂါပညာရှင်တစ်ဦးဖြစ်သော ပါမောက္ခ ဖရေဇာနှင့် တွေ့ဆုံကာ covid-19 သည် ဗြိတိန်တွင် မည်မျှပျံ့နှံ့နေပြီဖြစ်သည်ကို မေးမြန်းခဲ့သည်။

ပါမောက္ခဖရေဇာက ဖြေကြားခဲ့ရာတွင် အတိအကျမပြောနိုင်သော်လည်း ယခုအဆင့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် လူဦးရေ၏ ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား ကူးစက်ခံထားရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်ကျန်းမာရေးဌာနက အတည်ပြုထားသည်မှာ covid-19 လူနာ ၁၅၀၀၀၀ ခန့်ရှိကြောင်း အတည်ပြုထားသည်။ သို့သော် ရောဂါစစ်ဆေးမှုများကို ဆေးရုံတက်လူနာများတွင်သာ စစ်ဆေးပေးခြင်းဖြစ်ရာ အမှန်တကယ်ကူးစက်ခံထားရသူပမာဏမှာ များပြားစွာ ကျန်ရှိနေမည် ဖြစ်သည်။

အကယ်၍ ထိတွေ့မှုခြေရာခံခြင်းနှင့် စမ်းသပ်ခြင်းတို့ကို ဆောလျင်စွာလုပ်ဆောင်နိုင်လျှင် အသက်များပိုမိုကယ်တင်နိုင်ဖွယ် အလားအလာနှင့်စပ်လျဉ်းပြီး မေးမြန်းခဲ့ရာတွင် ပါမောက္ခ ဖရေဇာက “ကျွန်တော်လည်း ဒီလိုပဲ ယူဆပါတယ်။ ၂၀၀၃ ခုနှစ် ဆားစ်ရောဂါ ပြန့်ပွားမှုတုန်းကလည်း ကျွန်တော်လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ပြင်းထန်တဲ့ ကူးစက်မှုကြီးတစ်ခုကို ရပ်တန့်ဖို့က စမ်းသပ်စစ်ဆေးမှုနဲ့ ခြေရာခံမှုက အဓိကအချက်ပါ။ ဒါက တော်တော်ထိရောက်တဲ့မဟာဗျူဟာလို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားသည်။

သမားရိုးကျ ထိတွေ့မှုခြေရာခံနည်းလမ်းများမှာ မလုံလောက်ကြောင်း၊ အဘယ့်ကြောင့်ဆိုလျှင် ဗိုင်းရပ်စ်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့နေပြီး လူတစ်ဦး ရောဂါလက္ခဏာများ မပြမီတွင် ထိုသူထံမှ ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း၊ မိမိတု့ိအဖွဲ့၏ ဖုန်းapp မှာ ထိုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပါမောက္ခ ဖရဇာက ဆိုသည်။

စင်္ကာပူနှင့် အစ္စရေးနိုင်ငံများတွင် ပြုလုပ်ခဲ့သည့်လမ်းကြောင်းအတိုင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်သည့် အဆိုပါ ဖုန်း app သည် လာမည့် ရက်သတ္တပတ်များတွင် အများပြည်သူအသုံးပြုနိုင်ရန် အသင့်ဖြစ်ဖွယ်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Up to 6 million UK residents may have already had coronavirus, NHS adviser says (independent)

[Zawgyi]

ျဗိတိန္တြင္ လူဦးေရ ၆ သန္းခန္႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရဖြယ္ရွိ

ျဗိတိန္တြင္ လူဦးေရ ၆ သန္းခန္႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရဖြယ္ရွိေၾကာင္း ျဗိတိန္အစိုးရက မၾကာေသးမီက ထုတ္လုပ္ခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္ထိေတြ႔မႈ ေျခရာခံ ဖုန္း app ကို ဦးေဆာင္အေကာင္အထည္ ေဖာ္ခဲ့ေသာ သိပံၸပညာရွင္တို႔က ေျပာၾကားသည္။

ပါေမာကၡ ခရစၥတိုဖီ ဖေရဇာ (Christophe Fraser) ဦးေဆာင္ေသာ အမ်ဳိးသားက်န္းမာေရးဝန္ေဆာင္မႈဌာန (NHS) ေက်ာေထာက္ေနာက္ခံျပဳ အဖြဲ႔သည္ ျဗိတိန္ႏိုင္ငံတစ္ဝန္း covid-19 ပ်ံ ႔ႏွံ႔မႈကို ေျခရာခံရန္ ၾကိဳးပမ္းလ်က္ရိွသည္။

ေျခရာခံရန္ လုပ္ေဆာင္သည့္ ေဆာင္ရြက္မႈမ်ားစြာအနက္ ဖုန္း app လည္းပါဝင္ျပီး အဆိုပါ app သည္ lockdown တင္းက်ပ္ထားမႈမ်ားကို ေလွ်ာ့ခ်ေပးသြားႏိုင္ရန္ အကူအညီေပးႏိုင္မည္ဟု ကၽြမ္းက်င္ပုဂၢိဳလ္တို႔က ေမွ်ာ္လင့္ထားသည္။

BBC သတင္းဌာနမွ အင္ဒရူးမားရ္ (Andrew Marr) က ေအာက္စ္ဖို႔ဒ္တကၠသိုလ္ ကပ္ေရာဂါပညာရွင္တစ္ဦးျဖစ္ေသာ ပါေမာကၡ ဖေရဇာႏွင့္ ေတြ႔ဆံုကာ covid-19 သည္ ျဗိတိန္တြင္ မည္မွ်ပ်ံ ႔ႏွံ႔ေနျပီျဖစ္သည္ကို ေမးျမန္းခဲ့သည္။

ပါေမာကၡဖေရဇာက ေျဖၾကားခဲ့ရာတြင္ အတိအက်မေျပာႏိုင္ေသာ္လည္း ယခုအဆင့္တြင္ တစ္ႏိုင္ငံလံုး အတိုင္းအတာအားျဖင့္ လူဦးေရ၏ ၃ ရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္းအၾကား ကူးစက္ခံထားရဖြယ္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

အဂၤလန္က်န္းမာေရးဌာနက အတည္ျပဳထားသည္မွာ covid-19 လူနာ ၁၅၀၀၀၀ ခန္႔ရွိေၾကာင္း အတည္ျပဳထားသည္။ သို႔ေသာ္ ေရာဂါစစ္ေဆးမႈမ်ားကို ေဆးရံုတက္လူနာမ်ားတြင္သာ စစ္ေဆးေပးျခင္းျဖစ္ရာ အမွန္တကယ္ကူးစက္ခံထားရသူပမာဏမွာ မ်ားျပားစြာ က်န္ရွိေနမည္ ျဖစ္သည္။

အကယ္၍ ထိေတြ႔မႈေျခရာခံျခင္းႏွင့္ စမ္းသပ္ျခင္းတို႔ကို ေဆာလ်င္စြာလုပ္ေဆာင္ႏိုင္လွ်င္ အသက္မ်ားပိုမိုကယ္တင္ႏိုင္ဖြယ္ အလားအလာႏွင့္စပ္လ်ဥ္းျပီး ေမးျမန္းခဲ့ရာတြင္ ပါေမာကၡ ဖေရဇာက “ကၽြန္ေတာ္လည္း ဒီလိုပဲ ယူဆပါတယ္။ ၂၀၀၃ ခုႏွစ္ ဆားစ္ေရာဂါ ျပန္႔ပြားမႈတုန္းကလည္း ကၽြန္ေတာ္လုပ္ေဆာင္ခဲ့တာေတြ ရွိပါတယ္။ ျပင္းထန္တဲ့ ကူးစက္မႈၾကီးတစ္ခုကို ရပ္တန္႔ဖို႔က စမ္းသပ္စစ္ေဆးမႈနဲ႔ ေျခရာခံမႈက အဓိကအခ်က္ပါ။ ဒါက ေတာ္ေတာ္ထိေရာက္တဲ့မဟာဗ်ဴဟာလို႔ ကၽြန္ေတာ္ထင္ပါတယ္” ဟု ေျပာၾကားသည္။

သမားရိုးက် ထိေတြ႔မႈေျခရာခံနည္းလမ္းမ်ားမွာ မလံုေလာက္ေၾကာင္း၊ အဘယ့္ေၾကာင့္ဆိုလွ်င္ ဗိုင္းရပ္စ္သည္ အလြန္လ်င္ျမန္စြာ ပ်ံ ႔ႏွံ႔ေနျပီး လူတစ္ဦး ေရာဂါလကၡဏာမ်ား မျပမီတြင္ ထိုသူထံမွ ကူးစက္မႈမ်ား ျဖစ္ေပၚေနေၾကာင္း၊ မိမိတု႔ိအဖြဲ႔၏ ဖုန္းapp မွာ ထိုျပႆနာကို ေျဖရွင္းေပးႏိုင္မည္ဟု ယံုၾကည္ေၾကာင္း ပါေမာကၡ ဖရဇာက ဆိုသည္။

စကၤာပူႏွင့္ အစၥေရးႏိုင္ငံမ်ားတြင္ ျပဳလုပ္ခဲ့သည့္လမ္းေၾကာင္းအတိုင္း ထုတ္လုပ္ခဲ့ျခင္းျဖစ္သည့္ အဆိုပါ ဖုန္း app သည္ လာမည့္ ရက္သတၱပတ္မ်ားတြင္ အမ်ားျပည္သူအသံုးျပဳႏိုင္ရန္ အသင့္ျဖစ္ဖြယ္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Up to 6 million UK residents may have already had coronavirus, NHS adviser says (independent)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service