နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ပျောက်ရန် သန့်ရှင်းရေးသုံး ဆေးများ သောက်သုံးသည့်ဖြစ်ရပ်များ မြင့်တက်

နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ပျောက်ရန် သန့်ရှင်းရေးသုံး ဆေးများ သောက်သုံးသည့်ဖြစ်ရပ်များ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
27 Apr 2020 11:38 am တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုးသတ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းစေနိုင်မှု ရှိ၊ မရှိ စမ်းသပ်ကြည့်သင့်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပြီးနောက်ပိုင်း နယူးယောက်မြို့တွင် အိမ်သုံးသန့်ရှင်းရေးသုံးဆေးများကို သောက်သုံးသည့် ဖြစ်ရပ်များ မြင့်မားလာကြောင်း နယူးယောက်မြို့အဆိပ်ထိန်းချုပ်ရေးဌာန (PCC) က ပြောကြားသည်။

ဧပြီလ ၂၄ ရက် ညနေ ၃ နာရီအထိ အတည်ပြုနိုင်ခဲ့သော သန့်ရှင်းရေးသုံး ဆေးများသောက်သုံးမှု ၃၀ ဖြစ်ပွားခဲ့ကြောင်း PCC က ထုတ်ပြန်သည်။

အဆိုပါ ဖြစ်ရပ်များအနက် ၉ ခုမှာ Lysol ကို သောက်သုံးမှုဖြစ်ပြီး ၁၀ ခုမှာ အစွန်းချွတ်ဆေးများကို သောက်သုံးခြင်းဖြစ်ပြီး ၁၁ ခုမှာမူ အခြားသော အိမ်သုံး သန့်ရှင်းရေးဆေးများ သောက်သုံးခဲ့ခြင်း ဖြစ်ကြောင်း နယူးယောက်မြို့ ကျန်းမာရေးနှင့် စိတ်ကြည်လင် သန့်ရှင်းရေးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Pedro Frisneda က အမျိုးသားပြည်သူ့ရေဒီယို (National Public Radio) သို့ ပြောကြားသည်။

အေအက်ဖ်ပီသတင်းဌာန (Agence France-Presse) က ရေးသားဖော်ပြခဲ့ရာတွင် ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ် သတင်းစာရှင်းလင်းပွဲတွင် ဆရာဝန်တို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတို့ကို ခန္ဓာကိုယ်အတွင်း ခရမ်းလွန်ရောင်ခြည်ပေးခြင်း (သို့မဟုတ်) အိမ်သုံး ပိုးသတ်ဆေးများ ထိုးခြင်းအားဖြင့် စမ်းသပ်ကုသကြည့်သင့်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ဒီပိုးသတ်ဆေးတွေဟာ ဗိုင်းရပ်စ်ကို တစ်မိနစ်အတွင်း ချေမှုန်းပစ်နိုင်တာ ကျွန်တော်သိရတယ်။ ကိုယ်ထဲကို ဆေးထိုးပေးတာမျိုးလို တစ်ခုခု ကျွန်တော်တို့လုပ်နိုင်မလား” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များကို ဆေးပညာရှင်များနှင့် ပိုးသတ်ဆေး ထုတ်လုပ်သူတို့က အပြင်းအထန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သောအခါ ထရမ့်က ပြန်လည်ချေပသည်မှာ ၎င်းအနေဖြင့် ထေ့ငေါ့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

“ငါက မင်းတို့လို သတင်းထောက်မျိုးတွေကို ငေါ့ပြီး မေးခွန်းမေးလိုက်တာ။ ဒီလို အငေါ်တူးပြီးမေးလိုက်ရင် ဘာဖြစ်လာမလဲဆိုတာ ကြည့်ချင်လို့ပဲ” ဟု ထရမ့်က ပြောကြားသည်။

စနေနေ့တွင် ထရမ့်က သူ၏တွစ်တာအကောင့်တွင် ရေးသားခဲ့သည်မှာ ကိုရိုနာဗိုင်းရပ်စ်သတင်းစာရှင်းလင်းပွဲများသည် မိမိ၏အချိန်ကို ဖြုန်းတီးနေခြင်းမျှသာဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲများ ရပ်ဆိုင်းရန် စဉ်းစားနေကြောင်း ထရမ့်က ရေးသားထားသည်။

ရန်လိုသော မေးခွန်းများ ထုတ်ကာ အမှန်တရား (သို့မဟုတ်) အချက်အလက်များကို တိကျစွာ ပြန်လည်ရေးသားရန် ငြင်းပယ်နေခြင်းမှလွဲပြီး အခြားဘာမှမဟုတ်လျှင် အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲများကို မည်သည့်ရည်ရွယ်ချက်ဖြင့် ကျင်းပနေရသနည်းဟု ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New York City sees increase in cases of people ingesting household cleaners after Trump's disinfectant gaffe (straits times)

[Zawgyi]

နယူးေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေပ်ာက္ရန္ သန႔္ရွင္းေရးသုံး ေဆးမ်ား ေသာက္သုံးသည့္ျဖစ္ရပ္မ်ား ျမင့္တက္

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ပိုးသတ္ေဆးမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ ေပ်ာက္ကင္းေစႏိုင္မႈ ရွိ၊ မရွိ စမ္းသပ္ၾကည့္သင့္ေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားလိုက္ၿပီးေနာက္ပိုင္း နယူးေယာက္ၿမိဳ႕တြင္ အိမ္သုံးသန႔္ရွင္းေရးသုံးေဆးမ်ားကို ေသာက္သုံးသည့္ ျဖစ္ရပ္မ်ား ျမင့္မားလာေၾကာင္း နယူးေယာက္ၿမိဳ႕အဆိပ္ထိန္းခ်ဳပ္ေရးဌာန (PCC) က ေျပာၾကားသည္။

ဧၿပီလ ၂၄ ရက္ ညေန ၃ နာရီအထိ အတည္ျပဳႏိုင္ခဲ့ေသာ သန႔္ရွင္းေရးသုံး ေဆးမ်ားေသာက္သုံးမႈ ၃၀ ျဖစ္ပြားခဲ့ေၾကာင္း PCC က ထုတ္ျပန္သည္။

အဆိုပါ ျဖစ္ရပ္မ်ားအနက္ ၉ ခုမွာ Lysol ကို ေသာက္သုံးမႈျဖစ္ၿပီး ၁၀ ခုမွာ အစြန္းခြၽတ္ေဆးမ်ားကို ေသာက္သုံးျခင္းျဖစ္ၿပီး ၁၁ ခုမွာမူ အျခားေသာ အိမ္သုံး သန႔္ရွင္းေရးေဆးမ်ား ေသာက္သုံးခဲ့ျခင္း ျဖစ္ေၾကာင္း နယူးေယာက္ၿမိဳ႕ က်န္းမာေရးႏွင့္ စိတ္ၾကည္လင္ သန႔္ရွင္းေရးဌာန၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Pedro Frisneda က အမ်ိဳးသားျပည္သူ႔ေရဒီယို (National Public Radio) သို႔ ေျပာၾကားသည္။

ေအအက္ဖ္ပီသတင္းဌာန (Agence France-Presse) က ေရးသားေဖာ္ျပခဲ့ရာတြင္ ေဒၚနယ္ထရမ့္သည္ ကို႐ိုနာဗိုင္းရပ္စ္ သတင္းစာရွင္းလင္းပြဲတြင္ ဆရာဝန္တို႔အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတို႔ကို ခႏၶာကိုယ္အတြင္း ခရမ္းလြန္ေရာင္ျခည္ေပးျခင္း (သို႔မဟုတ္) အိမ္သုံး ပိုးသတ္ေဆးမ်ား ထိုးျခင္းအားျဖင့္ စမ္းသပ္ကုသၾကည့္သင့္ေၾကာင္း ေျပာၾကားခဲ့သည္ဟု ေဖာ္ျပခဲ့သည္။

“ဒီပိုးသတ္ေဆးေတြဟာ ဗိုင္းရပ္စ္ကို တစ္မိနစ္အတြင္း ေခ်မႈန္းပစ္ႏိုင္တာ ကြၽန္ေတာ္သိရတယ္။ ကိုယ္ထဲကို ေဆးထိုးေပးတာမ်ိဳးလို တစ္ခုခု ကြၽန္ေတာ္တို႔လုပ္ႏိုင္မလား” ဟု ထရမ့္က ေျပာၾကားခဲ့သည္။

ေဒၚနယ္ထရမ့္၏ ေျပာၾကားခ်က္မ်ားကို ေဆးပညာရွင္မ်ားႏွင့္ ပိုးသတ္ေဆး ထုတ္လုပ္သူတို႔က အျပင္းအထန္ ကန႔္ကြက္မႈမ်ား ျပဳလုပ္ခဲ့ေသာအခါ ထရမ့္က ျပန္လည္ေခ်ပသည္မွာ ၎အေနျဖင့္ ေထ့ေငါ့ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း တုံ႔ျပန္ခဲ့သည္။

“ငါက မင္းတို႔လို သတင္းေထာက္မ်ိဳးေတြကို ေငါ့ၿပီး ေမးခြန္းေမးလိုက္တာ။ ဒီလို အေငၚတူးၿပီးေမးလိုက္ရင္ ဘာျဖစ္လာမလဲဆိုတာ ၾကည့္ခ်င္လို႔ပဲ” ဟု ထရမ့္က ေျပာၾကားသည္။

စေနေန႔တြင္ ထရမ့္က သူ၏တြစ္တာအေကာင့္တြင္ ေရးသားခဲ့သည္မွာ ကို႐ိုနာဗိုင္းရပ္စ္သတင္းစာရွင္းလင္းပြဲမ်ားသည္ မိမိ၏အခ်ိန္ကို ျဖဳန္းတီးေနျခင္းမွ်သာျဖစ္ေၾကာင္း၊ သတင္းစာရွင္းလင္းပြဲမ်ား ရပ္ဆိုင္းရန္ စဥ္းစားေနေၾကာင္း ထရမ့္က ေရးသားထားသည္။

ရန္လိုေသာ ေမးခြန္းမ်ား ထုတ္ကာ အမွန္တရား (သို႔မဟုတ္) အခ်က္အလက္မ်ားကို တိက်စြာ ျပန္လည္ေရးသားရန္ ျငင္းပယ္ေနျခင္းမွလြဲၿပီး အျခားဘာမွမဟုတ္လွ်င္ အိမ္ျဖဴေတာ္သတင္းစာ ရွင္းလင္းပြဲမ်ားကို မည္သည့္ရည္႐ြယ္ခ်က္ျဖင့္ က်င္းပေနရသနည္းဟု ထရမ့္က တြစ္တာတြင္ ေရးသားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New York City sees increase in cases of people ingesting household cleaners after Trump's disinfectant gaffe (straits times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service