တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာ ၃၄ ဦး covid-19 ကူးစက်ခံထားရကြောင်း ထိုင်းအာဏာပိုင်တို့ ထုတ်ပြန်

တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာ ၃၄ ဦး covid-19 ကူးစက်ခံထားရကြောင်း ထိုင်းအာဏာပိုင်တို့ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
26 Apr 2020 11:40 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး

[Unicode] တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာ ၃၄ ဦး covid-19 ကူးစက်ခံထားရကြောင်း ထိုင်းအာဏာပိုင်တို့ ထုတ်ပြန်သည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာသစ် ၅၃ ဦးနှင့် သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း၊ လူနာသစ်များအနက် ၄၂ ဦးမှာ ဆောင်ခလာတွင် ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၉၀၇ ဦးနှင့် သေဆုံးသူ ၅၁ ဦးရှိပြီဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်သည်။

စနေနေ့က သေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ ထိုင်းအမျိုးသားဖြစ်ပြီး ယခင်က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ၏ အစ်ကိုသည် ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ရာမှ covid-19 ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း covid-19 အခြေအနေ ကွပ်ကဲရေးစင်တာ (CCSA) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ Taweesilp Visanuyothin က ပြောကြားသည်။

စနေနေ့က လူနာသစ် ၅၃ ဦးတွေ့ရှိခဲ့ခြင်းမှာ ဧပြီလ ၉ ရက်မှ စတင်ပြီး တစ်နေ့တည်း အများဆုံး လူနာသစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လူနာသစ်များအနက် ၄၂ ဦးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဆောင်ခလာရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဖမ်းဆီးခြင်းခံခဲ့ရသော ရွှေ့ပြောင်းလုပ်သားများဖြစ်သည်။ လူနာသစ် ၄၂ ဦးမှာ မြန်မာနိုင်ငံမှ ၃၄ ဦး၊ ဗီယက်နမ်မှ ၃ ဦး၊ မလေးရှား ၂ ဦး၊ ယီမင် ၁ ဦး၊ ကမ္ဘောဒီးယား ၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ ဖြစ်သည်။

ဒေါက်တာ Taweesilp က ဆောင်ခလာရှိ ပြည်သူများအနေဖြင့် ယခုကဲ့သို့ များပြားစွာ တွေ့ရှိမှုအပေါ် စိုးရိမ်ခြင်းမရှိရန်၊ ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားကာ အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံရှိ covid-19 လူနာစုစုပေါင်း ၂၉၀၇ ဦးအနက် ၂၅၄၇ ဦးမှာ ပြန်လည်ကျန်းမာသွားကာ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးရုံများ၌ ကုသမှုခံယူနေသူ ၃၀၉ ဦးသာ ရှိတော့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thailand logs 53 new cases, one death (Bangkok Post)

[Zawgyi]

တရားမဝင္ ဝင္ေရာက္မႈျဖင့္ ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံထားရေသာ ျမန္မာ ၃၄ ဦး covid-19 ကူးစက္ခံထားရေၾကာင္း ထိုင္းအာဏာပိုင္တို႔ ထုတ္ျပန္

တရားမဝင္ ဝင္ေရာက္မႈျဖင့္ ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံထားရေသာ ျမန္မာ ၃၄ ဦး covid-19 ကူးစက္ခံထားရေၾကာင္း ထိုင္းအာဏာပိုင္တို႔ ထုတ္ျပန္သည္ဟု ဘန္ေကာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ထိုင္းႏိုင္ငံတြင္ စေနေန႔က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေသာ လူနာသစ္ ၅၃ ဦးႏွင့္ ေသဆံုးသူ ၁ ဦးရွိခဲ့ေၾကာင္း၊ လူနာသစ္မ်ားအနက္ ၄၂ ဦးမွာ ေဆာင္ခလာတြင္ ဖမ္းဆီးခံထားရေသာ ေရႊ ႔ေျပာင္းလုပ္သားမ်ားျဖစ္ေၾကာင္း၊ ထိုင္းႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၂၉၀၇ ဦးႏွင့္ ေသဆံုးသူ ၅၁ ဦးရွိျပီျဖစ္ေၾကာင္း ထိုင္းအစိုးရက ထုတ္ျပန္သည္။

စေနေန႔က ေသဆံုးသူမွာ အသက္ ၄၈ ႏွစ္အရြယ္ရွိ ထိုင္းအမ်ဳိးသားျဖစ္ျပီး ယခင္က အတည္ျပဳလူနာႏွင့္ ထိေတြ႔ခဲ့ျခင္း ျဖစ္သည္။

ေသဆံုးသူ၏ အစ္ကိုသည္ ေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခုတြင္ လုပ္ကိုင္ရာမွ covid-19 ကူးစက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း covid-19 အေျခအေန ကြပ္ကဲေရးစင္တာ (CCSA) ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ေဒါက္တာ Taweesilp Visanuyothin က ေျပာၾကားသည္။

စေနေန႔က လူနာသစ္ ၅၃ ဦးေတြ႔ရွိခဲ့ျခင္းမွာ ဧျပီလ ၉ ရက္မွ စတင္ျပီး တစ္ေန႔တည္း အမ်ားဆံုး လူနာသစ္ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

လူနာသစ္မ်ားအနက္ ၄၂ ဦးမွာ ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္မႈျဖင့္ ေဆာင္ခလာရွိ လူဝင္မႈၾကီးၾကပ္ေရးဌာနတြင္ ဖမ္းဆီးျခင္းခံခဲ့ရေသာ ေရႊ ႔ေျပာင္းလုပ္သားမ်ားျဖစ္သည္။ လူနာသစ္ ၄၂ ဦးမွာ ျမန္မာႏိုင္ငံမွ ၃၄ ဦး၊ ဗီယက္နမ္မွ ၃ ဦး၊ မေလးရွား ၂ ဦး၊ ယီမင္ ၁ ဦး၊ ကေမၻာဒီးယား ၁ ဦးႏွင့္ အိႏိၵယႏိုင္ငံသား ၁ ဦးတို႔ ျဖစ္သည္။

ေဒါက္တာ Taweesilp က ေဆာင္ခလာရွိ ျပည္သူမ်ားအေနျဖင့္ ယခုကဲ့သို႔ မ်ားျပားစြာ ေတြ႔ရွိမႈအေပၚ စိုးရိမ္ျခင္းမရွိရန္၊ ၎တို႔ကို ဖမ္းဆီးထိန္းသိမ္းထားကာ အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း ေျပာၾကားသည္။

ထိုင္းႏိုင္ငံရွိ covid-19 လူနာစုစုေပါင္း ၂၉၀၇ ဦးအနက္ ၂၅၄၇ ဦးမွာ ျပန္လည္က်န္းမာသြားကာ ေဆးရံုမွ ဆင္းခြင့္ေပးလိုက္ျပီျဖစ္ေၾကာင္း၊ လက္ရွိတြင္ ေဆးရံုမ်ား၌ ကုသမႈခံယူေနသူ ၃၀၉ ဦးသာ ရွိေတာ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thailand logs 53 new cases, one death (Bangkok Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service